📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 489
وَكَذَٰلِكَ أَوۡحَيۡنَآ إِلَيۡكَ رُوحًا مِّنۡ أَمۡرِنَاۚ مَا كُنتَ تَدۡرِي مَا ٱلۡكِتَٰبُ وَلَا ٱلۡإِيمَٰنُ وَلَٰكِن جَعَلۡنَٰهُ نُورًا نَّهۡدِي بِهِۦ مَن نَّشَآءُ مِنۡ عِبَادِنَاۚ وَإِنَّكَ لَتَهۡدِيٓ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ  ۝٥٢ صِرَٰطِ ٱللَّهِ ٱلَّذِي لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ أَلَآ إِلَى ٱللَّهِ تَصِيرُ ٱلۡأُمُورُ  ۝٥٣
စူရာ အဇ်-ဇုခ်ရုဖ်
bismillah
حمٓ  ۝١ وَٱلۡكِتَٰبِ ٱلۡمُبِينِ  ۝٢ إِنَّا جَعَلۡنَٰهُ قُرۡءَٰنًا عَرَبِيًّا لَّعَلَّكُمۡ تَعۡقِلُونَ  ۝٣ وَإِنَّهُۥ فِيٓ أُمِّ ٱلۡكِتَٰبِ لَدَيۡنَا لَعَلِيٌّ حَكِيمٌ  ۝٤ أَفَنَضۡرِبُ عَنكُمُ ٱلذِّكۡرَ صَفۡحًا أَن كُنتُمۡ قَوۡمًا مُّسۡرِفِينَ  ۝٥ وَكَمۡ أَرۡسَلۡنَا مِن نَّبِيٍّ فِي ٱلۡأَوَّلِينَ  ۝٦ وَمَا يَأۡتِيهِم مِّن نَّبِيٍّ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ  ۝٧ فَأَهۡلَكۡنَآ أَشَدَّ مِنۡهُم بَطۡشًا وَمَضَىٰ مَثَلُ ٱلۡأَوَّلِينَ  ۝٨ وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ لَيَقُولُنَّ خَلَقَهُنَّ ٱلۡعَزِيزُ ٱلۡعَلِيمُ  ۝٩ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ مَهۡدًا وَجَعَلَ لَكُمۡ فِيهَا سُبُلًا لَّعَلَّكُمۡ تَهۡتَدُونَ  ۝١٠
42:52
وَكَذَٰلِكَ أَوۡحَيۡنَآ إِلَيۡكَ رُوحًا مِّنۡ أَمۡرِنَاۚ مَا كُنتَ تَدۡرِي مَا ٱلۡكِتَٰبُ وَلَا ٱلۡإِيمَٰنُ وَلَٰكِن جَعَلۡنَٰهُ نُورًا نَّهۡدِي بِهِۦ مَن نَّشَآءُ مِنۡ عِبَادِنَاۚ وَإِنَّكَ لَتَهۡدِيٓ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ  ۝٥٢
ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် မိမိအမိန့်တော်များအနက်မှ ရူဟ်တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခဲ့၏။ အသင်သည် ကျမ်းဂန်ဒေသနာတော်ဟူသည် အဘယ်နည်းဟူ၍ လည်းကောင်း၊အီမာန်သက်ဝင်ယုံကြည်မှုဟူသည် အဘယ်နည်းဟူ၍လည်းကောင်း၊ သိရှိခဲ့သည်မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည်ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လင်းရောင်ခြည်ပြုလုပ်တော်မူ၍ ထိုလင်းရောင်ခြည်ဖြင့် ငါအရှင်မြတ်သည် မိမိကျွန်တို့ အနက်မှ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်တော်မူ၏။ ၎င်းပြင် ဧကန်မလွဲ သင်သည် ဖြောင့်မတ်သောတရားလမ်းကို အမှန်ပင် ညွှန်ပြလျက် ရှိ၏။
42:53
صِرَٰطِ ٱللَّهِ ٱلَّذِي لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ أَلَآ إِلَى ٱللَّهِ تَصِيرُ ٱلۡأُمُورُ  ۝٥٣
အကြင်အလ္လာဟ်အရှင်မြတ်၏ တရားလမ်းကို၊မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသမျှတို့သည်လည်းကောင်း၊ ထိုအရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်ကြကုန်၏။ သတိပြုကြလေကုန်။အရေးကိစ္စအလုံးစုံတို့သည် ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ကြကုန်သတည်း။
စူရာ အဇ်-ဇုခ်ရုဖ်
bismillah
43:1
حمٓ  ۝١
