سوره مؤمنون به زبان برمه ای

  1. گوش دادن به سوره
  2. سورهای دیگر
  3. ترجمه سوره
قرآن کریم | ترجمه معانی قرآن | زبان برمه ای | سوره مؤمنون | المؤمنون - تعداد آیات آن 118 - شماره سوره در مصحف: 23 - معنی سوره به انگلیسی: The Believers.

قَدْ أَفْلَحَ الْمُؤْمِنُونَ(1)

 ဧကန်မလွဲ (အကြင်) "မုအ်မင်န်" သက်ဝင်ယုံ ကြည်သူတို့သည် ဧကန်မလွဲ အောင်မြင်ခဲ့ကြချေပြီ။

الَّذِينَ هُمْ فِي صَلَاتِهِمْ خَاشِعُونَ(2)

 ထို("မုအ်မင်န်" သက်ဝင် ယုံကြည်)သူတို့ သည် မိမိတို့ ဆွလာတ်ဝတ်ပြုရာ၌ ကျိုးနွံသူများ ဖြစ်ကြကုန်၏။

وَالَّذِينَ هُمْ عَنِ اللَّغْوِ مُعْرِضُونَ(3)

 ၄င်းပြင် ထို("မုအ်မင်န်" သက်ဝင်ယုံကြည်)သူတို့သည် အချည်းနှီး အကျိုးမဲ့ အမှုကိစ္စတို့မှ ရှောင်ဖယ် သူများလည်း ဖြစ်ကြကုန်၏။

وَالَّذِينَ هُمْ لِلزَّكَاةِ فَاعِلُونَ(4)

 ထို့ပြင် ထို("မုအ်မင်န်" သက်ဝင်ယုံကြည်)သူတို့သည် (မိမိတို့စိတ်နှလုံးများ) စင်ကြယ်သန့်ရှင်းအံ့သောငှာ (ကောင်းမှုများကို) ပြုလုပ်သူများ ဖြစ်ကြကုန်၏။

وَالَّذِينَ هُمْ لِفُرُوجِهِمْ حَافِظُونَ(5)

 ထိုမှတစ်ပါး ထို("မုအ်မင်န်" သက်ဝင်ယုံကြည်) သူတို့သည် (ကာမေသုမိစ္ဆာရကံ ကျူးလွန်ခြင်းမှ) မိမိတို့၏ အရှက်အင်္ဂါများကို စောင့်စည်း ထိန်းသိမ်းသူများလည်း ဖြစ်ကြကုန်၏။

إِلَّا عَلَىٰ أَزْوَاجِهِمْ أَوْ مَا مَلَكَتْ أَيْمَانُهُمْ فَإِنَّهُمْ غَيْرُ مَلُومِينَ(6)

 မိမိတို့၏ ဇနီးကြင်ယာများ၊ သို့မဟုတ် မိမိတို့ လက်ယာလက်များက ပိုင်ဆိုင်သော(တရားဝင်)ကျွန်မိန်းမများမှတစ်ပါး၊ အကြောင်းမူကား (မိမိတို့ ဇနီးကြင်ယာများနှင့်သော်လည်းကောင်း၊ တရားဝင်ကျွန် မိန်းမများနှင့်သော်လည်းကောင်း၊ သံဝါသပြုခြင်း အားဖြင့်) ထိုသူတို့သည် ပြစ်တင်ခြင်း ခံထိုက်သူများ မဟုတ်သောကြောင့်ပင်။

فَمَنِ ابْتَغَىٰ وَرَاءَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْعَادُونَ(7)

 သို့ရာတွင် မည်သူမဆို ထို(ဇနီးကြင်ယာများ သို့မဟုတ် တရားဝင်ကျွန်မများ)မှ ကျော်လွန်၍ (အခြား အမျိုးသမီးများကို) တောင့်တ ရှာဖွေခဲ့မူ ယင်းကဲ့သို့ သူတို့သည်သာလျှင် စည်းကမ်းကို ကျူးလွန်သူများ ဖြစ်ကြကုန်၏။

وَالَّذِينَ هُمْ لِأَمَانَاتِهِمْ وَعَهْدِهِمْ رَاعُونَ(8)

 ၎င်းပြင် ထို("မုအ်မင်န်" သက်ဝင်ယုံကြည်) သူတို့သည် မိမိတို့ ယုံကြည်လွှဲအပ်ခြင်းခံရသော တာဝန်များကို လည်းကောင်း၊ မိမိတို့၏ ကတိဝန်ခံချက် များကိုလည်းကောင်း၊ စောင့်ထိန်းသူများလည်း ဖြစ်ကြကုန်၏။

وَالَّذِينَ هُمْ عَلَىٰ صَلَوَاتِهِمْ يُحَافِظُونَ(9)

 ထို့ပြင် ထို("မုအ်မင်န်" သက်ဝင်ယုံကြည်)သူတို့ သည် မိမိတို့၏ ဆွလာတ်ဝတ်ပြုမှု(တာဝန်)ကို ဂရုဓမ္မပြုသူများလည်း ဖြစ်ကြကုန်၏။

أُولَٰئِكَ هُمُ الْوَارِثُونَ(10)

 ထို("မုအ်မင်န်" သက်ဝင်ယုံကြည်)သူတို့သည်ပင်လျှင် အမွေခံမည့်သူများ ဖြစ်ကြကုန်၏။

الَّذِينَ يَرِثُونَ الْفِرْدَوْسَ هُمْ فِيهَا خَالِدُونَ(11)

 ၎င်းတို့သည် ဖိရ်ဒေါက်စ်(တည်းဟူသောဥယျာဉ်) ကို အမွေခံကြပေမည်။ ၎င်းတို့သည် ယင်း ဖိရ်ဒေါက်စ်တွင် အစဉ်ထာဝရ နေထိုင်မည့်သူများပင် ဖြစ်ကြကုန်သတည်း။

وَلَقَدْ خَلَقْنَا الْإِنسَانَ مِن سُلَالَةٍ مِّن طِينٍ(12)

 မချွတ်မလွဲ ငါအရှင်မြတ်သည် လူသားကို ရွှံ့မြေ ၏ အဆီအနှစ်ဖြင့့်် ဖန်ဆင်းတော် မူခဲ့၏။

ثُمَّ جَعَلْنَاهُ نُطْفَةً فِي قَرَارٍ مَّكِينٍ(13)

 ထို့နောက် ငါအရှင်မြတ်သည် ထိုလူသား(၏ အဆက်အနွယ်)ကို လုံခြုံသောနေရာတစ်ခု (သားအိမ်တွင်း)၌ ကလလရေကြည် ဖြစ်စေတော်မူခဲ့၏။

ثُمَّ خَلَقْنَا النُّطْفَةَ عَلَقَةً فَخَلَقْنَا الْعَلَقَةَ مُضْغَةً فَخَلَقْنَا الْمُضْغَةَ عِظَامًا فَكَسَوْنَا الْعِظَامَ لَحْمًا ثُمَّ أَنشَأْنَاهُ خَلْقًا آخَرَ ۚ فَتَبَارَكَ اللَّهُ أَحْسَنُ الْخَالِقِينَ(14)

 ထို့နောက် ငါအရှင်မြတ်သည် ယင်း ကလလရေကြည်ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းသွေးခဲကို အသားတုံးအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းအသားတုံးကို အရိုးများအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ ထို့နောက် ငါအရှင် မြတ်သည် ယင်းအရိုးများကို အသားဖြင့် တန်ဆာဆင်မြန်း၍ ပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်း(အသားဖြင့် ဆင်မြန်းပြီးဖြစ်သောအရိုးများ)ကို အခြားဖန်ဆင်းအပ်သော အရာတစ်ခုအဖြစ် ဖြစ်ပေါ်၍လာစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် အဘယ်မျှ ထူးကဲမြင့်မြတ်လှဘိပါသနည်း။

ثُمَّ إِنَّكُم بَعْدَ ذَٰلِكَ لَمَيِّتُونَ(15)

 တစ်ဖန် ဧကန်အမှန် အသင်တို့သည် ထို (ထူး ဆန်းအံ့ဖွယ်ဖြစ်သော အခြေအနေတို့ကို ကျော်လွန်ပြီး)နောက် အမှန်ပင် အသက်သေဆုံးကြရမည့်သူများ ဖြစ်ကြကုန်၏။

ثُمَّ إِنَّكُمْ يَوْمَ الْقِيَامَةِ تُبْعَثُونَ(16)

 တစ်ဖန် ဧကန်မလွဲ အသင်တို့သည် ကိယာမတ်နေ့တွင် ရှင်ပြန်ထကြရအံ့သတည်း။

وَلَقَدْ خَلَقْنَا فَوْقَكُمْ سَبْعَ طَرَائِقَ وَمَا كُنَّا عَنِ الْخَلْقِ غَافِلِينَ(17)

 ၎င်းပြင် မချွတ်ဧကန် ငါအရှင်မြတ်သည် အသင်တို့၏ထက်ဝယ် (မိုး)ခုနစ်ထပ်ကို ဖန်ဆင်းတော်မူခဲ့၏။ စင်စစ် သော်ကား ငါအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို လျစ်လျူရှုထားတော်မူသောအရှင် မဟုတ်ပေ။

وَأَنزَلْنَا مِنَ السَّمَاءِ مَاءً بِقَدَرٍ فَأَسْكَنَّاهُ فِي الْأَرْضِ ۖ وَإِنَّا عَلَىٰ ذَهَابٍ بِهِ لَقَادِرُونَ(18)

 ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး) ရေကို (သင့်တော်သော) အတိုင်းအတာ ချိန်ဆချက်နှင့်တကွ ရွာသွန်းစေတော်မူခဲ့၏။ တစ်ဖန် ငါအရှင်မြတ်သည် ထို(မိုး) ရေကို ပထဝီမြေဝယ် ရပ်တည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ထို(မိုး)ရေကို ပပျောက်စေခြင်းငှာ တတ်စွမ်းနိုင်တော်မူသော အရှင်လည်း ဖြစ်တော်မူပေသည်။

فَأَنشَأْنَا لَكُم بِهِ جَنَّاتٍ مِّن نَّخِيلٍ وَأَعْنَابٍ لَّكُمْ فِيهَا فَوَاكِهُ كَثِيرَةٌ وَمِنْهَا تَأْكُلُونَ(19)

 ထို့နောက် ငါအရှင်မြတ်သည် ထို(မိုး)ရေဖြင့် အသင်တို့အဖို့ စွန်ပလွံခြံများကို လည်းကောင်း၊ စပျစ်ခြံများကို လည်းကောင်း၊ ပေါက်ရောက်စေတော် မူခဲ့၏။ အသင်တို့အဖို့ ယင်းခြံများတွင် မြောက်မြားစွာသော သစ်သီးဝလံများသည်ရှိ ၏။ ထို့ပြင် အသင်တို့သည် ယင်းခြံများမှ စားသုံးကြကုန်၏။

وَشَجَرَةً تَخْرُجُ مِن طُورِ سَيْنَاءَ تَنبُتُ بِالدُّهْنِ وَصِبْغٍ لِّلْآكِلِينَ(20)

 ထိုမှတစ်ပါး(ငါအရှင်မြတ်သည်) သံလွင်ပင်ခေါ် သစ်ပင်တစ်မျိုးကိုလည်း(ပေါက်ရောက်စေတော်မူခဲ့၏)။ ထိုသစ်ပင်သည် သိနတောင်ပေါ်၌ ပေါက်ရောက်လေ့ရှိသည်၊ ထို သစ်ပင်သည် ဆီကိုလည်းကောင်း၊ စားသုံးသူတို့အဖို့ ဟင်းလျာ ကိုလည်းကောင်း ထွက်စေသည်။

وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً ۖ نُّسْقِيكُم مِّمَّا فِي بُطُونِهَا وَلَكُمْ فِيهَا مَنَافِعُ كَثِيرَةٌ وَمِنْهَا تَأْكُلُونَ(21)

 ထိုမှတစ်ပါး ဧကန်စင်စစ် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်(များဖြစ်သော ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ် တို့)တွင် ဆင်ခြင်သုံးသပ်ရန် အချက်သည် အမှန်ပင်ရှိပေသည်။ ငါအရှင်မြတ်သည် အသင်တို့အား ၎င်းတို့၏ဝမ်းတွင်း၌ရှိသော (နို့ရည်)ကို တိုက်ကျွေး တော်မူပေသည်။ ထို့ပြင် အသင်တို့အဖို့ ၎င်းတို့တွင် များစွာသော အကျိုးကျေးဇူးများသည်လည်း ရှိလေသည်။ ထို့ပြင်တစ်ဝ အသင်တို့သည် ၎င်းတို့ အနက်မှ စားသုံးကြလေသည်။

وَعَلَيْهَا وَعَلَى الْفُلْكِ تُحْمَلُونَ(22)

 ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်များပေါ်၌လည်းကောင်း၊ သင်္ဘောများပေါ်၌လည်းကောင်း၊ စီးနင်း (သွားလာ တင်ဆောင်)ကြကုန်သတည်း။

وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ أَفَلَا تَتَّقُونَ(23)

 ၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (နဗီ တမန်တော်)နူဟ်အား ၎င်း၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့၏။ ထိုအခါ ထိုနူဟ်က အို-ငါ၏ အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ ထိုအရှင်မြတ်မှတပါး အသင်တို့၌ ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် (အခြားအရာများကို) ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ မကြောက် ရွံ့ကြလေသလော။

فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِن قَوْمِهِ مَا هَٰذَا إِلَّا بَشَرٌ مِّثْلُكُمْ يُرِيدُ أَن يَتَفَضَّلَ عَلَيْكُمْ وَلَوْ شَاءَ اللَّهُ لَأَنزَلَ مَلَائِكَةً مَّا سَمِعْنَا بِهَٰذَا فِي آبَائِنَا الْأَوَّلِينَ(24)

 ထိုအခါ ထိုနူဟ်၏အမျိုးသားတို့အနက် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော အကြီးအကဲတို့က (အချင်းတို့၊) ဤနူဟ်သည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးသာလျှင် ဖြစ်ပေသည်။ ၎င်းသည် အသင်တို့ထက် ကြီးကဲမြင့်မြတ်ရန် ကြံရွယ်နေခြင်းပင် ဖြစ်ချေသည်။ စင်စစ် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် (ကျွန်ုပ်တို့အား တရားလမ်းမှန်သို့ ရောက်စေရန်) အလိုရှိတော်မူခဲ့ပါလျှင် ကောင်းကင်တမန်များကိုသာ စေ လွှတ်တော်မူခဲ့ပေမည်။ ကျွန်ုပ်တို့သည် ဤ (တစ်ဆူတည်းသော ကိုးကွယ်ရာ အရှင်ဟူသော)စကားကို မိမိတို့ ရှေးသူဟောင်းများဖြစ်သော ဘိုးဘေးတို့ထံမှ(တစ်ခါဘူးမျှပင်) မကြားခဲ့ဘူးကြချေ။

إِنْ هُوَ إِلَّا رَجُلٌ بِهِ جِنَّةٌ فَتَرَبَّصُوا بِهِ حَتَّىٰ حِينٍ(25)

 (စစ်စစ်) ဤနူဟ်သည် ရူးသွပ်ခြင်း(ဝေဒနာစွဲ ကပ်လျက်)ရှိသော သူ(ရူး)တစ်ဦးမျှပင် ဖြစ်ပေရာ အသင်တို့သည် ၎င်းနှင့်ပတ်သက်၍ ကာလအတန်ကြာသည့်တိုင်အောင် စောင့်မျှော်(၍သာကြည့်နေ)ကြလေကုန်။

قَالَ رَبِّ انصُرْنِي بِمَا كَذَّبُونِ(26)

 ထို(နဗီတမန်တော်) နူဟ်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ၎င်းတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါဟု လျှောက်ထားအသနားခံခဲ့လေသည်။

فَأَوْحَيْنَا إِلَيْهِ أَنِ اصْنَعِ الْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا فَإِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ ۙ فَاسْلُكْ فِيهَا مِن كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَن سَبَقَ عَلَيْهِ الْقَوْلُ مِنْهُمْ ۖ وَلَا تُخَاطِبْنِي فِي الَّذِينَ ظَلَمُوا ۖ إِنَّهُم مُّغْرَقُونَ(27)

 ထိုအခါ ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)နူဟ်၏ထံသို့ (ဤသို့) "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်တော်မူခဲ့၏။ (အို-နူဟ်၊) အသင်သည် ငါအရှင်မြတ်၏အမိန့်တော်အရ ငါအရှင်မြတ်၏ မျက်စိအောက်တွင် သင်္ဘောကို ပြုလုပ်တည်ဆောက်ပါလေ။ ထို့နောက် ငါအရှင်မြတ်၏အမိန့်တော် ရောက် ရှိလာ၍ မုံ့ဖိုသည် ဆူပွက်လာသောအခါ အသင်သည် (တိရစ္ဆာန်) အမျိုးအစား အသီးသီးတို့မှ တစ်စုံစီကိုလည်းကောင်း၊ အသင်၏ အိမ်သူအိမ်သား တို့အနက် အမိန့်တော် ထုတ်ပြန်ပြီး ဖြစ်သောသူမှတစ်ပါး ကျန်အိမ်သူအိမ်သားတို့ကို လည်းကောင်း၊ ထိုသင်္ဘော (ပေါ်)တွင် တင်ဆောင်ပါလေ။ သို့ရာတွင် (မိမိတို့ ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူပြုကြကုန်သော သူတို့နှင့် ပတ်သက်၍မူကား အသင်သည် ငါအရှင်မြတ် အထံတော်တွင် (တစ်စုံတစ်ရာကို) လျှောက်ထား ပန်ကြားခြင်းကို မပြုလေနှင့်။ ဧကန်မလွဲ ၎င်းတို့သည် နစ်မြုပ်စေခြင်းခံကြရမည့်သူများပင် ဖြစ်ကြကုန်သည်။

فَإِذَا اسْتَوَيْتَ أَنتَ وَمَن مَّعَكَ عَلَى الْفُلْكِ فَقُلِ الْحَمْدُ لِلَّهِ الَّذِي نَجَّانَا مِنَ الْقَوْمِ الظَّالِمِينَ(28)

 တစ်ဖန် အသင်နှင့်တကွ အသင်နှင့်အတူ (လိုက်ပါကြကုန်သော)အဖော်များပါ သင်္ဘောပေါ်တွင် ကျနစွာထိုင်ပြီး ကြသောအခါ အသင်သည် "ချီးမွမ်းထောပနာ အပေါင်းတို့ သည် ကျွန်တော်မျိုးတို့အား မတရားသဖြင့် နှိပ်စက်ကြကုန်သော အမျိုးသားတို့(၏ဘေးအန္တရာယ်)များမှ ကင်းလွတ်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ခံယူထိုက်တော်မူပါသည်" ဟု ရွတ်ဆိုပါလေ။

وَقُل رَّبِّ أَنزِلْنِي مُنزَلًا مُّبَارَكًا وَأَنتَ خَيْرُ الْمُنزِلِينَ(29)

 ထိုမှတစ်ပါး အသင်သည် (သင်္ဘောပေါ်မှဆင်း သောအခါ) "အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ကျက်သရေမင်္ဂလာနှင့်ပြည့်စုံစွာ၊ ပြည့်စုံသောနေရာသို့ ဆင်းသက်စေတော်မူပါ။ စင်စစ် အရှင်မြတ်သည် အကောင်းဆုံးသောဆင်း သက်စေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်" ဟုလျှောက်ထားပန်ကြားပါလေ။

إِنَّ فِي ذَٰلِكَ لَآيَاتٍ وَإِن كُنَّا لَمُبْتَلِينَ(30)

 ဧကန်မလွဲ ဤသည့်(အတ္ထုပ္ပတ္တိအကြောင်း) တွင် (အလ္လာဟ်အရှင်မြတ်၏များစွာသော)သက်သေလက္ခဏာများသည် ရှိကြပေသည်။ ၎င်းပြင် ဧကန်စင်စစ် ငါအရှင်မြတ်သည် စမ်းသပ်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

ثُمَّ أَنشَأْنَا مِن بَعْدِهِمْ قَرْنًا آخَرِينَ(31)

 ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့၏နောက်တွင် အခြားမျိုးနွယ်ကို ဖန်ဆင်းတော်မူခဲ့၏။

فَأَرْسَلْنَا فِيهِمْ رَسُولًا مِّنْهُمْ أَنِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ أَفَلَا تَتَّقُونَ(32)

 တစ်ဖန် ငါအရှင်မြတ်သည် ထိုမျိုးနွယ်တို့တွင် ၎င်းတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူ(၍ ဤသို့မိန့်မှာတော်)မူခဲ့၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ ထိုအရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ၊ သို့ပါလျက် အသင်တို့သည် မကြောက်ရွံ့ ကြလေသလော။

وَقَالَ الْمَلَأُ مِن قَوْمِهِ الَّذِينَ كَفَرُوا وَكَذَّبُوا بِلِقَاءِ الْآخِرَةِ وَأَتْرَفْنَاهُمْ فِي الْحَيَاةِ الدُّنْيَا مَا هَٰذَا إِلَّا بَشَرٌ مِّثْلُكُمْ يَأْكُلُ مِمَّا تَأْكُلُونَ مِنْهُ وَيَشْرَبُ مِمَّا تَشْرَبُونَ(33)

 ၎င်းပြင် ထိုရစူလ်တမန်တော်၏ အမျိုးသားတို့အနက် အကြင်အကြီးအကဲတို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြ၏။ ၎င်းပြင် တမလွန်ဘဝနှင့် တွေ့ကြုံ ရင်ဆိုင်ရမည်ကိုလည်း မဟုတ်မမှန်ဟူ၍ ငြင်းဆိုခဲ့ကြသေး၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အား (ဤမျက်မှောက်) လောကီ ဘဝတွင် စည်းစိမ်ချမ်းသာကိုလည်း ပေးတော်မူခဲ့၏။ ၎င်းတို့က (မိမိတို့အမျိုးသားတို့အား-အချင်းတို့၊) ဤသူသည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးမျှဖြစ်၏။ ၎င်းသည် အသင်တို့ စားသုံးကြ ကုန်သောအရာများကို စားသုံးလေသည်။ ၎င်းပြင် အသင်တို့ သောက်ကြကုန်သော အရာများကိုပင် သောက်သုံးလေသည်ဟု ပြောဆိုခဲ့ကြကုန်၏။

وَلَئِنْ أَطَعْتُم بَشَرًا مِّثْلَكُمْ إِنَّكُمْ إِذًا لَّخَاسِرُونَ(34)

 အကယ်၍ အသင်တို့သည် မိမိတို့ကဲ့သို့သော လူသားတစ်ဦး(၏အမိန့်ကို လိုက်နာခဲ့ကြသည်ရှိသော် ဧကန်မလွဲ အသင်တို့သည် ဆုံးရှုံးသူများသာလျှင်ဖြစ်ကြပေမည်။)

أَيَعِدُكُمْ أَنَّكُمْ إِذَا مِتُّمْ وَكُنتُمْ تُرَابًا وَعِظَامًا أَنَّكُم مُّخْرَجُونَ(35)

 ၎င်းက အသင်တို့ သေဆုံးကြပြီးနောက် မြေကြီးဖြစ်၍ အရိုးများသာကျန်သောအခါ ဧကန်အမှန် အသင်တို့ သည်(သင်္ချိုင်းတွင်းမှ)ပြန်ထွက်ကြရမည့်သူများ ဖြစ်ကြသည်ဟု) အသင်တို့အား ပြောဆိုသည် မဟုတ်လော။

۞ هَيْهَاتَ هَيْهَاتَ لِمَا تُوعَدُونَ(36)

 ဝေးလေစွ၊ ဝေးလေစွ၊ အသင်တို့ ပြောဆိုခြင်း ခံကြရသောကိစ္စသည် အလျှင်း မဖြစ်နိုင်ပြီ။

إِنْ هِيَ إِلَّا حَيَاتُنَا الدُّنْيَا نَمُوتُ وَنَحْيَا وَمَا نَحْنُ بِمَبْعُوثِينَ(37)

 အသက်ရှင်ခြင်းဟူသည် ကျွန်ုပ်တို့၏ လောကီဘဝ၌ အသက်ရှင်ခြင်း မှတစ်ပါးအခြားမရှိပြီ။ ကျွန်ုပ်တို့(အနက် အချို့)သည် သေဆုံးကြလေသည်။ ထိုနည်းတူစွာကျွန်ုပ်တို့ (အနက်အချို့)မှာ အသက်ရှင်လျက်ရှိနေကြပေသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ရှင်ပြန်ထကြရမည့်သူများ အလျှင်းမဟုတ်ပြီ။

إِنْ هُوَ إِلَّا رَجُلٌ افْتَرَىٰ عَلَى اللَّهِ كَذِبًا وَمَا نَحْنُ لَهُ بِمُؤْمِنِينَ(38)

 ဤသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မဟုတ်မမှန် မုသားစကားကို လီဆယ်ပြောဆိုသူတစ်ဦးမျှဖြစ်ပေရာ ကျွန်ုပ်တို့သည် ၎င်းအား ယုံကြည်မည့်သူ့ အလျှင်းမဟုတ်ကြချေ။

قَالَ رَبِّ انصُرْنِي بِمَا كَذَّبُونِ(39)

 (ထိုအခါ) ထိုရစူလ်တမန်တော်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူသောအရှင်မြတ်၊ ၎င်းတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြပေရာ၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါဟု လျှောက် ထားပန်ကြားခဲ့လေသည်။

قَالَ عَمَّا قَلِيلٍ لَّيُصْبِحُنَّ نَادِمِينَ(40)

 (ထိုအခါ) ထိုအရှင်မြတ်က (အို-နဗီတမန်တော်) ၎င်းတို့သည် အမှန်ပင် မကြာမြင့်မီကာလအတွင်း နောင်တရ မည့်သူများဖြစ်ကြသည်ဟု မိန့်ကြားတော်မူခဲ့လေ၏။

فَأَخَذَتْهُمُ الصَّيْحَةُ بِالْحَقِّ فَجَعَلْنَاهُمْ غُثَاءً ۚ فَبُعْدًا لِّلْقَوْمِ الظَّالِمِينَ(41)

 ထို့နောက် အလွန်ပြင်းထန် ကျယ်လောင်စွာသောအသံသည် မှန်ကန်သောချိန်းဆိုချက်နှင့်အညီ ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့ အား အမှိုက်သရိုက်များ(ကဲ့သို့)ချေမှုန်းတော်မူခဲ့၏။ သို့ဖြစ်ပေရာ မတရားကျူးလွန်သော(ထို)အမျိုးသားတို့မှာ(ကရုဏာတော် မှ) ကင်းဝေးခဲ့ကြရကုန်သတည်း။

ثُمَّ أَنشَأْنَا مِن بَعْدِهِمْ قُرُونًا آخَرِينَ(42)

 ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့၏ နောက်တွင် အခြားသော မျိုးနွယ်တို့ကို ဖန်ဆင်းတော်မူခဲ့၏။

مَا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَأْخِرُونَ(43)

 မည်သည့်အုပ်စုမျှပင် မိမိတို့နှင့်ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလထက် စောနိုင်သည်လည်းမဟုတ်ပေ။ နောက်ကျနိုင်သည်လည်းမဟုတ်ချေ။

ثُمَّ أَرْسَلْنَا رُسُلَنَا تَتْرَىٰ ۖ كُلَّ مَا جَاءَ أُمَّةً رَّسُولُهَا كَذَّبُوهُ ۚ فَأَتْبَعْنَا بَعْضَهُم بَعْضًا وَجَعَلْنَاهُمْ أَحَادِيثَ ۚ فَبُعْدًا لِّقَوْمٍ لَّا يُؤْمِنُونَ(44)

 ထို့နောက် ငါအရှင်မြတ်သည် မိမိရစူလ်တမန်တော်များအား တစ်ပါးပြီးတစ်ပါး စေလွှတ်တော်မူခဲ့၏။ မည်သည့်အခါမျိုးမဆို အုပ်စုတစ်စု၏ထံသို့ ၎င်း၏ ရစူလ်တမန်တော်သည်(ပွင့်)ရောက်ခဲ့ပါလျှင် ယင်းအုပ်စုသည် ထိုရစူလ်တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသည်သာ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား တစ်ဦး၏နောက်သို့ တစ်ဦးကို လိုက်စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား(တရားရဖွယ်ရာအကြောင်းများ) ပြုလုပ်တော်မူခဲ့ ၏။ သို့ဖြစ်ပေရာ သက်ဝင် ယုံကြည်ခြင်းမရှိသောသူတို့သည် (ကရုဏာတော်မှ) ကင်းဝေးခဲ့ကြရလေသတည်း။

ثُمَّ أَرْسَلْنَا مُوسَىٰ وَأَخَاهُ هَارُونَ بِآيَاتِنَا وَسُلْطَانٍ مُّبِينٍ(45)

 ထို့နောက် ငါအရှင်မြတ်သည် (နဗီတမန်တော်) မူစာအားလည်းကောင်း၊ ထို(နဗီတမန်တော်)မူစာ၏နောင်တော် (နဗီတမန်တော်)ဟာရုန်အားလည်းကောင်း၊ မိမိ အမိန့်ပညတ်တော်များနှင့် ထင်ရှားလှစွာသော သက်သေသာဓကနှင့်တကွ စေလွှတ်တော်မူခဲ့၏။

إِلَىٰ فِرْعَوْنَ وَمَلَئِهِ فَاسْتَكْبَرُوا وَكَانُوا قَوْمًا عَالِينَ(46)

 ဖစ်ရ်အောင်န်၏ထံသို့လည်းကောင်း၊ ထိုဖစ်ရ်အောင်န်၏ မှူးမတ်တို့ထံသို့လည်းကောင်း၊ သို့ရာတွင် ၎င်းတို့သည် မောက်မာခဲ့ကြကုန်၏။ စင်စစ် ၎င်းတို့သည် (ရှေးဦးမဆွကပင်) မောက်မာသူများ ဖြစ်ခဲ့ကြကုန်၏။

فَقَالُوا أَنُؤْمِنُ لِبَشَرَيْنِ مِثْلِنَا وَقَوْمُهُمَا لَنَا عَابِدُونَ(47)

 သို့အတွက်ကြောင့်ပင် ၎င်းတို့သည်(ဤသို့) ပြောဆိုခဲ့ကြကုန်၏။ ကျွန်ုပ်တို့သည် မိမိတို့ကဲ့သို့သော လူသားနှစ်ဦးကိုပင် ယုံကြည်ကြရမည်လော။ စင်စစ်သော်ကား ၎င်းတို့နှစ်ဦး၏အမျိုးသားတို့မှာ ကျွန်ုပ်တို့၏လက်အောက်ခံ ကျေးကျွန်များပင် ဖြစ်ကြကုန်၏။

فَكَذَّبُوهُمَا فَكَانُوا مِنَ الْمُهْلَكِينَ(48)

 အချုပ်မှာ ၎င်းတို့သည် ထို(နဗီတမန်တော်)မူစာ နှင့် (နဗီတမန်တော်)ဟာရူန်၊ နှစ်ပါးစလုံးကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ယင်း(ဖစ်ရ်အောင်န်နှင့် မှူးမတ်)တို့သည် ပျက်စီးခဲ့ကြရကုန်သည်။

وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ لَعَلَّهُمْ يَهْتَدُونَ(49)

 အမှန်သော်ကား (ဖစ်ရ်အောင်န်နှင့် ၄င်း၏မှူးမတ်များ သေကြေပျက်စီးကြပြီးနောက်) ငါအရှင်မြတ်သည် တမန်တော်မူစာအား တောင်ရာတ်ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့မှသာလျှင် (တမန်တော်မူစာ၏) ယင်းအစ္စရာအီလီ အမျိုးသားများ တရားလမ်းမှန်ကို ရရှိကြပေမည်။

وَجَعَلْنَا ابْنَ مَرْيَمَ وَأُمَّهُ آيَةً وَآوَيْنَاهُمَا إِلَىٰ رَبْوَةٍ ذَاتِ قَرَارٍ وَمَعِينٍ(50)

 စင်စစ် ငါအရှင်မြတ်သည် မရ်ယမ်၏သားတော် (အီစာ)နှင့် ထိုသားတော်၏မယ်တော် (မရ်ယမ်)အား ကြီးကျယ်သော သက်သေလက္ခဏာတော်တစ်ပါး ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသားအမိနှစ်ပါးစလုံးကို တည်းခိုရန် သင့်လျော်၍ စိုပြည်သော၊ စီးတွေသော ရေများလည်းရှိသောကမူ၌ ခိုလှုံစေတော်မူခဲ့၏။

يَا أَيُّهَا الرُّسُلُ كُلُوا مِنَ الطَّيِّبَاتِ وَاعْمَلُوا صَالِحًا ۖ إِنِّي بِمَا تَعْمَلُونَ عَلِيمٌ(51)

 အို-ရစူလ်တမန်တော်အပေါင်းတို့၊ အသင်တို့သည် (ဟလာလ်) စင်ကြယ်သန့်ရှင်းသောအရာများကို စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူ ဆောက်တည်ကြလေကုန်။ ဧကန်အမှန် ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူကြသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

وَإِنَّ هَٰذِهِ أُمَّتُكُمْ أُمَّةً وَاحِدَةً وَأَنَا رَبُّكُمْ فَاتَّقُونِ(52)

 ၎င်းပြင် ဧကန်မလွဲ ဤသည် အသင်တို့၏သာသနာပင်။ တစ်ခုတည်းသောသာသနာ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ကြောက်ရွံ့ကြလေကုန်။

فَتَقَطَّعُوا أَمْرَهُم بَيْنَهُمْ زُبُرًا ۖ كُلُّ حِزْبٍ بِمَا لَدَيْهِمْ فَرِحُونَ(53)

 သို့ရာတွင် ထိုနောက်လိုက်များသည် မိမိတို့ အချင်းချင်းတွင် မိမိတို့၏သာသနာကို အပိုင်းပိုင်း ပိုင်းဖြတ်(ကာအုပ်စုအသီးသီး ဖြစ်သွား)ခဲ့ကြကုန်၏။ အုပ်စုတိုင်းသည် မိမိတို့၌ရှိသော (သာသနာ)နှင့် ပျော်ပိုက်လျက်ရှိကြကုန်၏။

فَذَرْهُمْ فِي غَمْرَتِهِمْ حَتَّىٰ حِينٍ(54)

 သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား ၎င်းတို့၏မှောက်မှားမှု၌ပင် သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင် စွန့်ထားပါလေ။

أَيَحْسَبُونَ أَنَّمَا نُمِدُّهُم بِهِ مِن مَّالٍ وَبَنِينَ(55)

 အသို့ပါနည်း။ ၄င်းတို့သည် ထင်မှတ်ကြလေသလော။ ငါအရှင်မြတ်သည် ၎င်းတို့အား ဥစ္စာပစ္စည်း နှင့်သားရတနာများ ပေးသနားတော်မူသည်မှာ၊

نُسَارِعُ لَهُمْ فِي الْخَيْرَاتِ ۚ بَل لَّا يَشْعُرُونَ(56)

 ၎င်းတို့အား ငါအရှင်မြတ်သည် ကောင်းကျိုးများကို ဆောလျင်စွာပေးတော်မူသည်ဟု၊ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့သည် မသိ နားမလည်ကြချေ။

إِنَّ الَّذِينَ هُم مِّنْ خَشْيَةِ رَبِّهِم مُّشْفِقُونَ(57)

 ဧကန်စင်စစ် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညားမှုကြောင့် စိုးရိမ်မကင်း ဖြစ်နေကြသူတို့သည် လည်းကောင်း။

وَالَّذِينَ هُم بِآيَاتِ رَبِّهِمْ يُؤْمِنُونَ(58)

 မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို �ုံကြည်သူတို့သည် လည်းကောင်း၊

وَالَّذِينَ هُم بِرَبِّهِمْ لَا يُشْرِكُونَ(59)

 ထို့ပြင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် (တစ်စုံတစ်ရာကိုမျှ) တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)မှုကို မပြုကြသောသူတို့သည် လည်းကောင်း။

وَالَّذِينَ يُؤْتُونَ مَا آتَوا وَّقُلُوبُهُمْ وَجِلَةٌ أَنَّهُمْ إِلَىٰ رَبِّهِمْ رَاجِعُونَ(60)

 အကြင်သူတို့သည်လည်းကောင်း ထိုသူတို့သည် မိမိတို့ ပေးကမ်း(စွန့်ကြဲ) ကြသည်များကို ပေးကမ်း(စွန့်ကြဲ)လျက်ရှိကြငြားသော်လည်း မိမိတို့ သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အထံတော်သို့ ပြန်သွားကြရမည် ဖြစ်သောကြောင့် ၎င်းတို့၏ စိတ်နှလုံးများမှာမူကား ထိတ်လန့်စိုးရိမ်လျက် ရှိကြကုန်၏။

أُولَٰئِكَ يُسَارِعُونَ فِي الْخَيْرَاتِ وَهُمْ لَهَا سَابِقُونَ(61)

 ထိုသူတို့သည် ကောင်းမှုများကို ကြိုးပမ်း ဆောင်ရွက်ကြသည်ဖြစ်ပေရာ၊ ၎င်းတို့သည်ပင် ယင်းကောင်းကျိုးများကို ရှေးဦးစွာရရှိကြမည့်သူများ ဖြစ်ကြကုန်သတည်း။

وَلَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَلَدَيْنَا كِتَابٌ يَنطِقُ بِالْحَقِّ ۚ وَهُمْ لَا يُظْلَمُونَ(62)

 အမှန်စင်စစ် ငါအရှင်မြတ်သည် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ၎င်း စွမ်းရည်ထက်ပို၍ တာဝန်ထမ်းဆောင် စေတော်မူသည်မဟုတ်ပေ။ ၎င်းပြင် ငါအရှင်မြတ်အထံတော် တွင် မှတ်တမ်းစာအုပ်တစ်အုပ် ရှိနေပေရာ ထိုမှတ်တမ်းစာအုပ်သည် တိကျမှန်ကန်စွာ ထုတ်ဖော်ပြောဆိုမည်ဖြစ်၏။ သို့ရာတွင် ၎င်းတို့သည် (စိုးစဉ်းမျှပင်) မတရားနှိပ်စက်ခြင်းကို ခံကြရမည် မဟုတ်ပေ။

بَلْ قُلُوبُهُمْ فِي غَمْرَةٍ مِّنْ هَٰذَا وَلَهُمْ أَعْمَالٌ مِّن دُونِ ذَٰلِكَ هُمْ لَهَا عَامِلُونَ(63)

 ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့၏ စိတ်နှလုံးများသည် ဤအချက်နှင့်စပ်လျဉ်း၍ မသိမိုက်မဲမှု၌ပင် ရှိနေကြပေသည်။ ထိုမှတစ်ပါး ၎င်းတို့၌ ၎င်းတို့ လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြကုန်သော အခြားဆောင်ရွက်ချက်များလည်း ရှိကြသေး၏။

حَتَّىٰ إِذَا أَخَذْنَا مُتْرَفِيهِم بِالْعَذَابِ إِذَا هُمْ يَجْأَرُونَ(64)

 နောက်ဆုံးတွင် ငါအရှင်မြတ်သည် ၎င်းတို့အနက်မှ စည်းစိမ်ရှင်တို့အား ပြစ်ဒဏ်ဖြင့် ဖမ်းဆီး ကွပ်မျက်တော်မူသောအခါ ၎င်းတို့သည် ရုတ်တရက် အော်ဟစ်ငိုကြွေးကြပေသည်။

لَا تَجْأَرُوا الْيَوْمَ ۖ إِنَّكُم مِّنَّا لَا تُنصَرُونَ(65)

 (ထိုအခါ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်မှ) အသင်တို့သည် ဤနေ့တွင် အော်ဟစ်ငိုကြွေးခြင်းကို မပြုလုပ်ကြကုန်လင့်၊ အကြောင်းသော်ကား (ယနေ့ပင်) အသင်တို့ သည် ငါအရှင်မြတ်အထံတော်မှ(မည်သို့မျှ)ကူညီစောင်မတော်မူခြင်းကို ခံကြရမည်မဟုတ်ပြီ(ဟု အဖြေရရှိကြမည်ဖြစ်၏။)

قَدْ كَانَتْ آيَاتِي تُتْلَىٰ عَلَيْكُمْ فَكُنتُمْ عَلَىٰ أَعْقَابِكُمْ تَنكِصُونَ(66)

 ဧကန်မလွဲ ငါအရှင်မြတ်၏ အာယတ်တော်များသည် အသင်တို့ရှေ့ဝယ် ဖတ်ကြားခြင်းကို ခံခဲ့ကြရလေသည်။ ထိုအခါ အသင်တို့သည် မိမိတို့၏ ခြေဖနှောင့်များသို့ ပြန်ဆုတ်ခဲ့ကြလေသည်။

مُسْتَكْبِرِينَ بِهِ سَامِرًا تَهْجُرُونَ(67)

 မထီလေးစား ပြုလုပ်ကြလျက် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)နှင့်စပ်လျဉ်း၍ ညဉ့်အချိန်များတွင် အကြောင်းမဲ့ အချည်းနှီးသော စကားများကို ပြောဆိုကြလျက်။

أَفَلَمْ يَدَّبَّرُوا الْقَوْلَ أَمْ جَاءَهُم مَّا لَمْ يَأْتِ آبَاءَهُمُ الْأَوَّلِينَ(68)

 သို့ပါလျက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ (ဤ)အာယတ်တော်(များ)ကို နက်နဲစွာဆင်ခြင် သုံးသပ်ခြင်း မပြုခဲ့ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့၏ ရှေးဟောင်း (လူကြီးများဖြစ်ကြသော) အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ထံ ရောက်ရှိမလာခဲ့ဘူးသော အရာသည်(ယခု)၎င်းတို့ထံ ရောက်ရှိလာခဲ့လေသလော။

أَمْ لَمْ يَعْرِفُوا رَسُولَهُمْ فَهُمْ لَهُ مُنكِرُونَ(69)

 သို့တည်းမဟုတ် ၎င်းတို့သည် မိမိတို့(ထံပွင့်ရောက်လာသော) ရစူလ်တမန်တော်အား မသိခဲ့ကြသောကြောင့် ထိုရစူလ်တမန်တော်အား ငြင်းပယ်ခဲ့ကြလေသလော။

أَمْ يَقُولُونَ بِهِ جِنَّةٌ ۚ بَلْ جَاءَهُم بِالْحَقِّ وَأَكْثَرُهُمْ لِلْحَقِّ كَارِهُونَ(70)

 သို့တည်းမဟုတ် ၎င်းတို့သည် ထိုရစူလ်တမန်တော် ၌ ရူးသွပ်ခြင်းဝေဒနာရှိသည်ဟု ပြောဆိုကြလေသလော။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ရစူလ်တမန်တော်သည် ၎င်းတို့ထံ အမှန်တရားကို ဆောင်ယူခဲ့လေသည်။ သို့ရာတွင် ၎င်းတို့အနက် အများစုမှာမူကား အမှန်တရားကို စက်ဆုပ်သူများပင် ဖြစ်ကြကုန်၏။

وَلَوِ اتَّبَعَ الْحَقُّ أَهْوَاءَهُمْ لَفَسَدَتِ السَّمَاوَاتُ وَالْأَرْضُ وَمَن فِيهِنَّ ۚ بَلْ أَتَيْنَاهُم بِذِكْرِهِمْ فَهُمْ عَن ذِكْرِهِم مُّعْرِضُونَ(71)

 စင်စစ်သော်ကား အကယ်၍သာ အမှန်တရားသည်(အလ္လာဟ်အရှင်မြတ်သည်) ၎င်းတို့၏အလိုဆန္ဒများကို လိုက်နာခဲ့ပါလျှင်၊ မိုးကောင်းကင်များသည် လည်းကောင်း၊ ပထဝီမြေသည်လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ၌ရှိသူတို့သည်လည်းကောင်း၊ အမှန်ပင် ပျက်စီးသွားခဲ့ကြမည်သာ။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ငါအရှင်မြတ်သည် ၎င်းတို့ထံ ၎င်းတို့အဖို့ အဆုံးအမဩဝါဒကို ထုတ်ပြန် ပို့ဆောင်တော်မူခဲ့ ၏။ သို့ပါလျက် ၎င်းတို့သည် မိမိတို့အဖို့ဖြစ်သော အဆုံးအမဩဝါဒမှပင် မျက်နှာလွှဲခဲ့ကြကုန်၏။

أَمْ تَسْأَلُهُمْ خَرْجًا فَخَرَاجُ رَبِّكَ خَيْرٌ ۖ وَهُوَ خَيْرُ الرَّازِقِينَ(72)

 သို့တည်းမဟုတ် အသင်သည် ၎င်းတို့ထံ တစ်စုံတစ်ရာ အခကြေးငွေကို တောင်းဆိုလေသလော။ (ဤသို့လည်းမဟုတ်၊ အဘယ့်ကြောင့်ဆိုသော်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အခကြေးငွေသည် အကောင်းဆုံးပင်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ရိက္ခာပေးသူတို့အနက် အကောင်းဆုံးသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

وَإِنَّكَ لَتَدْعُوهُمْ إِلَىٰ صِرَاطٍ مُّسْتَقِيمٍ(73)

 စင်စစ်သော်ကား ဧကန်မလွဲ အသင်သည် ၎င်းတို့အား ဖြောင့်မတ်မှန်ကန်သော တရားမှန်သို့ အမှန်ပင် ဖိတ်ခေါ်လျက်ရှိပေသည်။

وَإِنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ عَنِ الصِّرَاطِ لَنَاكِبُونَ(74)

 သို့ရာတွင် ဧကန်စင်စစ် တမလွန်ဘဝကို မယုံကြည်သောသူတို့မှာမူကား (ထိုဖြောင့်မတ်မှန်ကန်သော)တရားလမ်းမှ လွှဲဖယ်သူများပင် ဖြစ်ကြကုန်၏။

۞ وَلَوْ رَحِمْنَاهُمْ وَكَشَفْنَا مَا بِهِم مِّن ضُرٍّ لَّلَجُّوا فِي طُغْيَانِهِمْ يَعْمَهُونَ(75)

 စင်စစ်အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ သနားကရုဏာပြုတော်မူခဲ့သော်၊ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့၌ သက်ရောက်နေသော ဘေးဒုက္ခကို ပပျောက်စေတော်မူခဲ့သော်၊ ၎င်းတို့သည် မိမိတို့၏ လမ်းမှားမှု၌ပင် တဝဲလည်လည်ဖြစ်ကြလျက် ခေါင်းမာမြဲ မာနေကြမည်သာတည်း။

وَلَقَدْ أَخَذْنَاهُم بِالْعَذَابِ فَمَا اسْتَكَانُوا لِرَبِّهِمْ وَمَا يَتَضَرَّعُونَ(76)

 ၎င်းပြင် မလွဲဧကန် ငါအရှင်မြတ်သည် ထိုသူတို့အား ပြစ်ဒဏ်ဖြင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသည်။ သို့တစေလည်း ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် ကျိုးနွံ့ နိမ့်ကျလာခဲ့ကြသည်လည်းမရှိပေ။ တိုးလျှိုးတောင်းပန် အသနားခံခဲ့ကြသည်လည်း မရှိချေ။

حَتَّىٰ إِذَا فَتَحْنَا عَلَيْهِم بَابًا ذَا عَذَابٍ شَدِيدٍ إِذَا هُمْ فِيهِ مُبْلِسُونَ(77)

 နောက်ဆုံးတွင် အကြင်အခါဝယ် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ပြင်းထန်လှသောပြစ်ဒဏ်၏ တံခါးကိုဖွင့်လှစ်တော်မူခဲ့ပါလျှင် ထိုအခါတွင်မူ ၎င်းတို့သည် မျှော်လင့်ချက် လုံးဝကင်းသွားကြပေမည်။

وَهُوَ الَّذِي أَنشَأَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۚ قَلِيلًا مَّا تَشْكُرُونَ(78)

 စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ နားများကိုလည်းကောင်း၊ မျက်စိများကိုလည်းကောင်း၊ စိတ်နှလုံးများကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့၏။ (သို့ရာတွင်) အသင်တို့သည် အနည်းငယ် စိုးစဉ်းမျှသာလျှင် ကျေးဇူးသိတတ်ကြကုန်၏။

وَهُوَ الَّذِي ذَرَأَكُمْ فِي الْأَرْضِ وَإِلَيْهِ تُحْشَرُونَ(79)

 ၎င်းပြင်၊ ထိုအရှင်မြတ်သည်ပင် အသင်တို့အား ပထဝီမြေဝယ် ပျံ့နှံ့ပွားများစေတော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့ပင် စုရုံးကြရပေမည်။

وَهُوَ الَّذِي يُحْيِي وَيُمِيتُ وَلَهُ اخْتِلَافُ اللَّيْلِ وَالنَّهَارِ ۚ أَفَلَا تَعْقِلُونَ(80)

 ထို့ပြင် အရှင်မြတ်သည်ပင် အသက်ရှင်စေတော်မူသည်၊ အသင်သေစေတော်မူသည်။ ထိုမှတစ်ပါး ညဉ့်နှင့်နေ့တို့ ၏(အလှည့်ကျ)အပြောင်းအလဲသည်လည်း ထိုအရှင်မြတ်(လက်တော်တွင်း)၌သာ ရှိပေသည်။ သို့ပါလျက် အသင်တို့သည် အသိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။

بَلْ قَالُوا مِثْلَ مَا قَالَ الْأَوَّلُونَ(81)

 ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့သည် ရှေးသူဟောင်းတို့ ပြောဆိုခဲ့ကြသည့်နည်းတူ ပြောဆိုကြကုန်၏။

قَالُوا أَإِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَإِنَّا لَمَبْعُوثُونَ(82)

 ထိုရှေးသူဟောင်းတို့က ပြောဆိုခဲ့ကြသည်မှာ ကျွန်ုပ်တို့သည် သေဆုံးကြပြီးနောက် မြေကြီးဖြစ်၍ အရိုးများသာ ကျန်ရှိကြသောအခါ၊ ကျွန်ုပ်တို့သည် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။

لَقَدْ وُعِدْنَا نَحْنُ وَآبَاؤُنَا هَٰذَا مِن قَبْلُ إِنْ هَٰذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ(83)

 မချွတ်ဧကန် ဤသည်ကို ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ရှေးယခင်ကပင် ကတိပေး ချိန်းချက်ခြင်းကို ခံခဲ့ကြရလေပြီ။ (�င် စစ်သော်ကား)ဤသည် ရှေးသူဟောင်းတို့၏ (ယုတ္တိကင်းမဲ့သော) ဒဏ္ဍာရီမျှသာ ဖြစ်ချေသတည်း"။

قُل لِّمَنِ الْأَرْضُ وَمَن فِيهَا إِن كُنتُمْ تَعْلَمُونَ(84)

 (အို-နဗီတမန်တော်)အသင်သည်(ယင်းမက္ကာမြို့သား မုရှ်ရစ်က်တို့အား ဤသို့)ပြောဆို မေးမြန်းပါလေ။ (အချင်းတို့၊) အကယ်၍ အသင်တို့ သိရှိကြလျှင်(ငါ့အား ပြောပြကြလေကုန်၊) ပထဝီမြေကိုလည်းကောင်း၊ ထိုပထဝီမြေ၌ ရှိသူတို့ကိုလည်းကောင်း၊ မည်သူစိုးပိုင်သနည်း။

سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَذَكَّرُونَ(85)

 ၎င်းတို့က အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူ သောအရာများဖြစ်သည်ဟု အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ) အသင်သည် (၎င်းတို့အား အချင်းတို့၊) သို့ပါလျက် အသင်တို့သည် မဆင်ခြင်မသုံးသပ်ကြလေသလောဟု ပြောကြားပါလေ။

قُلْ مَن رَّبُّ السَّمَاوَاتِ السَّبْعِ وَرَبُّ الْعَرْشِ الْعَظِيمِ(86)

 (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား အချင်းတို့၊)မိုးခုနစ်ထပ်ကို စိုးပိုင်တော်မူသောအရှင် သည်လည်းကောင်း၊ မြင့်မြတ်လှစွာသော ‘အရ်ရှ်’ ပလ္လင်တော်ကိုစိုးပိုင်တော်မူသောအရှင် သည်လည်းကောင်း၊ မည်သူနည်းဟု မေးမြန်းပါဦးလေ။

سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَتَّقُونَ(87)

 (ဤသည်တို့လည်း) အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူသော အရာများသာဖြစ်သည်ဟု ၎င်းတို့က အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား အချင်းတို့၊) သို့ပါလျက် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ ကြလေသလောဟု ပြောကြားပါလေ။

قُلْ مَن بِيَدِهِ مَلَكُوتُ كُلِّ شَيْءٍ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيْهِ إِن كُنتُمْ تَعْلَمُونَ(88)

 (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ဤသို့ ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့)အကယ်၍ အသင်တို့သည် သိရှိကြလျှင် (ငါ့အားပြောပြကြလေကုန်)။ ထိုအရှင်သည် မည်သူနည်း။ အရာခပ်သိမ်းတို့ကို စိုးပိုင်ခွင့်သည် ထိုအရှင်မြတ်၏လက်တော်တွင်း၌ရှိ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင် ထိုအရှင်နှင့်ဆန့်ကျင်၍မူကား မည်သူတစ်ဦးတစ်ယောက်မျှပင် ကာကွယ် စောင့်ရှောက်နိုင်ခြင်း မရှိချေ။

سَيَقُولُونَ لِلَّهِ ۚ قُلْ فَأَنَّىٰ تُسْحَرُونَ(89)

 (ဤမည်သောဂုဏ်တော်များလည်း) အလ္လာဟ်အရှင်မြတ်၌သာ ရှိကြောင်း အမှန်ပင် ၎င်းတို့က ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား) အသင်က "သို့ဖြစ်လျှင် အသင်တို့သည် အဘယ်ကြောင့် တွေဝေနေကြပါသနည်း" ဟု ပြောကြားပါလေ။

بَلْ أَتَيْنَاهُم بِالْحَقِّ وَإِنَّهُمْ لَكَاذِبُونَ(90)

 ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ငါအရှင်မြတ်သည် ၎င်းတို့ထံ အမှန်တရားကို ထုတ်ပြန်ပို့ဆောင်တော်မူခဲ့၏။ ထို့ပြင် ၎င်းတို့သည် (ထို) အမှန်တရားကို ငြင်းပယ်ရာတွင် မုသားပြောဆိုသူများပင် ဖြစ်ကြကုန်သတည်း။

مَا اتَّخَذَ اللَّهُ مِن وَلَدٍ وَمَا كَانَ مَعَهُ مِنْ إِلَٰهٍ ۚ إِذًا لَّذَهَبَ كُلُّ إِلَٰهٍ بِمَا خَلَقَ وَلَعَلَا بَعْضُهُمْ عَلَىٰ بَعْضٍ ۚ سُبْحَانَ اللَّهِ عَمَّا يَصِفُونَ(91)

 အလ္လာဟ်အရှင်မြတ်သည် သားတော်ဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရွေးချယ်ပြုလုပ်ထားတော်မူသည် မဟုတ်ပေ။ ထိုနည်းတူစွာ ထိုအရှင်နှင့်အတူ ကိုးကွယ်ရာဟူ၍လည်း (အခြား) တစ်ဦးတစ်ယောက်မျှပင် အလျှင်းမရှိချေ။ သို့ရှိခဲ့ပါမူ ကိုးကွယ်ရာတိုင်းသည် မိမိဖန်ဆင်းထားသာ အရာခပ်သိမ်းတို့ကို အမှန်ပင် ခေါ်ဆောင်၍ ထွက်ခွာသွားခဲ့မည်သာမက၊ ထိုကိုးကွယ်ရာတို့အနက် တစ်ဦးသည် တစ်ဦး၏အပေါ်၌ မုချလွှမ်းမိုးခဲ့မည်သာ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ကြံဖန်စွပ်စွဲ ပြောဆိုကြကုန်သော အကြောင်းကိစ္စတို့မှ လုံးဝစင်ကြယ်သန့်ရှင်းတော်မူ၏။

عَالِمِ الْغَيْبِ وَالشَّهَادَةِ فَتَعَالَىٰ عَمَّا يُشْرِكُونَ(92)

 မျက်ကွယ်၌ ရှိသမျှတို့ကိုလည်းကောင်း၊ မျက်မှောက်၌ ရှိသမျှတို့ကိုလည်းကောင်း၊ အကြွင်းမဲ့သိမြင်တော်မူသောအရှင်၊ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ထက် လွန်စွာ မြင့်မြတ်လှတော်မူပေသတည်း။

قُل رَّبِّ إِمَّا تُرِيَنِّي مَا يُوعَدُونَ(93)

 (အို-နဗီတမန်တော်) အသင်သည် (ဤသို့) လျှောက်ထားပါလေ။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အကယ်၍ အရှင်မြတ်သည် ထို(ကာဖိရ်သွေဖည် ငြင်းပယ်သော)သူတို့ ချိန်းချက်ခြင်းခံကြရကုန်သော (ပြစ်ဒဏ်)ကို ကျွန်တော်မျိုးအား ပြသတော်မူလျှင်၊

رَبِّ فَلَا تَجْعَلْنِي فِي الْقَوْمِ الظَّالِمِينَ(94)

 အို-ကျွန်တော်မျိုး၏ အရှင်မြတ်၊ ထိုအခါ အရှင်မြတ် သည် ကျွန်တော်မျိုးအား မတရားကျူးလွန်သော အမျိုးသားတွင် ပါဝင်စေတော်မမူပါနှင့်၊

وَإِنَّا عَلَىٰ أَن نُّرِيَكَ مَا نَعِدُهُمْ لَقَادِرُونَ(95)

 စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့အား ချိန်းချက်တော်မူသော(ပြစ်ဒဏ်ကို) အသင့်အား ပြသတော်မူရန် တတ်စွမ်းနိုင်တော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူ၏။

ادْفَعْ بِالَّتِي هِيَ أَحْسَنُ السَّيِّئَةَ ۚ نَحْنُ أَعْلَمُ بِمَا يَصِفُونَ(96)

 (အို-နဗီတမန်တော်) အသင်သည် (ထိုကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့၏) ဆိုးရွားသောပြုမူချက်တို့ကို အကောင်းဆုံးသောနည်းဖြင့် တွန်းလှန်ပါလေ။ ငါအရှင်မြတ်သည် (အသင့်အား) ၎င်းတို့ ကြံဖန်ပြောဆို စွပ်စွဲကြသည်များကို ကောင်းစွာ သိရှိတော်မူပေသည်။

وَقُل رَّبِّ أَعُوذُ بِكَ مِنْ هَمَزَاتِ الشَّيَاطِينِ(97)

 ၎င်းပြင် အသင်သည်(ဤသို့)လျှောက်ထား ပန်ကြားပါလေ။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ ကျွန်တော်မျိုးသည် ရှိုင်တွာန် မိစ္ဆာကောင်တို့၏ တိုက်တွန်းနှိုးဆော်ချက်တို့မှ (လွတ်ကင်းရန်) အရှင်မြတ်၏ အကာအကွယ်ကို ရလိုပါ၏။

وَأَعُوذُ بِكَ رَبِّ أَن يَحْضُرُونِ(98)

 ထိုနည်းတူစွာ ကျွန်တော်မျိုးသည် မိမိထံသို့ ထိုရှိုင်တွာန် မိစ္ဆာကောင်များ ရောက်ရှိမလာနိုင်ကြရန်လည်း အရှင်မြတ်၏ အကာအကွယ်ကိုရလိုပါ၏။

حَتَّىٰ إِذَا جَاءَ أَحَدَهُمُ الْمَوْتُ قَالَ رَبِّ ارْجِعُونِ(99)

 (ထို ကာဖိရ်တို့သည် နောင်တရကြမည့်သူ မဟုတ်ပေ၊) နောက်ဆုံးတွင် ၎င်းတို့အနက် တစ်ဦးတစ်ယောက်၏ထံသို့ မရဏသေခြင်းတရားသည် ရောက်ရှိလာသောအခါ၊ ထိုသူသည် (ဤသို့) လျှောက်ထားလေ၏။ "အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ပြန်လွှတ်တော်မူပါ။

لَعَلِّي أَعْمَلُ صَالِحًا فِيمَا تَرَكْتُ ۚ كَلَّا ۚ إِنَّهَا كَلِمَةٌ هُوَ قَائِلُهَا ۖ وَمِن وَرَائِهِم بَرْزَخٌ إِلَىٰ يَوْمِ يُبْعَثُونَ(100)

 ကျွန်တော်မျိုးသည် မိမိစွန့်ထားခဲ့သော (လောကသို့ပြန်သွား၍)ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်အံ့သောငှာ၊ "အလျှင်း မဖြစ်နိုင်ပြီ။ ဧကန်စင်စစ် ဤသည်ကား ထိုသူသည် (မိမိနှုတ်ဖြင့်သာ)ပြောဆိုနေသော စကားတစ်ခွန်းမျှပင်။ စင်စစ် ၎င်းတို့၏ရှေ့ဝယ် ၎င်းတို့ ရှင်ပြန်ထကြရမည့်နေ့ တိုင်အောင် အကာအဆီးတစ်ခု ရှိနေချေပြီတကား။

فَإِذَا نُفِخَ فِي الصُّورِ فَلَا أَنسَابَ بَيْنَهُمْ يَوْمَئِذٍ وَلَا يَتَسَاءَلُونَ(101)

 ထို့နောက် တံပိုးမှုတ်သောအခါ ၎င်းတို့ အချင်းချင်းတွင် သွေးတော်စပ်ခြင်းများလည်း အလျှင်းရှိလိမ့်မည် မဟုတ်ပေ။ အချင်းချင်း တစ်ဦးကိုတစ်ဦး မေးမြန်းကြမည်လည်း မဟုတ်ချေ။

فَمَن ثَقُلَتْ مَوَازِينُهُ فَأُولَٰئِكَ هُمُ الْمُفْلِحُونَ(102)

 ထို့ကြောင့် (ထိုနေ့တွင် ကောင်းမှုဘက်၌) အလေးချိန်သာသော သူတို့သည်သာလျှင် အောင်မြင်မှုရရှိသူများ ဖြစ်ကြကုန်၏။

وَمَنْ خَفَّتْ مَوَازِينُهُ فَأُولَٰئِكَ الَّذِينَ خَسِرُوا أَنفُسَهُمْ فِي جَهَنَّمَ خَالِدُونَ(103)

 သို့ရာတွင် (ကောင်းမှုဘက်တွင်) အလေးချိန် ပေါ့လျော့နေသူတို့မူကား မိမိတို့ကိုယ်ကို မိမိတို့ပင် ဆုံးရှုံးစေခဲ့သူများ ဖြစ်ကြပေရာ (၎င်းတို့သည်) ဂျဟန္နမ်ငရဲဘုံ၌ ထာဝစဉ် နေထိုင်ကြရပေမည်။

تَلْفَحُ وُجُوهَهُمُ النَّارُ وَهُمْ فِيهَا كَالِحُونَ(104)

 (ငရဲ)မီးသည် ၎င်းတို့၏ မျက်နှာများကို လောင်ကျွမ်းလျက်ရှိပေမည်။ ထို့ပြင် ၎င်းတို့သည် ယင်းငရဲဘုံ၌ ရုပ်ဆင်း သဏ္ဌာန်ပျက်ယွင်းလျက် ရှိကြမည် ဖြစ်သတည်း။

أَلَمْ تَكُنْ آيَاتِي تُتْلَىٰ عَلَيْكُمْ فَكُنتُم بِهَا تُكَذِّبُونَ(105)

 (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဤသို့မိန့်ကြားတော်မူပေမည်။) "ငါအရှင်မြတ်၏ အာယတ်တော်များသည် အသင်တို့ ရှေ့မ�ောက်တွင် ဖတ်ကြားခြင်း ခံခဲ့ရသောအခါ၊ အသင်တို့သည် ယင်းအာယတ်တော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ ရှိခဲ့ကြသည် မဟုတ်လော။

قَالُوا رَبَّنَا غَلَبَتْ عَلَيْنَا شِقْوَتُنَا وَكُنَّا قَوْمًا ضَالِّينَ(106)

 ထိုအခါ ၎င်းတို့သည်(ဤသို့)လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ (စင်စစ်) ကျွန်တော်မျိုးတို့၏ ကုသိုလ်ကံဆိုးမှုသည် ကျွန်တော်မျိုးတို့အပေါ်၌ လွှမ်းမိုးဖိစီးခဲ့ပါသည်။ ထို့ပြင် ကျွန်တော်မျိုးတို့သည် လမ်းမှားသူများလည်း ဖြစ်ခဲ့ကြပါသည်။

رَبَّنَا أَخْرِجْنَا مِنْهَا فَإِنْ عُدْنَا فَإِنَّا ظَالِمُونَ(107)

 အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤဂျဟန္နမ်ငရဲဘုံမှ ထုတ်ယူတော်မူပါ၊ တစ်ဖန် အကယ်၍ ကျွန်တော်မျိုးတို့သည်(ဤသို့သော အပြုအမူမျိုးကို) ထပ်မံ၍ပြုလုပ်ခဲ့ကြပါလျှင်၊ ထိုအခါ ကျွန်တော်မျိုးတို့သည် ပြစ်မှုကျူးလွန်သူများ အမှန်ပင် ဖြစ်ကြပါမည်။

قَالَ اخْسَئُوا فِيهَا وَلَا تُكَلِّمُونِ(108)

 (ထိုအခါ) ထိုအရှင်မြတ်သည် (ဤသို့) မိန့် ကြားတော်မူမည်။ အသင်တို့သည် ယင်းဂျဟန္နမ်ငရဲဘုံ၌ ဂုဏ်ရည်သေးသိမ်စွာ မောင်းထုတ်ခြင်း ခံရသူများအဖြစ် ရှိနေကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်နှင့် အလျှင်း စကားမပြောဆိုကြကုန်လင့်။

إِنَّهُ كَانَ فَرِيقٌ مِّنْ عِبَادِي يَقُولُونَ رَبَّنَا آمَنَّا فَاغْفِرْ لَنَا وَارْحَمْنَا وَأَنتَ خَيْرُ الرَّاحِمِينَ(109)

 ဧကန်စင်စစ် ငါအရှင်မြတ်၏ ကျွန်တို့အနက် လူတစ်စုသည် ရှိခဲ့ကြကုန်၏။ ၎င်းတို့သည်(ငါအရှင်မြတ်အထံတော်တွင် ဤသို့) လျှောက်ထား ပန်ကြားလျက် ရှိခဲ့ကြကုန်၏။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် သက်ဝင်ယုံကြည်ကြပါသည်။ ထို့အတွက် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လွတ်ငြိမ်း ချမ်းသာခွင့် ပေးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား သနားတော်မူပါ။ စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူအပေါင်းတို့ထက် သာလွန် သနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်။

فَاتَّخَذْتُمُوهُمْ سِخْرِيًّا حَتَّىٰ أَنسَوْكُمْ ذِكْرِي وَكُنتُم مِّنْهُمْ تَضْحَكُونَ(110)

 ထိုအခါ အသင်တို့သည် ၎င်းတို့အား ပြက်ချော် ပြောင်လှောင်ဖွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ နောက်ဆုံးတွင် ၎င်းတို့အား အသင်တို့၏ ပြက်ချော်မှုသည် အသင်တို့ကို ငါ အရှင်မြတ်အား သတိရခြင်းမှ မေ့ပျောက်စေခဲ့ကုန်သည်။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အပေါ်၌ ရယ်မောလျက်ပင် ရှိခဲ့ ကြကုန်၏။

إِنِّي جَزَيْتُهُمُ الْيَوْمَ بِمَا صَبَرُوا أَنَّهُمْ هُمُ الْفَائِزُونَ(111)

 ယနေ့ ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏သည်းခံမှုကြောင့် ကောင်းကျိုးကို ချီးမြှင့်တော်မူလိုက်ပြီ၊ မုချဧကန် ၎င်းတို့သည်သာ အောင်မြင် သူများ ဖြစ်ကြကုန် သတည်း။

قَالَ كَمْ لَبِثْتُمْ فِي الْأَرْضِ عَدَدَ سِنِينَ(112)

 အရှင်မြတ်သည် (၎င်းတို့အား) အသင်တို့သည် ကမ္ဘာမြေဝယ် နှစ်ပရိစ္ဆေဒ အရေအတွက်အားဖြင့် မည်မျှကြာအောင် နေခဲ့ကြသနည်းဟု မေးမြန်းတော်မူမည်။

قَالُوا لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍ فَاسْأَلِ الْعَادِّينَ(113)

 (ထိုအခါ) ၎င်းတို့က ကျွန်တော်မျိုးတို့သည် တစ်နေ့တိတိသော်လည်းကောင်း၊ တစ်နေ့လျော့လျော့သော်လည်းကောင်း၊ နေခဲ့ကြပါသည်။ သို့ပါ၍ အရှင်မြတ်သည် ရေတွက်သူ(များဖြစ်ကြသော "မလာအိကဟ်" ကောင်းကင်တမန်) တို့ အား မေးမြန်း၍ ကြည့်တော်မူပါဟု လျှောက်ထားကြပေမည်။

قَالَ إِن لَّبِثْتُمْ إِلَّا قَلِيلًا ۖ لَّوْ أَنَّكُمْ كُنتُمْ تَعْلَمُونَ(114)

 (ထိုအခါ)ထိုအရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူမည်။ အသင်တို့သည် (ကမ္ဘာမြေဝယ်) အနည်းငယ်မျှသာ ကြာမြင့်ခဲ့ကြပေသည်။ အကယ်၍သာ (ဤသည်ကို) အသင်တို့သည် (ယခင်ကပင်) သိရှိခဲ့ကြလျှင် ကောင်းလေစွတကား။

أَفَحَسِبْتُمْ أَنَّمَا خَلَقْنَاكُمْ عَبَثًا وَأَنَّكُمْ إِلَيْنَا لَا تُرْجَعُونَ(115)

 အသင်တို့သည် မိမိတို့အား ငါအရှင်မြတ်က အချည်းနှီး အကျိုးမဲ့သာ ဖန်ဆင်းတော်မူခဲ့သည် ဟူ၍လည်းကောင်း၊ အသင်တို့သည် ငါအရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်ရှိကြရမည် မဟုတ်ဟူ၍လည်းကောင်း၊ ထင်မှတ်ခဲ့ကြလေသလော။

فَتَعَالَى اللَّهُ الْمَلِكُ الْحَقُّ ۖ لَا إِلَٰهَ إِلَّا هُوَ رَبُّ الْعَرْشِ الْكَرِيمِ(116)

 စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့ အချည်းနှီး ပြုလုပ်တော်မူခြင်းမှ) လုံးဝကင်းစင် မြင့်မြတ်လှတော်မူသော၊ ဘုရင်မင်းမြတ် အစစ်အမှန် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) မြင့်မြတ်လှစွာသော "အရ်ရှ်" ပလ္လင်တော်ကို စိုးပိုင်တော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

وَمَن يَدْعُ مَعَ اللَّهِ إِلَٰهًا آخَرَ لَا بُرْهَانَ لَهُ بِهِ فَإِنَّمَا حِسَابُهُ عِندَ رَبِّهِ ۚ إِنَّهُ لَا يُفْلِحُ الْكَافِرُونَ(117)

 စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်၍ အကြောင်းမဲ့၊ အထောက်အထားမဲ့၊ အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကို ဟစ်ခေါ် ဆည်းကပ်ကိုးကွယ်သည်ရှိသော်၊ ထိုသူအား စစ်ဆေးရန်မှာ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်၌သာလျှင် ရှိပေသည်။ မလွဲဧကန် ကာဖိရ် သွေဖည် ငြင်းပယ်သော သူတို့ကား အောင်မြင်မှု ရရှိကြမည် မဟုတ်ပေ။

وَقُل رَّبِّ اغْفِرْ وَارْحَمْ وَأَنتَ خَيْرُ الرَّاحِمِينَ(118)

 ၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် (ဤသို့) လျှောက်ထားပန်ကြားပါလေ။ ကျွန်တော်မျိုးတို့၏အရှင်မြတ်၊ အရှင်မြတ်သည်(ကျွန်တော်မျိုးအား) ခွင့်လွှတ်တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် (ကျွန်တော်မျိုးအပေါ်၌) သနားကြင်နာတော်မူပါ။ စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူတို့တွင် (အသာလွန်ဆုံး)အရှင်ဖြစ်တော်မူပါသတည်း။


سورهای بیشتر به زبان برمه ای:

سوره البقره آل عمران سوره نساء
سوره مائده سوره يوسف سوره ابراهيم
سوره حجر سوره کهف سوره مریم
سوره حج سوره قصص سوره عنکبوت
سوره سجده سوره یس سوره دخان
سوره فتح سوره حجرات سوره ق
سوره نجم سوره رحمن سوره واقعه
سوره حشر سوره ملک سوره حاقه
سوره انشقاق سوره أعلى سوره غاشية

دانلود سوره مؤمنون با صدای معروف‌ترین قراء:

انتخاب خواننده برای گوش دادن و دانلود کامل سوره مؤمنون با کیفیت بالا.
سوره مؤمنون را با صدای احمد العجمی
أحمد العجمي
سوره مؤمنون را با صدای ابراهيم الاخضر
ابراهيم الاخضر
سوره مؤمنون را با صدای بندر بليلة
بندر بليلة
سوره مؤمنون را با صدای خالد الجليل
خالد الجليل
سوره مؤمنون را با صدای حاتم فريد الواعر
حاتم فريد الواعر
سوره مؤمنون را با صدای خليفة الطنيجي
خليفة الطنيجي
سوره مؤمنون را با صدای سعد الغامدي
سعد الغامدي
سوره مؤمنون را با صدای سعود الشريم
سعود الشريم
سوره مؤمنون را با صدای الشاطري
الشاطري
سوره مؤمنون را با صدای صلاح ابوخاطر
صلاح بوخاطر
سوره مؤمنون را با صدای عبد الباسط عبد الصمد
عبد الباسط
سوره مؤمنون را با صدای عبد الرحمن العوسي
عبدالرحمن العوسي
سوره مؤمنون را با صدای عبد الرشيد صوفي
عبد الرشيد صوفي
سوره مؤمنون را با صدای عبد العزيز الزهراني
عبدالعزيز الزهراني
سوره مؤمنون را با صدای عبد الله بصفر
عبد الله بصفر
سوره مؤمنون را با صدای عبد الله عواد الجهني
عبد الله الجهني
سوره مؤمنون را با صدای علي الحذيفي
علي الحذيفي
سوره مؤمنون را با صدای علي جابر
علي جابر
سوره مؤمنون را با صدای غسان الشوربجي
غسان الشوربجي
سوره مؤمنون را با صدای فارس عباد
فارس عباد
سوره مؤمنون را با صدای ماهر المعيقلي
ماهر المعيقلي
سوره مؤمنون را با صدای محمد أيوب
محمد أيوب
سوره مؤمنون را با صدای محمد المحيسني
محمد المحيسني
سوره مؤمنون را با صدای محمد جبريل
محمد جبريل
سوره مؤمنون را با صدای محمد صديق المنشاوي
المنشاوي
سوره مؤمنون را با صدای الحصري
الحصري
سوره مؤمنون را با صدای العفاسي
مشاري العفاسي
سوره مؤمنون را با صدای ناصر القطامي
ناصر القطامي
سوره مؤمنون را با صدای وديع اليمني
وديع اليمني
سوره مؤمنون را با صدای ياسر الدوسري
ياسر الدوسري


Saturday, May 11, 2024

به قرآن کریم چنگ بزنید