📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 597
စူရာ အတ်-တီး

စူရာ အလ်-အလက်

စူရာ အတ်-တီး

95:1
وَٱلتِّينِ وَٱلزَّيۡتُونِ ١
(ငါအရှင်မြတ်သည်) သဖန်းသီးပင်ကိုလည်းကောင်း၊ သံလွင်သီးပင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
95:3
وَهَٰذَا ٱلۡبَلَدِ ٱلۡأَمِينِ ٣
ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ဤ ဘေးရန်ကင်းသောမြို့တော်ကို သက်သေထူတော်မူ၏။
95:4
لَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ فِيٓ أَحۡسَنِ تَقۡوِيمٍ ٤
ဧကန်မလွဲ ငါအရှင်မြတ်သည် လူကို အကောင်းဆုံးသော အချိုးအစား အရပ်အမောင်း ပုံပန်းသဏ္ဍာန်၌ ဖန်ဆင်းတော်မူ၏။
95:5
ثُمَّ رَدَدۡنَٰهُ أَسۡفَلَ سَٰفِلِينَ ٥
ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား ညံ့ဖျင်းသူတို့ထက် အညံ့ဖျင်းဆုံးသော အခြေအနေသို့ ပြန်ရောက်စေတော်မူ၏။
95:6
إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَلَهُمۡ أَجۡرٌ غَيۡرُ مَمۡنُونٍ ٦
သို့ရာတွင် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက် တည်ကြကုန်သော သူတို့အဖို့မှာကား မကုန်ဆုံးနိုင်သော အကျိုးကျေးဇူးသည်(အသင့်)ရှိ၏။
95:7
فَمَا يُكَذِّبُكَ بَعۡدُ بِٱلدِّينِ ٧
သို့ပါလျက် (ဤသည်တို့ကိုသိရှိပြီး)နောက်တွင် အစားပေးခြင်းကို မဟုတ်မမှန်ဟု ငြင်းပယ်ရန် အသင့်အား မည်သည့်အရာက လှုံ့ဆော်သနည်း။
95:8
أَلَيۡسَ ٱللَّهُ بِأَحۡكَمِ ٱلۡحَٰكِمِينَ ٨
အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအပေါင်းတို့ထက် အကောင်းဆုံး တရားစီရင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည် မဟုတ်လော။
စူရာ အလ်-အလက်

96:1
ٱقۡرَأۡ بِٱسۡمِ رَبِّكَ ٱلَّذِي خَلَقَ ١
(အို-နဗီတမန်တော်) အသင်သည် မိမိ အရှင်မြတ်၏နာမံတော်ဖြင့် (အစပြု၍) ဖတ်ပါလေ။ ထို အရှင်မြတ်သည် (သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့ကို) ဖန်ဆင်းတော်မူခဲ့၏။
96:3
ٱقۡرَأۡ وَرَبُّكَ ٱلۡأَكۡرَمُ ٣
(အို-နဗီတမန်တော်) အသင်သည် ဖတ်ပါ လေ။ စင်စစ် အသင့်အား ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အလွန်ရက်ရောစွာ ပေးကမ်း ချီးမြှင့်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
96:5
عَلَّمَ ٱلۡإِنسَٰنَ مَا لَمۡ يَعۡلَمۡ ٥
ထိုအရှင်မြတ်သည် လူသားတို့အား ၎င်းတို့ မသိခဲ့သောအရာများကို သင်ကြားပေးတော်မူခဲ့ပေသတည်း။
96:6
كـَلَّآ إِنَّ ٱلۡإِنسَٰنَ لَيَطۡغَىٰٓ ٦
မှတ်ယူကြလေကုန်၊ ဧကန်မလွဲ လူသည် ဆိုးသွမ်း ပုန်ကန်လေ့ရှိ၏။
96:7
أَن رَّءَاهُ ٱسۡتَغۡنَىٰٓ ٧
၎င်းသည် မိမိကိုယ်ကို လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မြင်သောကြောင့်။
96:8
إِنَّ إِلَىٰ رَبِّكَ ٱلرُّجۡعَىٰٓ ٨
ဧကန်မလွဲ(အားလုံးတို့၏) ပြန်လည်ရောက်ရှိခြင်းသည် အသင်၏ အရှင်မြတ်အထံတော်သို့သာလျှင် ဖြစ်သည်။
96:9
أَرَءَيۡتَ ٱلَّذِي يَنۡهَىٰ ٩
(အို-နဗီတမန်တော်) အသင်သည် အကြင်သူအား မြင်ခဲ့လေသလော။ ထိုသူသည် တားမြစ်၏။
96:10
عَبۡدًا إِذَا صَلَّىٰٓ ١٠
(အလ္လာဟ်အရှင်မြတ်၏) ကျွန်တစ်ပါးအား ထိုကျွန်သည် ဆွလာတ်ဝတ်ပြုသောအခါဝယ်။
96:11
أَرَءَيۡتَ إِن كَانَ عَلَى ٱلۡهُدَىٰٓ ١١
(အို-နဗီတမန်တော်) အသင်သည် (ထိုလူ၏အခြေအနေကို) ပြောပြပါလေ။ အကယ်၍ ၎င်းသည် တရားလမ်းမှန်ပေါ်၌ရှိခဲ့မူ။
96:12
أَوۡ أَمَرَ بِٱلتَّقۡوَىٰٓ ١٢
သို့တည်းမဟုတ် ၎င်းသည် (ပြစ်မှုများမှ) ကြဉ်ရှောင်ရန် အမိန့်ပေးခဲ့မူ (မကောင်းပါလော)။
96:13
أَرَءَيۡتَ إِن كَذَّبَ وَتَوَلَّىٰٓ ١٣
(အို-နဗီတမန်တော်) အသင်သည်(ထိုသူ၏အခြေအနေကို) ပြောပြပါလေ။ အကယ်၍ ၎င်းသည် (နဗီတမန်တော်အား) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ပြီးနောက် (အီမာန်သက်ဝင်ယုံကြည်ခြင်းမှ) မျက်နှာလွှဲဖယ်ခဲ့သော် (မည်သူအကျိုးယုတ်အံ့နည်း)။
96:14
أَلَمۡ يَعۡلَم بِأَنَّ ٱللَّهَ يَرَىٰ ١٤
အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန် ရှုမြင်တော်မူသည်ကို ထိုသူသည် မသိခဲ့လေသလော။
96:15
كـَلَّا لَئِن لَّمۡ يَنتَهِ لَنَسۡفَعَۢا بِٱلنَّاصِيَةِ ١٥
မှတ်ယူလော့၊ အကယ်၍ ထိုသူသည် (မိမိ အပြုအမူကို) မရပ်စဲခဲ့သော်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် (၎င်း၏) ဦးစွန်းကိုကိုင်၍ ဆွဲတော်မူမည်။
96:16
نَاصِيَةٍ كَٰذِبَةٍ خَاطِئَةٍ ١٦
(ထိုဦးစွန်းကား) မုသားပြောဆိုလေ့ရှိသော၊ ပြစ်မှုကျူးလွန်လေ့ရှိသော ဦးစွန်းပင်။
96:18
سَنَدۡعُ ٱلزَّبَانِيَةَ ١٨
ယခုပင် ငါအရှင်မြတ်သည်လည်း ငရဲစောင့် ကောင်းကင်တမန်တို့ကို ခေါ်ယူတော်မူမည်။
96:19
كـَلَّا لَا تُطِعۡهُ وَٱسۡجُدۡۤ وَٱقۡتَرِب۩ ١٩
အလျှင်းမဟုတ်၊ (အို-နဗီတမန်တော်) အသင်သည် ၎င်း၏စကားကို မလိုက်နာလေနှင့်၊ ထို့ပြင် အသင်သည်(အလ္လာဟ်အရှင်မြတ်အား) "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချပါလေ။ ၎င်းပြင် အသင်သည် (ဝတ်ပြုခြင်းအားဖြင့် ထိုအရှင်မြတ်အပါးတော်သို့) ချဉ်းကပ်ပါလေ။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Tuesday, September 1, 2026
Don't forget us in your sincere prayers







