📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 496
စူရာ အတ်-ဒုခ်အာန်

စူရာ အတ်-ဒုခ်အာန်

44:2
وَٱلۡكِتَٰبِ ٱلۡمُبِينِ ٢
(ငါအရှင်မြတ်သည်) ရှင်းလင်းထင်ရှားသော(ဤ)ကျမ်း ဂန်ကို သက်သေထူတော်မူ၏။
44:3
إِنَّآ أَنزَلۡنَٰهُ فِي لَيۡلَةٍ مُّبَٰرَكَةٍۚ إِنَّا كُنَّا مُنذِرِينَ ٣
မုချဧကန် ငါအရှင်မြတ်သည် ယင်းကျမ်းဂန်ကို ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော ညဉ့်တစ်ညဉ့်တွင် ချပေးသနားတော်မူခဲ့၏။ ဧကန်စင်စစ် ငါအရှင်မြတ်သည် သတိပေးတော်မူမည့်အရှင် ဖြစ်တော်မူ၏။
44:4
فِيهَا يُفۡرَقُ كُلُّ أَمۡرٍ حَكِيمٍ ٤
ယင်းညဉ့်တွင် နက်နဲသိမ်မွေ့သော အရေးကိစ္စများဟူသမျှတို့သည် အသေးစိတ် သတ်မှတ် အတည် ပြုခြင်းခံကြရလေ၏။
44:5
أَمۡرًا مِّنۡ عِندِنَآۚ إِنَّا كُنَّا مُرۡسِلِينَ ٥
ငါအရှင်မြတ်အထံတော်၌ ပြဋ္ဌာန်းတော်မူခြင်းအားဖြင့် ဧကန်မလွဲ ငါအရှင်မြတ်သည်(အသင့်အား ရစူလ်တမန်တော်အဖြစ်)စေလွှတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
44:6
رَحۡمَةً مِّن رَّبِّكَۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٦
အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကရုဏာတော်အားဖြင့် စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင် အလွန်တရာ ကြားတော်မူသောအရှင်၊ အလွန်တရာ သိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
44:7
رَبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَآۖ إِن كُنتُم مُّوقِنِينَ ٧
မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်ပင်။ အကယ်၍ အသင်တို့သည် ယုံကြည်သောသူများ ဖြစ်ကြသော်။
44:8
لَآ إِلَٰهَ إِلَّا هُوَ يُحۡيِۦ وَيُمِيتُۖ رَبُّكُمۡ وَرَبُّ ءَابَآئِكُمُ ٱلۡأَوَّلِينَ ٨
ထိုအရှင်မြတ်မှတစ်ပါး ခယရိုကျိုးဆည်းကပ် ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် ရှင်စေတော်မူ၏။ ထိုအရှင်မြတ်သည်ပင် သေဆုံးစေတော်မူ၏။ထိုအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ရှေးသူဟောင်းများဖြစ်ကြသော အသင်တို့၏ အဘ ဘိုး ဘေးတို့အား လည်းကောင်း၊ ဖန်ဆင်းမွေးမြူတော်မူသော အရှင်ပင် ဖြစ်တော်မူပေသတည်း။
44:9
بَلۡ هُمۡ فِي شَكٍّ يَلۡعَبُونَ ٩
စင်စစ်မှာကား ၎င်းတို့သည် ဒွိဟသံသယ၌ ကစားခုန်စားလျက်ပင် ရှိကြကုန်၏။
44:10
فَٱرۡتَقِبۡ يَوۡمَ تَأۡتِي ٱلسَّمَآءُ بِدُخَانٍ مُّبِينٍ ١٠
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိုးကောင်းကင်မှ ထင်ရှားစွာသော အခိုးအငွေ့ ဖြစ်ပေါ်လာမည့် နေ့ကိုသာလျှင် စောင့်စား၍နေပါလေ။
44:11
يَغۡشَى ٱلنَّاسَۖ هَٰذَا عَذَابٌ أَلِيمٌ ١١
ယင်းအခိုးအငွေ့သည် (ဤ)သူအားလုံးတို့ကို ဖုံးလွှမ်း၍သွားပေမည်။ ဤသည် အလွန်တရာ နာကျင်ဖွယ်ကောင်းသော ပြစ်ဒဏ်ပင်ဖြစ်မည်။
44:12
رَّبَّنَا ٱكۡشِفۡ عَنَّا ٱلۡعَذَابَ إِنَّا مُؤۡمِنُونَ ١٢
(ထိုရောကာလ ၎င်းတို့သည် ဤသို့လျှောက်ထားပေမည်)။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ပြစ်ဒဏ်ကို ကျွန်တော်မျိုးမှ ဖယ်ရှား၍ ပေးသနားတော်မူပါ။ ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် သက်ဝင်ယုံကြည် ကြပါတော့မည်။
44:13
أَنَّىٰ لَهُمُ ٱلذِّكۡرَىٰ وَقَدۡ جَآءَهُمۡ رَسُولٌ مُّبِينٌ ١٣
၎င်းတို့အဖို့ သတိရခြင်းသည် အဘယ်မှာလျှင်ရှိတော့သနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့ထံ ရစူလ်တမန်တော်သည် ထင်ရှားစွာသော(သက်သေ လက္ခဏာများနှင့်တကွ)ဧကန်အမှန် ရောက်ရှိ၍လာခဲ့ချေပြီ။
44:14
ثُمَّ تَوَلَّوۡاْ عَنۡهُ وَقَالُواْ مُعَلَّمٌ مَّجۡنُونٌ ١٤
ထို့နောက်သော်မှပင် ၎င်းတို့သည် ထိုရစူလ်တမန်တော်ဘက်မှ မျက်နှာလွှဲခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က (ရစူလ်တမန်တော်အား သူတစ်ပါး)သင်ကြား ပို့ချ၍ပေးခြင်းကို ခံရသောသူ(ဟူ၍လည်းကောင်း၊) ရူးသွပ်နေသောသူ(ဟူ၍လည်းကောင်း၊) စွပ်စွဲ ပြောဆိုခဲ့ကြကုန်၏။
44:15
إِنَّا كَاشِفُواْ ٱلۡعَذَابِ قَلِيلًاۚ إِنَّكُمۡ عَآئِدُونَ ١٥
ဧကန်အမှန် ငါအရှင်မြတ်သည် အနည်းငယ်မျှ ကာလတိုင်အောင် ပြစ်ဒဏ်ကို ဖယ်ရှား၍ ပေးတော်မူမည်ဖြစ်သည်။ သို့တစေလည်း ဧကန်မလွဲ အသင်တို့သည် (မူလအခြေအနေသို့) ပြန်ပြောင်း၍ လာကြအံ့သော သူတို့ပင် ဖြစ်ကြကုန်၏။
44:16
يَوۡمَ نَبۡطِشُ ٱلۡبَطۡشَةَ ٱلۡكُبۡرَىٰٓ إِنَّا مُنتَقِمُونَ ١٦
အကြင်နေ့တွင် ငါအရှင်မြတ်သည် အကြီးအကျယ် ဖမ်းဆီးအရေးယူတော်မူအံ့။ မလွဲဧကန်(ထိုနေ့ တွင်)ငါအရှင်မြတ်သည် လက်စားချေတော်မူမည် ဖြစ်ပေသတည်း။
44:17
۞ وَلَقَدۡ فَتَنَّا قَبۡلَهُمۡ قَوۡمَ فِرۡعَوۡنَ وَجَآءَهُمۡ رَسُولٌ كَرِيمٌ ١٧
၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အလျင် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အား စမ်းသပ်တော်မူခဲ့၏။ ထို့ပြင် ၎င်းတို့ထံ မြင့်မြတ်သော ရစူလ်တမန်တော်တစ်ပါးသည် ရောက်ရှိ၍လာခဲ့၏။
44:18
أَنۡ أَدُّوٓاْ إِلَيَّ عِبَادَ ٱللَّهِۖ إِنِّي لَكُمۡ رَسُولٌ أَمِينٌ ١٨
အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်တို့ကို ငါ့အား အပ်ကြလေကုန်၊ စင်စစ်ဧကန် ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်သည်(ဟူ၍လည်းကောင်း)၊
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Sunday, August 30, 2026
Don't forget us in your sincere prayers







