📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 598
စူရာ အလ်-ကဒ်ရ်
bismillah
إِنَّآ أَنزَلۡنَٰهُ فِي لَيۡلَةِ ٱلۡقَدۡرِ  ۝١ وَمَآ أَدۡرَىٰكَ مَا لَيۡلَةُ ٱلۡقَدۡرِ  ۝٢ لَيۡلَةُ ٱلۡقَدۡرِ خَيۡرٌ مِّنۡ أَلۡفِ شَهۡرٍ  ۝٣ تَنَزَّلُ ٱلۡمَلَٰٓئِكَةُ وَٱلرُّوحُ فِيهَا بِإِذۡنِ رَبِّهِم مِّن كُلِّ أَمۡرٍ  ۝٤ سَلَٰمٌ هِيَ حَتَّىٰ مَطۡلَعِ ٱلۡفَجۡرِ  ۝٥
စူရာ အလ်-ဗိုင်ယီနာ
bismillah
لَمۡ يَكُنِ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ وَٱلۡمُشۡرِكِينَ مُنفَكِّينَ حَتَّىٰ تَأۡتِيَهُمُ ٱلۡبَيِّنَةُ  ۝١ رَسُولٌ مِّنَ ٱللَّهِ يَتۡلُواْ صُحُفًا مُّطَهَّرَةً  ۝٢ فِيهَا كُتُبٌ قَيِّمَةٌ  ۝٣ وَمَا تَفَرَّقَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ إِلَّا مِنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَةُ  ۝٤ وَمَآ أُمِرُوٓاْ إِلَّا لِيَعۡبُدُواْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ حُنَفَآءَ وَيُقِيمُواْ ٱلصَّلَوٰةَ وَيُؤۡتُواْ ٱلزَّكَوٰةَۚ وَذَٰلِكَ دِينُ ٱلۡقَيِّمَةِ  ۝٥ إِنَّ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ وَٱلۡمُشۡرِكِينَ فِي نَارِ جَهَنَّمَ خَٰلِدِينَ فِيهَآۚ أُوْلَٰٓئِكَ هُمۡ شَرُّ ٱلۡبَرِيَّةِ  ۝٦ إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ أُوْلَٰٓئِكَ هُمۡ خَيۡرُ ٱلۡبَرِيَّةِ  ۝٧
စူရာ အလ်-ကဒ်ရ်
bismillah
97:1
إِنَّآ أَنزَلۡنَٰهُ فِي لَيۡلَةِ ٱلۡقَدۡرِ  ۝١
ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဉ့်၌ ချပေးသနားတော်မူခဲ့၏။
97:2
وَمَآ أَدۡرَىٰكَ مَا لَيۡلَةُ ٱلۡقَدۡرِ  ۝٢
စင်စစ် "လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သောညဉ့်သည် အဘယ်နည်းဟု အသင် သိပါသလော။
97:3
لَيۡلَةُ ٱلۡقَدۡرِ خَيۡرٌ مِّنۡ أَلۡفِ شَهۡرٍ  ۝٣
လိုက်လသုလ်ကဒ်ရ်" မြင့်မြတ်သော ညဉ့်ကား လပေါင်းတစ်ထောင်ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏၊
97:4
تَنَزَّلُ ٱلۡمَلَٰٓئِكَةُ وَٱلرُّوحُ فِيهَا بِإِذۡنِ رَبِّهِم مِّن كُلِّ أَمۡرٍ  ۝٤
ထိုညဉ့်၌ ကောင်းကင်တမန်များသည်လည်းကောင်း၊ ဂျစ်ဗ်ရိလ်သည်လည်းကောင်း၊ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အမိန့်တော်ဖြင့် ကောင်းမြတ်သော အရေးကိစ္စအသီးသီးကို ယူဆောင်၍ ဆင်းသက်လာကြကုန်၏။
97:5
سَلَٰمٌ هِيَ حَتَّىٰ مَطۡلَعِ ٱلۡفَجۡرِ  ۝٥
ထိုညဉ့်ကား နံနက်မိုးသောက်ချိန်တိုင် ငြိမ်းချမ်းသောညပင် ဖြစ်ချေသတည်း။(ငြိမ်းချမ်းမှုချည်းသာတည်း)။
စူရာ အလ်-ဗိုင်ယီနာ
bismillah
98:1
لَمۡ يَكُنِ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ وَٱلۡمُشۡرِكِينَ مُنفَكِّينَ حَتَّىٰ تَأۡتِيَهُمُ ٱلۡبَيِّنَةُ  ۝١
ရှေးအထက်ကျမ်းဂန်ကို ရရှိခဲ့ကြသောသူတို့ အနက်မှလည်းကောင်း၊ မွရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်ကြသူတို့ အနက်မှလည်းကောင်း၊ သွေဖည် ငြင်းပယ်သောသူတို့မှာမူကား၊ ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက ရောက်ရှိလာခြင်း မရှိသမျှကာလပတ်လုံး (မိမိတို့၏ မမှန်ကန်သောအယူဝါဒမှ) စွန့်ခွာကြမည့်သူများ မဟုတ်ခဲ့ကြပေ။
98:2
رَسُولٌ مِّنَ ٱللَّهِ يَتۡلُواْ صُحُفًا مُّطَهَّرَةً  ۝٢
(ထိုထင်ရှားစွာသော သက်သေသာဓကမှာ ၎င်းတို့ရှေ့ဝယ်) သန့်ရှင်းသော ကျမ်းစာများကို ဖတ်ကြားအံ့သော အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန် တော်တစ်ပါးပင်။
98:3
فِيهَا كُتُبٌ قَيِّمَةٌ  ۝٣
ယင်းကျမ်းစာများမှာ မှန်ကန်သောအကြောင်းအရာများ ရေးသားပါရှိသောကျမ်းစာများပင်ဖြစ်သည်။
98:4
وَمَا تَفَرَّقَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ إِلَّا مِنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَةُ  ۝٤
သို့ရာတွင် ရှေးအထက်ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့မှာ ၎င်းတို့ထံ ထင်ရှားစွာ သက်သေသာဓက ရောက်ရှိလာပြီး နောက်သော်မှပင် (သာသနာတော်နှင့်စပ်လျဉ်း၍) ကွဲလွဲခဲ့ကြကုန်လေသည်။
98:5
وَمَآ أُمِرُوٓاْ إِلَّا لِيَعۡبُدُواْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ حُنَفَآءَ وَيُقِيمُواْ ٱلصَّلَوٰةَ وَيُؤۡتُواْ ٱلزَّكَوٰةَۚ وَذَٰلِكَ دِينُ ٱلۡقَيِّمَةِ  ۝٥
စင်စစ်သော်ကား ထိုသူတို့သည် ဆည်းကပ် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အားသာလျှင် ရည်စူး၍ သန့်သန့်ပြုကြလျက် (မမှန်ကန်သော ဘာသာဝါဒ အသီးသီးတို့ကို နဗီတမန်တော်အီဗ်ရာဟီမ်နည်းတူ စွန့်ကာ အလ္လာဟ်အရှင်မြတ်ဖက်သို့သာလျှင်) အာရုံစူးစိုက်ကြလျက် ထိုအရှင်မြတ်အား ကိုးကွယ်ဆည်းကပ်ကြရန်လည်းကောင်း၊ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ကြရန်လည်းကောင်း၊ အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရသည်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည်မဟုတ်ပေ။ အမှန်သော်ကား ဤသည်သာလျှင် မှန်ကန်သူတို့၏လမ်းစဉ်တည်း။ (မှန်ကန်သောအကြောင်းများ၏ လမ်းစဉ်ပင်၊ တရားပင်၊ သာသနာပင်)။
98:6
إِنَّ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ وَٱلۡمُشۡرِكِينَ فِي نَارِ جَهَنَّمَ خَٰلِدِينَ فِيهَآۚ أُوْلَٰٓئِكَ هُمۡ شَرُّ ٱلۡبَرِيَّةِ  ۝٦
ရှေးအထက်ကျမ်းဂန် ရရှိသူတို့အနက်မှလည်းကောင်း၊ "မွရှ်ရစ်က်" တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်သူတို့အနက်မှလည်း ကောင်း၊ သွေဖည် ငြင်းငြင်းပယ်ခဲ့ကြကုန်သော သူတို့မှာ ဧကန်အမှန် ဂျဟန္နမ်ငရဲ၏ မီးထဲသို့ အမြဲထာဝစဉ် နေထိုင် ခံစားကြရသူများအဖြစ် လားကြရပေမည်။ ထိုသူတို့ကား အဖန်ဆင်းခံတို့တွင် အဆိုးဆုံးသောသူများပင် ဖြစ်ကြကုန်၏။
98:7
إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ أُوْلَٰٓئِكَ هُمۡ خَيۡرُ ٱلۡبَرِيَّةِ  ۝٧
အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့မှာမူကား ဧကန်မလွဲ အဖန်ဆင်းခံတို့တွင် အကောင်းဆုံးသောသူများပင် ဖြစ်ကြကုန်၏။


📚 30 📄598 / 604



M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Friday, October 16, 2026

Don't forget us in your sincere prayers