အီဗ်ရာဟီမ် · 44/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
وَأَنذِرِ النَّاسَ يَوْمَ يَأْتِيهِمُ الْعَذَابُ فَيَقُولُ الَّذِينَ ظَلَمُوا رَبَّنَا أَخِّرْنَا إِلَىٰ أَجَلٍ قَرِيبٍ نُّجِبْ دَعْوَتَكَ وَنَتَّبِعِ الرُّسُلَ ۗ أَوَلَمْ تَكُونُوا أَقْسَمْتُم مِّن قَبْلُ مَا لَكُم مِّن زَوَالٍ ۝٤٤
Wa anzirin naasa Yawma yaateehimul `azaabu fa yaqoolul lazeena zalamoo Rabbanaaa akhkhirnaaa ilaaa ajalin qareebin nujib da`wataka wa nattabi `ir Rusul; awalam takoonooo aqsamtum min qablu maa lakum min zawaal
📖 မြန်မာဘာသာ
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် လူတို့အား ၎င်းတို့ထံ ပြစ်ဒဏ်ရောက်ရှိလာမည့်နေ့နှင့်စပ်လျဉ်း၍သတိပေး နှိုးဆော်ပါလေ။ ထိုအခါ မကောင်းမှုကို ကျူးလွန်ခဲ့ကြသောသူတို့က အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား အနည်းငယ်မျှသော အချိန်ကာလ တိုင်အောင် ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူပါ။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ဖိတ်ခေါ်ချက်ကို သဘောတူလက်ခံကြပါမည်။ ထိုမှတစ်ပါး ကျွန်တော်မျိုးတို့သည် ရစူလ်တမန်တော်များ၏အမိန့်ကိုလည်းလိုက်နာကြပါမည် ဟုပြောဆိုလျှောက်ထားကြလတ္တံ့။ (ထိုရောအခါဝယ် အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူအံ့)။ အသို့ပါနည်း။အသင်တို့သည် ယခင်မူလက မိမိတို့၌ မည်သို့မျှ လွဲဖယ်တိမ်းယိမ်း ပျက်စီးယိုယွင်းမှုသည် အလျင်းရှိလိမ့်မည်မဟုတ်ဟူ၍ကျိန်ဆို(ပြောဆို)ခဲ့ကြသည် မဟုတ်တုံလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ဘာသာပြန်ဆိုချက်
  • وَأَنذِرِ = သတိပေးလော့
  • النَّاسَ = လူသားတို့အား
  • يَوْمَ = နေ့ကို
  • يَأْتِيهِمُ = သူတို့ထံ ရောက်လာမည့်
  • الْعَذَابُ = ပြစ်ဒဏ်
  • فَيَقُولُ = ထိုအခါ ပြောဆိုကြမည်
  • الَّذِينَ ظَلَمُوا = မတရားပြုခဲ့ကြသူများ
  • رَبَّنَا = ကျွန်ုပ်တို့၏ အရှင်သခင်
  • أَخِّرْنَا = ကျွန်ုပ်တို့ကို ရွှေ့ဆိုင်းပေးတော်မူပါ
  • إِلَىٰ أَجَلٍ قَرِيبٍ = အနီးကပ် အချိန်တစ်ခုအထိ
  • نُّجِبْ دَعْوَتَكَ = ကိုယ်တော်၏ ခေါ်တော်မူချက်ကို ကျွန်ုပ်တို့ လိုက်နာပါမည်
  • وَنَتَّبِعِ الرُّسُلَ = ရစူလ်တမန်တော်များကိုလည်း လိုက်နာပါမည်
  • أَوَلَمْ تَكُونُوا = သင်တို့သည် မဖြစ်ခဲ့ကြသလော
  • أَقْسَمْتُم = ကျိန်ဆိုခဲ့ကြသည်
  • مِّن قَبْلُ = ယခင်က
  • مَا لَكُم مِّن زَوَالٍ = သင်တို့အတွက် ရွှေ့ပြောင်းခြင်း မရှိဟူ၍
  1. အနက်အဓိပ္ပာယ် ရှင်းလင်းချက်

အို နဗီတမန်တော်၊ သင်သည် လူသားတို့အား ပြစ်ဒဏ်ရောက်လာမည့်နေ့ (ကိယာမသ်နေ့) အကြောင်း သတိပေးလော့။ ထိုနေ့တွင် မိမိတို့ကိုယ်ကို ကုဖ်ရ်ဖြင့် မတရားပြုခဲ့ကြသူများက “ကျွန်ုပ်တို့၏ အရှင်သခင်၊ ကျွန်ုပ်တို့ကို အနီးကပ် အချိန်တစ်ခုအထိ ရွှေ့ဆိုင်းပေးတော်မူပါ။ ကိုယ်တော်၏ ခေါ်တော်မူချက်ကို လိုက်နာပါမည်။ ရစူလ်တမန်တော်များကိုလည်း လိုက်နာပါမည်” ဟု ပြောဆိုကြမည်။ ထိုအခါ သူတို့အား ကဲ့ရဲ့ပြစ်တင်သည့်အနေဖြင့် “သင်တို့သည် ယခင်က ဤဒုန်ယာဘဝမှ အာခိရသ်သို့ ရွှေ့ပြောင်းခြင်း မရှိဟူ၍ ကျိန်ဆိုခဲ့ကြသည် မဟုတ်လော” ဟု ဖြေကြားခံရမည်။

ဤအာယသ်သည် ကိယာမသ်နေ့၏ ကြောက်မက်ဖွယ်ရာ အခြေအနေကို ဖော်ပြသည်။ ထိုနေ့တွင် ကာဖိရ်များနှင့် မုရှ်ရိက်များသည် မိမိတို့၏ အမှားကို သဘောပေါက်ကြမည်။ သို့သော် အချိန်မှာ နောက်ကျသွားပြီဖြစ်သည်။ သူတို့သည် ဤဒုန်ယာဘဝသို့ ပြန်လည်ပို့ဆောင်ပေးပါရန် တောင်းပန်ကြမည်။ သို့သော် ထိုတောင်းပန်မှုကို လက်ခံမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤဒုန်ယာဘဝတွင် ရှိစဉ်ကပင် အာခိရသ်ကို ငြင်းပယ်ခဲ့ကြပြီး မိမိတို့သည် ဤဘဝမှ မည်သည့်အခါမျှ ရွှေ့ပြောင်းခြင်းမရှိဟု ကျိန်ဆိုခဲ့ကြသောကြောင့် ဖြစ်သည်။

