📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 565
سَنَسِمُهُۥ عَلَى ٱلۡخُرۡطُومِ  ۝١٦ إِنَّا بَلَوۡنَٰهُمۡ كَمَا بَلَوۡنَآ أَصۡحَٰبَ ٱلۡجَنَّةِ إِذۡ أَقۡسَمُواْ لَيَصۡرِمُنَّهَا مُصۡبِحِينَ  ۝١٧ وَلَا يَسۡتَثۡنُونَ  ۝١٨ فَطَافَ عَلَيۡهَا طَآئِفٌ مِّن رَّبِّكَ وَهُمۡ نَآئِمُونَ  ۝١٩ فَأَصۡبَحَتۡ كَٱلصَّرِيمِ  ۝٢٠ فَتَنَادَوۡاْ مُصۡبِحِينَ  ۝٢١ أَنِ ٱغۡدُواْ عَلَىٰ حَرۡثِكُمۡ إِن كُنتُمۡ صَٰرِمِينَ  ۝٢٢ فَٱنطَلَقُواْ وَهُمۡ يَتَخَٰفَتُونَ  ۝٢٣ أَن لَّا يَدۡخُلَنَّهَا ٱلۡيَوۡمَ عَلَيۡكُم مِّسۡكِينٌ  ۝٢٤ وَغَدَوۡاْ عَلَىٰ حَرۡدٍ قَٰدِرِينَ  ۝٢٥ فَلَمَّا رَأَوۡهَا قَالُوٓاْ إِنَّا لَضَآلُّونَ  ۝٢٦ بَلۡ نَحۡنُ مَحۡرُومُونَ  ۝٢٧ قَالَ أَوۡسَطُهُمۡ أَلَمۡ أَقُل لَّكُمۡ لَوۡلَا تُسَبِّحُونَ  ۝٢٨ قَالُواْ سُبۡحَٰنَ رَبِّنَآ إِنَّا كُنَّا ظَٰلِمِينَ  ۝٢٩ فَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٍ يَتَلَٰوَمُونَ  ۝٣٠ قَالُواْ يَٰوَيۡلَنَآ إِنَّا كُنَّا طَٰغِينَ  ۝٣١ عَسَىٰ رَبُّنَآ أَن يُبۡدِلَنَا خَيۡرًا مِّنۡهَآ إِنَّآ إِلَىٰ رَبِّنَا رَٰغِبُونَ  ۝٣٢ كَذَٰلِكَ ٱلۡعَذَابُۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَكۡبَرُۚ لَوۡ كَانُواْ يَعۡلَمُونَ  ۝٣٣ إِنَّ لِلۡمُتَّقِينَ عِندَ رَبِّهِمۡ جَنَّٰتِ ٱلنَّعِيمِ  ۝٣٤ أَفَنَجۡعَلُ ٱلۡمُسۡلِمِينَ كَٱلۡمُجۡرِمِينَ  ۝٣٥ مَا لَكُمۡ كَيۡفَ تَحۡكُمُونَ  ۝٣٦ أَمۡ لَكُمۡ كِتَٰبٌ فِيهِ تَدۡرُسُونَ  ۝٣٧ إِنَّ لَكُمۡ فِيهِ لَمَا تَخَيَّرُونَ  ۝٣٨ أَمۡ لَكُمۡ أَيۡمَٰنٌ عَلَيۡنَا بَٰلِغَةٌ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ إِنَّ لَكُمۡ لَمَا تَحۡكُمُونَ  ۝٣٩ سَلۡهُمۡ أَيُّهُم بِذَٰلِكَ زَعِيمٌ  ۝٤٠ أَمۡ لَهُمۡ شُرَكَآءُ فَلۡيَأۡتُواْ بِشُرَكَآئِهِمۡ إِن كَانُواْ صَٰدِقِينَ  ۝٤١ يَوۡمَ يُكۡشَفُ عَن سَاقٍ وَيُدۡعَوۡنَ إِلَى ٱلسُّجُودِ فَلَا يَسۡتَطِيعُونَ  ۝٤٢
68:16
سَنَسِمُهُۥ عَلَى ٱلۡخُرۡطُومِ  ۝١٦
မကြာမြင့်မီပင် ငါအရှင်မြတ်သည် ၎င်း၏ နှာခေါင်းပေါ်ဝယ် တံဆိပ် ခတ်နှိပ်တော်မူအံ့သတည်း။
68:17
إِنَّا بَلَوۡنَٰهُمۡ كَمَا بَلَوۡنَآ أَصۡحَٰبَ ٱلۡجَنَّةِ إِذۡ أَقۡسَمُواْ لَيَصۡرِمُنَّهَا مُصۡبِحِينَ  ۝١٧
ဧကန်စင်စစ် ငါအရှင်မြတ်သည် ဥယျာဉ်ရှင်များအား စမ်းသပ်တော်မူဘိသကဲ့သို့ပင်၊ ၎င်းတို့အား စမ်းသပ်တော်မူခဲ့၏။ တစ်ရံရောအခါဝယ် ထိုဥယျာဉ်ရှင်တို့က မလွဲဧကန် ၎င်းတို့သည် နံနက်စောစောသွားကြလျက် ယင်းဥယျာဉ်၏အသီးများကို ဆွတ်ခူးကြမည်ဟု ကျိန်ဆိုခဲ့ကြကုန်၏။
68:18
وَلَا يَسۡتَثۡنُونَ  ۝١٨
သို့ရာတွင် ၎င်းတို့သည် (ယင်းသို့ကျိန်ဆိုရာ၌)"အင်န်ရှာအလ္လာဟ်" "အလ္လာဟ်အရှင်မြတ်အလိုတော် ရှိတော်မူပါလျှင်" ဟူ၍ ခြွင်းချက်ထားရှိခြင်း မပြုခဲ့ကြပေ။
68:19
فَطَافَ عَلَيۡهَا طَآئِفٌ مِّن رَّبِّكَ وَهُمۡ نَآئِمُونَ  ۝١٩
သို့ဖြစ်ပေရာ၊ ၎င်းတို့ အိပ်ပျော်နေကြစဉ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ လှည့်ပတ်သောအရာ (ဝါ) မီးဘေးသည် ယင်းဥယျာဉ်ပေါ်ဝယ် လှည့်ပတ်ခဲ့လေ၏။
68:20
فَأَصۡبَحَتۡ كَٱلصَّرِيمِ  ۝٢٠
သို့ဖြစ်ပေရာ နံနက်အချိန်တွင် ယင်းဥယျာဉ်မှာ ဆွတ်ခူး ရိတ်ဖြတ်ပြီးသကဲ့သို့ပင် ဖြစ်သွားခဲ့လေ၏။
68:21
فَتَنَادَوۡاْ مُصۡبِحِينَ  ۝٢١
ထိုနောက် ၎င်းတို့သည် နံနက်စောစော ထကြလျက် တစ်ဦးက တစ်ဦးအား ဟစ်ခေါ်ခဲ့ကြ၏။
68:22
أَنِ ٱغۡدُواْ عَلَىٰ حَرۡثِكُمۡ إِن كُنتُمۡ صَٰرِمِينَ  ۝٢٢
အသင်တို့သည် အကယ်၍ အသီးများကို ဆွတ်ခူးလိုကြပါက မိမိတို့၏ လယ်ယာဥယျာဉ်သို့ စောစောသွားကြလေကုန်
68:23
فَٱنطَلَقُواْ وَهُمۡ يَتَخَٰفَتُونَ  ۝٢٣
ထို့နောက် ၎င်းတို့သည် မိမိတို့အချင်းချင်း တီးတိုးစကားပြောဆိုလျက် ထွက်ခွာသွားခဲ့ကြ၏။
68:24
أَن لَّا يَدۡخُلَنَّهَا ٱلۡيَوۡمَ عَلَيۡكُم مِّسۡكِينٌ  ۝٢٤
အသင်တို့ထံ ယင်းဥယျာဉ်တွင် ယနေ့ သူဆင်းရဲ တစ်ဦးတစ်ယောက်မျှပင် ဝင်ရောက်ခြင်း မရှိရဟူ၍၊
68:25
وَغَدَوۡاْ عَلَىٰ حَرۡدٍ قَٰدِرِينَ  ۝٢٥
ထို့ပြင် ၎င်းတို့သည် (မိမိတို့ကိုယ်ကိုမိမိတို့) မပေးဘဲ နေနိုင်စွမ်းရှိကြမည်ဟု ထင်မှတ်လျက် စောစော သွားရောက်ခဲ့ကြလေ၏။
68:26
فَلَمَّا رَأَوۡهَا قَالُوٓاْ إِنَّا لَضَآلُّونَ  ۝٢٦
သို့ရာတွင် ၎င်းတို့သည် ယင်းဥယျာဉ်ကို မြင်တွေ့ကြလေသောအခါ (ဤသို့)ပြောဆိုကြလေ၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် လမ်းမှားခဲ့ကြလေပြီ။
68:27
بَلۡ نَحۡنُ مَحۡرُومُونَ  ۝٢٧
ထိုသို့ အလျင်းမဟုတ်၊ စင်စစ်မှာကား ကျွန်ုပ်တို့သည် အကြောင်းမလှသူများ၊ လက်မဲ့ဖြစ်စေခြင်း ခံကြရသူများ၊ ဖြစ်ကြရလေပြီ။
68:28
قَالَ أَوۡسَطُهُمۡ أَلَمۡ أَقُل لَّكُمۡ لَوۡلَا تُسَبِّحُونَ  ۝٢٨
၎င်းတို့အနက် အလယ်အလတ်၊ အကောင်းဆုံး၊ဖြစ်သူက "ကျွန်ုပ် အသင်တို့အား (စောစောကပင် သတိပေးစကား) ပြောကြားခဲ့သည်မဟုတ်လော။ (သို့ဖြစ်ပေရာ ယခု)အသင်တို့သည် မည်သည့်အတွက်ကြောင့် (အလ္လာဟ်အရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုခြင်းမပြုကြပါသနည်း" ဟု ပြောဆိုခဲ့လေ၏။
68:29
قَالُواْ سُبۡحَٰنَ رَبِّنَآ إِنَّا كُنَّا ظَٰلِمِينَ  ۝٢٩
(ထိုအခါ) ၎င်းတို့က ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် စင်ကြယ် သန့်ရှင်းတော်မူပါ၏။ ဧကန်မလွဲ ကျွန်တော်မျိုးတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြပါသည်ဟု မြွက်ဆိုခဲ့ကြကုန်၏။
68:30
فَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٍ يَتَلَٰوَمُونَ  ۝٣٠
ထို့နောက် ၎င်းတို့သည် မိမိတို့အချင်းချင်း တစ်ဦးကတစ်ဦးအား ပြစ်တင်ကဲ့ရဲ့ ရှုတ်ချလျက် တစ်ဦးဘက်သို့တစ်ဦး လှည့်ခဲ့လေ၏။
68:31
قَالُواْ يَٰوَيۡلَنَآ إِنَّا كُنَّا طَٰغِينَ  ۝٣١
(ထို့နောက်) ၎င်းတို့(အားလုံးသည်) (ဤသို့)ပြောဆိုခဲ့ကြကုန်၏။ ဪ-ကျွန်ုပ်တို့ ဖြစ်ရလေခြင်း၊ ဧကန်အမှန် ကျွန်ုပ်တို့သည်ပင် ဆိုးသွမ်းသူများ ဖြစ်ခဲ့ကြကုန်၏။
68:32
عَسَىٰ رَبُّنَآ أَن يُبۡدِلَنَا خَيۡرًا مِّنۡهَآ إِنَّآ إِلَىٰ رَبِّنَا رَٰغِبُونَ  ۝٣٢
ကျွန်ုပ်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ကျွန်ုပ်တို့အား ယင်းဥယျာဉ်ထက် ကောင်းမြတ်သော ဥယျာဉ်ကို လဲလှယ်အစားပေးတော်မူတန်ရာ၏။စင်စစ်ဧကန် ကျွန်ုပ်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ ပြန်လှည့်သူများ ဖြစ်ကြကုန်၏။
68:33
كَذَٰلِكَ ٱلۡعَذَابُۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَكۡبَرُۚ لَوۡ كَانُواْ يَعۡلَمُونَ  ۝٣٣
ပြစ်ဒဏ်မှာ ထိုနည်းအတိုင်း ဖြစ်လေ့ဖြစ်ထရှိ၏။ "အာခိရတ်"တမလွန်ဘဝ၏ပြစ်ဒဏ်မှာမူကား ပိုမို၍ပင် ကြီးလေးလှ၏။ (ဤသည်ကို) ၎င်းတို့ သိရှိကြလျှင် ကောင်းလေစွတကား။
68:34
إِنَّ لِلۡمُتَّقِينَ عِندَ رَبِّهِمۡ جَنَّٰتِ ٱلنَّعِيمِ  ۝٣٤
ဧကန်အမှန် "မွတ္တကီ"သူတော်စင်တို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အထံတော်တွင် စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသော ဥယျာဉ်များ ရှိကြလေ၏။
68:35
أَفَنَجۡعَلُ ٱلۡمُسۡلِمِينَ كَٱلۡمُجۡرِمِينَ  ۝٣٥
သို့ဖြစ်ပေရာ အရှင်မြတ်သည် မွတ်စ်လင်မ်၊ အမိန့်နာခံသောသူတို့အား အမိန့်ကိုဖီဆန်သော သူတို့ကဲ့သို့ ပြုလုပ်တော်မူရပါမည်လော။
68:36
مَا لَكُمۡ كَيۡفَ تَحۡكُمُونَ  ۝٣٦
အသင်တို့၌ မည်သို့သော အကြောင်းရှိသနည်း၊ အသင်တို့သည် မည်သို့ စီရင်ဆုံးဖြတ်ကြသနည်း။
68:37
أَمۡ لَكُمۡ كِتَٰبٌ فِيهِ تَدۡرُسُونَ  ۝٣٧
အသင်တို့၌ ကျမ်းဂန်အစောင်စောင်ရှိနေ၍ အသင်တို့သည် ယင်းကျမ်းဂန်၌ ဖတ်ရှုသင်ကြား ကြလေသလော၊
68:38
إِنَّ لَكُمۡ فِيهِ لَمَا تَخَيَّرُونَ  ۝٣٨
ယင်းကျမ်းဂန်၌ အသင်တို့ နှစ်သက်ကြသောအရာ လာရှိသလော၊
68:39
أَمۡ لَكُمۡ أَيۡمَٰنٌ عَلَيۡنَا بَٰلِغَةٌ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ إِنَّ لَكُمۡ لَمَا تَحۡكُمُونَ  ۝٣٩
သို့တည်းမဟုတ် အသင်တို့အဖို့ ငါအရှင်မြတ်အပေါ်၌ "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ တိုင်အောင် တည်ရှိအံ့သော ဧကန်စင်စစ် အသင်တို့အဖို့ အသင်တို့ စီရင်ဆုံးဖြတ်သည့်အတိုင်း ဖြစ်ရမည်ဟူ၍ လေးနက်ခိုင်မာစွာ ကျိန်ဆို၍ ပြုလုပ်ထားသော ကတိ သစ္စာခံဝန်ချက်များ ရှိလေသလော။
68:40
سَلۡهُمۡ أَيُّهُم بِذَٰلِكَ زَعِيمٌ  ۝٤٠
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ၎င်းတို့အနက် ယင်းသည့် ဝန်ခံချက်နှင့်စပ်လျဉ်း၍ တာဝန်ယူ အာမခံသောသူသည် မည်သူနည်းဟု မေးမြန်းပါလေ။
68:41
أَمۡ لَهُمۡ شُرَكَآءُ فَلۡيَأۡتُواْ بِشُرَكَآئِهِمۡ إِن كَانُواْ صَٰدِقِينَ  ۝٤١
သို့တည်းမဟုတ် ၎င်းတို့ထံတွင် (၎င်းတို့ ဖန်တီးထားသော) တွဲဖက် နှိုင်းယှဉ်ဖက်များ ရှိကြလေသလော၊ သို့ရှိလျှင် ၎င်းတို့သည် သစ္စာဝါဒီများ ဖြစ်ကြပါမူ ထိုတွဲဖက် နှိုင်းယှဉ်ဖက်တို့အား ခေါ်ဆောင်လာကြရာသတည်း။
68:42
يَوۡمَ يُكۡشَفُ عَن سَاقٍ وَيُدۡعَوۡنَ إِلَى ٱلسُّجُودِ فَلَا يَسۡتَطِيعُونَ  ۝٤٢
အကြင်နေ့ကို (ပြန်လည် သတိပြုကြလေကုန်၊)ထိုနေ့တွင် ခြေသလုံးဖွင့်လှစ်ခြင်းခံရပေမည်။ ထို့ပြင် ၎င်းတို့သည် ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦးချရန် ဆင့်ခေါ်ခြင်းကို ခံကြရပေမည်။ သို့တစေလည်း ၎င်းတို့မှာမူကား (စဂျ်ဒဟ်) ပြုစွမ်းနိုင်ကြမည် မဟုတ်ပြီ။


📚Juz 29 📄565 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Monday, August 31, 2026

Don't forget us in your sincere prayers