La sourate At-Tin en Birmane
(ငါအရှင်မြတ်သည်) သဖန်းသီးပင်ကိုလည်းကောင်း၊ သံလွင်သီးပင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။ |
ထို့ပြင် (ငါအရှင်မြတ်သည်) သိနတောင်ကို သက်သေထူတော်မူ၏။ |
ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ဤ ဘေးရန်ကင်းသောမြို့တော်ကို သက်သေထူတော်မူ၏။ |
ဧကန်မလွဲ ငါအရှင်မြတ်သည် လူကို အကောင်းဆုံးသော အချိုးအစား အရပ်အမောင်း ပုံပန်းသဏ္ဍာန်၌ ဖန်ဆင်းတော်မူ၏။ |
ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား ညံ့ဖျင်းသူတို့ထက် အညံ့ဖျင်းဆုံးသော အခြေအနေသို့ ပြန်ရောက်စေတော်မူ၏။ |
إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَلَهُمْ أَجْرٌ غَيْرُ مَمْنُونٍ(6) သို့ရာတွင် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက် တည်ကြကုန်သော သူတို့အဖို့မှာကား မကုန်ဆုံးနိုင်သော အကျိုးကျေးဇူးသည်(အသင့်)ရှိ၏။ |
သို့ပါလျက် (ဤသည်တို့ကိုသိရှိပြီး)နောက်တွင် အစားပေးခြင်းကို မဟုတ်မမှန်ဟု ငြင်းပယ်ရန် အသင့်အား မည်သည့်အရာက လှုံ့ဆော်သနည်း။ |
အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအပေါင်းတို့ထက် အကောင်းဆုံး တရားစီရင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည် မဟုတ်လော။ |
Plus de sourates en Birmane :
Téléchargez la sourate avec la voix des récitants du Coran les plus célèbres :
Téléchargez le fichier mp3 de la sourate At-Tin : choisissez le récitateur pour écouter et télécharger la sourate At-Tin complète en haute qualité.















Donnez-nous une invitation valide