📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 374
كَذَّبَتۡ قَوۡمُ لُوطٍ ٱلۡمُرۡسَلِينَ ١٦٠ إِذۡ قَالَ لَهُمۡ أَخُوهُمۡ لُوطٌ أَلَا تَتَّقُونَ ١٦١ إِنِّي لَكُمۡ رَسُولٌ أَمِينٌ ١٦٢ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١٦٣ وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ ١٦٤ أَتَأۡتُونَ ٱلذُّكۡرَانَ مِنَ ٱلۡعَٰلَمِينَ ١٦٥ وَتَذَرُونَ مَا خَلَقَ لَكُمۡ رَبُّكُم مِّنۡ أَزۡوَٰجِكُمۚ بَلۡ أَنتُمۡ قَوۡمٌ عَادُونَ ١٦٦ قَالُواْ لَئِن لَّمۡ تَنتَهِ يَٰلُوطُ لَتَكُونَنَّ مِنَ ٱلۡمُخۡرَجِينَ ١٦٧ قَالَ إِنِّي لِعَمَلِكُم مِّنَ ٱلۡقَالِينَ ١٦٨ رَبِّ نَجِّنِي وَأَهۡلِي مِمَّا يَعۡمَلُونَ ١٦٩ فَنَجَّيۡنَٰهُ وَأَهۡلَهُۥٓ أَجۡمَعِينَ ١٧٠ إِلَّا عَجُوزًا فِي ٱلۡغَٰبِرِينَ ١٧١ ثُمَّ دَمَّرۡنَا ٱلۡأٓخَرِينَ ١٧٢ وَأَمۡطَرۡنَا عَلَيۡهِم مَّطَرًاۖ فَسَآءَ مَطَرُ ٱلۡمُنذَرِينَ ١٧٣ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ ١٧٤ وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ١٧٥ كَذَّبَ أَصۡحَٰبُ لۡـَٔيۡكَةِ ٱلۡمُرۡسَلِينَ ١٧٦ إِذۡ قَالَ لَهُمۡ شُعَيۡبٌ أَلَا تَتَّقُونَ ١٧٧ إِنِّي لَكُمۡ رَسُولٌ أَمِينٌ ١٧٨ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١٧٩ وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ ١٨٠ ۞ أَوۡفُواْ ٱلۡكَيۡلَ وَلَا تَكُونُواْ مِنَ ٱلۡمُخۡسِرِينَ ١٨١ وَزِنُواْ بِٱلۡقِسۡطَاسِ ٱلۡمُسۡتَقِيمِ ١٨٢ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ١٨٣
26:160
كَذَّبَتۡ قَوۡمُ لُوطٍ ٱلۡمُرۡسَلِينَ ١٦٠
လူ(တ်)၏ အမျိုးသားတို့သည်(လည်း) ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။
26:161
إِذۡ قَالَ لَهُمۡ أَخُوهُمۡ لُوطٌ أَلَا تَتَّقُونَ ١٦١
အကြင်အခါဝယ် ၎င်းတို့အား၊ ၎င်းတို့၏နောင်တော်လူ(တ်)က ပြောကြားခဲ့လေ၏။ အသင်တို့သည်(အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေသလော။
26:162
إِنِّي لَكُمۡ رَسُولٌ أَمِينٌ ١٦٢
ဧကန်မလွဲ ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင် ဖြစ်ပေသည်။
26:163
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١٦٣
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
26:164
وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ ١٦٤
စင်စစ် ငါသည် အသင်တို့ထံ ဤ(အမိန့်တော်ပို့ဆောင်ခြင်း) နှင့်စပ်လျဉ်း၍၊ အကျိုးတစ်စုံတစ်ရာ ကိုမျှတောင်းဆိုသည် မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်အပေါ်၌သာ ရှိပေသတည်း။
26:165
أَتَأۡتُونَ ٱلذُّكۡرَانَ مِنَ ٱلۡعَٰلَمِينَ ١٦٥
အသင်တို့သည် ကမ္ဘာသူကမ္ဘာသားတို့အနက် ယောက်ျားများထံ လာရောက်(၍ ကာမဂုဏ်ခံစား) ကြလေသလော။
26:166
وَتَذَرُونَ مَا خَلَقَ لَكُمۡ رَبُّكُم مِّنۡ أَزۡوَٰجِكُمۚ بَلۡ أَنتُمۡ قَوۡمٌ عَادُونَ ١٦٦
သို့ရာတွင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မိမိတို့အဖို့ ဖန်ဆင်းထားတော်မူသော ဇနီးမိန်းမတို့ကိုမူ စွန့်ထားကြလေသလော။ စင်စစ်မှာမူကား အသင်တို့သည် စည်းကမ်းကျူးလွန်ဖောက်ဖျက်သော အမျိုးသားများပင် ဖြစ်ကြကုန်၏။
26:167
قَالُواْ لَئِن لَّمۡ تَنتَهِ يَٰلُوطُ لَتَكُونَنَّ مِنَ ٱلۡمُخۡرَجِينَ ١٦٧
ထိုအမျိုးသားတို့က ‘‘အို-လူ(တ်)၊ အကယ်၍အသင်သည် (မိမိဆုံးမဩဝါဒပေးခြင်းမှ) မရပ်တန့်ပါလျှင် ဧကန်မလွဲ အသင်သည်(တိုင်းပြည်မှ)နှင်ထုတ်ခြင်းခံရသူတစ်ဦးပင် ဖြစ်ချေလိမ့်မည်ဟု ဆိုခဲ့ကြကုန်၏။
26:168
قَالَ إِنِّي لِعَمَلِكُم مِّنَ ٱلۡقَالِينَ ١٦٨
ထိုလူ(တ်)က (အချင်းတို့၊) ဧကန်အမှန် ငါသည် အသင်တို့၏အကျင့်အမူကို လွန်စွာစက်ဆုပ်သူတစ်ဦးပင် ဖြစ်သည်ဟု ပြောကြားခဲ့၏။
26:169
رَبِّ نَجِّنِي وَأَهۡلِي مِمَّا يَعۡمَلُونَ ١٦٩
ထို့နောက် လူ(တ်)က] အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ အိမ်သူအိမ်သားတို့အားလည်းကောင်း၊ (နောက်လိုက်ငယ်သားတို့အားလည်းကောင်း၊) ထိုအမျိုးသားတို့ ကျင့်မူလျက်ရှိကြကုန်သော (ပြစ်မှုဒုစရိုက်၏ပြစ်ဒဏ်မှ) ကင်းလွတ်စေတော်မူပါ (ဟုလျှောက်ထားခဲ့၏)။
26:170
فَنَجَّيۡنَٰهُ وَأَهۡلَهُۥٓ أَجۡمَعِينَ ١٧٠
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထို လူ(တ်)နှင့်တကွ ၎င်း၏အိမ်သူအိမ်သား တပည့်သားအားလုံးကိုပင် ကယ်တင်တော်မူခဲ့၏။
26:171
إِلَّا عَجُوزًا فِي ٱلۡغَٰبِرِينَ ١٧١
သို့ရာတွင် အမယ်အိုတစ်ဦးမှာမူကား နောက်၌ကျန်ရစ်ခဲ့သူတို့တွင် ကျန်ရစ်ခဲ့လေ၏။
26:172
ثُمَّ دَمَّرۡنَا ٱلۡأٓخَرِينَ ١٧٢
ထို့နောက် ငါအရှင်မြတ်သည် ကျန်လူအားလုံးတို့ကို ဖျက်ဆီးတော်မူခဲ့၏။
26:173
وَأَمۡطَرۡنَا عَلَيۡهِم مَّطَرًاۖ فَسَآءَ مَطَرُ ٱلۡمُنذَرِينَ ١٧٣
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးတစ်မျိုး(ခဲမိုး)ကို ရွာသွန်းစေတော်မူခဲ့၏။ စင်စစ် သတိပေးနှိုးဆော်ခြင်းခံကြရသူတို့ (အပေါ်၌ရွာသွန်းခဲ့သော)မိုးမှာ အဘယ်မျှ ဆိုးရွားလှဘိသနည်း။
26:174
إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ ١٧٤
ဧကန်စင်စစ် ဤသည့်(ဖြစ်ရပ်)၌ (ကြီးကျယ်လှစွာသော) သင်ခန်းစာသည် ရှိပေ၏။ သို့ရာတွင် ၎င်းတို့အနက်(မက္ကာမြို့သား ကာဖိရ်များအနက်)အများဆုံးသော သူတို့မှာမူကား သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ကြချေ။
26:175
وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ١٧٥
စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင်လျှင် အလွန်တရာ လွှမ်းမိုးတော်မူသော၊ အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
26:176
كَذَّبَ أَصۡحَٰبُ لۡـَٔيۡكَةِ ٱلۡمُرۡسَلِينَ ١٧٦
တောအုပ်၌ နေထိုင်ကြကုန်သော အမျိုးသားတို့သည်လည်း ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။
26:177
إِذۡ قَالَ لَهُمۡ شُعَيۡبٌ أَلَا تَتَّقُونَ ١٧٧
အကြင်အခါဝယ် ၎င်းတို့အား "ရှုအိုက်ဗ်"ကပြောကြားခဲ့၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မကြောက်ရွံ့ ကြလေသလော။
26:178
إِنِّي لَكُمۡ رَسُولٌ أَمِينٌ ١٧٨
ဧကန်စင်စစ် ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်၏။
26:179
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١٧٩
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
26:180
وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ ١٨٠
စင်စစ် ငါသည် ဤ(အမိန့်တော်ပို့ဆောင်ခြင်း)နှင့်စပ်လျဉ်း၍ အသင်တို့ထံ မည်သည့်အကျိုး တစ်စုံတစ်ရာကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဋ္ဌာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏တာဝန်ပင် ဖြစ်ပေသတည်း။
26:181
۞ أَوۡفُواْ ٱلۡكَيۡلَ وَلَا تَكُونُواْ مِنَ ٱلۡمُخۡسِرِينَ ١٨١
အသင်တို့သည် (ခွက်၊ စလယ်၊ တင်းတောင်း၊စသော) အခြင်အတွယ်ကို အပြည့်(ခြင်၍) ပေးကြလေကုန်။၎င်းပြင် အသင်တို့သည် ဆုံးရှုံးအောင် ပြုလုပ်သူများ မဖြစ်ကြကုန်လင့်။
26:182
وَزِنُواْ بِٱلۡقِسۡطَاسِ ٱلۡمُسۡتَقِيمِ ١٨٢
ထို့ပြင် အသင်တို့သည် မှန်ကန်သော ရာဇူချိန်ခွင်ဖြင့် ချိန်တွယ်ကြလေကုန်။
26:183
وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ١٨٣
၎င်းပြင် အသင်တို့သည် လူတို့အား ၎င်းတို့၏ ဝတ္ထုပစ္စည်းများကိုလျှော့၍ မပေးကြကုန်လင့်။ ထိုမှတစ်ပါးအသင်တို့သည် တိုင်းပြည်တွင် ဖျက်ဆီးသူများအဖြစ် သွားလာလှုပ်ရှား သောင်းကျန်းခြင်းကို မပြုကြကုန်လင့်။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, August 26, 2026
Don't forget us in your sincere prayers







