PDF —
8 အာယာသ် Meccan PDF
Built right in your browser — download starts automatically

စူရာ အတ်-တီး pdf — ဒေါင်းလုဒ် (မြန်မာ)

စူရာ အတ်-တီး pdf မြန်မာ — ဒေါင်းလုဒ် စူရာ အတ်-တီး ဘာသာပြန်. စူရာ အတ်-တီး (Meccan) 8 အာယာသ်.



8 အာယာသ် · Meccan · မြန်မာ
bismillah
ﭫﭬﭭ
95:1 (ငါအရှင်မြတ်သည်) သဖန်းသီးပင်ကိုလည်းကောင်း၊ သံလွင်သီးပင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
ﭮﭯﭰ
95:2 ထို့ပြင် (ငါအရှင်မြတ်သည်) သိနတောင်ကို သက်သေထူတော်မူ၏။
ﭱﭲﭳﭴ
95:3 ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ဤ ဘေးရန်ကင်းသောမြို့တော်ကို သက်သေထူတော်မူ၏။
ﭵﭶﭷﭸﭹﭺﭻ
95:4 ဧကန်မလွဲ ငါအရှင်မြတ်သည် လူကို အကောင်းဆုံးသော အချိုးအစား အရပ်အမောင်း ပုံပန်းသဏ္ဍာန်၌ ဖန်ဆင်းတော်မူ၏။
ﭼﭽﭾﭿﮀ
95:5 ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား ညံ့ဖျင်းသူတို့ထက် အညံ့ဖျင်းဆုံးသော အခြေအနေသို့ ပြန်ရောက်စေတော်မူ၏။
ﮁﮂﮃﮄﮅﮆﮇﮈﮉﮊ
95:6 သို့ရာတွင် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက် တည်ကြကုန်သော သူတို့အဖို့မှာကား မကုန်ဆုံးနိုင်သော အကျိုးကျေးဇူးသည်(အသင့်)ရှိ၏။
ﮋﮌﮍﮎﮏ
95:7 သို့ပါလျက် (ဤသည်တို့ကိုသိရှိပြီး)နောက်တွင် အစားပေးခြင်းကို မဟုတ်မမှန်ဟု ငြင်းပယ်ရန် အသင့်အား မည်သည့်အရာက လှုံ့ဆော်သနည်း။
ﮐﮑﮒﮓﮔ
95:8 အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအပေါင်းတို့ထက် အကောင်းဆုံး တရားစီရင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည် မဟုတ်လော။

ကုရ်အာန်ကျမ်း


Wednesday, September 9, 2026

Don't forget us in your sincere prayers