📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 305
စူရာ မာရ်ယမ်

စူရာ မာရ်ယမ်

19:2
ذِكۡرُ رَحۡمَتِ رَبِّكَ عَبۡدَهُۥ زَكَرِيَّآ ٢
ဤသည်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က မိမိကျွန် (နဗီတမန်တော်)ဇကရီယာ၏အပေါ်၌ ကရုဏာပြုတော်မူခဲ့ခြင်းကို ထုတ်ဖော် မြွက်ဟတော်မူခြင်းပင်တည်း။
19:3
إِذۡ نَادَىٰ رَبَّهُۥ نِدَآءً خَفِيًّا ٣
(ပြန်လည်အောက်မေ့သတိရကြလေကုန်)တစ်ရံရောအခါဝယ် ထိုဇကရီယာသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို လျှို့ဝှက်စွာ ပန်ကြားခဲ့လေသည်။
19:4
قَالَ رَبِّ إِنِّي وَهَنَ ٱلۡعَظۡمُ مِنِّي وَٱشۡتَعَلَ ٱلرَّأۡسُ شَيۡبًا وَلَمۡ أَكُنۢ بِدُعَآئِكَ رَبِّ شَقِيًّا ٤
(တစ်ဖန်)ယင်းဇကရီယာသည်(ဤသို့) လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုး၏အရိုးများမှာ အားအင်ချည့်နဲ့၍နေပါပြီ။ ၎င်းပြင် (ကျွန်တော်မျိုး၏)ဦးခေါင်းမှာလည်း ဆံဖြူများကြောင့် (ဖြူဖွေး)တောက်ပလျက်ရှိနေပါပြီ။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ စင်စစ် ကျွန်တော်မျိုးသည် အရှင်မြတ်အားဟစ်ခေါ်တမ်းတ လျှောက်ထားပန်ကြားမှုကြောင့် မည်သည့်အခါကမျှ အလိုဆန္ဒ မပြည့်ဝသူ မဖြစ်ခဲ့ဘူးပါ။
19:5
وَإِنِّي خِفۡتُ ٱلۡمَوَٰلِيَ مِن وَرَآءِي وَكَانَتِ ٱمۡرَأَتِي عَاقِرًا فَهَبۡ لِي مِن لَّدُنكَ وَلِيًّا ٥
ဧကန်စင်စစ် ကျွန်တော်မျိုးသည် မိမိ(မရှိသည့်)နောက်တွင်(မိမိ)ဆွေမျိုးနီးစပ်သူတို့နှင့် ပတ်သက်၍ စိုးရိမ်မိခဲ့ပါသည်။ ထို့ပြင် ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမထွန်းကားသော အမြုံပင်ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ သားကောင်းရတနာ အမွေစားအမွေခံ တစ်ဦးကိုချီးမြှင့်ပေးသနားတော်မူပါ၊
19:6
يَرِثُنِي وَيَرِثُ مِنۡ ءَالِ يَعۡقُوبَۖ وَٱجۡعَلۡهُ رَبِّ رَضِيًّا ٦
ထိုသားရတနာ၊ အမွေစား အမွေခံသည် ကျွန်တော်မျိုး၏အရိုက်အရာဆက်ခံသူလည်း ဖြစ်ပါစေ။ (နဗီတမန်တော်)ယအ်ကူဗ်၏သားမြေးတို့၏ အရိုက်အရာဆက်ခံသူလည်းဖြစ်ပါစေ။ ထိုမှတစ်ပါး အို- ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းအား (မိမိအထံတော်၌) နှစ်မြို့ဖွယ်ရာလည်း ဖြစ်ပါစေ။
19:7
يَٰزَكَرِيَّآ إِنَّا نُبَشِّرُكَ بِغُلَٰمٍ ٱسۡمُهُۥ يَحۡيَىٰ لَمۡ نَجۡعَل لَّهُۥ مِن قَبۡلُ سَمِيًّا ٧
(ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူခဲ့၏)။ အို-ဇကရီယာ၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ယဟ်ယာမည်သော သားရတနာတစ်ပါးနှင့်ပတ်သက်၍သတင်းကောင်း ပေးတော်မူ၏။ ယခင်က ငါအရှင်မြတ်သည်ယင်းယဟ်ယာနှင့် နာမည်တူသူတစ်ဦးတစ်ယောက်ကို ရှိစေတော်မူခဲ့သည် မဟုတ်ချေ။
19:8
قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَٰمٌ وَكَانَتِ ٱمۡرَأَتِي عَاقِرًا وَقَدۡ بَلَغۡتُ مِنَ ٱلۡكِبَرِ عِتِيًّا ٨
(ထိုအခါ) ယင်းဇကရီယာက (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားရတနာသည်အသို့လျှင် ရှိနိုင်ပါအံ့နည်း။ အကြောင်းသော်ကား ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမမွေးသောအမြုံဖြစ်နေပါသည်။ကျွန်တော်မျိုးမှာလည်း သက်ရွယ်ကြီးရင့် အိုမင်းခြင်း၏အထွတ်အထိပ်သို့ ရောက်ရှိနေပါပြီ။
19:9
قَالَ كَذَٰلِكَ قَالَ رَبُّكَ هُوَ عَلَيَّ هَيِّنٌ وَقَدۡ خَلَقۡتُكَ مِن قَبۡلُ وَلَمۡ تَكُ شَيۡـًٔا ٩
(ထိုရောကာလ) ထိုအရှင်မြတ်က (ကောင်းကင်တမန်မှတစ်ဆင့် ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (အို-ဇကရီယာ) ဤ အတိုင်းပင်ဖြစ်ပေမည်။ ဤသည် ငါအရှင်မြတ်အဖို့ အလွန်လွယ်ကူကြောင်း၊ ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယခင်ကလည်း အသင့်အား အသင် တစ်စုံတစ်ရာမရှိခဲ့စဉ်က ဖန်ဆင်းတော်မူခဲ့သည်။
19:10
قَالَ رَبِّ ٱجۡعَل لِّيٓ ءَايَةًۖ قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَٰثَ لَيَالٍ سَوِيًّا ١٠
(ထိုအခါ) ယင်းဇကရီယာက အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ (သို့ဖြစ်ပါလျှင်) အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဇနီးမှာ သားရတနာကို ကိုယ်ဝန်ဆောင်လျက် ရှိနေကြောင်း သိနိုင်အံ့သောငှာ)သက်သေလက္ခဏာ တစ်ရပ်ရပ်ကို ကျွန်တော်မျိုးအား ပြုလုပ်သတ်မှတ်၍ ပေးတော်မူပါဟု လျှောက်ထား ပန်ကြားပြန်လေ၏။ အရှင်မြတ်က (အို-ဇကရီယာ) အသင်၏ နိမိတ်လက္ခဏာမှာ အသင်သည် ပကတိကျန်းမာစွာရှိပါလျက်နှင့် သုံးညတိတိ(တစ်ဆက်တည်း) လူတို့နှင့် စကားမပြော နိုင်ဘဲရှိမည်ဟူ၍မိန့်ကြားတော်မူခဲ့ပေသည်။
19:11
فَخَرَجَ عَلَىٰ قَوۡمِهِۦ مِنَ ٱلۡمِحۡرَابِ فَأَوۡحَىٰٓ إِلَيۡهِمۡ أَن سَبِّحُواْ بُكۡرَةً وَعَشِيًّا ١١
ထို့နောက် ယင်းဇကရီယာသည် ဝတ်ပြုနေရာမှမိမိအမျိုးသားတို့ရှေ့ဝယ် ထွက်ခဲ့ပြီးလျှင် အသင်တို့သည် နံနက်ယံ၌လည်းကောင်း၊ ညဦးယံ၌လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် သန့်ရှင်းစင်ကြယ်တော်မူကြောင်း) တတ်စ်ဗီဟ်ဆိုကြလေကုန်ဟု (လက်ရိပ်ဖြင့်) ညွှန်ခဲ့လေသတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Tuesday, August 25, 2026
Don't forget us in your sincere prayers







