PDF —
7 အာယာသ် Meccan PDF
Built right in your browser — download starts automatically

စူရာ အလ်-ဖာတိဟ pdf — ဒေါင်းလုဒ် (မြန်မာ)

စူရာ အလ်-ဖာတိဟ pdf မြန်မာ — ဒေါင်းလုဒ် စူရာ အလ်-ဖာတိဟ ဘာသာပြန်. စူရာ အလ်-ဖာတိဟ (Meccan) 7 အာယာသ်.

စူရာ အလ်-ဖာတိဟ အလ်-ဗကရ →


7 အာယာသ် · Meccan · မြန်မာ
ﭑﭒﭓﭔﭕ
1:1 မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူထသော အနန္တ ကရုဏာတော်ရှင် ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် (အစပြုပါ၏)။
ﭖﭗﭘﭙﭚ
1:2 ချီးမွမ်းထောမနာခြင်း ဟူဟူသမျှသည် စကြာဝဠာ အပေါင်းတို့ကို (မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့်) ပြုစု ပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အဖို့သာတည်း။
ﭛﭜﭝ
1:3 (အလ္လာဟ်အရှင်မြတ်သည်) မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူ၏။
ﭞﭟﭠﭡ
1:4 (အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန် သောသတ္တဝါတို့ကို ရှင်ပြန်ထစေတော်မူ၍ သူတော်စင်တို့အား)ကောင်းကျိုး၊ (မသူတော်တို့အား)မကောင်းကျိုး ပေးတော်မူမည်ဖြစ်သောနေ့ ကိုအစိုးရတော်မူသောအရှင်ဖြစ်သည်။
ﭢﭣﭤﭥﭦ
1:5 ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင်ခယရိုကျိုး ရှိခိုးဆည်းကပ်ကြပါ၏။ ထို့ပြင်တဝ ကျွန်တော်မျိုးတို့အား ကူညီစောင်မတော် မူပါရန်အရှင်မြတ် အထံတော်၌သာလျှင် ဆုတောင်းပတ္ထနာပြုပါ၏။
ﭧﭨﭩﭪ
1:6 (အို-အလ္လာဟ်အရှင်မြတ်)ကျွန်တော်မျိုးတို့အားအစစ အရာရာတွင် ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်များ ကို ညွှန်ကြား ပြသတော်မူပါ။
ﭫﭬﭭﭮﭯﭰﭱﭲﭳﭴ
1:7 အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည်(မေတ္တာကရုဏာသက်ဝင်တော်မူ၍) သုခချမ်းသာ ဂုဏ်ကျေးဇူးကို ပြုခဲ့လေပြီဖြစ်၏။ ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကို (ကျွန်တော်မျိုးတို့အားလည်း ညွှန်ကြားပြသတော်မူပါ။)(ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်း မဟုတ်။

ကုရ်အာန်ကျမ်း


Wednesday, September 9, 2026

Don't forget us in your sincere prayers