အန်-နူရ် · 4/64
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နူရ်
وَالَّذِينَ يَرْمُونَ الْمُحْصَنَاتِ ثُمَّ لَمْ يَأْتُوا بِأَرْبَعَةِ شُهَدَاءَ فَاجْلِدُوهُمْ ثَمَانِينَ جَلْدَةً وَلَا تَقْبَلُوا لَهُمْ شَهَادَةً أَبَدًا ۚ وَأُولَٰئِكَ هُمُ الْفَاسِقُونَ ۝٤
Wallazeena yarmoonal muhsanaati summa lam yaatoo bi-arba`ati shuhadaaa`a fajlidoohum samaaneena jaldatanw wa laa taqbaloo lahum shahaadatan abadaa; wa ulaaa`ika humul faasiqoon
📖 မြန်မာဘာသာ
၎င်းပြင် အပြစ်ကင်းစင်သော အမျိုးသမီးများအား(ကာမေသုမိစ္ဆာစာရကျူးလွန်သည်ဟု)စွပ်စွဲပြီးနောက် သက်သေလေးယောက် တင်မပြနိုင်ခဲ့ကြသော သူတို့အား အသင်တို့သည် ကြိမ်ဒဏ်အချက်ပေါင်း ရှစ်ဆယ်ရိုက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့်အခါမျှ ၎င်းတို့၏ မည်သို့ သောသက်သေခံချက်ကိုမျှ လက်မခံကြကုန်လင့်။ စင်စစ်သော်ကား ထိုသူတို့သည်ပင်လျှင် စည်းကမ်းဖောက်ဖျက်သူများ ဖြစ်ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ယရ်မూఔန် (يَرْمُونَ): စွပ်စွဲခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း။ ဤနေရာတွင် တရားမဝင်သော လိင်ဆက်ဆံမှုကို စွပ်စွဲပြောဆိုခြင်းကို ဆိုလိုသည်။
  • မုဟ်ဆွနာသ် (الْمُحْصَنَاتِ): ကိုယ်ကျင့်တရားစင်ကြယ်သော၊ အိမ်ထောင်ရှိသော သို့မဟုတ် အိမ်ထောင်မရှိသော်လည်း ကာမဂုဏ်မှ ကင်းဝေးသော အမျိုးသမီးများ။
  • ရှုဟဒါအ် (شُهَدَاءَ): သက်သေများ။ ဤနေရာတွင် လေးဦးသော သက်သေများကို ဆိုလိုသည်။
  • ဖဂျ်လိဒူဟွမ် (فَاجْلِدُوهُمْ): သူတို့ကို ကြိမ်ဖြင့် ရိုက်ကြပါ။
  • ဂျလ်ဒသန် (جَلْدَةً): တစ်ချက် ရိုက်ခြင်း။
  • ဖာစိကူန် (الْفَاسِقُونَ): အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ချိုးဖောက်သော၊ နာခံမှုမရှိသော သူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် ကိုယ်ကျင့်တရားစင်ကြယ်သော အမျိုးသမီးများ (နှင့် အမျိုးသားများ) ကို တရားမဝင်သော လိင်ဆက်ဆံမှုဖြင့် စွပ်စွဲပြောဆိုသူများအတွက် ပြစ်ဒဏ်ကို သတ်မှတ်ထားတော်မူသည်။ ထိုသို့ စွပ်စွဲသူသည် မိမိ၏ စွပ်စွဲချက်ကို သက်သေပြရန် လေးဦးသော သက်သေများ (တရားဝင်၊ ယုံကြည်ရသော သက်သေများ) ကို မတင်ပြနိုင်ပါက၊ ထိုသူအား ရှစ်ဆယ်ချက် ကြိမ်ဖြင့် ရိုက်ကြရမည်။ ထို့အပြင် ထိုသူ၏ သက်သေခံချက်ကို မည်သည့်အခါမျှ လက်ခံရမည် မဟုတ်ပေ။ အကြောင်းမှာ သူသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ချိုးဖောက်သော ဖာစိကူန် (ဆိုးသွမ်းသူ) ဖြစ်သောကြောင့်ပင်။

ဤပြစ်ဒဏ်သည် လူ့ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို ကာကွယ်ရန်၊ အတင်းအဖျင်းပြောဆိုခြင်းနှင့် မဟုတ်မမှန်စွပ်စွဲခြင်းတို့ကို တားဆီးရန် ဖြစ်သည်။ အစ္စလာမ်သည် သက်သေအထောက်အထားမရှိဘဲ သူတစ်ပါး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော စွပ်စွဲမှုများကို အလွန်အမင်း ပြင်းထန်စွာ တားမြစ်ထားသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ:
  • အစ္စလာမ်သည် လူ့ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားသည်။ မည်သူ့ကိုမျှ မဟုတ်မမှန်စွပ်စွဲခြင်းသည် ကြီးမားသော အပြစ်ဖြစ်သည်။
  • သက်သေအထောက်အထား ခိုင်လုံမှုမရှ


📜 အာယာသ် 2-6 — စူရာ အန်-နူရ်

2الزَّانِيَةُ وَالزَّانِي فَاجْلِدُوا كُلَّ وَاحِدٍ مِّنْهُمَا مِائَةَ جَلْدَةٍ ۖ وَلَا تَأْخُذْكُم بِهِمَا رَأْفَةٌ فِي دِينِ اللَّهِ إِن كُنتُمْ تُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ وَلْيَشْهَدْ عَذَابَهُمَا طَائِفَةٌ مِّنَ الْمُؤْمِنِينَ
ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သော မိန်းမသည်လည်းကောင်း၊ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သော ယောက်ျားသည်လည်းကောင်း၊ အသင်တို့သည် ၎င်းတို့နှစ်ဦးအနက် တစ်ဦးစီကို ကြိမ်ဒဏ် အချက်ပေါင်းတစ်ရာစီ ရိုက်ကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြလျှင် ၎င်းတို့နှစ်ဦးအပေါ်၌ ကရုဏာသက်ရောက်မှုသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်ကို လိုက်နာဆောင်ရွက်ရာ တွင် ချုပ်တည်းခြင်း အလျှင်းမရှိစေရ။ ထို့ပြင် ၎င်းတို့နှစ်ဦးအား ပြစ်ဒဏ်ပေးသည်ကို "မုအ်မင်န်" သက်ဝင် ယုံကြည်သူတစ်စုသည် လာရောက် ကြည့်ရှုကြရမည် ဖြစ်သတည်း။
3الزَّانِي لَا يَنكِحُ إِلَّا زَانِيَةً أَوْ مُشْرِكَةً وَالزَّانِيَةُ لَا يَنكِحُهَا إِلَّا زَانٍ أَوْ مُشْرِكٌ ۚ وَحُرِّمَ ذَٰلِكَ عَلَى الْمُؤْمِنِينَ
ကာမေသုမိစ္ဆာစာရကျူးလွန်သော ယောက်ျားသည်ကား ကာမေသုမိစ္ဆာစာရကျူးလွန်သောမိန်းမ သို့မဟုတ် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သော မိန်းမအပြင် အခြား(သူတော်စင်အမျိုးသမီးများ)နှင့် ထိမ်းမြားသည်မဟုတ်ပေ။ ထိုနည်းတူစွာ ကာမေသုမိစ္ဆာစာရ ကျူးလွန်သောမိန်းမနှင့်လည်း ကာမေသုမိစ္ဆာစာရ ကျူးလွန်သောယောက်ျား သို့မဟုတ် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သော ယောက်ျားနှင့်သာလျှင် ထိမ်းမြားလေသည်။ စင်စစ် ဤ(ကာမေသုမိစ္ဆာစာရကျူးလွန်သော မိန်းမများနှင့်ထိမ်းမြားမှု)သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သောသူတို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားပြီး ဖြစ်ချေသတည်း။
4وَالَّذِينَ يَرْمُونَ الْمُحْصَنَاتِ ثُمَّ لَمْ يَأْتُوا بِأَرْبَعَةِ شُهَدَاءَ فَاجْلِدُوهُمْ ثَمَانِينَ جَلْدَةً وَلَا تَقْبَلُوا لَهُمْ شَهَادَةً أَبَدًا ۚ وَأُولَٰئِكَ هُمُ الْفَاسِقُونَ
၎င်းပြင် အပြစ်ကင်းစင်သော အမျိုးသမီးများအား(ကာမေသုမိစ္ဆာစာရကျူးလွန်သည်ဟု)စွပ်စွဲပြီးနောက် သက်သေလေးယောက် တင်မပြနိုင်ခဲ့ကြသော သူတို့အား အသင်တို့သည် ကြိမ်ဒဏ်အချက်ပေါင်း ရှစ်ဆယ်ရိုက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့်အခါမျှ ၎င်းတို့၏ မည်သို့ သောသက်သေခံချက်ကိုမျှ လက်မခံကြကုန်လင့်။ စင်စစ်သော်ကား ထိုသူတို့သည်ပင်လျှင် စည်းကမ်းဖောက်ဖျက်သူများ ဖြစ်ကြကုန်၏။
5إِلَّا الَّذِينَ تَابُوا مِن بَعْدِ ذَٰلِكَ وَأَصْلَحُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
သို့ရာတွင် အကြ�်သူတို့သည် ထို့နောက် ဝန်ချတောင်းပန်ကြ၍ (မိမိတို့ကိုယ်ကို) ပြုပြင်ခဲ့ကြသည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အလွန်တရာ သနားညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
6وَالَّذِينَ يَرْمُونَ أَزْوَاجَهُمْ وَلَمْ يَكُن لَّهُمْ شُهَدَاءُ إِلَّا أَنفُسُهُمْ فَشَهَادَةُ أَحَدِهِمْ أَرْبَعُ شَهَادَاتٍ بِاللَّهِ ۙ إِنَّهُ لَمِنَ الصَّادِقِينَ
ထို့ပြင် မိမိတို့၏ဇနီးကြင်ရာများအား (ကာမေသုမိစ္ဆာစာရမှုကျူးလွန်ပါသည်ဟု) စွပ်စွဲသောသူတို့သည် ၎င်းတို့၌ မိမိတို့အပြင် သက်သေများမရှိကြလျှင် ထိုစွပ်စွဲသူတို့အနက် တစ်ဦးသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ မိမိသည် သစ္စာဝါဒီဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် သက်သေထွက်ဆိုရမည်။
အန်-နူရ်ကုရ်အာန် ညွှန်းကိန်း
64အာယာသ်
MedinanRevelation
4အာယာသ်

ဘာသာပြန် — အန်-နူရ် 4

စူရာ အန်-နူရ် အာယာသ် 4 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အပြစ်ကင်းစင်သော အမျိုးသမီးများအား(ကာမေသုမိစ္ဆာစာရကျူးလွန်သည်ဟု)စွပ်စွဲပြီးနောက် သက်သေလေးယောက် တင်မပြနိုင်ခဲ့ကြသော သူတို့အား အသင်တို့သည် ကြိမ်ဒဏ်အချက်ပေါင်း ရှစ်ဆယ်ရိုက်ကြလေကုန်။ ၎င်းပြင်…

စူရာ အာယာသ် 4/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 2–6. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, October 20, 2026

Don't forget us in your sincere prayers