PDF —
8 အာယာသ် Meccan PDF
Built right in your browser — download starts automatically

စူရာ အတ်-တကာစူ pdf — ဒေါင်းလုဒ် (မြန်မာ)

စူရာ အတ်-တကာစူ pdf မြန်မာ — ဒေါင်းလုဒ် စူရာ အတ်-တကာစူ ဘာသာပြန်. စူရာ အတ်-တကာစူ (Meccan) 8 အာယာသ်.



8 အာယာသ် · Meccan · မြန်မာ
bismillah
ﮣﮤﮥ
102:1 (ဥစ္စာပစ္စည်း၊ သားသမီးအစရှိသော လောကီစည်းစိမ်) ပေါများကြွယ်ဝမှုနှင့်စပ်လျဉ်း၍ လောဘရမ္မက် ဂုဏ်တု၊ ဂုဏ်ပြိုင်ပြုမှုသည် အသင်တို့အား (တမလွန်ဘဝကို) လျစ်လျူရှု ပေါ့တန်စေခဲ့၏။
ﮦﮧﮨﮩ
102:2 နောက်ဆုံးတွင် အသင်တို့သည် သင်္ချိုင်းများကို တွေ့မြင်ခဲ့ကြရလေသည်။
ﮪﮫﮬﮭ
102:3 သတိပြုကြလေကုန်၊ အသင်တို့သည် မကြာမြင့်မီပင် သိရှိကြပေမည်။
ﮮﮯﮰﮱﯓ
102:4 တဖန် သတိပြုကြလေကုန်၊ အသင်တို့သည် မကြာမြင့်မီပင် သိရှိကြပေမည်။
ﯔﯕﯖﯗﯘﯙ
102:5 အကယ်၍သာ အသင်တို့သည် တပ်အပ်သေချာစွာ သိခြင်းအားဖြင့် သိရှိကြသည်ရှိသော် အလျှင်း (လျစ်လျူရူပေါ့တန်ကြမည်) မဟုတ်ပေ။
ﯚﯛﯜ
102:6 မလွဲဧကန် အသင်တို့သည် ဂျဟန္နမ်ငရဲကို တွေ့မြင်ကြပေမည်။
ﯝﯞﯟﯠﯡ
102:7 ထို့နောက် မလွဲဧကန် အသင်တို့သည် ယင်းဂျဟန္နမ်ငရဲကို မျက်မြင်ဒိဋ္ဌ တွေ့မြင်ကြပေမည်။
ﯢﯣﯤﯥﯦﯧ
102:8 ထို့နောက် အသင်တို့သည် စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။

ကုရ်အာန်ကျမ်း


Wednesday, September 9, 2026

Don't forget us in your sincere prayers