စူရာ အလ်-ဟုမဇာ pdf — ဒေါင်းလုဒ် (မြန်မာ)
စူရာ အလ်-ဟုမဇာ pdf မြန်မာ — ဒေါင်းလုဒ် စူရာ အလ်-ဟုမဇာ ဘာသာပြန်. စူရာ အလ်-ဟုမဇာ (Meccan) 9 အာယာသ်.
Related
- စူရာ အလ်-ဟုမဇာ ဘာသာပြန်မြန်မာ
- စူရာ အလ်-ဟုမဇာ mp3နားထောင်
- Quran Index မြန်မာ114
More စူရာ PDF
စူရာ အလ်-ဟုမဇာ

ﭢﭣﭤﭥﭦ
104:1
နောက်ကွယ်၌ အတင်းပြောသူတိုင်း၊ မျက်နှာစုံညီ စောင်းချိတ်ရှုတ်ချသူတိုင်း၊ ကျိုးယုတ်ပျက်စီး မည်သာတည်း။
ﭧﭨﭩﭪﭫ
104:2
အကြင်(အတင်းပြော၊ စောင်းချိတ်ရှုတ်ချ)သူသည် ပစ္စည်းဥစ္စာကို စုဆောင်းပြီး ထိုပစ္စည်းဥစ္စာကို အကြိမ်ကြိမ် ရေတွက်လျက်ရှိ၏။
ﭬﭭﭮﭯﭰ
104:3
ထိုသူသည် မိမိအား မိမိဥစ္စာပစ္စည်းသည် အမြဲတစေ (အသက်ထင်ရှား)ရှိစေမည်။(တစ်နည်း) (မိမိထံမိမိဥစ္စာပစ္စည်းသည် အမြဲတစေရှိနေမည်ဟု) ထင်မှတ်လေ၏။
ﭱﭲﭳﭴﭵﭶ
104:4
အလျှင်းမဟုတ်၊ စင်စစ်မှာကား ထိုသူသည် ချိုးဖျက်ချေခွဲ အပိုင်းပိုင်း အစစဖြစ်စေသော (ငရဲ)၌ ပစ်ချခြင်းကို အမှန်ပင်ခံရလတ္တံ့။
ﭷﭸﭹﭺﭻ
104:5
စင်စစ် ထိုချိုးဖျက်ချေခွဲ အပိုင်းပိုင်း အစစဖြစ်စေသော (ငရဲ)သည် အဘယ်နည်းဟု အသင် သိပါသလော။
ﭼﭽﭾﭿ
104:6
မွှေးထားပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ငရဲမီးပင်။ (တစ်နည်း) အလ္လာဟ်အရှင်မြတ် (အမိန့်တော်အရ မွှေးထားတော်မူသောမီးပင်)။
ﮀﮁﮂﮃﮄ
104:7
အကြင်မီးသည် စိတ်နှလုံးများအထိ တိုးတက်ဖုံးလွှမ်းလေ၏။ (ထိရောက်လေ၏)။
ﮅﮆﮇﮈ
104:8
ဧကန်မလွဲ ထိုမီးသည် ၎င်းတို့အပေါ်၌ ပိတ်ဆို့ပြီး ဖြစ်ပေမည်။
ﮉﮊﮋﮌ
104:9
ရှည်လျားစွာသော(မီးကျီး)တိုင်များ၌ (တုပ်နှောင်လျက်)။
ကုရ်အာန်ကျမ်း
Wednesday, September 9, 2026
Don't forget us in your sincere prayers







