PDF —
6 အာယာသ် Meccan PDF
Built right in your browser — download starts automatically

စူရာ အလ်-ကာဖီရူ pdf — ဒေါင်းလုဒ် (မြန်မာ)

စူရာ အလ်-ကာဖီရူ pdf မြန်မာ — ဒေါင်းလုဒ် စူရာ အလ်-ကာဖီရူ ဘာသာပြန်. စူရာ အလ်-ကာဖီရူ (Meccan) 6 အာယာသ်.

← အလ်-ကောင်စာစူရာ အလ်-ကာဖီရူ အန်-နဆ်ရ် →


6 အာယာသ် · Meccan · မြန်မာ
bismillah
ﭑﭒﭓﭔ
109:1 (အို-နဗီတမန်တော်) အသင်သည် (ဤသို့)ပြောကြားပါလေ၊ အို-"ကာဖိရ်" ငြင်းပယ်သူအပေါင်းတို့။
ﭕﭖﭗﭘﭙ
109:2 ငါသည် အသင်တို့ ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်သည် မဟုတ်ပေ။
ﭚﭛﭜﭝﭞﭟ
109:3 ၎င်းပြင် အသင်တို့သည်လည်း ငါ ကိုးကွယ်လျက်ရှိသော ကိုးကွယ်ရာကို ကိုးကွယ်ဆည်းကပ်ကြသူများ မဟုတ်ပေ။
ﭠﭡﭢﭣﭤﭥ
109:4 ထို့ပြင် ငါသည် အသင်တို့ ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ်ဆည်းကပ်မည့်သူ မဟုတ်ပေ။
ﭦﭧﭨﭩﭪﭫ
109:5 ထိုနည်းတူစွာ အသင်တို့သည်လည်း ငါ ကိုးကွယ်သော ကိုးကွယ်ရာကို ကိုးကွယ်ဆည်းကပ်ကြမည့်သူများ မဟုတ်ပေ။
ﭬﭭﭮﭯﭰ
109:6 (စင်စစ်မှာကား) အသင်တို့အဖို့ အသင်တို့၏အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ငါ၏အဖို့ ငါ၏ အကျိုး၊ လမ်းစဉ်၊ သာသနာပင်ဖြစ်ပေသည်။

ကုရ်အာန်ကျမ်း


Wednesday, September 9, 2026

Don't forget us in your sincere prayers