📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 529
خُشَّعًا أَبۡصَٰرُهُمۡ يَخۡرُجُونَ مِنَ ٱلۡأَجۡدَاثِ كَأَنَّهُمۡ جَرَادٌ مُّنتَشِرٌ ٧ مُّهۡطِعِينَ إِلَى ٱلدَّاعِۖ يَقُولُ ٱلۡكَٰفِرُونَ هَٰذَا يَوۡمٌ عَسِرٌ ٨ ۞ كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٍ فَكَذَّبُواْ عَبۡدَنَا وَقَالُواْ مَجۡنُونٌ وَٱزۡدُجِرَ ٩ فَدَعَا رَبَّهُۥٓ أَنِّي مَغۡلُوبٌ فَٱنتَصِرۡ ١٠ فَفَتَحۡنَآ أَبۡوَٰبَ ٱلسَّمَآءِ بِمَآءٍ مُّنۡهَمِرٍ ١١ وَفَجَّرۡنَا ٱلۡأَرۡضَ عُيُونًا فَٱلۡتَقَى ٱلۡمَآءُ عَلَىٰٓ أَمۡرٍ قَدۡ قُدِرَ ١٢ وَحَمَلۡنَٰهُ عَلَىٰ ذَاتِ أَلۡوَٰحٍ وَدُسُرٍ ١٣ تَجۡرِي بِأَعۡيُنِنَا جَزَآءً لِّمَن كَانَ كُفِرَ ١٤ وَلَقَد تَّرَكۡنَٰهَآ ءَايَةً فَهَلۡ مِن مُّدَّكِرٍ ١٥ فَكَيۡفَ كَانَ عَذَابِي وَنُذُرِ ١٦ وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٍ ١٧ كَذَّبَتۡ عَادٌ فَكَيۡفَ كَانَ عَذَابِي وَنُذُرِ ١٨ إِنَّآ أَرۡسَلۡنَا عَلَيۡهِمۡ رِيحًا صَرۡصَرًا فِي يَوۡمِ نَحۡسٍ مُّسۡتَمِرٍّ ١٩ تَنزِعُ ٱلنَّاسَ كَأَنَّهُمۡ أَعۡجَازُ نَخۡلٍ مُّنقَعِرٍ ٢٠ فَكَيۡفَ كَانَ عَذَابِي وَنُذُرِ ٢١ وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٍ ٢٢ كَذَّبَتۡ ثَمُودُ بِٱلنُّذُرِ ٢٣ فَقَالُوٓاْ أَبَشَرًا مِّنَّا وَٰحِدًا نَّتَّبِعُهُۥٓ إِنَّآ إِذًا لَّفِي ضَلَٰلٍ وَسُعُرٍ ٢٤ أَءُلۡقِيَ ٱلذِّكۡرُ عَلَيۡهِ مِنۢ بَيۡنِنَا بَلۡ هُوَ كَذَّابٌ أَشِرٌ ٢٥ سَيَعۡلَمُونَ غَدًا مَّنِ ٱلۡكَذَّابُ ٱلۡأَشِرُ ٢٦ إِنَّا مُرۡسِلُواْ ٱلنَّاقَةِ فِتۡنَةً لَّهُمۡ فَٱرۡتَقِبۡهُمۡ وَٱصۡطَبِرۡ ٢٧
54:7
خُشَّعًا أَبۡصَٰرُهُمۡ يَخۡرُجُونَ مِنَ ٱلۡأَجۡدَاثِ كَأَنَّهُمۡ جَرَادٌ مُّنتَشِرٌ ٧
(ထိုနေ့တွင်) ၎င်းတို့၏မျက်စိများမှာ အောက်သို့စိုက်လျက် ရှိကြပေမည်။ ၎င်းတို့သည် ပျံ့နှံ့လျက် ရှိသောကျိုင်းကောင်များကဲ့သို့ပင် သင်္ချိုင်းများမှ ထွက်လာကြပေမည်။
54:8
مُّهۡطِعِينَ إِلَى ٱلدَّاعِۖ يَقُولُ ٱلۡكَٰفِرُونَ هَٰذَا يَوۡمٌ عَسِرٌ ٨
ဆင့်ခေါ်သူ(ရှိရာ)သို့ ပြေးလျက်လာကြပေမည်။’ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့မှာ ‘ဤနေ့ကား လွန်စွာခက်ထန်သောနေ့ဖြစ်သည်’ ဟု ပြောဆိုလျက် ရှိကြကုန်အံ့သတည်း။
54:9
۞ كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٍ فَكَذَّبُواْ عَبۡدَنَا وَقَالُواْ مَجۡنُونٌ وَٱزۡدُجِرَ ٩
