La sourate Al-Ghashiyah en Birmane
(အို-နဗီတမန်တော် ထိုကမ္ဘာအဝန်းကို) ထိုဖုံးလွှမ်းမည့် အဖြစ်အပျက်၏အကြောင်း သတင်းသည် အသင့်ထံ ရောက်ရှိခဲ့ပြီ မဟုတ်လော။ |
ထိုနေ့တွင် များစွာသော(သူတို့၏) မျက်နှာများမှာ ညှိုးငယ်လျက် ရှိကြပေမည်။ |
ပင်ပန်းကြီးစွာ လုပ်ကိုင်(မှုကြောင့်) မောပန်းလျက် ရှိကြပေမည်။ |
၎င်းတို့သည် အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ကြရပေမည်။ |
၎င်းတို့သည် ကျိုက်ကျိုက်ဆူလျက်ရှိသော စမ်းချောင်းတစ်ခုမှ (ရေကို) တိုက်ကျွေးခြင်း ခံကြရပေမည်။ |
၎င်းတို့အဖို့ "ဿွာရီအ်" မည်သော ဆူးပင်မှတစ်ပါး အခြားအဟာရဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။ |
ထိုဆူးပင်မှာ (၎င်းတို့အား)ဝဖြိုးစေမည်လည်းမဟုတ်ပေ။ ဆာလောင် မွတ်သိပ်ခြင်းမှ အဆာပြေ ရောင့်ရဲစေမည်လည်း မဟုတ်ပေတကား။ |
များစွာသော(သူတို့၏) မျက်နှာများမှာမူကား ထိုနေ့တွင် စိုပြည်ရွှင်လန်းလျက်ပင် ရှိကြပေမည်။ |
(၎င်းတို့သည်) မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ နှစ်သက်ကျေနပ်လျက်ရှိကြပေမည်။ |
မြင့်မြတ်လှစွာသော ဂျန္နတ်သုခဘုံ၌ ရှိကြပေမည်။ |
၎င်းတို့သည် ယင်းဂျန္နတ်သုခဘုံ၌ အချည်းနှီးအကျိုးမဲ့ဖြစ်သော စကားကို ကြားကြမည် မဟုတ်ပေ။ |
ယင်းဂျန္နတ်သုခဘုံ၌ စီးတွေလျက်ရှိသော စမ်းချောင်းတစ်ခုရှိ၏။ |
ယင်း ဂျန္နတ်သုခဘုံ၌ မြင့်စွင့်သော သလွန် များရှိကြပေသည်။ |
၎င်းပြင် သောက်ရေဖလားများသည်လည်း စီထားလျက် ရှိကြပေသည်။ |
ထို့ပြင် ကော်ဇောများသည်လည်း စနစ်တကျ ခင်းကျင်းထားလျက် ရှိကြပေသည်။ |
ထိုမှတစ်ပါး မှီအုံးများသည်လည်း အနှံ့အပြား ခင်းထားလျက် ရှိကြပေမည်။ |
အသို့ပါနည်း ကုလားအုတ်များသည် အဘယ်ကဲ့သို့ ဖန်ဆင်းခြင်း ခံခဲ့ကြရသည်ကို ၎င်းတို့သည် ကြည့်ရှုလေ့လာ ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။ |
ထိုနည်းတူစွာ မိုးကောင်းကင်သည် အဘယ်ကဲ့သို့ မြင့်စွင့်စေခြင်းကို ခံခဲ့ရသည်ကိုလည်းကောင်း။ |
ထို့အတူ တောင်များသည် အဘယ်ကဲ့သို့ စိုက်ထူခြင်းကို ခံခဲ့ကြရသည်ကိုလည်းကောင်း။ |
ထိုမှတစ်ပါး ပထဝီမြေသည် အဘယ်ကဲ့သို့ ခင်းကျင်းထားခြင်း ခံခဲ့ရသည်ကိုလည်းကောင်း၊ (ကြည့်ရှုလေ့လာ ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော)။ |
သို့ဖြစ်ပေရာ အသင်သည် ဆုံးမလျက် ရှိပါလေ။ အသင်သည် ဆုံးမသူတစ်ဦးမျှသာ ဖြစ်ပေသည်။ |
အသင်သည် ၎င်းတို့အပေါ်၌ စောင့်ကြပ်အုပ်ထိန်းသူ မဟုတ်ပေ။ |
သို့ရာတွင် မည်သူမဆို မျက်နှာလွှဲခဲ့လျှင်လည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့လျှင်လည်းကောင်း။ |
အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကြီးလေးလှစွာသောပြစ်ဒဏ်ကို ပေးတော်မူမည်သာ ဖြစ်ပေသည်။ |
ဧကန်မလွဲ ၎င်းတို့သည် ငါအရှင်မြတ် အထံတော်သို့ပင် ပြန်လည်ရောက်ရှိကြရမည် ဖြစ်ပေသည်။ |
ထို့နောက် ၎င်းတို့အား စစ်ဆေးမေးမြန်းခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်ပေသတည်း။ |
Plus de sourates en Birmane :
Téléchargez la sourate avec la voix des récitants du Coran les plus célèbres :
Téléchargez le fichier mp3 de la sourate Al-Ghashiyah : choisissez le récitateur pour écouter et télécharger la sourate Al-Ghashiyah complète en haute qualité.















Donnez-nous une invitation valide