📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 566
خَٰشِعَةً أَبۡصَٰرُهُمۡ تَرۡهَقُهُمۡ ذِلَّةٌۖ وَقَدۡ كَانُواْ يُدۡعَوۡنَ إِلَى ٱلسُّجُودِ وَهُمۡ سَٰلِمُونَ  ۝٤٣ فَذَرۡنِي وَمَن يُكَذِّبُ بِهَٰذَا ٱلۡحَدِيثِۖ سَنَسۡتَدۡرِجُهُم مِّنۡ حَيۡثُ لَا يَعۡلَمُونَ  ۝٤٤ وَأُمۡلِي لَهُمۡۚ إِنَّ كَيۡدِي مَتِينٌ  ۝٤٥ أَمۡ تَسۡـَٔلُهُمۡ أَجۡرًا فَهُم مِّن مَّغۡرَمٍ مُّثۡقَلُونَ  ۝٤٦ أَمۡ عِندَهُمُ ٱلۡغَيۡبُ فَهُمۡ يَكۡتُبُونَ  ۝٤٧ فَٱصۡبِرۡ لِحُكۡمِ رَبِّكَ وَلَا تَكُن كَصَاحِبِ ٱلۡحُوتِ إِذۡ نَادَىٰ وَهُوَ مَكۡظُومٌ  ۝٤٨ لَّوۡلَآ أَن تَدَٰرَكَهُۥ نِعۡمَةٌ مِّن رَّبِّهِۦ لَنُبِذَ بِٱلۡعَرَآءِ وَهُوَ مَذۡمُومٌ  ۝٤٩ فَٱجۡتَبَٰهُ رَبُّهُۥ فَجَعَلَهُۥ مِنَ ٱلصَّٰلِحِينَ  ۝٥٠ وَإِن يَكَادُ ٱلَّذِينَ كَفَرُواْ لَيُزۡلِقُونَكَ بِأَبۡصَٰرِهِمۡ لَمَّا سَمِعُواْ ٱلذِّكۡرَ وَيَقُولُونَ إِنَّهُۥ لَمَجۡنُونٌ  ۝٥١ وَمَا هُوَ إِلَّا ذِكۡرٌ لِّلۡعَٰلَمِينَ  ۝٥٢
စူရာ အလ်-ဟာက်ကာ
bismillah
ٱلۡحَآقَّةُ  ۝١ مَا ٱلۡحَآقَّةُ  ۝٢ وَمَآ أَدۡرَىٰكَ مَا ٱلۡحَآقَّةُ  ۝٣ كَذَّبَتۡ ثَمُودُ وَعَادُۢ بِٱلۡقَارِعَةِ  ۝٤ فَأَمَّا ثَمُودُ فَأُهۡلِكُواْ بِٱلطَّاغِيَةِ  ۝٥ وَأَمَّا عَادٌ فَأُهۡلِكُواْ بِرِيحٍ صَرۡصَرٍ عَاتِيَةٍ  ۝٦ سَخَّرَهَا عَلَيۡهِمۡ سَبۡعَ لَيَالٍ وَثَمَٰنِيَةَ أَيَّامٍ حُسُومًاۖ فَتَرَى ٱلۡقَوۡمَ فِيهَا صَرۡعَىٰ كَأَنَّهُمۡ أَعۡجَازُ نَخۡلٍ خَاوِيَةٍ  ۝٧ فَهَلۡ تَرَىٰ لَهُم مِّنۢ بَاقِيَةٍ  ۝٨
68:43
خَٰشِعَةً أَبۡصَٰرُهُمۡ تَرۡهَقُهُمۡ ذِلَّةٌۖ وَقَدۡ كَانُواْ يُدۡعَوۡنَ إِلَى ٱلسُّجُودِ وَهُمۡ سَٰلِمُونَ  ۝٤٣
ထိုသူတို့၏မျက်စိများသည် အောက်သို့ စိုက်လျက်ရှိပေသည်၊ ဂုဏ်ရည်သိမ်ဖျင်းမှုက ထိုသူတို့အား ဖုံးလွှမ်းလျက်ရှိပေမည်။ စင်စစ်သော်ကား ၎င်းတို့သည် ပကတိကျန်းမာစွာ ရှိနေကြစဉ်အခါ၌ "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချရန် ဖိတ်ခေါ်ခြင်းကို ခံခဲ့ကြရကုန်၏။
68:44
فَذَرۡنِي وَمَن يُكَذِّبُ بِهَٰذَا ٱلۡحَدِيثِۖ سَنَسۡتَدۡرِجُهُم مِّنۡ حَيۡثُ لَا يَعۡلَمُونَ  ۝٤٤
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ဤသည့်အာယတ်တော်ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်သူတို့အား ငါအရှင်မြတ်နှင့်ပင် လွှတ်ထားပါလေ။ အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့မသိကြသော-နည်းဖြင့်၊ နေရာမှ၊ တဖြည်းဖြည်း ဆွဲချတော်မူမည်။
68:45
وَأُمۡلِي لَهُمۡۚ إِنَّ كَيۡدِي مَتِينٌ  ۝٤٥
သို့ရာတွင် ငါအရှင်မြတ်သည် ၎င်းတို့အား ရွှေ့ဆိုင်းခွင့်ပေးတော်မူ၏၊ ဧကန်မလွဲ ငါအရှင်မြတ်၏ အကြံအစည်သည် လွန်စွာခိုင်မြဲလှ၏။
68:46
أَمۡ تَسۡـَٔلُهُمۡ أَجۡرًا فَهُم مِّن مَّغۡرَمٍ مُّثۡقَلُونَ  ۝٤٦
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့ထံ အကျိုးကျေးဇူး တစ်စုံတစ်ရာကို တောင်းဆိုသဖြင့် ၎င်းတို့သည် ဒဏ်ငွေဆောင်မှုကြောင့် ဖိစီးခြင်းခံနေ ကြရလေသလော။
68:47
أَمۡ عِندَهُمُ ٱلۡغَيۡبُ فَهُمۡ يَكۡتُبُونَ  ۝٤٧
သို့တည်းမဟုတ် ၎င်းတို့ထံတွင် အကွယ်၌ ရှိသည်တို့ကို (သိစွမ်းနိုင်သော အသိပညာ)ရှိနေသဖြင့် ၎င်းတို့သည် ရေးမှတ်ယူကြလေသလော။
68:48
فَٱصۡبِرۡ لِحُكۡمِ رَبِّكَ وَلَا تَكُن كَصَاحِبِ ٱلۡحُوتِ إِذۡ نَادَىٰ وَهُوَ مَكۡظُومٌ  ۝٤٨
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိအရှင်မြတ်၏ စီရင်ပြဋ္ဌာန်းချက်ကို စောင့်စားသောအားဖြင့် သည်းခံ၍နေပါလေ။ ၎င်းပြင် အသင်သည် ငါးရှင်ကဲ့သို့ မဖြစ်ပါလေနှင့်။ တရံရောအခါဝယ် ထိုငါးရှင်သည် ဒုက္ခကို ကျိတ်မှိတ်ခံစားလျက်ရှိနေစဉ် မိမိအရှင်မြတ်အား ဟစ်ခေါ်(တမ်းတ)ခဲ့လေ၏။
68:49
لَّوۡلَآ أَن تَدَٰرَكَهُۥ نِعۡمَةٌ مِّن رَّبِّهِۦ لَنُبِذَ بِٱلۡعَرَآءِ وَهُوَ مَذۡمُومٌ  ۝٤٩
အကယ်၍သာလျှင် ထိုငါးရှင်အား ၎င်း၏အရှင်မြတ်ထံတော်မှ ကျေးဇူးတော်သည် သက်ရောက်ခဲ့သည်မရှိမူ အမှန်ပင် ထိုငါးရှင်မှာ အခြေမလှဖြစ်လျက် သစ်ပင်၊ ဝါးပင်၊ အိုးအိမ်စသည် (လုံးဝ)မရှိသော လွင်ပြင်ဝယ် ပစ်ထားခြင်းကိုခံခဲ့ရမည်သာ။
68:50
فَٱجۡتَبَٰهُ رَبُّهُۥ فَجَعَلَهُۥ مِنَ ٱلصَّٰلِحِينَ  ۝٥٠
သို့တစေလည်း ထိုငါးရှင်အား ၎င်း၏အရှင်မြတ်သည် ရွေးချယ်မြှောက်စားတော်မူပြီးလျှင် သူတော်ကောင်းတို့တွင် ပါဝင်စေတော်မူခဲ့၏။
68:51
وَإِن يَكَادُ ٱلَّذِينَ كَفَرُواْ لَيُزۡلِقُونَكَ بِأَبۡصَٰرِهِمۡ لَمَّا سَمِعُواْ ٱلذِّكۡرَ وَيَقُولُونَ إِنَّهُۥ لَمَجۡنُونٌ  ۝٥١
စင်စစ်သော်ကား ဧကန်မလွဲ ‘ကာဖိရ်’သွေဖည်ငြင်းပယ်သူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားထောင်ကြသောအခါ ၎င်းတို့၏ မျက်စိများဖြင့် အသင့်အား ချွတ်ချော်စေအံ့ဆဲဆဲ ဖြစ်ကြလေ၏။ ထိုမှတစ်ပါး ၎င်းတို့က ဧကန်အမှန် ဤသူသည် ရူးသွပ်နေသည်ဟု ပြောဆိုကုန်၏။
68:52
وَمَا هُوَ إِلَّا ذِكۡرٌ لِّلۡعَٰلَمِينَ  ۝٥٢
စင်စစ် ယင်း ကုရ်အာန်ကျမ်းတော်မြတ်မှာ စကြဝဠာခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒမှတစ်ပါး အခြားမဟုတ်ပြီတကား။
စူရာ အလ်-ဟာက်ကာ
bismillah
69:1
ٱلۡحَآقَّةُ  ۝١
အကယ်စင်စစ် ဖြစ်အံ့သောအရာ။
69:2
مَا ٱلۡحَآقَّةُ  ۝٢
ယင်း အကယ်စင်စစ် ဖြစ်အံ့သောအရာကား မည်သည့်အရာနည်း။
69:3
وَمَآ أَدۡرَىٰكَ مَا ٱلۡحَآقَّةُ  ۝٣
စင်စစ် ယင်း အကယ်စင်စစ် ဖြစ်အံ့သော အရာသည် မည်သည့်အရာဖြစ်ကြောင်း အသင်သိပါသလော။
69:4
كَذَّبَتۡ ثَمُودُ وَعَادُۢ بِٱلۡقَارِعَةِ  ۝٤
ဆမူဒ်"လူမျိုးတို့သည်လည်းကောင်း၊ "အာဒ်"လူမျိုးတို့သည်လည်းကောင်း၊ ဆိုက်ရောက်အံ့သော ဘေးကြီး(ဝါ) "ကိယာမတ်"ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။
69:5
فَأَمَّا ثَمُودُ فَأُهۡلِكُواْ بِٱلطَّاغِيَةِ  ۝٥
သို့ဖြစ်ပေရာ "ဆမူဒ်"လူမျိုးတို့ကား အတိုင်းထက်အလွန် ပြင်းထန်လှစွာသော အသံဖြင့် သေကြေ ပျက်စီးစေခြင်းကို ခံခဲ့ကြကုန်၏။
69:6
وَأَمَّا عَادٌ فَأُهۡلِكُواْ بِرِيحٍ صَرۡصَرٍ عَاتِيَةٍ  ۝٦
၎င်းပြင် "အာဒ်"လူမျိုးတို့မှာမူ ကြမ်းတမ်းလှစွာသော သောင်းကျန်းသော လေပြင်းမုန်တိုင်းဖြင့် ဖျက်ဆီးခြင်းကို ခံခဲ့ကြရကုန်၏။
69:7
سَخَّرَهَا عَلَيۡهِمۡ سَبۡعَ لَيَالٍ وَثَمَٰنِيَةَ أَيَّامٍ حُسُومًاۖ فَتَرَى ٱلۡقَوۡمَ فِيهَا صَرۡعَىٰ كَأَنَّهُمۡ أَعۡجَازُ نَخۡلٍ خَاوِيَةٍ  ۝٧
ထိုအရှင်မြတ်သည် ယင်းလေပြင်းမုန်တိုင်းကို ခုနစ်ညနှင့်ရှစ်ရက်တိုင်တိုင် တစ်ဆက်တည်း ၎င်းတို့ အပေါ်ဝယ် တာဝန်ပေးခန့်အပ်တော်မူခဲ့၏။ သို့ဖြစ်ပေရာ အသင်သည် ယင်းလူမျိုးတို့အား ပြိုလဲနေသော၊ သစ်ခေါင်းပွဖြစ်သော၊ စွန်ပလွံပင်များပမာ ယင်းလေပြင်းမုန်တိုင်းအောက်တွင် လဲ၍နေကြသည်ကို တွေ့မြင်ရပေမည်။
69:8
فَهَلۡ تَرَىٰ لَهُم مِّنۢ بَاقِيَةٍ  ۝٨
သို့ဖြစ်ရာ အသင်သည် ၎င်းတို့အနက်(သေကြေပျက်စီးခြင်းမရှိဘဲ) ကြွင်းကျန်လျက်ရှိသူ တစ်ဦးတစ်ယောက်အား တွေ့မြင်ရလေသလော။


📚Juz 29 📄566 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Monday, August 31, 2026

Don't forget us in your sincere prayers