၎င်းတို့အလျင်`နူဟ်`၏ အမျိုးသားတို့သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ အမှန်သော်ကား ၎င်းတို့သည် ငါအရှင်မြတ်၏ `ကျွန်တော်` (နူဟ်)အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အပြင် `သူရူး`ဖြစ်သည်ဟူ၍လည်း ပြောဆိုခဲ့ကြလေသည်။ ထိုမှတစ်ပါး ထို`နူဟ်`သည် ခြိမ်းခြောက်မှုကိုလည်း ခံခဲ့ရလေ၏။
54:10
فَدَعَا رَبَّهُۥٓ أَنِّي مَغۡلُوبٌ فَٱنتَصِرۡ ١٠
ထိုအခါ ထို`နူဟ်`သည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ (အို-အရှင်)ဧကန်စင်စစ် ကျွန်တော်မျိုးသည် အရေးမလှသူ (ဖိနှိပ် ခြင်းခံရသူ) ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် လက်စားချေတော်မူပါဟု ပန်ကြားခဲ့လေ၏။
54:11
فَفَتَحۡنَآ أَبۡوَٰبَ ٱلسَّمَآءِ بِمَآءٍ مُّنۡهَمِرٍ ١١
ထိုအခါ ငါအရှင်မြတ်သည် မိုးကောင်းကင်၏ တံခါးများကိုဖွင့်၍ မိုးသည်းထန်စွာ ရွာသွန်းစေတော်မူ၏။
54:12
وَفَجَّرۡنَا ٱلۡأَرۡضَ عُيُونًا فَٱلۡتَقَى ٱلۡمَآءُ عَلَىٰٓ أَمۡرٍ قَدۡ قُدِرَ ١٢
၎င်းပြင် ငါအရှင်မြတ်သည် ပထဝီမြေမှ စမ်းများကို ပန်း၍ထွက်စေတော်မူခဲ့ရာ (ထက်အောက်) ရေသည် တင်ရင်စီမံထားသော အရေးကိစ္စ (ပြည့်ဝစေရန်) ရောစပ်၍ သွားခဲ့လေ၏။
54:13
وَحَمَلۡنَٰهُ عَلَىٰ ذَاتِ أَلۡوَٰحٍ وَدُسُرٍ ١٣
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို ‘နူဟ်’ အားပျဉ်ချပ်များဖြင့်လည်းကောင်း၊ သံများဖြင့်လည်းကောင်း၊ ပြုလုပ်၍ထားသော (သင်္ဘော)ပေါ်သို့ စီးနင်းစေတော်မူခဲ့၏။
54:14
تَجۡرِي بِأَعۡيُنِنَا جَزَآءً لِّمَن كَانَ كُفِرَ ١٤
ယင်းသင်္ဘောမှာ ငါအရှင်မြတ်၏ စောင့်ရှောက်မှုအောက်တွင် သွားလာ လှုပ်ရှားလျက် ရှိနေခဲ့၏။ (ထိုသည်ကား) ငြင်းပယ်ခြင်း ခံခဲ့ရသောသူ(နူဟ်)နှင့် ပတ်သက်၍ လက်စားချေတော်မူခြင်းပင် ဖြစ်ပေသည်။
54:15
وَلَقَد تَّرَكۡنَٰهَآ ءَايَةً فَهَلۡ مِن مُّدَّكِرٍ ١٥
ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းအဖြစ်အပျက်ကို (သင်ခန်းစာ ရယူနိုင်ရန်) သက်သေ လက္ခဏာတစ်ပါးအဖြစ် ကျန်ရစ်စေတော်မူခဲ့ရာ၊ သင်ခန်းစာရယူအံ့သောသူ တစ်ဦးတစ်ယောက် ရှိလေသလော။
54:16
فَكَيۡفَ كَانَ عَذَابِي وَنُذُرِ ١٦
သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည်လည်းကောင်း၊ ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှု များသည်လည်းကောင်း၊ မည်သို့မည်ပုံ ရှိခဲ့သည်ကို (ဆင်ခြင်သုံးသပ်ကြလေကုန်)။
54:17
وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٍ ١٧
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ်တရားရယူ နိုင်ရန်အလို့ငှာ လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူ တစ်ဦးတစ်ယောက် ရှိသည်လော။
54:18
كَذَّبَتۡ عَادٌ فَكَيۡفَ كَانَ عَذَابِي وَنُذُرِ ١٨
‘အာဒ်’ အမျိုးသားတို့သည်လည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိပေး နှိုးဆော်မှုများသည် မည်သို့ရှိခဲ့ပေသနည်း။
54:19
إِنَّآ أَرۡسَلۡنَا عَلَيۡهِمۡ رِيحًا صَرۡصَرًا فِي يَوۡمِ نَحۡسٍ مُّسۡتَمِرٍّ ١٩
စင်စစ်ဧကန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ အဓွန့်ရှည်စွာ မင်္ဂလာကင်းမဲ့သောနေ့တွင် ပြင်းထန်လှစွာသော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။
54:20
تَنزِعُ ٱلنَّاسَ كَأَنَّهُمۡ أَعۡجَازُ نَخۡلٍ مُّنقَعِرٍ ٢٠
ယင်းလေပြင်းမုန်တိုင်းမှာ လူတို့အား ဆွဲနှုတ်ခဲ့ရာ ၎င်းတို့သည် အမြစ်မှ ပြုတ်ထွက်ပြိုလဲခဲ့လေသော စွန်ပလွံပင်၏ပင်မကြီးများကဲ့သို့ ဖြစ်သွားခဲ့ကြ၏။
54:21
فَكَيۡفَ كَانَ عَذَابِي وَنُذُرِ ٢١
သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည်လည်းကောင်း၊ ငါအရှင်မြတ်၏ သတိပေးနှိုးဆော်မှု များသည်လည်းကောင်း၊ မည်သို့ရှိခဲ့သနည်း။
54:22
وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٍ ٢٢
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ်တရားရယူအံ့သောငှာ လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူ တစ်ဦးတစ်ယောက် ရှိလေသလော။
54:23
كَذَّبَتۡ ثَمُودُ بِٱلنُّذُرِ ٢٣
‘ဆမူဒ်’အမျိုးသားတို့သည်လည်း သတိပေးနှိုးဆော်သူတို့အား မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြ ကုန်၏။
54:24
فَقَالُوٓاْ أَبَشَرًا مِّنَّا وَٰحِدًا نَّتَّبِعُهُۥٓ إِنَّآ إِذًا لَّفِي ضَلَٰلٍ وَسُعُرٍ ٢٤
ထို့ပြင် ၎င်းတို့က ကျွန်ုပ်တို့သည် မိမိတို့ အမျိုးအစားထဲမှဖြစ်သော လူသားတစ်ဦး��နောက်သို့ လိုက်ကြရမည်လော။ သို့ဖြစ်လျှင် ဧကန်မလွဲ ကျွန်ုပ်တို့သည် လမ်းလွဲမှု၌၊ ထိုမျှမက ရူးသွပ်မှု၌ ကျရောက် သွားကြပေမည်။
54:25
أَءُلۡقِيَ ٱلذِّكۡرُ عَلَيۡهِ مِنۢ بَيۡنِنَا بَلۡ هُوَ كَذَّابٌ أَشِرٌ ٢٥
ကျွန်ုပ်တို့အနက်မှ ၎င်း၏အပေါ်၌သာ (ရွေးကောက်၍) ‘ဝဟ်ယ်’ အမိန့်တော် ဆုံးမဩဝါဒတော် ချပေးခြင်း ခံခဲ့ရလေသလော။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းသည် လွန်စွာမုသားပြောဆိုသူ၊ ဝင့်ကြွားသူပင် ဖြစ်ပေသည်။
54:26
سَيَعۡلَمُونَ غَدًا مَّنِ ٱلۡكَذَّابُ ٱلۡأَشِرُ ٢٦
၎င်းတို့သည် မည်သူ လွန်စွာမုသားပြောဆို သူ၊ ဝင့်ကြွားသူ၊ ဖြစ်ကြောင်း မကြာမြင့်မီ နက်ဖြန်ပင် သိရှိကြရပေမည်။
54:27
إِنَّا مُرۡسِلُواْ ٱلنَّاقَةِ فِتۡنَةً لَّهُمۡ فَٱرۡتَقِبۡهُمۡ وَٱصۡطَبِرۡ ٢٧
ဧကန်အမှန် ငါအရှင်မြတ် ၎င်းတို့အား စမ်းသပ်တော်မူရန် ကုလားအုတ်မကို စေလွှတ်တော်မူအံ့၊ သို့ဖြစ်ပေရာ (အို-နဗီတမန်တော် ‘ဆွာလစ်ဟ်’၊) အသင်သည် ၎င်းတို့အားသည်းခံ၍ စောင့်စားပါလေ။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Sunday, August 30, 2026
Don't forget us in your sincere prayers







