📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 453
စူရာ စာဒ်

စူရာ စာဒ်

38:1
صٓۚ وَٱلۡقُرۡءَانِ ذِي ٱلذِّكۡرِ ١
ဆွာဒ်"။ (ငါအရှင်မြတ်သည်) ကျော်စောကိတ္တိရှိသော အဆုံးအမနှင့်ပြည့်နှက်သော၊ မြင့်မြတ်သော ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေထူတော်မူ၏။
38:2
بَلِ ٱلَّذِينَ كَفَرُواْ فِي عِزَّةٍ وَشِقَاقٍ ٢
(ကာဖိရ်"သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၏ သွေဖည်ငြင်းပယ်မှုသည် မည်သည့်သက်သေ အထောက်အထားကိုမျှ အခြေခံပြုထားခြင်း) အလျှင်းမဟုတ်၊ စင်စစ်မှာကား (ထို)"ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့မှာ အယူသည်းမှု၌လည်းကောင်း၊ ဆန့်ကျင်ဖီလာပြုမှု၌လည်းကောင်း၊ ရှိနေကြကုန်၏။
38:3
كَمۡ أَهۡلَكۡنَا مِن قَبۡلِهِم مِّن قَرۡنٍ فَنَادَواْ وَّلَاتَ حِينَ مَنَاصٍ ٣
ငါအရှင်မြတ်သည် ၎င်းတို့အလျင် မြောက်မြားစွာသောလူမျိုးဆက်ကို ဖျက်ဆီးတော်မူခဲ့၏။ (ပျက်စီးသည့်အချိန်တွင်) ၎င်းတို့သည် ဟစ်အော်မြည်တမ်း ခဲ့ကြကုန်၏။သို့ရာတွင် အကျိုးမရှိပြီ၊ အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှာ လွတ်မြောက်ရန်အချိန် မဟုတ်တော့ပြီ။
38:4
وَعَجِبُوٓاْ أَن جَآءَهُم مُّنذِرٌ مِّنۡهُمۡۖ وَقَالَ ٱلۡكَٰفِرُونَ هَٰذَا سَٰحِرٌ كَذَّابٌ ٤
စင်စစ်မှာမူကား ၎င်းတို့သည် မိမိတို့အနက်မှပင် သတိပေး နှိုးဆော်သူတစ်ဦး ရောက်ရှိ၍လာခဲ့ခြင်းကို အံ့ဩခဲ့ကြကုန်၏။ ၎င်းပြင် "ကာဖိရ်"သွေဖည် ငြင်းပယ်သောသူတို့က ဤသည် လွန်စွာမုသားပြောဆိုသူ ပဉ္စလက်ဆရာတစ်ဦးပင်ဖြစ်သည်ဟု ဆိုခဲ့ကြကုန်၏။
38:5
أَجَعَلَ ٱلۡأٓلِهَةَ إِلَٰهًا وَٰحِدًاۖ إِنَّ هَٰذَا لَشَيۡءٌ عُجَابٌ ٥
ဤသူသည် များစွာသော ကိုးကွယ်ရာများနေရာတွင် ကိုးကွယ်ရာတစ်ဆူတည်းသာ ပြုလုပ်ချန်ထားလေသလော။ ဧကန်မလွဲ ဤသည် လွန်စွာအံ့ဖွယ်ရာ တစ်ခုပင်ဖြစ်၏။
38:6
وَٱنطَلَقَ ٱلۡمَلَأُ مِنۡهُمۡ أَنِ ٱمۡشُواْ وَٱصۡبِرُواْ عَلَىٰٓ ءَالِهَتِكُمۡۖ إِنَّ هَٰذَا لَشَيۡءٌ يُرَادُ ٦
ထို့ပြင် ၎င်းတို့အနက် အကြီးအကဲများက (ငယ်သားများအား ဤသို့)(ပြောဆို)ထွက်သွားခဲ့ကြ၏။ အသင်တို့သည် သွားကြလေကုန်။ (တစ်နည်း) သွားကြစို့။ ၎င်းပြင် အသင်တို့သည် မိမိတို့၏(မိရိုးဖလာ)ကိုးကွယ်ရာများကိုသာ ကြံ့ခိုင်စွာ(ကိုးကွယ်လျက်) ရှိနေကြကုန်။ ဧကန်အမှန် ဤသည်၌ ၎င်း၏ ရည်ရွယ်ချက်တစ်ခုခု အမှန်ပင်ရှိ၏။ (တစ်နည်း)ဧကန်အမှန် ဤသည်အမှန်ပင် ရည်ရွယ်ချက်တစ်ခုခု ရှိ၏။
38:7
مَا سَمِعۡنَا بِهَٰذَا فِي ٱلۡمِلَّةِ ٱلۡأٓخِرَةِ إِنۡ هَٰذَآ إِلَّا ٱخۡتِلَٰقٌ ٧
ကျွန်ုပ်တို့သည် လွန်လေခဲ့ပြီးဖြစ်သောသာသနာတွင် ဤမည်သောစကားမျိုးကို ကြားခဲ့ဘူးကြသည် မရှိပေ။ဤသည် လီဆယ်ဖန်တီးမှုမှအပ အခြားမဟုတ်ပြီ။
38:8
أَءُنزِلَ عَلَيۡهِ ٱلذِّكۡرُ مِنۢ بَيۡنِنَاۚ بَلۡ هُمۡ فِي شَكٍّ مِّن ذِكۡرِيۚ بَل لَّمَّا يَذُوقُواْ عَذَابِ ٨
ကျွန်ုပ်တို့အားလုံးတို့အနက်မှ ၎င်း၏အပေါ်၌သာလျှင် ဆုံးမဩဝါဒသည် ချပေးခြင်းခံရလေသလော။ စင်စစ်မှာကား ၎င်းတို့သည် ငါအရှင်မြတ်၏ ဆုံးမဩဝါဒ(တစ်နည်း) ငါအရှင်မြတ်၏"ဝဟ်ယ်" အမိန့်တော်ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိနေကြကုန်၏။ စင်စစ်မှာကား ၎င်းတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြည်းစမ်းခြင်း မပြုခဲ့ကြရသေးပေ။
38:9
أَمۡ عِندَهُمۡ خَزَآئِنُ رَحۡمَةِ رَبِّكَ ٱلۡعَزِيزِ ٱلۡوَهَّابِ ٩
၎င်းတို့ထံ၌ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ အလွန်တရာ ရက်ရောစွာပေးကမ်းတော်မူသော အရှင်မြတ်၏ကရုဏာတော်၏ ဘဏ္ဍာတော်များသည် ရှိလေသလော။
38:10
أَمۡ لَهُم مُّلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَاۖ فَلۡيَرۡتَقُواْ فِي ٱلۡأَسۡبَٰبِ ١٠
သို့တည်းမဟုတ် ထိုသူတို့၌ မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာမြေ နှစ်ခုလုံး၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှုအာဏာသည် ရှိလေသလော။ သို့ရှိခဲ့လျှင် ၎င်းတို့သည် ကြိုးများ၊ လှေကားများ တပ်ဆင်လျက်(မိုးကောင်းကင်သို့) တက်ကြရာကုန်၏။
38:11
جُندٌ مَّا هُنَالِكَ مَهۡزُومٌ مِّنَ ٱلۡأَحۡزَابِ ١١
(၎င်းတို့သည်)ထိုနေရာတွင်(မက္ကာမြို့တော်တွင်)အုပ်စုများအနက်မှ အုပ်စုကလေးတစ်ခုပင် ဖြစ်သည်။ မကြာမီ ရှုံးနိမ့်ရတော့မည်။
38:12
كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٍ وَعَادٌ وَفِرۡعَوۡنُ ذُو ٱلۡأَوۡتَادِ ١٢
၎င်းတို့အလျင်လည်း (နဗီတမန်တော်) "နူးဟ်"၏အမျိုးသားတို့သည်လည်းကောင်း၊ "အာဒ်"အမျိုးသားတို့သည်လည်းကောင်း၊ သံငုတ်များရှင်ဖြစ်သော "ဖစ်ရ်အောင်န်"သည်လည်းကောင်း၊ (နဗီတမန်တော်များအား) မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။
38:13
وَثَمُودُ وَقَوۡمُ لُوطٍ وَأَصۡحَٰبُ لۡـَٔيۡكَةِۚ أُوْلَٰٓئِكَ ٱلۡأَحۡزَابُ ١٣
ထိုနည်းတူစွာ "ဆမူဒ်" အမျိုးသားတို့သည်လည်းကောင်း၊ (နဗီတမန်တော် "လူတ်"၏အမျိုးသားတို့သည်လည်းကောင်း၊ "အိုက်ကဟ်" တောအုပ်၌ နေကြသောသူတို့သည်လည်းကောင်း (တမန်တော်များအား မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏)။ ထိုသူတို့ကား အုပ်စုကြီးများပင်။
38:14
إِن كُلٌّ إِلَّا كَذَّبَ ٱلرُّسُلَ فَحَقَّ عِقَابِ ١٤
(ယင်းအုပ်စုကြီးများအနက်) အသီးသီးတို့သည် ရစူလ်တမန်တော်တို့အား မုသာဝါဒီများဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ပြစ်ဒဏ်သည် (၎င်းတို့အပေါ်၌)သက်ရောက်ခဲ့လေ၏။
38:15
وَمَا يَنظُرُ هَٰٓؤُلَآءِ إِلَّا صَيۡحَةً وَٰحِدَةً مَّا لَهَا مِن فَوَاقٍ ١٥
စင်စစ်သော်ကား ဤသူတို့သည် စက္ကန့်ပိုင်းမျှပင် ဆိုင်းငံ့ခြင်းမရှိ(ဘဲ အဆက်မပြတ် ပေါ်ထွက်လာမည်ဖြစ်)သော ပြင်းထန်လှသည့် ဟစ်အော်သံ တစ်ခုကိုသာလျှင် စောင့်စား၍ နေကြကုန်၏။
38:16
وَقَالُواْ رَبَّنَا عَجِّل لَّنَا قِطَّنَا قَبۡلَ يَوۡمِ ٱلۡحِسَابِ ١٦
ထိုမှတစ်ပါး ၎င်းတို့သည် (တမန်တော်မြတ်အား ပြက်ရယ် ပြောင်လှောင်သောအားဖြင့်) အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် စစ်ဆေးမေးမြန်းမည့်နေ့မတိုင်မီပင် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့၏ ဝေစုဝေပုံကို အလျင်အမြန် ပေးတော်မူပါဟု လျှောက်ထားခဲ့ကြကုန်သတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Friday, August 28, 2026
Don't forget us in your sincere prayers