ဟာ၊ မီမ်။
43:2
وَٱلۡكِتَٰبِ ٱلۡمُبِينِ  ۝٢
(ငါအရှင်မြတ်သည်) ရှင်းလင်းထင်ရှားစွာသောကျမ်းဂန် ဓမ္မက္ခန်ကို သက်သေထူတော်မူ၏။
43:3
إِنَّا جَعَلۡنَٰهُ قُرۡءَٰنًا عَرَبِيًّا لَّعَلَّكُمۡ تَعۡقِلُونَ  ۝٣
စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင်တို့(ကောင်းမွန်စွာ) သိနားလည်ကြအံ့သောငှာ ယင်းကျမ်းဂန်ကို အရဗ်ဘာသာစကားဖြင့် (ထုတ်ပြန်အပ်သော)ကုရ်အာန်ကျမ်းတော်မြတ် ပြုလုပ်တော်မူ၏။
43:4
وَإِنَّهُۥ فِيٓ أُمِّ ٱلۡكِتَٰبِ لَدَيۡنَا لَعَلِيٌّ حَكِيمٌ  ۝٤
၎င်းပြင် ဧကန်စင်စစ် ကုရ်အာန်ကျမ်းတော်မြတ်သည် မူရင်းကျမ်း(ဖြစ်သော "လောင်ဟုမဟ်ဖူဇ်" သင်ပုန်း)တွင် ငါအရှင်မြတ်ထံတော်၌ အမှန်ပင် လွန်စွာ မြင့်မြတ်လှ၏။ ဉာဏ်ပညာရပ်နှင့် ပြည့်စုံလှ၏။
43:5
أَفَنَضۡرِبُ عَنكُمُ ٱلذِّكۡرَ صَفۡحًا أَن كُنتُمۡ قَوۡمًا مُّسۡرِفِينَ  ۝٥
သို့ဖြစ်ပေရာ အသင်တို့သည် စည်းကမ်းကျူးလွန်သူများဖြစ်သောကြောင့် (ဤ)ဆုံးမဩဝါဒကျမ်းကို ငါအရှင်မြတ်သည် အသင်တို့ထံမှ လွှဲဖယ် တော်မူရမည်လော။
43:6
وَكَمۡ أَرۡسَلۡنَا مِن نَّبِيٍّ فِي ٱلۡأَوَّلِينَ  ۝٦
စင်စစ်သော်ကား ငါအရှင်မြတ်သည် ရှေးသူဟောင်းတို့တွင် မြောက်မြားစွာသော နဗီတမန်တော် များကိုစေလွှတ်တော်မူခဲ့၏။
43:7
وَمَا يَأۡتِيهِم مِّن نَّبِيٍّ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ  ۝٧
သို့တစေလည်း ၎င်းတို့သည် မိမိတို့ထံ ရောက်ရှိလာသော နဗီတမန်တော်တိုင်းကိုပင် ပြက်ရယ် ပြောင်လှောင်ခဲ့ကြသည်သာ။
43:8
فَأَهۡلَكۡنَآ أَشَدَّ مِنۡهُم بَطۡشًا وَمَضَىٰ مَثَلُ ٱلۡأَوَّلِينَ  ۝٨
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် လက်ရှိ ဤသူတို့ထက် ခွန်အားဗလ ရဲစွမ်းသတ္တိအရာ၌ ပိုမိုပြင်းထန်သောသူတို့ကိုပင် ဖျက်စီးတော်မူခဲ့ပေသည်။ စင်စစ်သော်ကား ရှေးဟောင်းသူတို့၏ (ဤ)အကြောင်းမှာ လွန်လေခဲ့ပြီး ဖြစ်ပေသတည်း။
43:9
وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ لَيَقُولُنَّ خَلَقَهُنَّ ٱلۡعَزِيزُ ٱلۡعَلِيمُ  ۝٩
စင်စစ် အကယ်၍ (အို-နဗီတမန်တော်၊) အသင်သည် ထိုသူတို့အား "မိုးကောင်းကင်များကို လည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ မည်သူသည် ဖန်ဆင်းခဲ့သနည်း"ဟု မေးမြန်းခဲ့ပါလျှင် ထိုသူတို့က ယင်း(မိုးကောင်းကင်များနှင့်ပထဝီမြေ) တို့ကို အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ် ဖန်ဆင်းတော်မူခဲ့သည်ဟူ၍ပင် ဧကန်မလွဲ ဖြေဆိုကြပေမည်။
43:10
ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ مَهۡدًا وَجَعَلَ لَكُمۡ فِيهَا سُبُلًا لَّعَلَّكُمۡ تَهۡتَدُونَ  ۝١٠
အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေကို အခင်းပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ယင်းပထဝီမြေ၌ အသင်တို့သည် (မိမိတို့လိုရာခရီးများကို လွယ်ကူစွာသွားနိုင်ရန်) လမ်းမှန်ကို ရရှိကြအံ့သောငှာ လမ်းပမ်းများကို ပြုလုပ်၍ ပေးတော်မူခဲ့၏။


📚Juz 25 📄489 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Sunday, August 30, 2026

Don't forget us in your sincere prayers