အက်ရှ်-ရှရ်ဟ် စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အက်ရှ်-ရှရ်ဟ် စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (8 အာယာသ် — مكية). အက်ရှ်-ရှရ်ဟ် နားထောင်, အက်ရှ်-ရှရ်ဟ် ဘာသာပြန်, အက်ရှ်-ရှရ်ဟ် mp3, အက်ရှ်-ရှရ်ဟ် pdf.

အက်ရှ်-ရှရ်ဟ် စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
أَلَمْ نَشْرَحْ لَكَ صَدْرَكَ ۝١
📖 ဘာသာပြန် အာယာသ် 1
(အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင်၏ရင်ကို ဖွင့်ပေးတော်မူခဲ့သည် မဟုတ်လော။
وَوَضَعْنَا عَنكَ وِزْرَكَ ۝٢
📖 ဘာသာပြန် အာယာသ် 2
၎င်းပြင် ငါအရှင်မြတ်သည် အသင်၏အပေါ်မှ အသင်၏ဝန်ထုပ်ကို ချပေးတော်မူခဲ့သည် (မဟုတ်လော)။
الَّذِي أَنقَضَ ظَهْرَكَ ۝٣
📖 ဘာသာပြန် အာယာသ် 3
ထိုဝန်ထုပ်သည် အသင်၏ကျောကို ကိုင်းညွှတ်စေခဲ့၏။ (ချိုးထားခဲ့၏)။
وَرَفَعْنَا لَكَ ذِكْرَكَ ۝٤
📖 ဘာသာပြန် အာယာသ် 4
ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်၏ဂုဏ်သတင်းကို ကျော်ကြားစေတော်မူခဲ့သည် (မဟုတ်လော)။
فَإِنَّ مَعَ الْعُسْرِ يُسْرًا ۝٥
📖 ဘာသာပြန် အာယာသ် 5
သို့ဖြစ်ပေရာ ဧကန်မလွဲ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် (ဒွန်တွဲလျက်ပင်) ရှိ၏။
إِنَّ مَعَ الْعُسْرِ يُسْرًا ۝٦
📖 ဘာသာပြန် အာယာသ် 6
ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဧကန်အမှန်(ဒွန်တွဲလျက်ပင်) ရှိ၏။
فَإِذَا فَرَغْتَ فَانصَبْ ۝٧
📖 ဘာသာပြန် အာယာသ် 7
သို့ဖြစ်ပေရာ အသင်သည် အားလပ်သောအခါ(ဝတ်ပြုမှု၌) ကြိုးပမ်းအားထုတ်ပါလေ။
وَإِلَىٰ رَبِّكَ فَارْغَب ۝٨
📖 ဘာသာပြန် အာယာသ် 8
၎င်းပြင် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဖက်သို့ (တစ်စိတ်တစ်လက်တည်း အာရုံ) လှည့်ထားပါလေ။
← 93 အက်ရှ်-ရှရ်ဟ် (94/114) 95 →
ဖတ်ရန် အက်ရှ်-ရှရ်ဟ် စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

94الشرح Ash-Sharh 📚 8 အာယာသ် مكية

အာယာသ် တစ်ခုချင်း – အက်ရှ်-ရှရ်ဟ် စူရာ — 8 အာယာသ်




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers