📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 498
إِنَّ يَوۡمَ ٱلۡفَصۡلِ مِيقَٰتُهُمۡ أَجۡمَعِينَ  ۝٤٠ يَوۡمَ لَا يُغۡنِي مَوۡلًى عَن مَّوۡلًى شَيۡـًٔا وَلَا هُمۡ يُنصَرُونَ  ۝٤١ إِلَّا مَن رَّحِمَ ٱللَّهُۚ إِنَّهُۥ هُوَ ٱلۡعَزِيزُ ٱلرَّحِيمُ  ۝٤٢ إِنَّ شَجَرَتَ ٱلزَّقُّومِ  ۝٤٣ طَعَامُ ٱلۡأَثِيمِ  ۝٤٤ كَٱلۡمُهۡلِ يَغۡلِي فِي ٱلۡبُطُونِ  ۝٤٥ كَغَلۡيِ ٱلۡحَمِيمِ  ۝٤٦ خُذُوهُ فَٱعۡتِلُوهُ إِلَىٰ سَوَآءِ ٱلۡجَحِيمِ  ۝٤٧ ثُمَّ صُبُّواْ فَوۡقَ رَأۡسِهِۦ مِنۡ عَذَابِ ٱلۡحَمِيمِ  ۝٤٨ ذُقۡ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡكَرِيمُ  ۝٤٩ إِنَّ هَٰذَا مَا كُنتُم بِهِۦ تَمۡتَرُونَ  ۝٥٠ إِنَّ ٱلۡمُتَّقِينَ فِي مَقَامٍ أَمِينٍ  ۝٥١ فِي جَنَّٰتٍ وَعُيُونٍ  ۝٥٢ يَلۡبَسُونَ مِن سُندُسٍ وَإِسۡتَبۡرَقٍ مُّتَقَٰبِلِينَ  ۝٥٣ كَذَٰلِكَ وَزَوَّجۡنَٰهُم بِحُورٍ عِينٍ  ۝٥٤ يَدۡعُونَ فِيهَا بِكُلِّ فَٰكِهَةٍ ءَامِنِينَ  ۝٥٥ لَا يَذُوقُونَ فِيهَا ٱلۡمَوۡتَ إِلَّا ٱلۡمَوۡتَةَ ٱلۡأُولَىٰۖ وَوَقَىٰهُمۡ عَذَابَ ٱلۡجَحِيمِ  ۝٥٦ فَضۡلًا مِّن رَّبِّكَۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ  ۝٥٧ فَإِنَّمَا يَسَّرۡنَٰهُ بِلِسَانِكَ لَعَلَّهُمۡ يَتَذَكَّرُونَ  ۝٥٨ فَٱرۡتَقِبۡ إِنَّهُم مُّرۡتَقِبُونَ  ۝٥٩
44:40
إِنَّ يَوۡمَ ٱلۡفَصۡلِ مِيقَٰتُهُمۡ أَجۡمَعِينَ  ۝٤٠
ဧကန်အမှန် စီရင်ဆုံးဖြတ်မည့် နေ့သည် ၎င်းတို့အားလုံးအဖို့ သတ်မှတ်ပြီးဖြစ်သော အချိန်ကာလပင် ဖြစ်၏။
44:41
يَوۡمَ لَا يُغۡنِي مَوۡلًى عَن مَّوۡلًى شَيۡـًٔا وَلَا هُمۡ يُنصَرُونَ  ۝٤١
ထိုနေ့တွင် မည်သည့်ပတ်သက်သော သူတစ်ဦးတစ်ယောက်မျှပင်၊ မည်သည့်ပတ်သက်သော သူတစ်ဦးတစ်ယောက်အဖို့မျှ လုံးဝ အသုံးဝင်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကူညီစောင်မခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
44:42
إِلَّا مَن رَّحِمَ ٱللَّهُۚ إِنَّهُۥ هُوَ ٱلۡعَزِيزُ ٱلرَّحِيمُ  ۝٤٢
သို့ရာတွင် အလ္လာဟ်အရှင်မြတ် ကရုဏာပြုတော်မူသောသူမှာမူကား (ကြားဝင်အသနားခံပေးခြင်းကို ခံရပေမည်)။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
44:43
إِنَّ شَجَرَتَ ٱلزَّقُّومِ  ۝٤٣
ဧကန်မလွဲ "ဇက္ကူမ်" ရှားစောင်းကြီးပင်မှာ။
44:44
طَعَامُ ٱلۡأَثِيمِ  ۝٤٤
လွန်စွာ ပြစ်မှုကျူးလွန်သူ၏ အစားအစာဖြစ်၏။
44:45
كَٱلۡمُهۡلِ يَغۡلِي فِي ٱلۡبُطُونِ  ۝٤٥
ဆီအနည်ကဲ့သို့၊ ကြေးနီ၊ ကြေးဝါ၊ကြောင်းငွေ စသော အရည်ကျိုထားသော တွင်းထွက်သတ္တုကဲ့သို့၊ ဝမ်းဗိုက်များတွင် ကျိုက်ကျိုက်ဆူလျက် ရှိပေမည်။
44:46
كَغَلۡيِ ٱلۡحَمِيمِ  ۝٤٦
ရေနွေးပူ ပွက်ပွက်ဆူသကဲ့သို့ပင်။
44:47
خُذُوهُ فَٱعۡتِلُوهُ إِلَىٰ سَوَآءِ ٱلۡجَحِيمِ  ۝٤٧
သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းအား ဖမ်းဆီးပြီးလျှင် "ဂျဟန္နမ်" ငရဲဘုံ ဗဟိုအလယ်သို့ တရွတ်တိုက် ဆွဲချကြလေကုန်။
44:48
ثُمَّ صُبُّواْ فَوۡقَ رَأۡسِهِۦ مِنۡ عَذَابِ ٱلۡحَمِيمِ  ۝٤٨
ထို့နောက် အသင်တို့သည် ၎င်း၏ဦးခေါင်း ထက်ဝယ် ပွက်ပွက်ဆူနေသော ရေနွေးပူ၏ပြစ်ဒဏ်ကို သွန်းလောင်းကြလေကုန်။
44:49
ذُقۡ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡكَرِيمُ  ۝٤٩
(ထိုအခါ ၎င်းမှာ ဤသို့ပြောဆိုခြင်းကို ခံရပေမည်။) အသင်သည်(ဤပြစ်ဒဏ်၏ အရသာကို) မြည်းစမ်းလေ၊ မလွဲဧကန် အသင်သည် အလွန်မြင့်မြတ်သူ၊ ဂုဏ်မြင့်သူဖြစ်ပေသည်။
44:50
إِنَّ هَٰذَا مَا كُنتُم بِهِۦ تَمۡتَرُونَ  ۝٥٠
ဧကန်မလွဲ ဤသည်ကား အသင်တို့ ယုံမှားသံသယဖြစ်လျက် ရှိခဲ့ကြသောအရာပင် ဖြစ်ချေသတည်း။
44:51
إِنَّ ٱلۡمُتَّقِينَ فِي مَقَامٍ أَمِينٍ  ۝٥١
ဧကန်အမှန် "မွတ္တကီ" သူတော်စင်တို့မှာ ငြိမ်းချမ်းသာယာသော နေရာဌာနတွင် ရှိကြပေမည်။
44:52
فِي جَنَّٰتٍ وَعُيُونٍ  ۝٥٢
ဥယျာဉ်များ၌လည်းကောင်း၊ စမ်းချောင်းများ၌လည်းကောင်း။
44:53
يَلۡبَسُونَ مِن سُندُسٍ وَإِسۡتَبۡرَقٍ مُّتَقَٰبِلِينَ  ۝٥٣
၎င်းတို့သည် ပိုးထည်အပါးစားကိုလည်းကောင်း၊ ပိုးထည်အထူစားကိုလည်းကောင်း၊ ဝတ်ဆင်၍ မျက်နှာချင်းဆိုင်ထိုင်လျက် ရှိကြပေမည်။
44:54
كَذَٰلِكَ وَزَوَّجۡنَٰهُم بِحُورٍ عِينٍ  ۝٥٤
(ဤဖြစ်ရပ်မှာ) ဤအတိုင်းဖြစ်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား ဖြူ၍လှပတင့်တယ်သော၊ မျက်စိပြူး၍လှပသော၊ မိန်းမများနှင့် ထိမ်းမြား၍ ပေးတော်မူပေမည်။
44:55
يَدۡعُونَ فِيهَا بِكُلِّ فَٰكِهَةٍ ءَامِنِينَ  ۝٥٥
၎င်းတို့သည် ယင်းဥယျာဉ်များ၌ အလုံးစုံသော သစ်သီးဝလံတို့ကို အေးချမ်းစွာ မှာယူကြပေမည်။
44:56
لَا يَذُوقُونَ فِيهَا ٱلۡمَوۡتَ إِلَّا ٱلۡمَوۡتَةَ ٱلۡأُولَىٰۖ وَوَقَىٰهُمۡ عَذَابَ ٱلۡجَحِيمِ  ۝٥٦
၎င်းတို့သည် ပထမအကြိမ် သေဆုံးခဲ့ကြသည် မှတစ်ပါး ယင်းဥယျာဉ်များတွင် "မရဏ" သေခြင်းတရား၏ရသာကို မြည်းစမ်းကြရမည် မဟုတ်ပြီ၊ ထိုမှတစ်ပါး ၎င်းတို့အား ထိုအရှင်မြတ်သည် "ဂျဟန္နမ်" ငရဲဘုံ၏ ပြစ်ဒဏ်မှ(လည်း)လွတ်ကင်းစေတော် မူပေမည်။
44:57
فَضۡلًا مِّن رَّبِّكَۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ  ۝٥٧
(ဤသည်တို့ကား) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် ဖြစ်ပေမည်။ ဤသည်ပင်လျှင် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။
44:58
فَإِنَّمَا يَسَّرۡنَٰهُ بِلِسَانِكَ لَعَلَّهُمۡ يَتَذَكَّرُونَ  ۝٥٨
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်ကို ၎င်းတို့ တရားရယူကြအံ့သောငှာ အသင်၏ဘာသာစကားဖြင့်ပင် လွယ်ကူစေတော်မူခဲ့၏။
44:59
فَٱرۡتَقِبۡ إِنَّهُم مُّرۡتَقِبُونَ  ۝٥٩
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်လည်း စောင့်စား၍နေပါလေ။ ၎င်းတို့သည်လည်း စောင့်စား၍နေကြသူများပင် ဖြစ်ကြကုန်သတည်း။


📚Juz 25 📄498 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Sunday, August 30, 2026

Don't forget us in your sincere prayers