📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 590
စူရာ အလ်-ဗူရူဂျ်

စူရာ အလ်-ဗူရူဂျ်

85:1
وَٱلسَّمَآءِ ذَاتِ ٱلۡبُرُوجِ ١
(ငါအရှင်မြတ်သည်) ဒွါဒရာသီ (ဆယ့်နှစ်ရာသီ)အင်္သာစက်ရှိသော မိုးကောင်းကင်ကို သက်သေ ထူတော်မူ၏။
85:3
وَشَاهِدٍ وَمَشۡهُودٍ ٣
ထို့ပြင် အသင့်ရောက်ရှိသောနေ့ကိုလည်းကောင်း၊ အသင့်ရောက်ရှိကြရမည့်နေ့ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
85:6
إِذۡ هُمۡ عَلَيۡهَا قُعُودٌ ٦
အကြင်အခါဝယ် ၎င်းတို့သည် ထိုမီး၏အနီးပတ်ဝန်းကျင်၌ ထိုင်လျက်ရှိခဲ့ကြကုန်၏။
85:7
وَهُمۡ عَلَىٰ مَا يَفۡعَلُونَ بِٱلۡمُؤۡمِنِينَ شُهُودٌ ٧
ထို့ပြင် ၎င်းတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အား မိမိတို့ပြုလျက်ရှိသော အမှုကိစ္စ (နှိပ်စက်ညှဉ်းပမ်းမှု)ကို ရှုစားလျက်ရှိခဲ့ကြကုန်၏။
85:8
وَمَا نَقَمُواْ مِنۡهُمۡ إِلَّآ أَن يُؤۡمِنُواْ بِٱللَّهِ ٱلۡعَزِيزِ ٱلۡحَمِيدِ ٨
စင်စစ် ၎င်းတို့သည် ထို"မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့၌ တန်ခိုးကြီးမားတော်မူသော၊ ချီးမွမ်း ထောပနာအပေါင်းကို ခံယူထိုက်တော်မူသော အကြင်အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ကြသည် မှ�စ်ပါး အခြားတစ်စုံတစ်ရာကိုမျှ တွေ့ရှိခဲ့ကြသည် မဟုတ်ပေ။
85:9
ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ شَهِيدٌ ٩
မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှု အာဏာသည် ထိုအလ္လာဟ်အရှင်မြတ်၌သာ ရှိပေသည်။
85:10
إِنَّ ٱلَّذِينَ فَتَنُواْ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ ثُمَّ لَمۡ يَتُوبُواْ فَلَهُمۡ عَذَابُ جَهَنَّمَ وَلَهُمۡ عَذَابُ ٱلۡحَرِيقِ ١٠
ဧကန်မလွဲ အကြင်သူတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ယောက်ျားတို့အား လည်းကောင်း၊ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော မိန်းမတို့အားလည်းကောင်း၊ နှိပ်စက်ညှဉ်းပမ်းခဲ့ကြ၏။ ထို့နောက် ၎င်းတို့သည် ဝန်ချတောင်းပန်ခြင်း မပြုခဲ့ကြပေ။ ထိုသူတို့၌ "ဂျဟန္နမ်" ငရဲ၏ပြစ်ဒဏ် သည် (အထူးသဖြင့်) မီးလောင်ကျွမ်းခြင်း၏ပြစ်ဒဏ်သည် ရှိချေသတည်း။
85:11
إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ جَنَّٰتٌ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡكَبِيرُ ١١
ဧကန်မုချ "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အဖို့ အကြင်ဥယျာဉ်များသည် ရှိပေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းချောင်းများသည် စီးတွေလျက်ရှိပေသည်။ ဤသည် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။
85:12
إِنَّ بَطۡشَ رَبِّكَ لَشَدِيدٌ ١٢
မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဖမ်းဆီးမှု၊ (အရေးယူ)မှုသည် အမှန်ပင် ပြင်းထန်လှပေသည်။
85:13
إِنَّهُۥ هُوَ يُبۡدِئُ وَيُعِيدُ ١٣
ဧကန်မလွဲ ထိုအရှင်မြတ်သည်သာလျှင် (ပထမအကြိမ်) စတင်ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည်သာလျှင်(ဒုတိယအကြိမ်)ပြန်လည် ဖန်ဆင်းတော်မူပေမည်။
85:14
وَهُوَ ٱلۡغَفُورُ ٱلۡوَدُودُ ١٤
၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ချစ်မြတ်နိုးတော်မူသောအရှင်။
85:15
ذُو ٱلۡعَرۡشِ ٱلۡمَجِيدُ ١٥
အရ်ရှ်" ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်၊ အထူးဂုဏ်ကျက်သရေနှင့် ပြည်စုံတော်မူသောအရှင်။
85:16
فَعَّالٌ لِّمَا يُرِيدُ ١٦
မိမိ ရည်စူးတော်မူသောကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူသောအရှင် ဖြစ်တော်မူ၏။
85:17
هَلۡ أَتَىٰكَ حَدِيثُ ٱلۡجُنُودِ ١٧
(အို-နဗီတမန်တော်) အသင့်ထံ ထိုတပ်များ၏အကြောင်း အတ္ထုပ္ပတ္တိသည် ရောက်ရှိခဲ့ပြီ မဟုတ်လော။
85:18
فِرۡعَوۡنَ وَثَمُودَ ١٨
ဖစ်ရ်အောင်န်" ၏တပ်များ အကြောင်းသည်လည်းကောင်း၊ "ဆမူဒ်"အမျိုးသားတို့၏အကြောင်းသည်လည်းကောင်း။
85:19
بَلِ ٱلَّذِينَ كَفَرُواْ فِي تَكۡذِيبٍ ١٩
ထိုမျှမကသေးပေ၊ စင်စစ်မှာကား ကာဖိရ် သွေဖည်ငြင်းပယ်ခဲ့ကြကုန်သောသူတို့သည် (ကုရ်အာန်ကျမ်းမြတ်ကိုပင်) မဟုတ်မမှန်ဟူ၍ ပြောဆိုငြင်းပယ်လျက် ရှိကြသေး၏။
85:20
وَٱللَّهُ مِن وَرَآئِهِم مُّحِيطُۢ ٢٠
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အဘက်ဘက်မှ ဝန်းဝိုင်းလျက် ရှိတော်မူ၏။
85:21
بَلۡ هُوَ قُرۡءَانٌ مَّجِيدٌ ٢١
ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ဤသည် အထူးဂုဏ်ဝိသေသနှင့်ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ပင်။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Tuesday, September 1, 2026
Don't forget us in your sincere prayers







