وَآمِنُوا بِمَا أَنزَلْتُ مُصَدِّقًا لِّمَا مَعَكُمْ وَلَا تَكُونُوا أَوَّلَ كَافِرٍ بِهِ ۖ وَلَا تَشْتَرُوا بِآيَاتِي ثَمَنًا قَلِيلًا وَإِيَّايَ فَاتَّقُونِ ٤١
🔤 Transliteration
Wa aaminoo bimaaa anzaltu musaddiqal limaa ma`akum wa laa takoonooo awwala kaafirim bihee wa laa tashtaroo bi Aayaatee samanan qaleelanw wa iyyaaya fattaqoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော(ကုရ်အာန်) ကျမ်းကို နာယူ ယုံကြည်ကြကုန်လော့၊ အကြောင်းမူကား ယင်း(ကုရ်အာန်ကျမ်းတော်မြတ်သည်) သင်တို့ လက်ဝယ်၌ရှိသော ကျမ်းကိုပင် မှန်ကန်ကြောင်း ထောက်ခံ အတည်ပြုလျက်ရှိသော ကျမ်းဂန်ဖြစ်သည်။ သို့ဖြစ်လေရာအသင်တို့သည် ထို (ကုရ် အာန်) ကျမ်းတော်မြတ်ကို ဦးစွာပဌမ ငြင်းဆိုသူများ မဖြစ်ကြကုန်လင့်။ ထို့ပြင်တဝ အသင်တို့သည် အနည်းငယ်မျှသော အဖိုးငွေနှင့် ငါအရှင်မြတ်၏ တရားဒေသနာများကို လဲလှယ်ရောင်းချခြင်း မပြုကြကုန်လင့်၊ အသင်တို့သည် ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ ကြကုန်လော့။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
ဝါအာမိနူ (وَآمِنُوا ): ယုံကြည်ကြလော့။ ဗိမာ အန်ဇလ်သု (بِمَا أَنزَلْتُ ): ငါအရှင်မြတ် ထုတ်ချပေးအပ်တော်မူသော (ကုရ်အာန်) ကို။ မုဆဒ္ဒိကန် (مُصَدِّقًا ): ထောက်ခံအတည်ပြုလျက်။ လိမာ မာအကုမ် (لِمَا مَعَكُمْ ): သင်တို့ထံရှိသော (တောင်ရာသ်) ကျမ်းနှင့်။ အဝ်ဝလ ကာဖိရ် (أَوَّلَ كَافِرٍ ): ပထမဆုံး ငြင်းပယ်သူ။ သာမနန် ကလီလန် (ثَمَنًا قَلِيلًا ): အနည်းငယ်သော အဖိုးအခ။ ဖတ္တကူနိ (فَاتَّقُونِ ): ငါအရှင်မြတ်ကို ကြောက်ရွံ့ပါ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို အစ္စရာအီလ်မျိုးနွယ်ဝင်တို့၊ ငါအရှင်မြတ်သည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) အပေါ် ထုတ်ချပေးအပ်တော်မူသော ကုရ်အာန်ကျမ်းတော်မြတ်ကို ယုံကြည်ကြလော့။ ထိုကျမ်းတော်သည် သင်တို့ထံရှိ တောင်ရာသ်ကျမ်းနှင့် ကိုက်ညီထောက်ခံလျက်ရှိ၏။ အထူးသဖြင့် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းဖြစ်တော်မူခြင်း၊ တမန်တော်များ၏ နုဗုဝသ် (တမန်တော်ဖြစ်ခြင်း) နှင့် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ၏ ဂုဏ်လက္ခဏာများနှင့် ပတ်သက်၍ ကိုက်ညီလျက်ရှိသည်။ ထို့ကြောင့် ကျမ်းရပုဂ္ဂိုလ်များထဲမှ ကုရ်အာန်ကို ပထမဆုံး ငြင်းပယ်သူများ မဖြစ်ကြလေနှင့်။ အကယ်၍ သင်တို့သည် ငြင်းပယ်ကြပါက သင်တို့နောက်လိုက်များလည်း ငြင်းပယ်ကြမည်ဖြစ်၍ သင်တို့သည် မိမိတို့၏ အပြစ်များနှင့်တကွ နောက်လိုက်များ၏ အပြစ်များကိုပါ ထမ်းရွက်ရမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်၏ အာယသ်တော်များ—ဆိုလိုသည်မှာ ကုရ်အာန်ကျမ်းတော်နှင့် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ကို ယုံကြည်ခြင်း—ကို လောကီအကျိုးအမြတ် အနည်းငယ်ဖြစ်သော ဂုဏ်သတင်း၊ ရာထူးအာဏာ စသည်တို့နှင့် လဲလှယ်ခြင်း မပြုကြလေနှင့်။ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ပါ၊ ငါ၏ အမိန့်တော်များကို လိုက်နာပြီး ငါ၏ တားမြစ်ချက်များကို ရှောင်ကြဉ်ပါ။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစ
وَءَامِنُواْ بِمَآ أَنزَلۡتُ مُصَدِّقًا لِّمَا مَعَكُمۡ وَلَا تَكُونُوٓاْ أَوَّلَ كَافِرِۭ بِهِۦۖ وَلَا تَشۡتَرُواْ بِـَٔايَٰتِي ثَمَنًا قَلِيلًا وَإِيَّٰيَ فَٱتَّقُونِ ٤١
(အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော(ကုရ်အာန်) ကျမ်းကို နာယူ ယုံကြည်ကြကုန်လော့၊ အကြောင်းမူကား ယင်း(ကုရ်အာန်ကျမ်းတော်မြတ်သည်) သင်တို့ လက်ဝယ်၌ရှိသော ကျမ်းကိုပင် မှန်ကန်ကြောင်း ထောက်ခံ အတည်ပြုလျက်ရှိသော ကျမ်းဂန်ဖြစ်သည်။ သို့ဖြစ်လေရာအသင်တို့သည် ထို (ကုရ် အာန်) ကျမ်းတော်မြတ်ကို ဦးစွာပဌမ ငြင်းဆိုသူများ မဖြစ်ကြကုန်လင့်။ ထို့ပြင်တဝ အသင်တို့သည် အနည်းငယ်မျှသော အဖိုးငွေနှင့် ငါအရှင်မြတ်၏ တရားဒေသနာများကို လဲလှယ်ရောင်းချခြင်း မပြုကြကုန်လင့်၊ အသင်တို့သည် ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ ကြကုန်လော့။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 39-43 — စူရာ အလ်-ဗကရ
39 وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
သို့ရာတွင် ငါအရှင်၏တရားဒေသနာတော်များကို လိမ်လည်ထားသည့် တရားဒေသနာတော်များ ဖြစ်သည်ဟုစွပ်စွဲ၍ (ငါ့အား) ငြင်းပယ်သူများကား ငရဲသားများ ဖြစ်ကြသည်။ ယင်းသူတို့သည် ထိုငရဲတွင် ထာဝစဉ်ခံစားကြရမည့်သူ သစ္စာကတိကို အတည်ပြုတော်မူအံ့၊ (သို့ဖြစ်ရာ) အသင်တို့သည် ငါအရှင်ကိုသာလျှင် ကြောက်ရွံ့ ရိုသေ ကြကုန်လော့။
40 يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَوْفُوا بِعَهْدِي أُوفِ بِعَهْدِكُمْ وَإِيَّايَ فَارْهَبُونِ
အို-အစ္စရာအီလီ မျိုးနွယ်ဝံသအပေါင်းတို့၊ အသင်တို့အား ငါအရှင်ပေးသနားတော်မူသော သုခချမ်းသာ၊ ဂုဏ်ကျေးဇူးတော်များကို (အမြဲတစေ) အောက်မေ့ သတိရကြကုန်၊(သို့သတိရခြင်းအားဖြင့်) သင်တို့သည် (ငါ အရှင့်ထံတော်၌ထားရှိပြီးသော) ပဋိညာဉ် ခံဝန်ချက်ကို စောင့်ရှောက် အတည်ပြုကြကုန်၊ ငါအရှင်သည်လည်း သင်တို့နှင့် ထားရှိပြီးဖြစ်သော သစ္စာကတိကို အတည်ပြုတော်မူအံ့။ (သို့ဖြစ်ရာ) အသင်တို့သည် ငါအရှင်ကိုသာလျှင် ကြောက်ရွံ့ရိုသေကြကုန်။
41 وَآمِنُوا بِمَا أَنزَلْتُ مُصَدِّقًا لِّمَا مَعَكُمْ وَلَا تَكُونُوا أَوَّلَ كَافِرٍ بِهِ ۖ وَلَا تَشْتَرُوا بِآيَاتِي ثَمَنًا قَلِيلًا وَإِيَّايَ فَاتَّقُونِ
(အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော(ကုရ်အာန်) ကျမ်းကို နာယူ ယုံကြည်ကြကုန်လော့၊ အကြောင်းမူကား ယင်း(ကုရ်အာန်ကျမ်းတော်မြတ်သည်) သင်တို့ လက်ဝယ်၌ရှိသော ကျမ်းကိုပင် မှန်ကန်ကြောင်း ထောက်ခံ အတည်ပြုလျက်ရှိသော ကျမ်းဂန်ဖြစ်သည်။ သို့ဖြစ်လေရာအသင်တို့သည် ထို (ကုရ် အာန်) ကျမ်းတော်မြတ်ကို ဦးစွာပဌမ ငြင်းဆိုသူများ မဖြစ်ကြကုန်လင့်။ ထို့ပြင်တဝ အသင်တို့သည် အနည်းငယ်မျှသော အဖိုးငွေနှင့် ငါအရှင်မြတ်၏ တရားဒေသနာများကို လဲလှယ်ရောင်းချခြင်း မပြုကြကုန်လင့်၊ အသင်တို့သည် ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ ကြကုန်လော့။
42 وَلَا تَلْبِسُوا الْحَقَّ بِالْبَاطِلِ وَتَكْتُمُوا الْحَقَّ وَأَنتُمْ تَعْلَمُونَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် (သဒ္ဓမ္မ) တရားမှန်ကို (ကွဖ်ရ်) မိစ္ဆာဒိဋ္ဌိ အယူမှားနှင့် မရောနှောကြကုန်လင့်။ အသင်တို့သည် တရားမှန် တရားစစ်ကို မိမိတို့ကိုယ်တိုင် သိရှိကြပါလျက် ဖုံးကွယ်ထိန်ချန်၍ မထားကြကုန်လင့်။
43 وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَارْكَعُوا مَعَ الرَّاكِعِينَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် ဆွလာတ် ဝတ်ပြုကြကုန်၊ တရား ဝင်ဒါနကြေးဖြစ်သော ဇကာတ်ကိုလည်း ပေးဆောင်ကြကုန်၊ ထို့ပြင်တဝ ကိုင်းညွှတ်ရိုကျိုးသော သူများနှင့်အတူ (ညီညာဖျဖျ) ကိုင်းညွှတ်ရိုကျိုးကြကုန်။
ဘာသာပြန် — အလ်-ဗကရ 41 စူရာ အလ်-ဗကရ အာယာသ် 41 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော(ကုရ်အာန်) ကျမ်းကို နာယူ ယုံကြည်ကြကုန်လော့၊ အကြောင်းမူကား ယင်း(ကုရ်အာန်ကျမ်းတော်မြတ်သည်) သင်တို့…
စူရာ အာယာသ် 41/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 39–43. မြန်မာဘာသာ: ภาษาไทย.