📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 373
إِنۡ هَٰذَآ إِلَّا خُلُقُ ٱلۡأَوَّلِينَ  ۝١٣٧ وَمَا نَحۡنُ بِمُعَذَّبِينَ  ۝١٣٨ فَكَذَّبُوهُ فَأَهۡلَكۡنَٰهُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ  ۝١٣٩ وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ  ۝١٤٠ كَذَّبَتۡ ثَمُودُ ٱلۡمُرۡسَلِينَ  ۝١٤١ إِذۡ قَالَ لَهُمۡ أَخُوهُمۡ صَٰلِحٌ أَلَا تَتَّقُونَ  ۝١٤٢ إِنِّي لَكُمۡ رَسُولٌ أَمِينٌ  ۝١٤٣ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ  ۝١٤٤ وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ  ۝١٤٥ أَتُتۡرَكُونَ فِي مَا هَٰهُنَآ ءَامِنِينَ  ۝١٤٦ فِي جَنَّٰتٍ وَعُيُونٍ  ۝١٤٧ وَزُرُوعٍ وَنَخۡلٍ طَلۡعُهَا هَضِيمٌ  ۝١٤٨ وَتَنۡحِتُونَ مِنَ ٱلۡجِبَالِ بُيُوتًا فَٰرِهِينَ  ۝١٤٩ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ  ۝١٥٠ وَلَا تُطِيعُوٓاْ أَمۡرَ ٱلۡمُسۡرِفِينَ  ۝١٥١ ٱلَّذِينَ يُفۡسِدُونَ فِي ٱلۡأَرۡضِ وَلَا يُصۡلِحُونَ  ۝١٥٢ قَالُوٓاْ إِنَّمَآ أَنتَ مِنَ ٱلۡمُسَحَّرِينَ  ۝١٥٣ مَآ أَنتَ إِلَّا بَشَرٌ مِّثۡلُنَا فَأۡتِ بِـَٔايَةٍ إِن كُنتَ مِنَ ٱلصَّٰدِقِينَ  ۝١٥٤ قَالَ هَٰذِهِۦ نَاقَةٌ لَّهَا شِرۡبٌ وَلَكُمۡ شِرۡبُ يَوۡمٍ مَّعۡلُومٍ  ۝١٥٥ وَلَا تَمَسُّوهَا بِسُوٓءٍ فَيَأۡخُذَكُمۡ عَذَابُ يَوۡمٍ عَظِيمٍ  ۝١٥٦ فَعَقَرُوهَا فَأَصۡبَحُواْ نَٰدِمِينَ  ۝١٥٧ فَأَخَذَهُمُ ٱلۡعَذَابُۚ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ  ۝١٥٨ وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ  ۝١٥٩
26:137
إِنۡ هَٰذَآ إِلَّا خُلُقُ ٱلۡأَوَّلِينَ  ۝١٣٧
ဤသည် ရှေးလူဟောင်းတို့၏ ဓလေ့ထုံးစံမျှဖြစ်ပေ၏။
26:138
وَمَا نَحۡنُ بِمُعَذَّبِينَ  ۝١٣٨
စင်စစ် ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်း ခံကြရမည့်သူများ မဟုတ်ပေ။
26:139
فَكَذَّبُوهُ فَأَهۡلَكۡنَٰهُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ  ۝١٣٩
အချုပ်မှာ ၎င်းအမျိုးသားတို့သည် ထိုဟူဒ်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်သည် ထိုအမျိုးသားတို့အား ပြင်းထန်လှစွာသော လေပြင်းမုန်တိုင်းဖြင့် ကွပ်မျက်ဖျက်ဆီးတော်မူခဲ့၏။ ဧကန်မလွဲ ဤသည့်ဖြစ်ရပ်၌လည်း (ကြီးကျယ်လှစွာသော) သင်ခန်းစာ ရှိပေ၏။ သို့ရာတွင် ၎င်းတို့(မက္ကာမြို့သားကာဖိရ်များ)အနက် အများဆုံးသော သူတို့မှာကား သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြချေ။
26:140
وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ  ۝١٤٠
စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူ သောအရှင် ဖြစ်တော်မူပေသတည်း။
26:141
كَذَّبَتۡ ثَمُودُ ٱلۡمُرۡسَلِينَ  ۝١٤١
‘ဆမူဒ်’ အမျိုးသားတို့သည်လည်း ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။
26:142
إِذۡ قَالَ لَهُمۡ أَخُوهُمۡ صَٰلِحٌ أَلَا تَتَّقُونَ  ۝١٤٢
အကြင်အခါဝယ် ၎င်းတို့အား ၎င်းတို့၏ နောင်တော် တမန်တော်ဆွာလိဟ်က ပြောကြားခဲ့၏။ (အချင်းတို့၊)အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေသလော။
26:143
إِنِّي لَكُمۡ رَسُولٌ أَمِينٌ  ۝١٤٣
ဧကန်မလွဲ ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင် ဖြစ်ပေ၏။
26:144
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ  ۝١٤٤
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
26:145
وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ  ۝١٤٥
စင်စစ် ငါသည် အသင်တို့ထံ ဤအမိန့်တော် ပို့ဆောင်ခြင်းနှင့်စပ်လျဉ်း၍၊ မည်သည့် အကျိုး တစ်စုံတစ်ရာကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌သာရှိ၏။
26:146
أَتُتۡرَكُونَ فِي مَا هَٰهُنَآ ءَامِنِينَ  ۝١٤٦
အသင်တို့သည် ဤပစ္စက္ခဘဝ၌ရှိသော အရာများတွင် စိတ်အေးချမ်းနေခြင်းကို လျစ်လျူပြုထားခြင်းကို ခံကြရမည်လော။
26:147
فِي جَنَّٰتٍ وَعُيُونٍ  ۝١٤٧
ဥယျာဉ်များ၌ လည်းကောင်း၊ စမ်းချောင်းများ၌လည်းကောင်း၊
26:148
وَزُرُوعٍ وَنَخۡلٍ طَلۡعُهَا هَضِيمٌ  ۝١٤٨
လယ်ယာများ၌လည်းကောင်း၊ အကြင် စွန်ပလွံခြံများ၌လည်းကောင်း၊ ထိုစွန်ပလွံပင်များ၏ အဖူးအညွန့်များမှာ နူးညံ့လျက်ရှိ၏။ (တစ်နည်း) ထိုစွန်ပလွံပင်မှ စွန်ပလွံသီးအခိုင်များမှာ ပြွတ်လျက်ရှိ၏။
26:149
وَتَنۡحِتُونَ مِنَ ٱلۡجِبَالِ بُيُوتًا فَٰرِهِينَ  ۝١٤٩
၎င်းပြင် အသင်တို့သည် တောင်များကို အိမ်များဖြစ်အောင် ကျွမ်းကျင်စွာ ထွင်းကြကုန်၏။ (တစ်နည်း) ၎င်းပြင် အသင်တို့သည် မော်ကြွားလျက် တောင်များကို အိမ်များဖြစ်အောင် ထွင်းကြကုန်၏။
26:150
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ  ۝١٥٠
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
26:151
وَلَا تُطِيعُوٓاْ أَمۡرَ ٱلۡمُسۡرِفِينَ  ۝١٥١
သို့ရာတွင် အသင်တို့သည် စည်းကမ်းဥပဒေကို ကျူးလွန်ဖောက်ဖျက်သူတို့၏အမိန့်ကို မလိုက်နာကြကုန်လင့်။
26:152
ٱلَّذِينَ يُفۡسِدُونَ فِي ٱلۡأَرۡضِ وَلَا يُصۡلِحُونَ  ۝١٥٢
အကြင်သူတို့သည် တိုင်းပြည်တွင် ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်ကြကုန်၏။ သို့ရာတွင် ထိုသူတို့သည်(တိုင်းပြည်ကိုသာယာဝပြောအောင်) ပြုပြင်ကြသည်ကား မဟုတ်ကြပေ။
26:153
قَالُوٓاْ إِنَّمَآ أَنتَ مِنَ ٱلۡمُسَحَّرِينَ  ۝١٥٣
ထို ‘ဆမူဒ်’ အမျိုးသားတို့က ပြောဆိုခဲ့ကြကုန်၏။ (အို-ဆွာလိဟ်၊) အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်းခံရသူ တစ်ဦးသာလျှင်ဖြစ်၏။
26:154
مَآ أَنتَ إِلَّا بَشَرٌ مِّثۡلُنَا فَأۡتِ بِـَٔايَةٍ إِن كُنتَ مِنَ ٱلصَّٰدِقِينَ  ۝١٥٤
အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားတစ်ဦးမှတစ်ပါး အခြားမဟုတ်ပြီ။ သို့ဖြစ်ပေရာ အသင်သည် သစ္စာဝါဒီ အမှန်ဆိုသူတစ်ဦး ဖြစ်ခဲ့ပါလျှင် သက်သေလက္ခဏာ တစ်စုံတစ်ရာကို ယူဆောင်လာခဲ့ပါလေ။
26:155
قَالَ هَٰذِهِۦ نَاقَةٌ لَّهَا شِرۡبٌ وَلَكُمۡ شِرۡبُ يَوۡمٍ مَّعۡلُومٍ  ۝١٥٥
(ဆွာလိဟ်ကပြောကြားခဲ့၏)။ ဤသည� ကုလားအုတ်မတစ်ကောင်ဖြစ်၏။ ယင်း ကုလားအုတ်မ၌ ရေသောက်ရန် အလှည့်တစ်လှည့်ရှိ၍ အသင်တို့၌လည်း သတ်မှတ်ထားပြီးဖြစ်သော နေ့တစ်နေ့တွင် ရေသောက်ရန် အလှည့်တစ်လှည့်သည်ရှိ၏။
26:156
وَلَا تَمَسُّوهَا بِسُوٓءٍ فَيَأۡخُذَكُمۡ عَذَابُ يَوۡمٍ عَظِيمٍ  ۝١٥٦
၎င်းပြင် အသင်တို့သည် ထိုကုလားအုတ်မကို မကောင်းသောစေတနာနှင့် မထိပါးကြကုန်လင့်။ သို့ထိပါးခဲ့ကြလျှင် ကြီးကျယ်လှစွာသော(ကိယာမတ်ရှင်ပြန်ထမည့်) နေ့၏ ပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီး ကွပ်မျက်မည်ဖြစ်၏။
26:157
فَعَقَرُوهَا فَأَصۡبَحُواْ نَٰدِمِينَ  ۝١٥٧
သို့တစေ ၎င်း ‘ဆမူဒ်’ အမျိုးသားတို့သည် ထိုကုလားအုတ်မ၏ခြေများကို ဖြတ်တောက်ခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် နောင်တရရှိသူများ ဖြစ်သွားခဲ့ကြကုန်၏။
26:158
فَأَخَذَهُمُ ٱلۡعَذَابُۚ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ  ۝١٥٨
သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့၏။ ဧကန်မလွဲ ဤသည့်ဖြစ်ရပ်၌လည်း (ကြီးကျယ်လှစွာသော)သင်ခန်းစာသည် ရှိပေ၏။ သို့ရာတွင် ၎င်း(မက္ကာမြို့သား ကာဖိရ်များအနက်) အများဆုံးသောသူတို့မှာ သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ကြချေ။
26:159
وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ  ۝١٥٩
စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။


📚Juz 19 📄373 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Wednesday, August 26, 2026

Don't forget us in your sincere prayers