📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 599
جَزَآؤُهُمۡ عِندَ رَبِّهِمۡ جَنَّٰتُ عَدۡنٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۖ رَّضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُۚ ذَٰلِكَ لِمَنۡ خَشِيَ رَبَّهُۥ ٨
إِذَا زُلۡزِلَتِ ٱلۡأَرۡضُ زِلۡزَالَهَا ١ وَأَخۡرَجَتِ ٱلۡأَرۡضُ أَثۡقَالَهَا ٢ وَقَالَ ٱلۡإِنسَٰنُ مَا لَهَا ٣ يَوۡمَئِذٍ تُحَدِّثُ أَخۡبَارَهَا ٤ بِأَنَّ رَبَّكَ أَوۡحَىٰ لَهَا ٥ يَوۡمَئِذٍ يَصۡدُرُ ٱلنَّاسُ أَشۡتَاتًا لِّيُرَوۡاْ أَعۡمَٰلَهُمۡ ٦ فَمَن يَعۡمَلۡ مِثۡقَالَ ذَرَّةٍ خَيۡرًا يَرَهُۥ ٧ وَمَن يَعۡمَلۡ مِثۡقَالَ ذَرَّةٍ شَرًّا يَرَهُۥ ٨
وَٱلۡعَٰدِيَٰتِ ضَبۡحًا ١ فَٱلۡمُورِيَٰتِ قَدۡحًا ٢ فَٱلۡمُغِيرَٰتِ صُبۡحًا ٣ فَأَثَرۡنَ بِهِۦ نَقۡعًا ٤ فَوَسَطۡنَ بِهِۦ جَمۡعًا ٥ إِنَّ ٱلۡإِنسَٰنَ لِرَبِّهِۦ لَكَنُودٌ ٦ وَإِنَّهُۥ عَلَىٰ ذَٰلِكَ لَشَهِيدٌ ٧ وَإِنَّهُۥ لِحُبِّ ٱلۡخَيۡرِ لَشَدِيدٌ ٨ ۞ أَفَلَا يَعۡلَمُ إِذَا بُعۡثِرَ مَا فِي ٱلۡقُبُورِ ٩
စူရာ အဇ်-ဇလ်ဇလာ

စူရာ အလ်-အာဒီယာ့

98:8
جَزَآؤُهُمۡ عِندَ رَبِّهِمۡ جَنَّٰتُ عَدۡنٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۖ رَّضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُۚ ذَٰلِكَ لِمَنۡ خَشِيَ رَبَّهُۥ ٨
၎င်းတို့၏အကျိုးကား ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ထံတော်၌ ထာဝစဉ် နေထိုင်ကြရမည့် ဥယျာဉ်များပင် ဖြစ်ကြကုန်၏။ ထိုဥယျာဉ်များ၏အောက်မှ ရေချောင်းများသည် တသွင်သွင် စီးတွေလျက် ရှိကြပေမည်။(၎င်းတို့သည်)ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင် စံမြန်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည်လည်း ၎င်းတို့အပေါ်၌ ကျေနပ်တော်မူမည်။ ၎င်းတို့သည်လည်း ထိုအရှင်မြတ်အပေါ်၌ ကျေနပ်ကြပေမည်။ ဤ(အကျိုးကျေးဇူး)သည်ကား မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့သော(သူတော်စင်)၏အဖို့သာလျှင် ဖြစ်အံ့သတည်း။
စူရာ အဇ်-ဇလ်ဇလာ

99:1
إِذَا زُلۡزِلَتِ ٱلۡأَرۡضُ زِلۡزَالَهَا ١
ပထဝီမြေသည် မိမိ ငလျင်လှုပ်ခြင်း၊ မိမိ သွက်သွက်ခါ တုန်လှုပ်ခြင်းဖြင့် တုန်လှုပ်ခြင်းကို ခံရလေသောအခါ။
99:2
وَأَخۡرَجَتِ ٱلۡأَرۡضُ أَثۡقَالَهَا ٢
၎င်းပြင် ပထဝီမြေသည် မိမိ(အတွင်းရှိ သေသူများ၊ ရွှေငွေရတနာအစရှိသော) ဝန်ထုပ်များကို အပြင်သို့ ထုတ်သောအခါ။
99:3
وَقَالَ ٱلۡإِنسَٰنُ مَا لَهَا ٣
ထို့ပြင် လူက ဤပထဝီမြေ၌ (ယင်းကဲ့သို့ တုန်လှုပ်ရန်) မည်သည့်အကြောင်း ရှိသနည်းဟု ပြောဆိုသောအခါ။
99:4
يَوۡمَئِذٍ تُحَدِّثُ أَخۡبَارَهَا ٤
ထိုနေ့တွင် ယင်းပထဝီမြေသည် မိမိသတင်းစကားများကို ပြောပြပေမည်။
99:5
بِأَنَّ رَبَّكَ أَوۡحَىٰ لَهَا ٥
အကြောင်းသော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းအား (ယင်းသို့ပင်)အမိန့်ထုတ်ပြန်တော်မူခြင်းကြောင့် ဖြစ်အံ့။
99:6
يَوۡمَئِذٍ يَصۡدُرُ ٱلنَّاسُ أَشۡتَاتًا لِّيُرَوۡاْ أَعۡمَٰلَهُمۡ ٦
ထိုနေ့တွင် လူတို့သည် အုပ်စုအမျိုးမျိုး ကွဲလျက် မိမိတို့ကျင့်မူချက်တို့ကို ပြသခြင်း ခံကြရအံ့သောငှာ ပြန်လာကြပေမည်။ (ထွက်ပေါ်လာကြပေမည်)။
99:7
فَمَن يَعۡمَلۡ مِثۡقَالَ ذَرَّةٍ خَيۡرًا يَرَهُۥ ٧
သို့ဖြစ်ပေရာ မည်သူမဆို တစ်စုံတစ်ရာကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့သည်ရှိသော် ထိုသူသည်(မိမိကျင့်မူခဲ့သော) ထိုကောင်းမှုကို တွေ့မြင်ရပေမည်။
99:8
وَمَن يَعۡمَلۡ مِثۡقَالَ ذَرَّةٍ شَرًّا يَرَهُۥ ٨
ထိုနည်းတူစွာ မည်သူမဆို တစ်စုံတစ်ရာမကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် (မိမိပြုကျင့်ခဲ့သော) ယင်းမကောင်းမှုကို တွေ့မြင်ရမည်သာတည်း။
စူရာ အလ်-အာဒီယာ့

100:1
وَٱلۡعَٰدِيَٰتِ ضَبۡحًا ١
(ငါအရှင်မြတ်သည်) မောဟိုက်သံနှင့်တကွ လျင်မြန်စွာပြေးကြသော တိုက်မြင်းများကို သက်သေထူတော်မူ၏။
100:2
فَٱلۡمُورِيَٰتِ قَدۡحًا ٢
တဖန် (ငါအရှင်မြတ်သည် မိမိတို့၏ခွာများဖြင့် ကျောက်ခဲများကို) ရိုက်ခတ်ခြင်းအားဖြင့် မီးပွားများ ထွက်စေကြသောမြင်းများကို သက်သေ ထူတော်မူ၏။
100:3
فَٱلۡمُغِيرَٰتِ صُبۡحًا ٣
တဖန် (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်၌ (ရန်သူများအား)ဝင်ရောက် တိုက်ခိုက်ကြသော မြင်းများကို သက်သေထူတော်မူ၏။
100:4
فَأَثَرۡنَ بِهِۦ نَقۡعًا ٤
တဖန် (ငါအရှင်မြတ်သည်) ထိုနံနက်မိုးသောက်ချိန်၌ ဖုံများကို ထောင်းထောင်းထစေသော မြင်းများကို သက်သေထူတော်မူ၏။
100:5
فَوَسَطۡنَ بِهِۦ جَمۡعًا ٥
တဖန် (ငါအရှင်မြတ်သည် ရန်သူများ၏) အုပ်စုအလယ်သို့ တရှိန်တည်းထိုးဖောက် ဝင်ရောက်ကြသောမြင်းများကို သက်သေထူတော်မူ၏။
100:6
إِنَّ ٱلۡإِنسَٰنَ لِرَبِّهِۦ لَكَنُودٌ ٦
ဧကန်မလွဲ လူသည် မိမိကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကျေးဇူးကန်းသူဖြစ်၏။
100:7
وَإِنَّهُۥ عَلَىٰ ذَٰلِكَ لَشَهِيدٌ ٧
ထို့ပြင် ထိုလူသည် ကျေးဇူးကန်းမှုနှင့်စပ်လျဉ်း၍ မိမိကိုယ်တိုင်ပင် သက်သေဖြစ်၏။
100:8
وَإِنَّهُۥ لِحُبِّ ٱلۡخَيۡرِ لَشَدِيدٌ ٨
ထိုမှတစ်ပါး ထိုလူသည် ဥစ္စာပစ္စည်းကို ခုံမင်စုံမက်ရာ၌ အလွန်စိတ်ထက်သန်နေသူဖြစ်၏။ (ထိုလူသည် ဥစ္စာပစ္စည်းကို အလွန်ခုံမင်သည့်အတွက် အလွန်စေးနဲသူဖြစ်၏)။
100:9
۞ أَفَلَا يَعۡلَمُ إِذَا بُعۡثِرَ مَا فِي ٱلۡقُبُورِ ٩
(ကိယာမတ်ဖြစ်သော)အခါတွင် သင်္ချိုင်းများအတွင်း၌ ရှိကြကုန်သောသူတို့သည် (ထိုသင်္ချိုင်းများကိုမှောက်လှန်၍) ထုတ်ဖော်ခြင်းခံကြရမည်ကို ထိုသူသည် မသိလေသလော။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, September 2, 2026
Don't forget us in your sincere prayers







