📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 457
وَقَالُواْ مَا لَنَا لَا نَرَىٰ رِجَالًا كُنَّا نَعُدُّهُم مِّنَ ٱلۡأَشۡرَارِ ٦٢ أَتَّخَذۡنَٰهُمۡ سِخۡرِيًّا أَمۡ زَاغَتۡ عَنۡهُمُ ٱلۡأَبۡصَٰرُ ٦٣ إِنَّ ذَٰلِكَ لَحَقٌّ تَخَاصُمُ أَهۡلِ ٱلنَّارِ ٦٤ قُلۡ إِنَّمَآ أَنَا۠ مُنذِرٌۖ وَمَا مِنۡ إِلَٰهٍ إِلَّا ٱللَّهُ ٱلۡوَٰحِدُ ٱلۡقَهَّارُ ٦٥ رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا ٱلۡعَزِيزُ ٱلۡغَفَّٰرُ ٦٦ قُلۡ هُوَ نَبَؤٌاْ عَظِيمٌ ٦٧ أَنتُمۡ عَنۡهُ مُعۡرِضُونَ ٦٨ مَا كَانَ لِيَ مِنۡ عِلۡمِۭ بِٱلۡمَلَإِ ٱلۡأَعۡلَىٰٓ إِذۡ يَخۡتَصِمُونَ ٦٩ إِن يُوحَىٰٓ إِلَيَّ إِلَّآ أَنَّمَآ أَنَا۠ نَذِيرٌ مُّبِينٌ ٧٠ إِذۡ قَالَ رَبُّكَ لِلۡمَلَٰٓئِكَةِ إِنِّي خَٰلِقُۢ بَشَرًا مِّن طِينٍ ٧١ فَإِذَا سَوَّيۡتُهُۥ وَنَفَخۡتُ فِيهِ مِن رُّوحِي فَقَعُواْ لَهُۥ سَٰجِدِينَ ٧٢ فَسَجَدَ ٱلۡمَلَٰٓئِكَةُ كُلُّهُمۡ أَجۡمَعُونَ ٧٣ إِلَّآ إِبۡلِيسَ ٱسۡتَكۡبَرَ وَكَانَ مِنَ ٱلۡكَٰفِرِينَ ٧٤ قَالَ يَٰٓإِبۡلِيسُ مَا مَنَعَكَ أَن تَسۡجُدَ لِمَا خَلَقۡتُ بِيَدَيَّۖ أَسۡتَكۡبَرۡتَ أَمۡ كُنتَ مِنَ ٱلۡعَالِينَ ٧٥ قَالَ أَنَا۠ خَيۡرٌ مِّنۡهُ خَلَقۡتَنِي مِن نَّارٍ وَخَلَقۡتَهُۥ مِن طِينٍ ٧٦ قَالَ فَٱخۡرُجۡ مِنۡهَا فَإِنَّكَ رَجِيمٌ ٧٧ وَإِنَّ عَلَيۡكَ لَعۡنَتِيٓ إِلَىٰ يَوۡمِ ٱلدِّينِ ٧٨ قَالَ رَبِّ فَأَنظِرۡنِيٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ٧٩ قَالَ فَإِنَّكَ مِنَ ٱلۡمُنظَرِينَ ٨٠ إِلَىٰ يَوۡمِ ٱلۡوَقۡتِ ٱلۡمَعۡلُومِ ٨١ قَالَ فَبِعِزَّتِكَ لَأُغۡوِيَنَّهُمۡ أَجۡمَعِينَ ٨٢ إِلَّا عِبَادَكَ مِنۡهُمُ ٱلۡمُخۡلَصِينَ ٨٣
38:62
وَقَالُواْ مَا لَنَا لَا نَرَىٰ رِجَالًا كُنَّا نَعُدُّهُم مِّنَ ٱلۡأَشۡرَارِ ٦٢
ထိုမှတစ်ပါး ၎င်းတို့သည် (ဤသို့)ပြောဆို ကြပေမည်။ ဆိုးသွမ်းသောသူတို့တွင် အပါအဝင် ဖြစ်ကြသည်ဟု ကျွန်ုပ်တို့ ရေတွက်မှတ်ယူလျက် ရှိခဲ့ကြသော ပုဂ္ဂိုလ်များ (ဝါ)(မုစ်လင်မ်တို့အား ငရဲဘုံတွင်) မည်သည့်အတွက်ကြောင့် ကျွန်ုပ်တို့သည် မတွေ့မြင်ကြရသနည်း။
38:63
أَتَّخَذۡنَٰهُمۡ سِخۡرِيًّا أَمۡ زَاغَتۡ عَنۡهُمُ ٱلۡأَبۡصَٰرُ ٦٣
ကျွန်ုပ်တို့သည်ပင် ၎င်းတို့အား ပြက်ချော်ပြောင်လှောင်ဖွယ်ရာများ ပြုလုပ်မိခဲ့ကြလေသလော။ သို့တည်းမဟုတ်(ကျွန်ုပ်တို့၏)မျက်စိများပင် ၎င်းတို့ (အား မြင်နိုင်ခြင်း)မှ လွဲချော် တိမ်းမှောက်ကြလေသလော။
38:64
إِنَّ ذَٰلِكَ لَحَقٌّ تَخَاصُمُ أَهۡلِ ٱلنَّارِ ٦٤
ဧကန်မလွဲ ("ဂျဟန္နမ်"ငရဲဘုံ၌) ငရဲသားတို့အချင်းချင်း ထို(ကဲ့သို့) ပဋိပက္ခဖြစ်ခြင်းကား လုံးဝအမှန်ပင် ဖြစ်ချေသတည်း။
38:65
قُلۡ إِنَّمَآ أَنَا۠ مُنذِرٌۖ وَمَا مِنۡ إِلَٰهٍ إِلَّا ٱللَّهُ ٱلۡوَٰحِدُ ٱلۡقَهَّارُ ٦٥
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ငါသည် သတိပေးနှိုးဆော်သူတစ်ဦးသာလျှင် ဖြစ်၏။ ၎င်းပြင် တစ်ဆူတည်း ဖြစ်တော်မူသော လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ မရှိပေ။
38:66
رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا ٱلۡعَزِيزُ ٱلۡغَفَّٰرُ ٦٦
(ထိုအရှင်မြတ်သည်သာလျှင်)မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူ၏။
38:67
قُلۡ هُوَ نَبَؤٌاْ عَظِيمٌ ٦٧
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ("ကိယာမတ်"ရှင်ပြန်ထမည့် နေ့၏အကြောင်းသတင်း)သည် ကြီးကျယ်လှစွာသော အကြောင်းသတင်းပင်။
38:68
أَنتُمۡ عَنۡهُ مُعۡرِضُونَ ٦٨
အသင်တို့သည် ယင်းအကြောင်းသတင်းကို လျစ်လျူရှုနေသူများပင် ဖြစ်ကြကုန်၏။
38:69
مَا كَانَ لِيَ مِنۡ عِلۡمِۭ بِٱلۡمَلَإِ ٱلۡأَعۡلَىٰٓ إِذۡ يَخۡتَصِمُونَ ٦٩
ငါသည် အထက်ကောင်းကင်ရှိ ပရိသတ်နှင့်၏ပတ်သက်၍၊ ၎င်းတို့အချင်းချင်း ပြောဆိုအငြင်းပွားလျက်ရှိကြစဉ် မည်သည်ကိုမျှ မသိခဲ့ပေ။
38:70
إِن يُوحَىٰٓ إِلَيَّ إِلَّآ أَنَّمَآ أَنَا۠ نَذِيرٌ مُّبِينٌ ٧٠
ငါ့ထံသို့ ငါသည် ထင်ရှားစွာ သတိပေးနှိုးဆော်သူတစ်ဦး ဖြစ်ခြင်းကြောင့်သာလျှင် "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်ခြင်းခံရပေသတည်း။
38:71
إِذۡ قَالَ رَبُّكَ لِلۡمَلَٰٓئِكَةِ إِنِّي خَٰلِقُۢ بَشَرًا مِّن طِينٍ ٧١
(ပြန်လည်အောက်မေ့ သတိရပါလေ)။ တစ်ရံရောအခါဝယ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား မိန့်ကြားတော်မူခဲ့၏။ ဧကန်စင်စစ် ငါအရှင်မြတ်သည် လူသားတစ်ဦးအား ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူမည်။
38:72
فَإِذَا سَوَّيۡتُهُۥ وَنَفَخۡتُ فِيهِ مِن رُّوحِي فَقَعُواْ لَهُۥ سَٰجِدِينَ ٧٢
ထို့နောက် ငါအရှင်မြတ်သည် ထိုလူသားအား နေထားကျနစုံလင်စွာ ပြုလုပ်တော်မူပြီးလျှင် ၎င်း(၏ခန္ဓာကိုယ်) အတွင်းဝယ် မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူခဲ့သောအခါ အသင်တို့သည် ၎င်း၏ရှေ့ဝယ် ‘စဂျ်ဒဟ်’ပျပ်ဝပ်ဦးချကြလေကုန်။
38:73
فَسَجَدَ ٱلۡمَلَٰٓئِكَةُ كُلُّهُمۡ أَجۡمَعُونَ ٧٣
ဆိုခဲ့ပြီးအတိုင်း "မလာအိကဟ်" ကောင်းကင်တမန်အပေါင်းတို့သည် အားလုံးပင် "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချကြကုန်၏။
38:74
إِلَّآ إِبۡلِيسَ ٱسۡتَكۡبَرَ وَكَانَ مِنَ ٱلۡكَٰفِرِينَ ٧٤
သို့ရာတွင် "ဗ်လီစ်" မှာမူကား မောက်မာပလွှား၍ "ကာဖိရ်" သွေဖည်ငြင်းပယ်သူတို့တွင် အပါအဝင်ဖြစ်သွားခဲ့လေ၏။
38:75
قَالَ يَٰٓإِبۡلِيسُ مَا مَنَعَكَ أَن تَسۡجُدَ لِمَا خَلَقۡتُ بِيَدَيَّۖ أَسۡتَكۡبَرۡتَ أَمۡ كُنتَ مِنَ ٱلۡعَالِينَ ٧٥
(ထိုအခါ) ထိုအရှင်မြတ်သည် "အို-ဗ်လီစ်"၊ငါအရှင် မိမိလက်တော်နှစ်ဖက်ဖြင့် ပြုလုပ်တော်မူခဲ့သောသူ၏ရှေ့ဝယ် "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချခြင်းမှ အသင့်အား မည့်သည့်အရာက တားမြစ်ခဲ့သနည်း။ အသင်သည် မာန်မာနထောင်လွှားလေသလော။ သို့တည်းမဟုတ် အသင်သည် (အကယ်စင်စစ်) မြင့်မြတ် သောသူတစ်ဦး ဖြစ်လေသလော" ဟု မိန့်ကြားတော်မူခဲ့၏။
38:76
قَالَ أَنَا۠ خَيۡرٌ مِّنۡهُ خَلَقۡتَنِي مِن نَّارٍ وَخَلَقۡتَهُۥ مِن طِينٍ ٧٦
ထို"ဗ်လီစ်"က (အို-အရှင်မြတ်၊)ကျွန်တော်မျိုးသည် ထိုလူသားထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား မီးဖြင့် ဖန်ဆင်းတော်မူ၍ ထိုလူသားကိုမူကား ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူခဲ့ပါသည်"ဟု လျှောက်ထားခဲ့လေသည်။
38:77
قَالَ فَٱخۡرُجۡ مِنۡهَا فَإِنَّكَ رَجِيمٌ ٧٧
ထိုအရှင်မြတ်က မိန့်ကြားတော်မူခဲ့၏။ သို့ဖြစ်လျှင်(အို-"ဗ်လီစ်"၊)အသင်သည် ဤကောင်းကင်ဘုံမှ ထွက်၍သွားလော့၊ အကြောင်းမူကား အသင်သည် နှင်ထုတ်ခြင်း- ကရုဏာတော်မှ ကင်းဝေးစေခြင်းခံရသူ ဖြစ်သောကြောင့်ပင်။
38:78
وَإِنَّ عَلَيۡكَ لَعۡنَتِيٓ إِلَىٰ يَوۡمِ ٱلدِّينِ ٧٨
ထိုမှတစ်ပါး ဧကန်မလွဲ အသင့်အပေါ်၌ ငါအရှင်မြတ်၏ စက်ဆုပ်မှုသည် အစားပေးမည့်နေ့တိုင်အောင်ပင် ရှိနေပေမည်။
38:79
قَالَ رَبِّ فَأَنظِرۡنِيٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ٧٩
ထို "ဗ်လီစ်" က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သို့ဖြစ်ပါလျှင် အရှင်မြတ်သည် ကျွန်တော်မျိုးအား (လူသတ္တဝါအပေါင်း) ရှင်ပြန်ထစေခြင်းခံကြရမည့်နေ့တိုင်အောင်(သေခြင်းမှ- ပြစ်ဒဏ်စီရင်တော်မူခြင်းမှ) ရွှေ့ဆိုင်း၍ ထားတော်မူပါ"ဟု လျှောက်ထားခဲ့လေ၏။
38:80
قَالَ فَإِنَّكَ مِنَ ٱلۡمُنظَرِينَ ٨٠
ထိုအရှင်မြတ်သည် မိန့်ကြားတော်မူခဲ့၏။ သို့ဆိုလျှင် ဧကန်မလွဲ အသင်သည် ရွှေ့ဆိုင်းထားခြင်းခံရသူ တစ်ဦးပင်ဖြစ်၏။
38:81
إِلَىٰ يَوۡمِ ٱلۡوَقۡتِ ٱلۡمَعۡلُومِ ٨١
သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလ(ဆိုက်ရောက်အံ့သော) နေ့တိုင်အောင်။
38:82
قَالَ فَبِعِزَّتِكَ لَأُغۡوِيَنَّهُمۡ أَجۡمَعِينَ ٨٢
(ထိုအခါ)ထို"ဗ်လီစ်"က လျှောက်ထားခဲ့လေ၏။ သို့ဖြစ်ပါလျှင် (ကျွန်တော်မျိုးသည်) အရှင်မြတ်၏ တန်ခိုးအာနုဘော်ကို တိုင်တည်(၍လျှောက်ထား)အပ်ပါသည်။ မုချမလွဲ ကျွန်တော်မျိုးသည် ထိုလူသားအားလုံးကိုပင် လွဲချော် မှောက်မှားအောင် ပြုလုပ်မည်ဖြစ်ပါသည်။
38:83
إِلَّا عِبَادَكَ مِنۡهُمُ ٱلۡمُخۡلَصِينَ ٨٣
သို့ရာတွင် ၎င်းတို့အနက် ရွေးချယ်ပြီးဖြစ်သော အရှင်မြတ်၏ ကျွန်များကိုမူကား (ကျွန်တော်မျိုးသည် လွဲချော် မှောက်မှားစေနိုင်မည်မဟုတ်ပါ)။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Saturday, August 29, 2026
Don't forget us in your sincere prayers







