İnşirah suresi çevirisi Birman
(အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင်၏ရင်ကို ဖွင့်ပေးတော်မူခဲ့သည် မဟုတ်လော။ |
၎င်းပြင် ငါအရှင်မြတ်သည် အသင်၏အပေါ်မှ အသင်၏ဝန်ထုပ်ကို ချပေးတော်မူခဲ့သည် (မဟုတ်လော)။ |
ထိုဝန်ထုပ်သည် အသင်၏ကျောကို ကိုင်းညွှတ်စေခဲ့၏။ (ချိုးထားခဲ့၏)။ |
ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်၏ဂုဏ်သတင်းကို ကျော်ကြားစေတော်မူခဲ့သည် (မဟုတ်လော)။ |
သို့ဖြစ်ပေရာ ဧကန်မလွဲ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် (ဒွန်တွဲလျက်ပင်) ရှိ၏။ |
ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဧကန်အမှန်(ဒွန်တွဲလျက်ပင်) ရှိ၏။ |
သို့ဖြစ်ပေရာ အသင်သည် အားလပ်သောအခါ(ဝတ်ပြုမှု၌) ကြိုးပမ်းအားထုတ်ပါလေ။ |
၎င်းပြင် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဖက်သို့ (တစ်စိတ်တစ်လက်တည်း အာရုံ) လှည့်ထားပါလေ။ |
Birman diğer sureler:
En ünlü okuyucuların sesiyle İnşirah Suresi indirin:
Surah Ash-Sharh mp3: yüksek kalitede dinlemek ve indirmek için okuyucuyu seçerek
Ahmed El Agamy
Saad Al Ghamdi
Saud Al Shuraim
Abdul Basit
Abdullah Basfar
Abdullah Al Juhani
Ali Al Hudhaifi
Fares Abbad
Maher Al Muaiqly
Muhammad Jibril
Al Minshawi
Al Hosary
Mishari Al-afasi
Nasser Al Qatami
Yasser Al Dosari
Bizim için dua et, teşekkürler