PDF —
7 အာယာသ် Meccan PDF
Built right in your browser — download starts automatically

စူရာ အလ်-မာအူ pdf — ဒေါင်းလုဒ် (မြန်မာ)

စူရာ အလ်-မာအူ pdf မြန်မာ — ဒေါင်းလုဒ် စူရာ အလ်-မာအူ ဘာသာပြန်. စူရာ အလ်-မာအူ (Meccan) 7 အာယာသ်.



7 အာယာသ် · Meccan · မြန်မာ
bismillah
ﭦﭧﭨﭩﭪ
107:1 အသင်သည် အစားပေးခြင်း(၏နေ့)ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူအား မမြင်ခဲ့လေ သလော။
ﭫﭬﭭﭮﭯ
107:2 ထိုသူပင် ဘမဲ့ကလေးသူငယ်အား တွန်းထုတ်သောသူဖြစ်၏။
ﭰﭱﭲﭳﭴﭵ
107:3 ၎င်းပြင် ထိုသူသည် သူဆင်းရဲတို့အား အစားအစာကျွေးမွေးရန် တိုက်တွန်း နှိုးဆော်ခြင်းလည်း မပြုပေ။
ﭶﭷﭸ
107:4 သို့ဖြစ်ပေရာ (အကြင်သို့သော) ဆွလာတ်ဝတ်ပြုသူတို့၌ အကြီးအကျယ် ပျက်စီးခြင်းသည်ရှိ၏။
ﭹﭺﭻﭼﭽﭾ
107:5 ထိုသို့သောသူတို့သည် မိမိတို့၏ ဆွလာတ် ဝတ်ပြုမှု(တာဝန်)ကိုပင် မေ့လျော့ထားကြကုန်၏။
ﭿﮀﮁﮂ
107:6 အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် (မိမိ တို့၏ဆွလာတ်ဝတ်ပြုမှုစသော ကောင်းမှုများကို) ပြစားကြကုန်၏။
ﮃﮄﮅ
107:7 ထိုမှတပါး ၎င်းတို့သည် အသေးအဖွဲ အသုံးအဆောင် ပစ္စည်းများကိုပင် (သူတစ်ပါးတို့အား ငှားရမ်းခြင်းမပြုရန်) ပိတ်ပင် တားမြစ်ကြကုန် သတည်း။

ကုရ်အာန်ကျမ်း


Wednesday, September 9, 2026

Don't forget us in your sincere prayers