📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 573
وَأَنَّا مِنَّا ٱلۡمُسۡلِمُونَ وَمِنَّا ٱلۡقَٰسِطُونَۖ فَمَنۡ أَسۡلَمَ فَأُوْلَٰٓئِكَ تَحَرَّوۡاْ رَشَدًا ١٤ وَأَمَّا ٱلۡقَٰسِطُونَ فَكَانُواْ لِجَهَنَّمَ حَطَبًا ١٥ وَأَلَّوِ ٱسۡتَقَٰمُواْ عَلَى ٱلطَّرِيقَةِ لَأَسۡقَيۡنَٰهُم مَّآءً غَدَقًا ١٦ لِّنَفۡتِنَهُمۡ فِيهِۚ وَمَن يُعۡرِضۡ عَن ذِكۡرِ رَبِّهِۦ يَسۡلُكۡهُ عَذَابًا صَعَدًا ١٧ وَأَنَّ ٱلۡمَسَٰجِدَ لِلَّهِ فَلَا تَدۡعُواْ مَعَ ٱللَّهِ أَحَدًا ١٨ وَأَنَّهُۥ لَمَّا قَامَ عَبۡدُ ٱللَّهِ يَدۡعُوهُ كَادُواْ يَكُونُونَ عَلَيۡهِ لِبَدًا ١٩ قُلۡ إِنَّمَآ أَدۡعُواْ رَبِّي وَلَآ أُشۡرِكُ بِهِۦٓ أَحَدًا ٢٠ قُلۡ إِنِّي لَآ أَمۡلِكُ لَكُمۡ ضَرًّا وَلَا رَشَدًا ٢١ قُلۡ إِنِّي لَن يُجِيرَنِي مِنَ ٱللَّهِ أَحَدٌ وَلَنۡ أَجِدَ مِن دُونِهِۦ مُلۡتَحَدًا ٢٢ إِلَّا بَلَٰغًا مِّنَ ٱللَّهِ وَرِسَٰلَٰتِهِۦۚ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدًا ٢٣ حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ فَسَيَعۡلَمُونَ مَنۡ أَضۡعَفُ نَاصِرًا وَأَقَلُّ عَدَدًا ٢٤ قُلۡ إِنۡ أَدۡرِيٓ أَقَرِيبٌ مَّا تُوعَدُونَ أَمۡ يَجۡعَلُ لَهُۥ رَبِّيٓ أَمَدًا ٢٥ عَٰلِمُ ٱلۡغَيۡبِ فَلَا يُظۡهِرُ عَلَىٰ غَيۡبِهِۦٓ أَحَدًا ٢٦ إِلَّا مَنِ ٱرۡتَضَىٰ مِن رَّسُولٍ فَإِنَّهُۥ يَسۡلُكُ مِنۢ بَيۡنِ يَدَيۡهِ وَمِنۡ خَلۡفِهِۦ رَصَدًا ٢٧ لِّيَعۡلَمَ أَن قَدۡ أَبۡلَغُواْ رِسَٰلَٰتِ رَبِّهِمۡ وَأَحَاطَ بِمَا لَدَيۡهِمۡ وَأَحۡصَىٰ كُلَّ شَيۡءٍ عَدَدَۢا ٢٨
72:14
وَأَنَّا مِنَّا ٱلۡمُسۡلِمُونَ وَمِنَّا ٱلۡقَٰسِطُونَۖ فَمَنۡ أَسۡلَمَ فَأُوْلَٰٓئِكَ تَحَرَّوۡاْ رَشَدًا ١٤
ထိုမှတစ်ပါး ဧကန်မလွဲ ကျွန်ုပ်တို့တွင် အချို့မှာ မွတ်စ်လင်မ်(အမိန့်တော်ကို လိုက်နာသူ)များ ဖြစ်ကြကုန်၏။ ထိုနည်းတူစွာ ကျွန်ုပ်တို့တွင် အချို့မှာ မတရားသောသူများ ဖြစ်ကြကုန်၏။ စင်စစ် "အစ္စလာမ်" သာသနာတော်ကို လက်ခံသောသူတို့သည် လမ်းမှန်ကို ရှာဖွေ ရရှိခဲ့ကြသောသူများပင် ဖြစ်ကြကုန်၏။
72:15
وَأَمَّا ٱلۡقَٰسِطُونَ فَكَانُواْ لِجَهَنَّمَ حَطَبًا ١٥
သို့ရာတွင် မတရားသော သူတို့မှာကား ‘ဂျဟန္နမ်’ငရဲ၏ လောင်စာများပင် ဖြစ်ကြကုန်၏။
72:16
وَأَلَّوِ ٱسۡتَقَٰمُواْ عَلَى ٱلطَّرِيقَةِ لَأَسۡقَيۡنَٰهُم مَّآءً غَدَقًا ١٦
စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့သည်(တရား)လမ်း(မှန်)ပေါ်၌ တည်ကြည်ဖြောင့်မတ် ကြံ့ခိုင်စွာတည်တံ့ခဲ့ကြလျှင် အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား လှိုင်လှိုင်ရှိသော (ဖောဖောသီသီရှိသော)ရေကို တိုက်ကျွေးတော်မူမည်ဖြစ်၏။
72:17
لِّنَفۡتِنَهُمۡ فِيهِۚ وَمَن يُعۡرِضۡ عَن ذِكۡرِ رَبِّهِۦ يَسۡلُكۡهُ عَذَابًا صَعَدًا ١٧
ငါအရှင်မြတ်သည် ၎င်းတို့အား ထိုရေနှင့် စပ်လျဉ်း၍ စမ်းသပ်တော်မူအံ့သောငှာ စင်စစ်သော်ကား မည်သူမဆို မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား အောက်မေ့တသ သတိရခြင်းမှ မျက်နှာလွှဲသည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းအား ပြင်းထန်သော ပြစ်ဒဏ်သို့ ဝင်ရောက်စေတော်မူအံ့သတည်း။
72:18
وَأَنَّ ٱلۡمَسَٰجِدَ لِلَّهِ فَلَا تَدۡعُواْ مَعَ ٱللَّهِ أَحَدًا ١٨
ထိုမှတစ်ပါး (ငါ့ထံသို့ အမိန့်တော်ထုတ်ပြန် ခြင်းခံခဲ့ရလေ၏)။ ဧကန်မလွဲ ‘မတ်စ်ဂျစ်ဒ်’ပျပ်ဝပ် ဦးချရာနေရာများသည် ၎င်းအရှင်မြတ်နှင့်သာ သက်ဆိုင်ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းအရှင်မြတ်နှင့်အတူ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်လင့်။
72:19
وَأَنَّهُۥ لَمَّا قَامَ عَبۡدُ ٱللَّهِ يَدۡعُوهُ كَادُواْ يَكُونُونَ عَلَيۡهِ لِبَدًا ١٩
ထို့ပြင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ ကျွန်တော်(မုဟမ္မဒ်)သည် ထိုအရှင်မြတ်အား ဝတ်ပြုရန် (ထ၍)ရပ်သောအခါ ၎င်းတို့သည် ထိုကျွန်တော် (မုဟမ္မဒ်)အပေါ်ဝယ် ဝိုင်းအုံကြအံ့ဆဲဆဲ ဖြစ်ခဲ့ကြကုန်၏။
72:20
قُلۡ إِنَّمَآ أَدۡعُواْ رَبِّي وَلَآ أُشۡرِكُ بِهِۦٓ أَحَدًا ٢٠
(အို-နဗီတမန်တော်) အသင်ပြောကြားပါလေ။(အချင်းတို့) ငါသည် မိမိအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်၏။ စင်စစ် ငါသည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှပင် ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ခြင်းမပြုပေ။
72:21
قُلۡ إِنِّي لَآ أَمۡلِكُ لَكُمۡ ضَرًّا وَلَا رَشَدًا ٢١
(အို-နဗီတမန်တော်) အသင်ပြောကြားပါလေ။ ငါသည် အသင်တို့၏ ဆုံးရှုံးမှု၊ လမ်းလွဲမှုကိုလည်း ပိုင်ဆိုင်သည်မဟုတ်ပေ၊ (အသင်တို့၏) တရားလမ်းမှန် ရရှိရေးကိုလည်း ပိုင်ဆိုင်သည် မဟုတ်ပေ။
72:22
قُلۡ إِنِّي لَن يُجِيرَنِي مِنَ ٱللَّهِ أَحَدٌ وَلَنۡ أَجِدَ مِن دُونِهِۦ مُلۡتَحَدًا ٢٢
အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊ အကယ်၍သာ ငါသည် အလ္လာဟ်အရှင်မြတ်အား ဖီဆန်ခဲ့မူ)မည်သူတစ်ဦးတစ်ယောက်မျှပင် ငါ့အား အလ္လာဟ်အရှင်မြတ်(၏ပြစ်ဒဏ်)မှ အလျှင်းကာကွယ် စောင့်ရှောက်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ငါသည် ထိုအရှင်မြတ်(အထံတော်)မှတစ်ပါး မည်သည့်ခိုလှုံရာ နေရာကိုမျှ အလျှင်းတွေ့နိုင်မည် မဟုတ်ပေ။
72:23
إِلَّا بَلَٰغًا مِّنَ ٱللَّهِ وَرِسَٰلَٰتِهِۦۚ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدًا ٢٣
(စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်၏ကိုယ်စား (ထိုအရှင်မြတ်၏အမိန့်တော်များကို အသင်တို့ထံ) ပို့ဆောင်၍သာလျှင်လည်းကောင်း၊ ထိုအရှင်မြတ်၏ အကြောင်းကြားချက်များကို (ပို့ဆောင်ခြင်း) သာလျှင် ကာကွယ်နိုင်ပေမည်။ (စွမ်းဆောင်နိုင်၏)။ စင်စစ်တမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ဖီဆန်သည်ရှိသော် ဧကန်အမှန် ထိုသူအဖို့ "ဂျဟန္နမ်" ငရဲမီးသည် ရှိပေသည်။ (၎င်းတို့မှာ) ယင်းမီး၌ အမြဲထာ၀စဉ် နေထိုင်သူများအဖြစ် (၀င်ရောက်ကြရလတ္တံ့)။
72:24
حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ فَسَيَعۡلَمُونَ مَنۡ أَضۡعَفُ نَاصِرًا وَأَقَلُّ عَدَدًا ٢٤
နောင်တွင် ၎င်းတို့သည် မိမိတို့ ချိန်းဆိုခြင်းခံကြရသည့် (ပြစ်ဒဏ်)ကို တွေ့မြင်ကြလေသောအခါ မည်သူ၏ ကူညီစောင်မသောသူသည် အားနည်းသည် ကိုလည်းကောင်း၊ အရေအတွက်အားဖြင့် နည်းပါးသည် ကိုလည်းကောင်း၊ မုချ သိရှိကြကုန်အံ့သတည်း။
72:25
قُلۡ إِنۡ أَدۡرِيٓ أَقَرِيبٌ مَّا تُوعَدُونَ أَمۡ يَجۡعَلُ لَهُۥ رَبِّيٓ أَمَدًا ٢٥
(အို-နဗီတမန်တော်) အသင်သည် ပြောကြား ပါလေ။ (အချင်းတို့) အသင်တို့ ချိန်းဆိုခြင်းခံကြရသော(ကိယာမတ်နေ့)မှာ နီးလေသလော၊ သို့တည်းမဟုတ် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ယင်း(ကိယာမတ်နေ့)နှင့်စပ်လျဉ်း၍ အဓွန့်ရှည်သော ကာလအပိုင်းအခြားကို သတ်မှတ်၍ ထားတော်မူလေသလောဟူ၍ ငါသည် သိရှိသည်မဟုတ်ပေ။
72:26
عَٰلِمُ ٱلۡغَيۡبِ فَلَا يُظۡهِرُ عَلَىٰ غَيۡبِهِۦٓ أَحَدًا ٢٦
(ထိုအရှင်မြတ်သည်ပင်) ဖုံးကွယ်လျက်ရှိသည်တို့ကို သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ဖုံးကွယ်လျက် ရှိသည်တို့နှင့်စပ်လျဉ်းသော မိမိအသိပညာကို မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် အသိပေးတော်မူသည် မဟုတ်ပေ။
72:27
إِلَّا مَنِ ٱرۡتَضَىٰ مِن رَّسُولٍ فَإِنَّهُۥ يَسۡلُكُ مِنۢ بَيۡنِ يَدَيۡهِ وَمِنۡ خَلۡفِهِۦ رَصَدًا ٢٧
သို့ရာတွင် ထိုအရှင်မြတ်သည် မိမိကျေနပ် နှစ်သက်တော်မူသော ရစူလ်တမန်တော်တစ်ပါးပါးအား (ဖုံးကွယ်လျက်ရှိသော အကြောင်းအရာ တစ်စုံ တစ်ရာကို သိစေလိုတော်မူပါလျှင် (ဧကန်အမှန် ထိုအရှင်မြတ်သည် ထိုရစူလ်တမန်တော်၏ ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း၊ စောင့်ကြပ်သူ (ကောင်းကင်တမန်)ကို စေလွှတ်တော်မူ၏။
72:28
لِّيَعۡلَمَ أَن قَدۡ أَبۡلَغُواْ رِسَٰلَٰتِ رَبِّهِمۡ وَأَحَاطَ بِمَا لَدَيۡهِمۡ وَأَحۡصَىٰ كُلَّ شَيۡءٍ عَدَدَۢا ٢٨
(ယင်းသို့ ပြုလုပ်တော်မူခြင်းမှာ) ထို(ရစူလ် တမန်တော်များသည်လည်းကောင်း၊ ကောင်းကင် တမန်များသည်လည်းကောင်း၊) မိမိတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ အကြောင်းကြားချက်တို့ကို (တိကျမှန်ကန်စွာ)ပို့ဆောင်ခဲ့ကြသည်ကို ထို အရှင် သိတော်မူအံ့သောငှာ (ပြုလုပ်တော်မူခြင်း) ဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ထို (ရစူလ်တမန်တော်များနှင့် ကောင်းကင်တမန်)တို့၏ အခြေအနေတို့ကို ဝန်းရံလျက်ရှိတော်မူသည်သာမက အရာခပ်သိမ်းတို့၏ အရေအတွက်ကိုလည်း ရေတွက်၍ ထားရှိတော်မူပြီး ဖြစ်ပေသတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Tuesday, September 1, 2026
Don't forget us in your sincere prayers







