အက်ရှ်-ရှူရာ · 52/53
ဘာသာပြန် အသံနိုင်ငံ — စူရာ အက်ရှ်-ရှူရာ
وَكَذَٰلِكَ أَوْحَيْنَا إِلَيْكَ رُوحًا مِّنْ أَمْرِنَا ۚ مَا كُنتَ تَدْرِي مَا الْكِتَابُ وَلَا الْإِيمَانُ وَلَٰكِن جَعَلْنَاهُ نُورًا نَّهْدِي بِهِ مَن نَّشَاءُ مِنْ عِبَادِنَا ۚ وَإِنَّكَ لَتَهْدِي إِلَىٰ صِرَاطٍ مُّسْتَقِيمٍ ۝٥٢
Wa kazaalika awhainaaa ilaika rooham min amrinaa; maa kunta tadree mal Kitaabu wa lal eemaanu wa laakin ja`alnaahu nooran nahdee bihee man nashaaa`u min `ibaadinaa; wa innaka latahdeee ilaaa Siraatim Mustaqeem
📖 မြန်မာဘာသာ
ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် မိမိအမိန့်တော်များအနက်မှ ရူဟ်တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခဲ့၏။ အသင်သည် ကျမ်းဂန်ဒေသနာတော်ဟူသည် အဘယ်နည်းဟူ၍ လည်းကောင်း၊အီမာန်သက်ဝင်ယုံကြည်မှုဟူသည် အဘယ်နည်းဟူ၍လည်းကောင်း၊ သိရှိခဲ့သည်မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည်ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လင်းရောင်ခြည်ပြုလုပ်တော်မူ၍ ထိုလင်းရောင်ခြည်ဖြင့် ငါအရှင်မြတ်သည် မိမိကျွန်တို့ အနက်မှ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်တော်မူ၏။ ၎င်းပြင် ဧကန်မလွဲ သင်သည် ဖြောင့်မတ်သောတရားလမ်းကို အမှန်ပင် ညွှန်ပြလျက် ရှိ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • ရူဟန် (رُوحًا) — ဤနေရာတွင် ကုရ်အာန်ကျမ်းတော်မြတ်ကို ရည်ညွှန်းသည်။ ဝိညာဉ်ဟု အဓိပ္ပာယ်ရပြီး၊ ခန္ဓာကိုယ်သည် ဝိညာဉ်ဖြင့် အသက်ရှင်သကဲ့သို့ စိတ်နှလုံးများသည် ကုရ်အာန်ဖြင့် အသက်ရှင်ရသောကြောင့် ကုရ်အာန်ကို “ရူဟ်” ဟု ခေါ်ဆိုခြင်းဖြစ်သည်။
  • အမ်ရိနာ (أَمْرِنَا) — ငါအရှင်မြတ်၏ အမိန့်တော်၊ ငါအရှင်မြတ်၏ အရာတော်ဟု အဓိပ္ပာယ်ရသည်။
  • နူရန် (نُورًا) — အလင်း၊ လမ်းညွှန်အလင်းဟု အဓိပ္ပာယ်ရသည်။
  • ဆိရာသွိမ်မုစ်သကီမ် (صِرَاطٍ مُّسْتَقِيمٍ) — ဖြောင့်မတ်သော လမ်း၊ တည့်မတ်သော လမ်းဟု အဓိပ္ပာယ်ရပြီး၊ အစ္စလာမ်သာသနာတော်ကို ရည်ညွှန်းသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို—တမန်တော်မုဟမ္မဒ်(ဆွ)၊ ငါအရှင်မြတ်သည် သင့်အထက် ရှိခဲ့သော တမန်တော်များထံသို့ ဝဟ်ယ်အမိန့်တော် ပေးပို့သကဲ့သို့ပင်၊ သင့်ထံသို့လည်း ငါအရှင်မြတ်၏ အမိန့်တော်မှ ကုရ်အာန်ကျမ်းတော်မြတ်ကို ဝဟ်ယ်အဖြစ် ပေးပို့တော်မူခဲ့သည်။ ဤကုရ်အာန်သည် ဝိညာဉ်ကဲ့သို့ဖြစ်ပြီး၊ စိတ်နှလုံးများကို အသက်ရှင်စေသည်။ သင်(ဆွ)သည် ဤဝဟ်ယ် မရရှိမီက ကျမ်းတော်များ၏ အကြောင်းကိုလည်းကောင်း၊ အီမာန်ယုံကြည်မှုနှင့် သာသနာ့ဥပဒေသများ၏ အကြောင်းကိုလည်းကောင်း မသိရှိခဲ့ပါ။ သို့သော် ငါအရှင်မြတ်သည် ထိုကုရ်အာန်ကို အလင်းတစ်ခုအဖြစ် ပြုလုပ်တော်မူခဲ့သည်။ ထိုအလင်းဖြင့် ငါအရှင်မြတ်သည် မိမိ၏ ကျွန်များအနက်မှ မိမိအလိုရှိသူများကို ဖြောင့်မတ်သော လမ်းသို့ ညွှန်ပြတော်မူသည်။ ဧကန်စင်စစ် သင်(ဆွ)သည် အစ္စလာမ်သာသနာတော်ဟူသော ဖြောင့်မတ်သော လမ်းသို့ လူသားများကို ဖိတ်ခေါ်လမ်းညွှန်ပေးနေသူ ဖြစ်ပေသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • ကုရ်အာန်ကျမ်းတော်မြတ်သည် အလင်းတစ်ခုဖြစ်ပြီး၊ မှောင်မိုက်နေသော စိတ်နှလုံးများကို လင်းစေကာ လမ်းမှားမှ လမ်းမှန်သို့ ပို့ဆောင်ပေးသည်။
  • လူသားတစ်ဦးသည် မိမိအစွမ်းအစဖြင့်သာ လမ်းမှန်ကို ရှာဖွေနိုင်မည် မဟုတ်ဘဲ၊ အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှုတော်နှင့် ကုရ်အာန်၏ အလင်းရောင်သည် မရှ


📜 အာယာသ် 50-53 — စူရာ အက်ရှ်-ရှူရာ

50أَوْ يُزَوِّجُهُمْ ذُكْرَانًا وَإِنَاثًا ۖ وَيَجْعَلُ مَن يَشَاءُ عَقِيمًا ۚ إِنَّهُ عَلِيمٌ قَدِيرٌ
သို့တည်းမဟုတ် ထိုအရှင်မြတ်သည် ၎င်းတို့အား သားယောက်ျားကလေးများနှင့် သမီးမိန်းကလေး များကိုပေါင်းစပ်၍ပေးတော်မူ၏။ စုံတွဲ၍ ပေးတော် မူ၏။ ထိုမှတစ်ပါးမိမိအလိုရှိတော်မူသောသူအား (သားသမီးမထွန်းကားသော)အမြုံ ပြုလုပ်ထားတော်မူ၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ လွန်စွာပြုစွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
51۞ وَمَا كَانَ لِبَشَرٍ أَن يُكَلِّمَهُ اللَّهُ إِلَّا وَحْيًا أَوْ مِن وَرَاءِ حِجَابٍ أَوْ يُرْسِلَ رَسُولًا فَيُوحِيَ بِإِذْنِهِ مَا يَشَاءُ ۚ إِنَّهُ عَلِيٌّ حَكِيمٌ
မည်သည့်လူသား တစ်ဦးတစ်ယောက်နှင့်မျှအလ္လာဟ်အရှင်မြတ်သည် ဝဟီအမိန့်တော် ထုတ်ပြန်တော်မူခြင်းမှတစ်ပါး၊ အရိပ်အခြည် ပြတော်မူခြင်းမှတစ်ပါး၊ သို့တည်းမဟုတ် အကွယ်အကာ တစ်စုံတစ်ရာ၏နောက်မှတစ်ပါးစကားပြောတော်မူသည် မဟုတ်ပေ။ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် စေတမန်တစ်ပါးပါးကို စေလွှတ်တော်မူ၏။ ထိုအခါထိုစေတမန်သည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ထိုအရှင်မြတ်အလိုရှိတော်မူသော ဝဟီထုတ်ပြန်ချက်ကို ပို့ပေးလေ၏။ဧကန်စင်စစ် ထိုအရှင်မြတ်သည် လွန်စွာ မြင့်မြတ်တော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
52وَكَذَٰلِكَ أَوْحَيْنَا إِلَيْكَ رُوحًا مِّنْ أَمْرِنَا ۚ مَا كُنتَ تَدْرِي مَا الْكِتَابُ وَلَا الْإِيمَانُ وَلَٰكِن جَعَلْنَاهُ نُورًا نَّهْدِي بِهِ مَن نَّشَاءُ مِنْ عِبَادِنَا ۚ وَإِنَّكَ لَتَهْدِي إِلَىٰ صِرَاطٍ مُّسْتَقِيمٍ
ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် မိမိအမိန့်တော်များအနက်မှ ရူဟ်တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခဲ့၏။ အသင်သည် ကျမ်းဂန်ဒေသနာတော်ဟူသည် အဘယ်နည်းဟူ၍ လည်းကောင်း၊အီမာန်သက်ဝင်ယုံကြည်မှုဟူသည် အဘယ်နည်းဟူ၍လည်းကောင်း၊ သိရှိခဲ့သည်မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည်ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လင်းရောင်ခြည်ပြုလုပ်တော်မူ၍ ထိုလင်းရောင်ခြည်ဖြင့် ငါအရှင်မြတ်သည် မိမိကျွန်တို့ အနက်မှ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်တော်မူ၏။ ၎င်းပြင် ဧကန်မလွဲ သင်သည် ဖြောင့်မတ်သောတရားလမ်းကို အမှန်ပင် ညွှန်ပြလျက် ရှိ၏။
53صِرَاطِ اللَّهِ الَّذِي لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ أَلَا إِلَى اللَّهِ تَصِيرُ الْأُمُورُ
အကြင်အလ္လာဟ်အရှင်မြတ်၏ တရားလမ်းကို၊မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသမျှတို့သည်လည်းကောင်း၊ ထိုအရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်ကြကုန်၏။ သတိပြုကြလေကုန်။အရေးကိစ္စအလုံးစုံတို့သည် ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ကြကုန်သတည်း။
အက်ရှ်-ရှူရာကုရ်အာန် ညွှန်းကိန်း
53အာယာသ်
MeccanRevelation
52အာယာသ်

ဘာသာပြန် — အက်ရှ်-ရှူရာ 52

စူရာ အက်ရှ်-ရှူရာ အာယာသ် 52 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် မိမိအမိန့်တော်များအနက်မှ ရူဟ်တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခဲ့၏။ အသင်သည် ကျမ်းဂန်ဒေသနာတော်ဟူသည် အဘယ်နည်းဟူ၍ လည်းကောင်း၊အီမာန်သက်ဝင်ယုံကြည်မှုဟူသည်…

စူရာ အာယာသ် 52/53 — စူရာ အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အက်ရှ်-ရှူရာ နားထောင်, စူရာ အက်ရှ်-ရှူရာ ဘာသာပြန်, စူရာ အက်ရှ်-ရှူရာ mp3, စူရာ အက်ရှ်-ရှူရာ pdf. အာယာသ် 50–53. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers