စာဒ် · 76/88
ဘာသာပြန် အသံနိုင်ငံ — စာဒ်
قَالَ أَنَا خَيْرٌ مِّنْهُ ۖ خَلَقْتَنِي مِن نَّارٍ وَخَلَقْتَهُ مِن طِينٍ ۝٧٦
Qaala ana khairum minah; khalaqtanee min naarinw wa khalaqtahoo min teen
📖 မြန်မာဘာသာ
ထို"ဗ်လီစ်"က (အို-အရှင်မြတ်၊)ကျွန်တော်မျိုးသည် ထိုလူသားထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား မီးဖြင့် ဖန်ဆင်းတော်မူ၍ ထိုလူသားကိုမူကား ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူခဲ့ပါသည်"ဟု လျှောက်ထားခဲ့လေသည်။
🎧 နားထောင်

📜 အာယာသ် 74-78 — စာဒ်

74إِلَّا إِبْلِيسَ اسْتَكْبَرَ وَكَانَ مِنَ الْكَافِرِينَ
သို့ရာတွင် "ဗ်လီစ်" မှာမူကား မောက်မာပလွှား၍ "ကာဖိရ်" သွေဖည်ငြင်းပယ်သူတို့တွင် အပါအဝင်ဖြစ်သွားခဲ့လေ၏။
75قَالَ يَا إِبْلِيسُ مَا مَنَعَكَ أَن تَسْجُدَ لِمَا خَلَقْتُ بِيَدَيَّ ۖ أَسْتَكْبَرْتَ أَمْ كُنتَ مِنَ الْعَالِينَ
(ထိုအခါ) ထိုအရှင်မြတ်သည် "အို-ဗ်လီစ်"၊ငါအရှင် မိမိလက်တော်နှစ်ဖက်ဖြင့် ပြုလုပ်တော်မူခဲ့သောသူ၏ရှေ့ဝယ် "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချခြင်းမှ အသင့်အား မည့်သည့်အရာက တားမြစ်ခဲ့သနည်း။ အသင်သည် မာန်မာနထောင်လွှားလေသလော။ သို့တည်းမဟုတ် အသင်သည် (အကယ်စင်စစ်) မြင့်မြတ် သောသူတစ်ဦး ဖြစ်လေသလော" ဟု မိန့်ကြားတော်မူခဲ့၏။
76قَالَ أَنَا خَيْرٌ مِّنْهُ ۖ خَلَقْتَنِي مِن نَّارٍ وَخَلَقْتَهُ مِن طِينٍ
ထို"ဗ်လီစ်"က (အို-အရှင်မြတ်၊)ကျွန်တော်မျိုးသည် ထိုလူသားထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား မီးဖြင့် ဖန်ဆင်းတော်မူ၍ ထိုလူသားကိုမူကား ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူခဲ့ပါသည်"ဟု လျှောက်ထားခဲ့လေသည်။
77قَالَ فَاخْرُجْ مِنْهَا فَإِنَّكَ رَجِيمٌ
ထိုအရှင်မြတ်က မိန့်ကြားတော်မူခဲ့၏။ သို့ဖြစ်လျှင်(အို-"ဗ်လီစ်"၊)အသင်သည် ဤကောင်းကင်ဘုံမှ ထွက်၍သွားလော့၊ အကြောင်းမူကား အသင်သည် နှင်ထုတ်ခြင်း- ကရုဏာတော်မှ ကင်းဝေးစေခြင်းခံရသူ ဖြစ်သောကြောင့်ပင်။
78وَإِنَّ عَلَيْكَ لَعْنَتِي إِلَىٰ يَوْمِ الدِّينِ
ထိုမှတစ်ပါး ဧကန်မလွဲ အသင့်အပေါ်၌ ငါအရှင်မြတ်၏ စက်ဆုပ်မှုသည် အစားပေးမည့်နေ့တိုင်အောင်ပင် ရှိနေပေမည်။
စာဒ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
76အာယာသ်

ဘာသာပြန် — စာဒ် 76

စူရာ စာဒ် အာယာသ် 76 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို"ဗ်လီစ်"က (အို-အရှင်မြတ်၊)ကျွန်တော်မျိုးသည် ထိုလူသားထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား မီးဖြင့် ဖန်ဆင်းတော်မူ၍ ထိုလူသားကိုမူကား ရွှံ့မြေဖြင့်…

စူရာ အာယာသ် 76/88 — စာဒ် ص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စာဒ် နားထောင်, စာဒ် ဘာသာပြန်, စာဒ် mp3, စာဒ် pdf. အာယာသ် 74–78. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers