မုဟမ္မဒ် · 4/38
ဘာသာပြန် အသံနိုင်ငံ — စူရာ မုဟမ္မဒ်
فَإِذَا لَقِيتُمُ الَّذِينَ كَفَرُوا فَضَرْبَ الرِّقَابِ حَتَّىٰ إِذَا أَثْخَنتُمُوهُمْ فَشُدُّوا الْوَثَاقَ فَإِمَّا مَنًّا بَعْدُ وَإِمَّا فِدَاءً حَتَّىٰ تَضَعَ الْحَرْبُ أَوْزَارَهَا ۚ ذَٰلِكَ وَلَوْ يَشَاءُ اللَّهُ لَانتَصَرَ مِنْهُمْ وَلَٰكِن لِّيَبْلُوَ بَعْضَكُم بِبَعْضٍ ۗ وَالَّذِينَ قُتِلُوا فِي سَبِيلِ اللَّهِ فَلَن يُضِلَّ أَعْمَالَهُمْ ۝٤
Fa-izaa laqeetumul lazeena kafaroo fadarbar riqaab, hattaaa izaa askhan tumoohum fashuddul wasaaq, fa immaa mannnam ba`du wa immaa fidaaa`an hattaa tada`al harbu awzaarahaa; zaalika wa law yashaaa`ul laahu lantasara minhum wa laakil laiyabluwa ba`dakum biba`d; wallazeena qutiloo fee sabeelil laahi falany yudilla a`maalahum
📖 မြန်မာဘာသာ
ယခုသော် အသင်တို့သည် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့နှင့်ရင်ဆိုင် တွေ့ကြသောအခါ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။ နောက်ဆုံးတွင် အသင်တို့သည် ၎င်းတို့အား ကောင်းစွာ သတ်ဖြတ်ခဲ့ကြပြီးသောအခါ သုံ့ပန်းများကို ကြိုးများဖြင့် ကောင်းစွာ တုပ်နှောင်ကြလေကုန်။ ထို့နောက် တစ်ဖန် (အသင်တို့သည်)ကျေးဇူးပြုခြင်းအားဖြင့် (လျော်ကြေးမယူဘဲ ပြန်လွှတ်ခြင်းကို)သော်လည်းကောင်း၊ လျော်ကြေးယူ၍ (ပြန်လွှတ်)ခြင်းကိုသော်လည်းကောင်း၊ (ပြုနိုင်ခွင့်ရှိ၏၊) စစ်မက်တိုက်ခိုက်မှုသည် လက်နက်ချသည့်တိုင်အောင် (၎င်းတို့နှင့်ပတ်သက်၍ အမိန့်တော်သည်) ဤအတိုင်းဖြစ်၏။ စစ်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင်(စစ်မက် တိုက်ခိုက်ရန် အမိန့်ထုတ်ပြန်ခြင်း ပြုတော်မမူဘဲ ကိုယ်တော်တိုင်) ၎င်းတို့အား လက်စားချေ အပြစ်ပေးတော်မူခဲ့မည်သာ။ သို့ရာတွင် ထိုအရှင်မြတ်သည် အသင်တို့အနက် အချို့ကိုအချို့ဖြင့် စမ်းသပ်တော်မူအံ့သောငှာ (စစ်တိုက်ရန် အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။) အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သတ်ဖြတ်ခြင်းခံခဲ့ကြရသော သူတို့၏ ဆောင်ရွက်ချက်များကို ထိုအရှင်မြတ်သည် အလျှင်း အချည်းနှီးဖြစ်စေတော်မူမည် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါအနက်အဓိပ္ပာယ်များ

  • فَضَرْبَ الرِّقَابِ — လည်ပင်းများကို ရိုက်ခတ်ကြလော့။ ဆိုလိုသည်မှာ စစ်မြေပြင်တွင် ရန်သူများကို သတ်ဖြတ်ကြလော့ဟု ဆိုလိုသည်။
  • أَثْخَنتُمُوهُمْ — သင်တို့သည် သူတို့ကို အလွန်အမင်း အားနည်းစေသည်၊ သတ်ဖြတ်မှုများပြားစေသည် အထိ ဖြစ်သည်။
  • الْوَثَاقَ — အချုပ်အနှောင်များ၊ ကြိုးများ။ ဤနေရာတွင် စစ်သုံ့ပန်းများကို ချုပ်နှောင်ထားခြင်းကို ဆိုလိုသည်။
  • مَنًّا — ကျေးဇူးပြုခြင်း၊ အခမဲ့ လွှတ်ပေးခြင်း။
  • فِدَاءً — ရွေးနှုတ်ခြင်း၊ ပြန်လည်ရရှိရန် အဖိုးအခ ပေးခြင်း။
  • أَوْزَارَهَا — သူမ၏ ဝန်ထုပ်များ၊ ဤနေရာတွင် လက်နက်များနှင့် စစ်လက်နက်ကိရိယာများကို ဆိုလိုသည်။
  • لِيَبْلُوَا — စမ်းသပ်ရန်၊ စမ်းစစ်ရန်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို မုအ်မင်န်တို့၊ သင်တို့သည် ကာဖိရ်များနှင့် စစ်မြေပြင်တွင် ရင်ဆိုင်တွေ့ဆုံသောအခါ သူတို့၏ လည်ပင်းများကို ရိုက်ခတ်ကြလော့။ ဆိုလိုသည်မှာ သူတို့ကို သတ်ဖြတ်ကြလော့။ သင်တို့သည် သူတို့ကို အလွန်အမင်း အားနည်းစေပြီး သတ်ဖြတ်မှုများပြားလာသည်အထိ ဆက်လက်တိုက်ခိုက်ကြလော့။ ထို့နောက် သုံ့ပန်းများကို ခိုင်မာစွာ ချုပ်နှောင်ထားကြလော့။ ထို့နောက် သင်တို့တွင် ရွေးချယ်ခွင့်ရှိသည်။ အကျိုးအမြတ်နှင့် အခြေအနေကောင်းကို ကြည့်၍ သုံ့ပန်းများကို အခမဲ့ လွှတ်ပေးနိုင်သည်၊ သို့မဟုတ် ဥစ္စာပစ္စည်း သို့မဟုတ် အခြားအရာများဖြင့် ရွေးနှုတ်နိုင်သည်။ စစ်ပွဲပြီးဆုံးသည်အထိ၊ ကာဖိရ်များ အစ္စလာမ်သို့ ဝင်ရောက်ခြင်း သို့မဟုတ် ငြိမ်းချမ်းရေး သဘောတူညီချက် ပြုလုပ်ခြင်းဖြင့် စစ်ပွဲအဆုံးသတ်သည်အထိ သင်တို့သည် တိုက်ခိုက်ခြင်းနှင့် သုံ့ပန်းဖမ်းခြင်းကို ဆက်လက်ပြုလုပ်ကြလော့။

ဤဖော်ပြပါ မုအ်မင်န်များကို ကာဖိရ်များဖြင့် စမ်းသပ်ခြင်း၊ ကာလအလှည့်အပြောင်းတွင် တစ်ဖက်နှင့်တစ်ဖက် အောင်ပွဲရရှိခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စီရင်ချက်ဖြစ်သည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် စစ်တိုက်ခြင်းမရှိဘဲ ကာဖိရ်များကို အောင်ပွဲပေးလိုပါက ပေးနိုင်သည်။ သို့သော် အရှင်မြတ်သည် ဂျိဟာဒ်ကို ပညတ်တော်မူခဲ့သည်။ အကြောင်းမှာ သင်တို့တစ်ဦးကို တစ်ဦးဖြင့် စမ်းသပ်ရန်ဖြစ်သည်။ မုအ်မင်န်များထဲမှ မည်သူက တိုက်ခိုက



📜 အာယာသ် 2-6 — စူရာ မုဟမ္မဒ်

2وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَآمَنُوا بِمَا نُزِّلَ عَلَىٰ مُحَمَّدٍ وَهُوَ الْحَقُّ مِن رَّبِّهِمْ ۙ كَفَّرَ عَنْهُمْ سَيِّئَاتِهِمْ وَأَصْلَحَ بَالَهُمْ
သို့ရာတွင် အကြင်သူတို့သည် သက်ဝင် ယုံကြည်ခဲ့ကြ၏။ ကောင်းမှုများကို ကျင့်မူဆောက်တည်ခဲ့ကြ၏။ (နဗီတမန်တော်)မုဟမ္မဒ်၏အပေါ်၌ ချပေးတော်မူခြင်း ခံခဲ့ရသည့်အရာကို စင်စစ် ထိုအရာသည် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (ချပေးခြင်းခံရသော)အမှန်တရားပင်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြ၏။ ထိုအရှင်မြတ်သည် ၎င်းတို့၏မကောင်းမှုများကို ၎င်းတို့မှ ပပျောက်စေတော်မူမည့်ပြင် ၎င်းတို့၏ အခြေအနေကိုလည်း ကောင်းအောင်ပြုပြင်ပေးတော်မူပေမည်။
3ذَٰلِكَ بِأَنَّ الَّذِينَ كَفَرُوا اتَّبَعُوا الْبَاطِلَ وَأَنَّ الَّذِينَ آمَنُوا اتَّبَعُوا الْحَقَّ مِن رَّبِّهِمْ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ لِلنَّاسِ أَمْثَالَهُمْ
ဤသို့ဖြစ်ရခြင်းမှာ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အမှားကို လိုက်နာခဲ့ကြသောကြောင့် လည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှာ အမှန်တရားကို လိုက်နာခဲ့ကြသောကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် လူတို့၏အကျိုးငှာ ၎င်းတို့၏ အခြေအနေများကို ခိုင်းနှိုင်း မိန့်ကြားထားတော်မူပေသတည်း။
4فَإِذَا لَقِيتُمُ الَّذِينَ كَفَرُوا فَضَرْبَ الرِّقَابِ حَتَّىٰ إِذَا أَثْخَنتُمُوهُمْ فَشُدُّوا الْوَثَاقَ فَإِمَّا مَنًّا بَعْدُ وَإِمَّا فِدَاءً حَتَّىٰ تَضَعَ الْحَرْبُ أَوْزَارَهَا ۚ ذَٰلِكَ وَلَوْ يَشَاءُ اللَّهُ لَانتَصَرَ مِنْهُمْ وَلَٰكِن لِّيَبْلُوَ بَعْضَكُم بِبَعْضٍ ۗ وَالَّذِينَ قُتِلُوا فِي سَبِيلِ اللَّهِ فَلَن يُضِلَّ أَعْمَالَهُمْ
ယခုသော် အသင်တို့သည် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့နှင့်ရင်ဆိုင် တွေ့ကြသောအခါ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။ နောက်ဆုံးတွင် အသင်တို့သည် ၎င်းတို့အား ကောင်းစွာ သတ်ဖြတ်ခဲ့ကြပြီးသောအခါ သုံ့ပန်းများကို ကြိုးများဖြင့် ကောင်းစွာ တုပ်နှောင်ကြလေကုန်။ ထို့နောက် တစ်ဖန် (အသင်တို့သည်)ကျေးဇူးပြုခြင်းအားဖြင့် (လျော်ကြေးမယူဘဲ ပြန်လွှတ်ခြင်းကို)သော်လည်းကောင်း၊ လျော်ကြေးယူ၍ (ပြန်လွှတ်)ခြင်းကိုသော်လည်းကောင်း၊ (ပြုနိုင်ခွင့်ရှိ၏၊) စစ်မက်တိုက်ခိုက်မှုသည် လက်နက်ချသည့်တိုင်အောင် (၎င်းတို့နှင့်ပတ်သက်၍ အမိန့်တော်သည်) ဤအတိုင်းဖြစ်၏။ စစ်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင်(စစ်မက် တိုက်ခိုက်ရန် အမိန့်ထုတ်ပြန်ခြင်း ပြုတော်မမူဘဲ ကိုယ်တော်တိုင်) ၎င်းတို့အား လက်စားချေ အပြစ်ပေးတော်မူခဲ့မည်သာ။ သို့ရာတွင် ထိုအရှင်မြတ်သည် အသင်တို့အနက် အချို့ကိုအချို့ဖြင့် စမ်းသပ်တော်မူအံ့သောငှာ (စစ်တိုက်ရန် အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။) အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သတ်ဖြတ်ခြင်းခံခဲ့ကြရသော သူတို့၏ ဆောင်ရွက်ချက်များကို ထိုအရှင်မြတ်သည် အလျှင်း အချည်းနှီးဖြစ်စေတော်မူမည် မဟုတ်ပေ။
5سَيَهْدِيهِمْ وَيُصْلِحُ بَالَهُمْ
ထိုအရှင်မြတ်သည် အမှန်ပင် ၎င်းတို့အား လမ်းမှန်သို့ ပို့ပေးတော်မူသည့်ပြင် ၎င်းတို့၏ အခြေအနေကိုလည်း ကောင်းအောင်ပြုပြင်၍ ပေးတော်မူပေမည်။
6وَيُدْخِلُهُمُ الْجَنَّةَ عَرَّفَهَا لَهُمْ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့အား’ဂျန္နတ်’သုခဘုံသို့ ဝင်ရောက်စေတော်မူပေမည်။ ထိုအရှင်မြတ်သည် ယင်း ‘ဂျန္နတ်’သုခဘုံကို ၎င်းတို့အား(ကောင်းစွာ) သိထားစေတော်မူမည်ဖြစ်၏။
မုဟမ္မဒ်ကုရ်အာန် ညွှန်းကိန်း
38အာယာသ်
MedinanRevelation
4အာယာသ်

ဘာသာပြန် — မုဟမ္မဒ် 4

စူရာ မုဟမ္မဒ် အာယာသ် 4 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ယခုသော် အသင်တို့သည် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့နှင့်ရင်ဆိုင် တွေ့ကြသောအခါ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။ နောက်ဆုံးတွင် အသင်တို့သည် ၎င်းတို့အား…

စူရာ အာယာသ် 4/38 — စူရာ မုဟမ္မဒ် محمد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ မုဟမ္မဒ် နားထောင်, စူရာ မုဟမ္မဒ် ဘာသာပြန်, စူရာ မုဟမ္မဒ် mp3, စူရာ မုဟမ္မဒ် pdf. အာယာသ် 2–6. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 23, 2026

Don't forget us in your sincere prayers