အန်-နူရ် · 1/64
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နူရ်
سُورَةٌ أَنزَلْنَاهَا وَفَرَضْنَاهَا وَأَنزَلْنَا فِيهَا آيَاتٍ بَيِّنَاتٍ لَّعَلَّكُمْ تَذَكَّرُونَ ۝١
Sooratun anzalnaahaa wa faradnaahaa wa anzalnaa feehaaa Aayaatim baiyinaatil la`allakum tazakkaroon
📖 မြန်မာဘာသာ
(ဤသည်)ကဏ္ဍတစ်ခုပင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို ချပေးတော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ တရားရကြအံ့သောငှာ ယင်းကဏ္ဍ၌ ထင်ရှားစွာသော အာယတ်တော်များကို ချပေးတော်မူခဲ့သည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ စူရဟ်တစ်ခုဖြစ်သော ဤစူရဟ်ကို အလ္လာဟ်အရှင်မြတ်က ချမှတ်ပေးအပ်တော်မူခဲ့သည်။ ထိုစူရဟ်တွင် ပါဝင်သော ဥပဒေသများ၊ စည်းမျဉ်းများကို လိုက်နာကျင့်သုံးရန် တာဝန်ဝတ္တရားအဖြစ် သတ်မှတ်ပေးအပ်တော်မူခဲ့သည်။ ထိုစူရဟ်တွင် ရှင်းလင်းထင်ရှားသော သက်သေလက္ခဏာများ၊ ဟောပြောချက်များကို ထည့်သွင်းပေးအပ်တော်မူခဲ့သည်။ သင်တို့သည် သတိရတသ၍ ဆင်ခြင်သုံးသပ်နိုင်ရန်အတွက်ဖြစ်သည်။
  2. ဤသည်မှာ အလ္လာဟ်အရှင်မြတ်က ချမှတ်ပေးအပ်တော်မူခဲ့သော ကြီးမြတ်သော စူရဟ်တစ်ခုဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုစူရဟ်တွင်ပါရှိသော ဥပဒေသများ၊ စည်းမျဉ်းများကို လိုက်နာကျင့်သုံးရန် မုအ်မင်န်သက်ဝင်ယုံကြည်သူများအား တာဝန်ပေးအပ်တော်မူခဲ့သည်။ ထို့အပြင် ထိုစူရဟ်တွင် အလွန်ရှင်းလင်းထင်ရှားသော အာယသ်လက္ခဏာတော်များ၊ ညွှန်ကြားချက်များကို ချမှတ်ပေးအပ်တော်မူခဲ့သည်။ ဤသည်မှာ မုအ်မင်န်သက်ဝင်ယုံကြည်သူများအနေဖြင့် ထိုစူရဟ်တွင်ပါရှိသော ဥပဒေသများ၊ စည်းမျဉ်းများကို သတိရတသ၍ ဆင်ခြင်သုံးသပ်ပြီး လိုက်နာကျင့်သုံးနိုင်ရန်အတွက်ဖြစ်သည်။
  3. ဤစူရဟ်တွင် အလ္လာဟ်အရှင်မြတ်သည် ဟလာလ်ဟရာမ်စည်းမျဉ်းများ၊ ဥပဒေသများကို ထည့်သွင်းပေးအပ်တော်မူခဲ့ပြီး ထိုစည်းမျဉ်းများကို လိုက်နာကျင့်သုံးရန် တာဝန်ပေးအပ်တော်မူခဲ့သည်။ ထို့အပြင် အမိန့်တော်များ၊ တားမြစ်ချက်များပါရှိသော ရှင်းလင်းထင်ရှားသည့် အာယသ်လက္ခဏာတော်များကို ချမှတ်ပေးအပ်တော်မူခဲ့သည်။ ဤသည်မှာ သင်တို့အနေဖြင့် သတိရတသ၍ ဆုံးမဩဝါဒရယူပြီး လိုက်နာကျင့်သုံးနိုင်ရန်အတွက်ဖြစ်သည်။

ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ -

  • အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အဆင့်ဆင့် ချမှတ်ပေးအပ်တော်မူခဲ့ပြီး ထိုကျမ်းတော်မြတ်တွင် ပါဝင်သော ဥပဒေသများကို လိုက်နာကျင့်သုံးရန် တာဝန်ပေးအပ်တော်မူခဲ့သည်။ ဤသည်မှာ အစ္စလာမ်သာသနာသည် လူသားတို့၏ ဘဝလမ်းစဉ်ကို ပြုပြင်ပြောင်းလဲပေးသော သာသနာဖြစ်ကြောင်း ထင်ရှားစေသည်။
  • ကုရ်အာန်ကျမ်းတော်မြတ်တွင် ပါဝင်သော အာယသ်လက္ခဏာတော်များသည် အလွန်ရှင်းလင်းထင်ရှားပြီး လူသားတို့အတွက် လမ်းညွ


📜 အာယာသ် 1-3 — စူရာ အန်-နူရ်

1سُورَةٌ أَنزَلْنَاهَا وَفَرَضْنَاهَا وَأَنزَلْنَا فِيهَا آيَاتٍ بَيِّنَاتٍ لَّعَلَّكُمْ تَذَكَّرُونَ
(ဤသည်)ကဏ္ဍတစ်ခုပင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို ချပေးတော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ တရားရကြအံ့သောငှာ ယင်းကဏ္ဍ၌ ထင်ရှားစွာသော အာယတ်တော်များကို ချပေးတော်မူခဲ့သည်။
2الزَّانِيَةُ وَالزَّانِي فَاجْلِدُوا كُلَّ وَاحِدٍ مِّنْهُمَا مِائَةَ جَلْدَةٍ ۖ وَلَا تَأْخُذْكُم بِهِمَا رَأْفَةٌ فِي دِينِ اللَّهِ إِن كُنتُمْ تُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ وَلْيَشْهَدْ عَذَابَهُمَا طَائِفَةٌ مِّنَ الْمُؤْمِنِينَ
ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သော မိန်းမသည်လည်းကောင်း၊ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သော ယောက်ျားသည်လည်းကောင်း၊ အသင်တို့သည် ၎င်းတို့နှစ်ဦးအနက် တစ်ဦးစီကို ကြိမ်ဒဏ် အချက်ပေါင်းတစ်ရာစီ ရိုက်ကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြလျှင် ၎င်းတို့နှစ်ဦးအပေါ်၌ ကရုဏာသက်ရောက်မှုသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်ကို လိုက်နာဆောင်ရွက်ရာ တွင် ချုပ်တည်းခြင်း အလျှင်းမရှိစေရ။ ထို့ပြင် ၎င်းတို့နှစ်ဦးအား ပြစ်ဒဏ်ပေးသည်ကို "မုအ်မင်န်" သက်ဝင် ယုံကြည်သူတစ်စုသည် လာရောက် ကြည့်ရှုကြရမည် ဖြစ်သတည်း။
3الزَّانِي لَا يَنكِحُ إِلَّا زَانِيَةً أَوْ مُشْرِكَةً وَالزَّانِيَةُ لَا يَنكِحُهَا إِلَّا زَانٍ أَوْ مُشْرِكٌ ۚ وَحُرِّمَ ذَٰلِكَ عَلَى الْمُؤْمِنِينَ
ကာမေသုမိစ္ဆာစာရကျူးလွန်သော ယောက်ျားသည်ကား ကာမေသုမိစ္ဆာစာရကျူးလွန်သောမိန်းမ သို့မဟုတ် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သော မိန်းမအပြင် အခြား(သူတော်စင်အမျိုးသမီးများ)နှင့် ထိမ်းမြားသည်မဟုတ်ပေ။ ထိုနည်းတူစွာ ကာမေသုမိစ္ဆာစာရ ကျူးလွန်သောမိန်းမနှင့်လည်း ကာမေသုမိစ္ဆာစာရ ကျူးလွန်သောယောက်ျား သို့မဟုတ် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သော ယောက်ျားနှင့်သာလျှင် ထိမ်းမြားလေသည်။ စင်စစ် ဤ(ကာမေသုမိစ္ဆာစာရကျူးလွန်သော မိန်းမများနှင့်ထိမ်းမြားမှု)သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သောသူတို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားပြီး ဖြစ်ချေသတည်း။
အန်-နူရ်ကုရ်အာန် ညွှန်းကိန်း
64အာယာသ်
MedinanRevelation
1အာယာသ်

ဘာသာပြန် — အန်-နူရ် 1

စူရာ အန်-နူရ် အာယာသ် 1 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ဤသည်)ကဏ္ဍတစ်ခုပင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို ချပေးတော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်…

စူရာ အာယာသ် 1/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 1–3. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers