အလ်-ဗကရ · 48/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَاتَّقُوا يَوْمًا لَّا تَجْزِي نَفْسٌ عَن نَّفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا شَفَاعَةٌ وَلَا يُؤْخَذُ مِنْهَا عَدْلٌ وَلَا هُمْ يُنصَرُونَ ۝٤٨
Wattaqoo Yawmal laa tajzee nafsun `an nafsin shai`anw wa laa yuqbalu minhaa shafaa`atunw wa laa yu`khazu minhaa `adlunw wa laa hum yunsaroon
📖 မြန်မာဘာသာ
(အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့) အသင်တို့သည် သေပြီးနောက် ရှင်ပြန်ထရမည့် ကိယာမတ်နေ့(၏ဘေး) ကို (အထူးပင်) ကြောက်ရွံ့၍ မိမိတို့ကိုယ်ကို ကာကွယ်ကြကုန်၊ (အဘယ်ကြောင့်ဟူမူ) ထိုနေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ တစ်စုံတစ်ယောက်သောသူနှင့် ပတ်သက်၍ အနည်းငယ်မျှကိုပင် ဖြည့်စွမ်းပေးနိုင်မည်မဟုတ်။ အဘယ်သူ တစ်စုံတစ်ယောက်၏ အသနားခံပေးခြင်းကိုလည်း(ငါအရှင်သည်) သဘောတူလက်ခံတော် မူမည်မဟုတ်။ အဘယ်တစ်စုံတစ်ယောက်သော သူ၏ထံမှ ကိုယ်စားလဲ လှယ်ခြင်းကိုလည်း (ငါအရှင်သည်) လက်ခံတော်မူမည် မဟုတ်။ထို့ပြင်တဝ (ထိုနေ့တွင်) ယင်းသူတို့သည် (အခြားမည်သည့်) ကူညီယိုင်းပင်းမှုကိုမျှလည်း ခံကြရမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်များ
  • وَاتَّقُوا (ဝါတ္တကူ): ကြောက်ရွံ့ခြင်း၊ ရှောင်ကြဉ်ခြင်း၊ ကာကွယ်ခြင်း။
  • يَوْمًا (ယောင်မန်): တစ်နေ့၊ ဤနေရာတွင် ကိယာမသ်နေ့ကို ဆိုလိုသည်။
  • لَا تَجْزِي (လာ တဂျ်ဇီ): အစားထိုးပေးခြင်း၊ ဖြည့်ဆည်းပေးခြင်း မပြုနိုင်ပါ။
  • نَفْسٌ عَن نَّفْسٍ (နဖ်စွန် အင် နဖ်စ်): တစ်ဦးက တစ်ဦးအတွက်။
  • شَيْئًا (ရှိုင်အန်): မည်သည့်အရာမျှ။
  • شَفَاعَةٌ (ရှဖာအသွန်): အသနားခံခြင်း၊ ကြားဝင်တောင်းပန်ခြင်း။
  • عَدْلٌ (အဒ်လွန်): လျော်ကြေးငွေ၊ အစားထိုးပေးသည့် ပစ္စည်း။
  • يُنصَرُونَ (ယွန်ဆရူန): ကူညီခံရခြင်း၊ ကယ်တင်ခံရခြင်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များအား ကိယာမသ်နေ့ကို ကြောက်ရွံ့ရန်၊ ထိုနေ့အတွက် ကြိုတင်ပြင်ဆင်ရန် သတိပေးတော်မူသည်။ ထိုနေ့သည် မည်သူမျှ မည်သူ့အတွက်မျှ အကျိုးမပြုနိုင်သောနေ့ဖြစ်သည်။ တစ်ဦးက တစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်။ ကာဖိရ်များအတွက် မည်သူ၏ အသနားခံတောင်းပန်မှုကိုမျှ အလ္လာဟ်အရှင်မြတ်သည် လက်ခံတော်မူမည်မဟုတ်။ မည်မျှပင် ကြီးမားသော လျော်ကြေးငွေကို ပေးအပ်ပါစေ၊ လက်ခံတော်မူမည်မဟုတ်။ ထိုနေ့တွင် မည်သူမျှ ကူညီကယ်တင်ခံရမည်မဟုတ်။ ထို့ကြောင့် ဤလောကတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြင့် ကိယာမသ်နေ့၏ ပြစ်ဒဏ်မှ ကာကွယ်ရမည်။ ထိုနေ့တွင် မည်သည့် အသနားခံမှုမျှ၊ မည်သည့် လျော်ကြေးမျှ၊ မည်သည့် ကူညီသူမျှ အကျိုးမရှိသောကြောင့် လွတ်မြောက်ရာ မည်သည့်နေရာမှ မရှိတော့ပါ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • ကိယာမသ်နေ့ကို ယုံကြည်ခြင်းသည် လူတစ်ဦးအား ကောင်းမှုပြုရန်၊ မကောင်းမှုရှောင်ရန် လှုံ့ဆော်ပေးသည်။
  • ဤလောကတွင် မိမိကိုယ်ကို ကယ်တင်နိုင်သူမှာ မိမိ၏ ကောင်းမှုများသာ ဖြစ်ကြောင်း သိရှိစေသည်။
  • အလ္လာဟ်အရှင်မြတ်သည် တရားမျှတသော အရှင်ဖြစ်ကြောင်း၊ မည်သူ့ကိုမျှ မတရားပြုတော်မူမည်မဟုတ်ကြောင်း နားလည်စေသည်။
  • အစ္စလာမ်သာသနာသည် လူတစ်ဦးချင်းစီ၏ တာဝန်ကို ကိုယ်တိုင်ထမ်းဆောင်ရမည်ဟု သွန်သင်ပေးသည်။
  • ဤအာယသ်တော်သည် မုအ်မင်န်များအား ကောင်းမှုများ ပ


📜 အာယာသ် 46-50 — စူရာ အလ်-ဗကရ

46الَّذِينَ يَظُنُّونَ أَنَّهُم مُّلَاقُو رَبِّهِمْ وَأَنَّهُمْ إِلَيْهِ رَاجِعُونَ
(ခန္တီတရားထားရှိကုန်သော မုအ်မင် တို့သည်) မုချဧကန် မိမိတို့အား မွေးမြူတော်မူသော အရှင်ကို ဖူးတွေ့ကြရမည်သူများ ဖြစ်ကြကုန်၏ဟူ၍လည်းကောင်း၊ ထိုအရှင်၏အထံတော်သို့လည်း ပြန်လှည့်ကြမည့်သူများ ဖြစ်ကြသည် ဟူ၍လည်းကောင်း၊ အမှန်ယုံကြည်ကြကုန်သည်။
47يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَنِّي فَضَّلْتُكُمْ عَلَى الْعَالَمِينَ
အို-အစ္စရာအီလ်၏မျိုးနွယ် အပေါင်းတို့၊ အသင်တို့အား ငါအရှင် ပေးသနားတောမူသော သုခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို လည်းကောင်း၊ ငါအရှင်သည် အသင်တို့အား (အထူးထူးသော ဂုဏ်ထူးဝိသေသများဖြင့်) စကြာဝဠာ အပေါင်းထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့သည်ကို လည်းကောင်း၊ အောက်မေ့ သတိရကြကုန်။
48وَاتَّقُوا يَوْمًا لَّا تَجْزِي نَفْسٌ عَن نَّفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا شَفَاعَةٌ وَلَا يُؤْخَذُ مِنْهَا عَدْلٌ وَلَا هُمْ يُنصَرُونَ
(အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့) အသင်တို့သည် သေပြီးနောက် ရှင်ပြန်ထရမည့် ကိယာမတ်နေ့(၏ဘေး) ကို (အထူးပင်) ကြောက်ရွံ့၍ မိမိတို့ကိုယ်ကို ကာကွယ်ကြကုန်၊ (အဘယ်ကြောင့်ဟူမူ) ထိုနေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ တစ်စုံတစ်ယောက်သောသူနှင့် ပတ်သက်၍ အနည်းငယ်မျှကိုပင် ဖြည့်စွမ်းပေးနိုင်မည်မဟုတ်။ အဘယ်သူ တစ်စုံတစ်ယောက်၏ အသနားခံပေးခြင်းကိုလည်း(ငါအရှင်သည်) သဘောတူလက်ခံတော် မူမည်မဟုတ်။ အဘယ်တစ်စုံတစ်ယောက်သော သူ၏ထံမှ ကိုယ်စားလဲ လှယ်ခြင်းကိုလည်း (ငါအရှင်သည်) လက်ခံတော်မူမည် မဟုတ်။ထို့ပြင်တဝ (ထိုနေ့တွင်) ယင်းသူတို့သည် (အခြားမည်သည့်) ကူညီယိုင်းပင်းမှုကိုမျှလည်း ခံကြရမည်မဟုတ်ပေ။
49وَإِذْ نَجَّيْنَاكُم مِّنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ يُذَبِّحُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُم بَلَاءٌ مِّن رَّبِّكُمْ عَظِيمٌ
(အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်သတိရကြကုန်) တရံရောအခါ ငါအရှင်သည် အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံ တို့၏ ဘေးအန္တရာယ်မှကယ်မ၍ လွတ်မြောက် စေတော် မူခဲ့လေသည်၊ ထိုသူတို့သည် အသင်တို့အပေါ်ဝယ် အလွန်တရာ ရက်စက်ကြမ်းကြုတ် ဆိုးရွားလှစွာသော ဘေးဒုက္ခဆင်းရဲမှုများကို သက်ရောက်စေကြသည်၊ ထိုသူတို့သည် အသင်တို့၏ သမီးမိန်းကလေးများကို မသတ်ဘဲ ချန်လှပ်၍ သားယောက်ျားများကိုမူ (ရက်စက်စွာ) သတ်ဖြတ်လေ့ရှိကြ၏၊ ဤသည်ကား အသင်တို့ကို မွေးမြူတော်မူသော အသျှင်၏ထံတော်မှ ကြီးစွာသော စမ်းသပ်တော်မူခြင်း တစ်ရပ်ပင်တည်း။
50وَإِذْ فَرَقْنَا بِكُمُ الْبَحْرَ فَأَنجَيْنَاكُمْ وَأَغْرَقْنَا آلَ فِرْعَوْنَ وَأَنتُمْ تَنظُرُونَ
(အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန် ) တရံရောအခါ၊ ငါအရှင်သည်(အသင် တို့ကူးဖြတ် လျှောက်သွား နိုင်ကြရန်အလို့ငှာ) ပင်လယ်ကိုပင်ခွဲ၍ အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံတို့၏ဘေးမှ ကယ်တင်တော်မူခဲ့၏။ ထို့နောက် ဖိရ်အောင်န်၏အခြွေအရံများကို ငါအရှင်သည်(အသင့်တို့ မျက်မှောက်၌ပင်)နှစ်မြှုပ်တော်မူလိုက်သည်။ ထိုအချိန် အသင်တို့သည် မိမိတို့ကိုယ်တိုင် (ဤအချင်းအရာများကို) ကြည့်နေကြကုန်သည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
48အာယာသ်

ဘာသာပြန် — အလ်-ဗကရ 48

စူရာ အလ်-ဗကရ အာယာသ် 48 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့) အသင်တို့သည် သေပြီးနောက် ရှင်ပြန်ထရမည့် ကိယာမတ်နေ့(၏ဘေး) ကို (အထူးပင်) ကြောက်ရွံ့၍ မိမိတို့ကိုယ်ကို…

စူရာ အာယာသ် 48/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 46–50. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers