📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 574
စူရာ အလ်-မဇ်ဇမ်မီလ်

စူရာ အလ်-မဇ်ဇမ်မီလ်

73:2
قُمِ ٱلَّيۡلَ إِلَّا قَلِيلًا ٢
အသင်သည် ညဉ့်၌(ထ၍ ဆွလာတ်ဝတ်ပြု)ပါလေ။ သို့ရာတွင် အနည်းငယ် (အနားယူအိပ်စက်ပါလေ)။
73:3
نِّصۡفَهُۥٓ أَوِ ٱنقُصۡ مِنۡهُ قَلِيلًا ٣
(ဝါ) ညဉ့်ဝက် သို့တည်းမဟုတ်၊ ယင်းညဉ့်ဝက်ထက် အနည်းငယ်လျှော့၍၊
73:4
أَوۡ زِدۡ عَلَيۡهِ وَرَتِّلِ ٱلۡقُرۡءَانَ تَرۡتِيلًا ٤
သို့တည်းမဟုတ် ယင်းညဉ့်ဝက်ထက်ပို၍ (အနားယ အိပ်စက်ပါလေ)။ ၎င်းပြင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အလွန် ကောင်းမွန်စွာ ကွဲပြားခြားနား ရှင်းလင်းပီသအောင် အေးအေးဆေးဆေး ဖြည်းဖြည်းမှန်မှန် ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ဖတ် သရဇ္ဈာယ်ပါလေ။
73:5
إِنَّا سَنُلۡقِي عَلَيۡكَ قَوۡلًا ثَقِيلًا ٥
ဧကန်အမှန် ငါအရှင်မြတ်သည် အသင့်အပေါ်ဝယ် လေးလံသောအာယတ်တော်ကို မကြာ မြင့်မီပင်ချပေးတော်မူပေမည်။
73:6
إِنَّ نَاشِئَةَ ٱلَّيۡلِ هِيَ أَشَدُّ وَطۡـًٔا وَأَقۡوَمُ قِيلًا ٦
စင်စစ်ဧကန် ညဉ့်၌ (အိပ်ရာမှ)ထခြင်းသည်(ကိုယ်နှုတ်နှလုံးတို့ကို) ပိုမို၍ သပ္ပာယဖြစ်စေသည်၊ စကားပြောဆိုရာတွင်လည်း ပိုမို၍ပင် တိကျမှန်ကန်စေသည်။
73:7
إِنَّ لَكَ فِي ٱلنَّهَارِ سَبۡحًا طَوِيلًا ٧
ဧကန်မလွဲ နေ့တွင် အသင်၌ လုပ်ကိုင်ဆောင်ရွက်ရန် ကိစ္စများပြားစွာ ရှိပေ၏။
73:8
وَٱذۡكُرِ ٱسۡمَ رَبِّكَ وَتَبَتَّلۡ إِلَيۡهِ تَبۡتِيلًا ٨
၎င်းပြင် သင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏နာမံတော်ကို ရွတ်ဆို တသပါလေ။ ထိုမှတစ်ပါး အသင်သည် အနှောင်အဖွဲ့ဟူသမျှတို့ကို ဖြတ်တောက်၍ ထိုအရှင်မြတ်ဘက်သို့သာလျှင် အာရုံစူးစိုက်လျက် ရှိပါလေ။
73:9
رَّبُّ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ لَآ إِلَٰهَ إِلَّا هُوَ فَٱتَّخِذۡهُ وَكِيلًا ٩
(ထိုအရှင်မြတ်)သည် နေထွက်ရာ အရပ်ကိုလည်းကောင်း၊ နေဝင်ရာ အရပ်ကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ထိုအရှင်မြတ်အားသာလျှင် ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးတော်မူသော အရှင်မြတ်အဖြစ် ရွေးချယ်ပါလေ။
73:10
وَٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَٱهۡجُرۡهُمۡ هَجۡرًا جَمِيلًا ١٠
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့၏ပြောဆိုချက်များ နှင့်စပ်လျဉ်း၍ သည်းခံ၍နေပါလေ။ထို့ပြင် အသင်သည် ၎င်းတို့ထံမှ ကောင်းမွန်လှပစွာ ကင်းလွတ်၍နေပါလေ။ ၎င်းတို့အား (ကောင်းမွန်စွာ) စွန့်ထားပါလေ။
73:11
وَذَرۡنِي وَٱلۡمُكَذِّبِينَ أُوْلِي ٱلنَّعۡمَةِ وَمَهِّلۡهُمۡ قَلِيلًا ١١
၎င်းပြင် အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သော စည်းစိမ်ရှင်တို့အားလည်းကောင်း၊ လွှတ်ထားပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့အား အနည်းငယ် ရွှေ့ဆိုင်း၍ ထားပါလေ။
73:12
إِنَّ لَدَيۡنَآ أَنكَالًا وَجَحِيمًا ١٢
ဧကန်မလွဲ ငါအရှင်မြတ်အထံတော်၌ သံခြေချင်းများသည်လည်းကောင်း၊ "ဂျဟန္နမ်"ငရဲသည်လည်းကောင်း၊
73:13
وَطَعَامًا ذَا غُصَّةٍ وَعَذَابًا أَلِيمًا ١٣
လည်မျို၌ တစ်ဆို့၍နေအံ့သော အစားအစာသည်လည်းကောင်း၊ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ် သည်လည်းကောင်း၊ ရှိ၏။
73:14
يَوۡمَ تَرۡجُفُ ٱلۡأَرۡضُ وَٱلۡجِبَالُ وَكَانَتِ ٱلۡجِبَالُ كَثِيبًا مَّهِيلًا ١٤
အကြင်နေ့တွင်(ထိုနေ့တွင်)ကမ္ဘာမြေသည်လည်းကောင်း၊ တောင်များသည်လည်းကောင်း၊ တုန်လှုပ်သွားကြပေမည်။ ထိုမှတစ်ပါး တောင်များသည် ရွေ့လျားလွင့်ပါးလျက်ရှိသော သဲသောင်များပင် ဖြစ်သွားကြပေမည်။
73:15
إِنَّآ أَرۡسَلۡنَآ إِلَيۡكُمۡ رَسُولًا شَٰهِدًا عَلَيۡكُمۡ كَمَآ أَرۡسَلۡنَآ إِلَىٰ فِرۡعَوۡنَ رَسُولًا ١٥
ဧကန်စင်စစ် ငါအရှင်မြတ်သည် ဖစ်ရ်အောင်န်၏ထံသို့ ရစူလ်တမန်တော်တစ်ပါး စေလွှတ်တော်မူဘိသကဲ့သို့ပင် အသင်တို့ထံသို့လည်း ရစူလ်တမန်တော်တစ်ပါးအား အသင်တို့အပေါ်၌ သက်သေအဖြစ် စေလွှတ်တော်မူ၏။
73:16
فَعَصَىٰ فِرۡعَوۡنُ ٱلرَّسُولَ فَأَخَذۡنَٰهُ أَخۡذًا وَبِيلًا ١٦
ထိုအခါ ဖစ်ရ်အောင်န်သည် ထိုရစူလ်တမန်တော်မြတ်အား ဖီဆန်ခဲ့ရာ ငါအရှင်မြတ်သည် ၎င်းအား ပြင်းထန်စွာ ဖမ်းဆီးအရေးယူတော်မူခဲ့၏။
73:17
فَكَيۡفَ تَتَّقُونَ إِن كَفَرۡتُمۡ يَوۡمًا يَجۡعَلُ ٱلۡوِلۡدَٰنَ شِيبًا ١٧
သို့ဖြစ်ပေရာ အသင်တို့သည် အကြင်နေ့(၏ဘေးဒုက္ခ)မှ မည်ကဲ့သို့ ကင်းလွတ်ကြမည်နည်း။ ထိုနေ့သည် ကလေးသူငယ်တို့အား ဇရာအိုများအဖြစ်သို့ပင် ရောက်စေမည်။
73:18
ٱلسَّمَآءُ مُنفَطِرُۢ بِهِۦۚ كَانَ وَعۡدُهُۥ مَفۡعُولًا ١٨
မိုးကောင်းကင်မှာလည်း ယင်းနေ့(၏ပြင်းထန်သောအဟုန်)ကြောင့် အက်ကွဲသွားပေမည်။ ထိုအရှင်မြတ်၏ ချိန်းဆိုချက်မှာကား ပြီးမြောက်အောင် ဆောင်ရွက်ပြီး ဖြစ်သည်သာတည်း။
73:19
إِنَّ هَٰذِهِۦ تَذۡكِرَةٌۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًا ١٩
ဧကန်မလွဲ ဤ(အာယတ်တော်များ)ကား ဆုံးမဩဝါဒ(များ)ပင်ဖြစ်၏။ သို့ဖြစ်ပေရာ အလိုရှိသောသူသည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့(သွားရာ)လမ်းကို ရွေးချယ်ရာ၏။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Tuesday, September 1, 2026
Don't forget us in your sincere prayers