  1. ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော်များမှတစ


📜 အာယာသ် 42-46 — စူရာ အီဗ်ရာဟီမ်

42وَلَا تَحْسَبَنَّ اللَّهَ غَافِلًا عَمَّا يَعْمَلُ الظَّالِمُونَ ۚ إِنَّمَا يُؤَخِّرُهُمْ لِيَوْمٍ تَشْخَصُ فِيهِ الْأَبْصَارُ
ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်အား မတရားသောသူများ ကျင့်မူကြကုန်သော အမှုကိစ္စတို့မှအမှုမဲ့အမှတ်မဲ့ နေတော်မူသောအရှင်မြတ်ဟူ၍ အလျင်းမထင်မှတ်လေနှင့်၊ ထိုအရှင်မြတ်သည် ၎င်းတို့အား အကြင်နေ့တိုင်အောင် ရွှေ့ဆိုင်းခွင့်ပေးထားတော်မူခြင်းသာလျှင် ဖြစ်ပေသည်။ ထိုနေ့တွင်(ကာဖိရ်သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏)မျက်စိမျက်ဆံများသည်(မျက်တောင်မခတ်)စူးစိုက်လျက်ပင်ရှိကုန်အံ့သတည်း။
43مُهْطِعِينَ مُقْنِعِي رُءُوسِهِمْ لَا يَرْتَدُّ إِلَيْهِمْ طَرْفُهُمْ ۖ وَأَفْئِدَتُهُمْ هَوَاءٌ
(ထိုနေ့တွင် ၎င်းတို့သည်) မိမိတို့၏ဦးခေါင်းများကိုမော့၍ ပြေးလွှားလျက်ပင်ရှိကြပေမည်။ ထိုနေ့တွင်)၎င်းတို့၏မျက်စိများသည် ၎င်းတို့ဘက်သို့ ပြန်လှည့်မည်မဟုတ်ပေ။(ဝါ) ၎င်းတို့သည် မျက်တောင်မခတ်ဘဲရှိကြမည်။ ထိုမှတစ်ပါး၎င်းတို့ ၏စိတ်နှလုံးများသည်လည်း လွင့်ပျံလျက်ပင် ရှိနေကြပေမည်၊ (ဝါ) သတိရှိကြမည် မဟုတ်ပေ။
44وَأَنذِرِ النَّاسَ يَوْمَ يَأْتِيهِمُ الْعَذَابُ فَيَقُولُ الَّذِينَ ظَلَمُوا رَبَّنَا أَخِّرْنَا إِلَىٰ أَجَلٍ قَرِيبٍ نُّجِبْ دَعْوَتَكَ وَنَتَّبِعِ الرُّسُلَ ۗ أَوَلَمْ تَكُونُوا أَقْسَمْتُم مِّن قَبْلُ مَا لَكُم مِّن زَوَالٍ
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် လူတို့အား ၎င်းတို့ထံ ပြစ်ဒဏ်ရောက်ရှိလာမည့်နေ့နှင့်စပ်လျဉ်း၍သတိပေး နှိုးဆော်ပါလေ။ ထိုအခါ မကောင်းမှုကို ကျူးလွန်ခဲ့ကြသောသူတို့က အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား အနည်းငယ်မျှသော အချိန်ကာလ တိုင်အောင် ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူပါ။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ဖိတ်ခေါ်ချက်ကို သဘောတူလက်ခံကြပါမည်။ ထိုမှတစ်ပါး ကျွန်တော်မျိုးတို့သည် ရစူလ်တမန်တော်များ၏အမိန့်ကိုလည်းလိုက်နာကြပါမည် ဟုပြောဆိုလျှောက်ထားကြလတ္တံ့။ (ထိုရောအခါဝယ် အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူအံ့)။ အသို့ပါနည်း။အသင်တို့သည် ယခင်မူလက မိမိတို့၌ မည်သို့မျှ လွဲဖယ်တိမ်းယိမ်း ပျက်စီးယိုယွင်းမှုသည် အလျင်းရှိလိမ့်မည်မဟုတ်ဟူ၍ကျိန်ဆို(ပြောဆို)ခဲ့ကြသည် မဟုတ်တုံလော။
45وَسَكَنتُمْ فِي مَسَاكِنِ الَّذِينَ ظَلَمُوا أَنفُسَهُمْ وَتَبَيَّنَ لَكُمْ كَيْفَ فَعَلْنَا بِهِمْ وَضَرَبْنَا لَكُمُ الْأَمْثَالَ
အမှန်စင်စစ်သော်ကား၊ သင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ နှိပ်စက်ကလူ ပြုမူခဲ့ကြကုန်သောသူတို့ နေထိုင်ရာအရပ်များ၌ပင် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား မည်သို့ ပြုလုပ်တော်မူခဲ့သည်မှာလည်းအသင်တို့ရှေ့၌ ထင်ရှားခဲ့လေပြီ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ အကျိုးငှာ ဥပမာ ပုံဆောင်ချက်များကိုလည်းခိုင်းနှိုင်းပြတော်မူခဲ့လေသတည်း။
46وَقَدْ مَكَرُوا مَكْرَهُمْ وَعِندَ اللَّهِ مَكْرُهُمْ وَإِن كَانَ مَكْرُهُمْ لِتَزُولَ مِنْهُ الْجِبَالُ
ထို့ပြင် ၎င်းတို့သည် မိမိတို့၏လျှို့ဝှက်ကြံစည်မှုကို ကြံစည်ခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့၏လျှို့ဝှက်ကြံစည်မှုသည် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်၌ပင် ရှိခဲ့လေသည်။ အမှန်စင်စစ်မှာမူကား ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုသည် ယင်းကြံစည်မှုကြောင့် တောင်များပင်ရွေ့သွားနိုင်ကြပေသည်။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
44အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 44

စူရာ အီဗ်ရာဟီမ် အာယာသ် 44 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် လူတို့အား ၎င်းတို့ထံ ပြစ်ဒဏ်ရောက်ရှိလာမည့်နေ့နှင့်စပ်လျဉ်း၍သတိပေး နှိုးဆော်ပါလေ။ ထိုအခါ မကောင်းမှုကို ကျူးလွန်ခဲ့ကြသောသူတို့က အို-ကျွန်တော်မျိုးတို့၏…

စူရာ အာယာသ် 44/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 42–46. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers