စူရာ အက်ရှ်-ရှရ်ဟ် pdf — ဒေါင်းလုဒ် (မြန်မာ)
စူရာ အက်ရှ်-ရှရ်ဟ် pdf မြန်မာ — ဒေါင်းလုဒ် စူရာ အက်ရှ်-ရှရ်ဟ် ဘာသာပြန်. စူရာ အက်ရှ်-ရှရ်ဟ် (Meccan) 8 အာယာသ်.
Related
- စူရာ အက်ရှ်-ရှရ်ဟ် ဘာသာပြန်မြန်မာ
- စူရာ အက်ရှ်-ရှရ်ဟ် mp3နားထောင်
- Quran Index မြန်မာ114
More စူရာ PDF
စူရာ အက်ရှ်-ရှရ်ဟ်

ﯝﯞﯟﯠﯡ
94:1
(အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင်၏ရင်ကို ဖွင့်ပေးတော်မူခဲ့သည် မဟုတ်လော။
ﯢﯣﯤﯥ
94:2
၎င်းပြင် ငါအရှင်မြတ်သည် အသင်၏အပေါ်မှ အသင်၏ဝန်ထုပ်ကို ချပေးတော်မူခဲ့သည် (မဟုတ်လော)။
ﭑﭒﭓﭔ
94:3
ထိုဝန်ထုပ်သည် အသင်၏ကျောကို ကိုင်းညွှတ်စေခဲ့၏။ (ချိုးထားခဲ့၏)။
ﭕﭖﭗﭘ
94:4
ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်၏ဂုဏ်သတင်းကို ကျော်ကြားစေတော်မူခဲ့သည် (မဟုတ်လော)။
ﭙﭚﭛﭜﭝ
94:5
သို့ဖြစ်ပေရာ ဧကန်မလွဲ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် (ဒွန်တွဲလျက်ပင်) ရှိ၏။
ﭞﭟﭠﭡﭢ
94:6
ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဧကန်အမှန်(ဒွန်တွဲလျက်ပင်) ရှိ၏။
ﭣﭤﭥﭦ
94:7
သို့ဖြစ်ပေရာ အသင်သည် အားလပ်သောအခါ(ဝတ်ပြုမှု၌) ကြိုးပမ်းအားထုတ်ပါလေ။
ﭧﭨﭩﭪ
94:8
၎င်းပြင် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဖက်သို့ (တစ်စိတ်တစ်လက်တည်း အာရုံ) လှည့်ထားပါလေ။
ကုရ်အာန်ကျမ်း
Wednesday, September 9, 2026
Don't forget us in your sincere prayers







