📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 350
စူရာ အန်-နူရ်

စူရာ အန်-နူရ်

24:1
سُورَةٌ أَنزَلۡنَٰهَا وَفَرَضۡنَٰهَا وَأَنزَلۡنَا فِيهَآ ءَايَٰتِۭ بَيِّنَٰتٍ لَّعَلَّكُمۡ تَذَكَّرُونَ ١
(ဤသည်)ကဏ္ဍတစ်ခုပင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို ချပေးတော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ တရားရကြအံ့သောငှာ ယင်းကဏ္ဍ၌ ထင်ရှားစွာသော အာယတ်တော်များကို ချပေးတော်မူခဲ့သည်။
24:2
ٱلزَّانِيَةُ وَٱلزَّانِي فَٱجۡلِدُواْ كُلَّ وَٰحِدٍ مِّنۡهُمَا مِاْئَةَ جَلۡدَةٍۖ وَلَا تَأۡخُذۡكُم بِهِمَا رَأۡفَةٌ فِي دِينِ ٱللَّهِ إِن كُنتُمۡ تُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۖ وَلۡيَشۡهَدۡ عَذَابَهُمَا طَآئِفَةٌ مِّنَ ٱلۡمُؤۡمِنِينَ ٢
ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သော မိန်းမသည်လည်းကောင်း၊ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သော ယောက်ျားသည်လည်းကောင်း၊ အသင်တို့သည် ၎င်းတို့နှစ်ဦးအနက် တစ်ဦးစီကို ကြိမ်ဒဏ် အချက်ပေါင်းတစ်ရာစီ ရိုက်ကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြလျှင် ၎င်းတို့နှစ်ဦးအပေါ်၌ ကရုဏာသက်ရောက်မှုသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်ကို လိုက်နာဆောင်ရွက်ရာ တွင် ချုပ်တည်းခြင်း အလျှင်းမရှိစေရ။ ထို့ပြင် ၎င်းတို့နှစ်ဦးအား ပြစ်ဒဏ်ပေးသည်ကို "မုအ်မင်န်" သက်ဝင် ယုံကြည်သူတစ်စုသည် လာရောက် ကြည့်ရှုကြရမည် ဖြစ်သတည်း။
24:3
ٱلزَّانِي لَا يَنكِحُ إِلَّا زَانِيَةً أَوۡ مُشۡرِكَةً وَٱلزَّانِيَةُ لَا يَنكِحُهَآ إِلَّا زَانٍ أَوۡ مُشۡرِكٌۚ وَحُرِّمَ ذَٰلِكَ عَلَى ٱلۡمُؤۡمِنِينَ ٣
ကာမေသုမိစ္ဆာစာရကျူးလွန်သော ယောက်ျားသည်ကား ကာမေသုမိစ္ဆာစာရကျူးလွန်သောမိန်းမ သို့မဟုတ် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သော မိန်းမအပြင် အခြား(သူတော်စင်အမျိုးသမီးများ)နှင့် ထိမ်းမြားသည်မဟုတ်ပေ။ ထိုနည်းတူစွာ ကာမေသုမိစ္ဆာစာရ ကျူးလွန်သောမိန်းမနှင့်လည်း ကာမေသုမိစ္ဆာစာရ ကျူးလွန်သောယောက်ျား သို့မဟုတ် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သော ယောက်ျားနှင့်သာလျှင် ထိမ်းမြားလေသည်။ စင်စစ် ဤ(ကာမေသုမိစ္ဆာစာရကျူးလွန်သော မိန်းမများနှင့်ထိမ်းမြားမှု)သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သောသူတို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားပြီး ဖြစ်ချေသတည်း။
24:4
وَٱلَّذِينَ يَرۡمُونَ ٱلۡمُحۡصَنَٰتِ ثُمَّ لَمۡ يَأۡتُواْ بِأَرۡبَعَةِ شُهَدَآءَ فَٱجۡلِدُوهُمۡ ثَمَٰنِينَ جَلۡدَةً وَلَا تَقۡبَلُواْ لَهُمۡ شَهَٰدَةً أَبَدًاۚ وَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ ٤
၎င်းပြင် အပြစ်ကင်းစင်သော အမျိုးသမီးများအား(ကာမေသုမိစ္ဆာစာရကျူးလွန်သည်ဟု)စွပ်စွဲပြီးနောက် သက်သေလေးယောက် တင်မပြနိုင်ခဲ့ကြသော သူတို့အား အသင်တို့သည် ကြိမ်ဒဏ်အချက်ပေါင်း ရှစ်ဆယ်ရိုက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့်အခါမျှ ၎င်းတို့၏ မည်သို့ သောသက်သေခံချက်ကိုမျှ လက်မခံကြကုန်လင့်။ စင်စစ်သော်ကား ထိုသူတို့သည်ပင်လျှင် စည်းကမ်းဖောက်ဖျက်သူများ ဖြစ်ကြကုန်၏။
24:5
إِلَّا ٱلَّذِينَ تَابُواْ مِنۢ بَعۡدِ ذَٰلِكَ وَأَصۡلَحُواْ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٥
သို့ရာတွင် အကြ�်သူတို့သည် ထို့နောက် ဝန်ချတောင်းပန်ကြ၍ (မိမိတို့ကိုယ်ကို) ပြုပြင်ခဲ့ကြသည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အလွန်တရာ သနားညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
24:6
وَٱلَّذِينَ يَرۡمُونَ أَزۡوَٰجَهُمۡ وَلَمۡ يَكُن لَّهُمۡ شُهَدَآءُ إِلَّآ أَنفُسُهُمۡ فَشَهَٰدَةُ أَحَدِهِمۡ أَرۡبَعُ شَهَٰدَٰتِۭ بِٱللَّهِ إِنَّهُۥ لَمِنَ ٱلصَّٰدِقِينَ ٦
ထို့ပြင် မိမိတို့၏ဇနီးကြင်ရာများအား (ကာမေသုမိစ္ဆာစာရမှုကျူးလွန်ပါသည်ဟု) စွပ်စွဲသောသူတို့သည် ၎င်းတို့၌ မိမိတို့အပြင် သက်သေများမရှိကြလျှင် ထိုစွပ်စွဲသူတို့အနက် တစ်ဦးသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ မိမိသည် သစ္စာဝါဒီဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် သက်သေထွက်ဆိုရမည်။
24:7
وَٱلۡخَٰمِسَةُ أَنَّ لَعۡنَتَ ٱللَّهِ عَلَيۡهِ إِن كَانَ مِنَ ٱلۡكَٰذِبِينَ ٧
၎င်းပြင် ပဉ္စမအကြိမ်တွင် အကယ်၍ မိမိသည် မုသာဝါဒီဖြစ်ခဲ့မူ မိမိအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျိန်ဆဲချက်သည် ကျရောက်ပါစေဟုဆိုရမည်။
24:8
وَيَدۡرَؤُاْ عَنۡهَا ٱلۡعَذَابَ أَن تَشۡهَدَ أَرۡبَعَ شَهَٰدَٰتِۭ بِٱللَّهِ إِنَّهُۥ لَمِنَ ٱلۡكَٰذِبِينَ ٨
၎င်းပြင် ထိုဇနီးကြင်ရာသည် အလ္လာဟ်အရှင် မြတ်အားတိုင်တည်၍ ဧကန်မလွဲ ထိုယောက်ျားသည် မုသာဝါဒီဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် သက်သေထွက်ဆိုခြင်းသည် ထိုဇနီးကြင်ရာမှ ပြစ်ဒဏ်တော်ကို ဖယ်ရှားမည်ဖြစ်သည်။
24:9
وَٱلۡخَٰمِسَةَ أَنَّ غَضَبَ ٱللَّهِ عَلَيۡهَآ إِن كَانَ مِنَ ٱلصَّٰدِقِينَ ٩
ထို့ပြင် ပဉ္စမအကြိမ်၌ အကယ်၍ ထိုယောက်ျားသည် သစ္စာဝါဒီဖြစ်ခဲ့မူ မိမိအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ အမျက်တော်သည် ကျရောက်ပါစေဟု ထွက်ဆိုရမည်။
24:10
وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ وَأَنَّ ٱللَّهَ تَوَّابٌ حَكِيمٌ ١٠
စင်စစ်သော်ကား အကယ်၍သာ အသင်တို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်သည်လည်းကောင်း၊ မရှိခဲ့လျှင် (အမှန်ကိုပေါ်လွင်စေတော်မူခဲ့မည်သာ။) သို့ရာတွင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်မှာမူကား တောင်းပန်ဝန်ခံ ချက်ကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေရာ အသင်တို့အား ဝန်ချတောင်းပန်နိုင်ကြရန် အလို့ငှာ အခွင့်အရေးပေးတော်မူခြင်းပင် ဖြစ်ပေသတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, August 26, 2026
Don't forget us in your sincere prayers







