မာရ်ယမ် · 8/98
ဘာသာပြန် အသံနိုင်ငံ — မာရ်ယမ်
قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَامٌ وَكَانَتِ امْرَأَتِي عَاقِرًا وَقَدْ بَلَغْتُ مِنَ الْكِبَرِ عِتِيًّا ۝٨
Qaala Rabbi annaa yakoonu lee ghulaamunw wa kaanatim ra atee aaqiranw wa qad balaghtu minal kibari `itiyyaa
📖 မြန်မာဘာသာ
(ထိုအခါ) ယင်းဇကရီယာက (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားရတနာသည်အသို့လျှင် ရှိနိုင်ပါအံ့နည်း။ အကြောင်းသော်ကား ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမမွေးသောအမြုံဖြစ်နေပါသည်။ကျွန်တော်မျိုးမှာလည်း သက်ရွယ်ကြီးရင့် အိုမင်းခြင်း၏အထွတ်အထိပ်သို့ ရောက်ရှိနေပါပြီ။
🎧 နားထောင်

📜 အာယာသ် 6-10 — မာရ်ယမ်

6يَرِثُنِي وَيَرِثُ مِنْ آلِ يَعْقُوبَ ۖ وَاجْعَلْهُ رَبِّ رَضِيًّا
ထိုသားရတနာ၊ အမွေစား အမွေခံသည် ကျွန်တော်မျိုး၏အရိုက်အရာဆက်ခံသူလည်း ဖြစ်ပါစေ။ (နဗီတမန်တော်)ယအ်ကူဗ်၏သားမြေးတို့၏ အရိုက်အရာဆက်ခံသူလည်းဖြစ်ပါစေ။ ထိုမှတစ်ပါး အို- ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းအား (မိမိအထံတော်၌) နှစ်မြို့ဖွယ်ရာလည်း ဖြစ်ပါစေ။
7يَا زَكَرِيَّا إِنَّا نُبَشِّرُكَ بِغُلَامٍ اسْمُهُ يَحْيَىٰ لَمْ نَجْعَل لَّهُ مِن قَبْلُ سَمِيًّا
(ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူခဲ့၏)။ အို-ဇကရီယာ၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ယဟ်ယာမည်သော သားရတနာတစ်ပါးနှင့်ပတ်သက်၍သတင်းကောင်း ပေးတော်မူ၏။ ယခင်က ငါအရှင်မြတ်သည်ယင်းယဟ်ယာနှင့် နာမည်တူသူတစ်ဦးတစ်ယောက်ကို ရှိစေတော်မူခဲ့သည် မဟုတ်ချေ။
8قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَامٌ وَكَانَتِ امْرَأَتِي عَاقِرًا وَقَدْ بَلَغْتُ مِنَ الْكِبَرِ عِتِيًّا
(ထိုအခါ) ယင်းဇကရီယာက (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားရတနာသည်အသို့လျှင် ရှိနိုင်ပါအံ့နည်း။ အကြောင်းသော်ကား ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမမွေးသောအမြုံဖြစ်နေပါသည်။ကျွန်တော်မျိုးမှာလည်း သက်ရွယ်ကြီးရင့် အိုမင်းခြင်း၏အထွတ်အထိပ်သို့ ရောက်ရှိနေပါပြီ။
9قَالَ كَذَٰلِكَ قَالَ رَبُّكَ هُوَ عَلَيَّ هَيِّنٌ وَقَدْ خَلَقْتُكَ مِن قَبْلُ وَلَمْ تَكُ شَيْئًا
(ထိုရောကာလ) ထိုအရှင်မြတ်က (ကောင်းကင်တမန်မှတစ်ဆင့် ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (အို-ဇကရီယာ) ဤ အတိုင်းပင်ဖြစ်ပေမည်။ ဤသည် ငါအရှင်မြတ်အဖို့ အလွန်လွယ်ကူကြောင်း၊ ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယခင်ကလည်း အသင့်အား အသင် တစ်စုံတစ်ရာမရှိခဲ့စဉ်က ဖန်ဆင်းတော်မူခဲ့သည်။
10قَالَ رَبِّ اجْعَل لِّي آيَةً ۚ قَالَ آيَتُكَ أَلَّا تُكَلِّمَ النَّاسَ ثَلَاثَ لَيَالٍ سَوِيًّا
(ထိုအခါ) ယင်းဇကရီယာက အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ (သို့ဖြစ်ပါလျှင်) အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဇနီးမှာ သားရတနာကို ကိုယ်ဝန်ဆောင်လျက် ရှိနေကြောင်း သိနိုင်အံ့သောငှာ)သက်သေလက္ခဏာ တစ်ရပ်ရပ်ကို ကျွန်တော်မျိုးအား ပြုလုပ်သတ်မှတ်၍ ပေးတော်မူပါဟု လျှောက်ထား ပန်ကြားပြန်လေ၏။ အရှင်မြတ်က (အို-ဇကရီယာ) အသင်၏ နိမိတ်လက္ခဏာမှာ အသင်သည် ပကတိကျန်းမာစွာရှိပါလျက်နှင့် သုံးညတိတိ(တစ်ဆက်တည်း) လူတို့နှင့် စကားမပြော နိုင်ဘဲရှိမည်ဟူ၍မိန့်ကြားတော်မူခဲ့ပေသည်။
မာရ်ယမ်ကုရ်အာန် ညွှန်းကိန်း
98အာယာသ်
MeccanRevelation
8အာယာသ်

ဘာသာပြန် — မာရ်ယမ် 8

စူရာ မာရ်ယမ် အာယာသ် 8 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) ယင်းဇကရီယာက (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားရတနာသည်အသို့လျှင် ရှိနိုင်ပါအံ့နည်း။ အကြောင်းသော်ကား ကျွန်တော်မျိုး၏ဇနီးမှာလည်း…

စူရာ အာယာသ် 8/98 — မာရ်ယမ် مريم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: မာရ်ယမ် နားထောင်, မာရ်ယမ် ဘာသာပြန်, မာရ်ယမ် mp3, မာရ်ယမ် pdf. အာယာသ် 6–10. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers