PDF —
11 အာယာသ် Meccan PDF
Built right in your browser — download starts automatically

စူရာ အလ်-ကာရီအာ pdf — ဒေါင်းလုဒ် (မြန်မာ)

စူရာ အလ်-ကာရီအာ pdf မြန်မာ — ဒေါင်းလုဒ် စူရာ အလ်-ကာရီအာ ဘာသာပြန်. စူရာ အလ်-ကာရီအာ (Meccan) 11 အာယာသ်.

← အလ်-အာဒီယာ့စူရာ အလ်-ကာရီအာ အတ်-တကာစူ →


11 အာယာသ် · Meccan · မြန်မာ
bismillah
ﭴﭵ
101:1 ထိုဘေးကြီး ဆိုက်ရောက်ခြင်းသည် (ထိုတီးခေါက်သောအရာသည်)။
ﭶﭷﭸ
101:2 ထိုဘေးကြီး ဆိုက်ရောက်ခြင်းသည် (ထိုတီးခေါက်သောအရာသည်) မည်သည့်အရာနည်း။
ﭹﭺﭻﭼﭽ
101:3 စင်စစ် ထိုဘေးကြီး ဆိုက်ရောက်ခြင်းဟူသည်(ထိုတီးခေါက်သော အရာဟူသည်) မည်သည့်အရာဖြစ်သည်ကို အသင် သိပါသလော။
ﭾﭿﮀﮁﮂﮃ
101:4 အကြင်နေ့တွင် လူတို့သည် ပြန့်ကြဲလျက်ရှိကြသော ပိုးဖလံများကဲ့သို့ ဖြစ်ကြပေမည်။
ﮄﮅﮆﮇﮈ
101:5 ထိုမှတစ်ပါး တောင်များသည် ဖတ်ပြီး အရောင်ဆိုးထားသော သိုးမွှေးကဲ့သို့ ဖြစ်ကြပေမည်။
ﮉﮊﮋﮌﮍ
101:6 ထိုအခါ အကြင်သူ၏ ချိန်စက်ခြင်းခံရသော(ကောင်းမှု)များသည် အချိန်စီးခဲ့မူ။
ﮎﮏﮐﮑﮒ
101:7 ထိုသူသည် စိတ်တိုင်းကျစည်းစိမ်၌ (မွေ့လျော်စွာ)ရှိပေမည်။
ﮓﮔﮕﮖﮗ
101:8 သို့ရာတွင် အကြင်သူ၏ ချိန်စက်ခြင်းခံရသော(ကောင်းမှု)များသည် (အချိန်မစီးဘဲ) ပေါ့၍ နေသည်ရှိသော်။
ﮘﮙﮚ
101:9 ထိုသူ၏ နေထိုင်ရာဌာနမှာ နက်ရှိုင်းသောငရဲတွင်းပင် ဖြစ်ပေမည်။
ﮛﮜﮝﮞﮟ
101:10 စင်စစ် ထိုငရဲတွင်းဟူသည် အဘယ်နည်းဟု အသင် သိပါသလော။
ﮠﮡﮢ
101:11 (ထိုငရဲတွင်းမှာကား) အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော (ငရဲ)မီးပင် ဖြစ်ချေသတည်း။

ကုရ်အာန်ကျမ်း


Wednesday, September 9, 2026

Don't forget us in your sincere prayers