Перевод суры Аль-Иншикак на бирманский язык

  1. Сура mp3
  2. Другие суры
  3. бирманский
Священный Коран | Перевод Корана | Язык бирманский | Сура Аль-Иншикак | الانشقاق - получите точный и надежный бирманский текст сейчас - Количество аятов: 25 - Номер суры в мушафе: 84 - Значение названия суры на русском языке: The Rending Asunde.

إِذَا السَّمَاءُ انشَقَّتْ(1)

 အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ သွားပေမည်။

وَأَذِنَتْ لِرَبِّهَا وَحُقَّتْ(2)

 ၎င်းပြင် ထိုမိုးကောင်းကင်သည် မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို နာခံပေမည်။စင်စစ် ယင်းမိုးကောင်းကင်သည် (ယင်းသို့ နာခံရန်သာ)ထိုက်တန်ပေသည်။

وَإِذَا الْأَرْضُ مُدَّتْ(3)

 ထို့ပြင် အကြင်အခါဝယ် ပထဝီမြေသည် ဆွဲဖြန့်ခြင်းကို ခံရပေမည်။

وَأَلْقَتْ مَا فِيهَا وَتَخَلَّتْ(4)

 ၎င်းပြင် ယင်းပထဝီမြေသည် မိမိအတွင်း၌ရှိသော အရာဝတ္ထုများကို (အပြင်သို့ အန်)ထုတ်ပြီးလျှင် ဗလာချည်း ဖြစ်သွားပေမည်။

وَأَذِنَتْ لِرَبِّهَا وَحُقَّتْ(5)

 ထို့ပြင် ယင်းပထဝီမြေသည် မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို နာခံစေမည်။ စင်စစ် ယင်းပထဝီမြေသည် ယင်းသို့ နာခံရန်သာ ထိုက်တန်ပေသည်။

يَا أَيُّهَا الْإِنسَانُ إِنَّكَ كَادِحٌ إِلَىٰ رَبِّكَ كَدْحًا فَمُلَاقِيهِ(6)

 အို-လူသား၊ ဧကန်စင်စစ် အသင်သည် မိမိအရှင်မြတ်အထံတော်သို့ ရောက်ရှိသည့်တိုင်အောင် (သေသည့်တိုင်အောင်) ပင်ပန်းကြီးစွာ ကြိုးပမ်းဆောင် ရွက်ရပေမည်။ ထို့နောက် (အသင်သည်) ယင်း ကြိုးပမ်းမှု(၏ အကျိုးကို)တွေ့ရှိရပေမည်။

فَأَمَّا مَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ(7)

 မည်သို့ပင်ဖြစ်စေ ထိုအခါ မိမိမှတ်တမ်းကို မိမိလက်ယာဘက်လက်ထဲ၌ ပေးခြင်းကို ခံရသောသူသည်

فَسَوْفَ يُحَاسَبُ حِسَابًا يَسِيرًا(8)

 ထိုသူသည် လွယ်ကူသော စစ်ဆေးမှုကို စစ်ဆေးခြင်း ခံရပေမည်။

وَيَنقَلِبُ إِلَىٰ أَهْلِهِ مَسْرُورًا(9)

 ၎င်းပြင် ထိုသူသည် မိမိ အိမ်သူအိမ်သား အပေါင်းအဖော်တို့ထံမှ ဝမ်းမြောက်စွာ ပြန်လာပေမည်။

وَأَمَّا مَنْ أُوتِيَ كِتَابَهُ وَرَاءَ ظَهْرِهِ(10)

 သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ မိမိမှတ်တမ်းကို မိမိနောက်ကျောဘက်မှပေးခြင်းကို ခံရသောသူသည်

فَسَوْفَ يَدْعُو ثُبُورًا(11)

 အမှန်ပင် ထိုသူသည် သေခြင်းတရားကို ဟစ်ခေါ်ပေမည်။

وَيَصْلَىٰ سَعِيرًا(12)

 ၎င်းပြင် ထိုသူသည် (ဂျဟန္နမ်ငရဲ၏)မီးတောက်မီးလျှံထဲသို့ ဝင်ရပေမည်။

إِنَّهُ كَانَ فِي أَهْلِهِ مَسْرُورًا(13)

 ဧကန်စင်စစ် ထိုသူသည် မိမိအိမ်သူအိမ်သား အပေါင်းအဖော်တို့၌ ပျော်ရွှင်စွာရှိခဲ့ပေသည်။

إِنَّهُ ظَنَّ أَن لَّن يَحُورَ(14)

 ဧကန်စင်စစ် ၎င်းသည် (မိမိအရှင်မြတ်အထံတော်သို့)အလျင်းပြန်သွားရမည် မဟုတ်ဟု ထင်မှတ်ခဲ့ပေသည်။

بَلَىٰ إِنَّ رَبَّهُ كَانَ بِهِ بَصِيرًا(15)

 အဘယ်မှာလျှင် မဟုတ်ပါသနည်း၊ ဧကန်မလွဲ ၎င်း၏အရှင်မြတ်သည် ၎င်းအား ကောင်းစွာ ရှုမြင်လျက်ပင် ရှိတော်မူပေသတည်း။

فَلَا أُقْسِمُ بِالشَّفَقِ(16)

 သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် နေဝင်ဆည်းဆာ (နေဝင်ပြီးနောက်ကျန်ရှိသော) ရောင်နီကို သက်သေထူတော်မူ၏။

وَاللَّيْلِ وَمَا وَسَقَ(17)

 ထို့ပြင်(ငါအရှင်မြတ်)သည် ညဉ့်ကိုလည်းကောင်း၊ ထိုညဉ့်က ဖုံးလွှမ်းသောအရာများကိုလည်းကောင်း၊ (သက်သေထူတော်မူ၏)။

وَالْقَمَرِ إِذَا اتَّسَقَ(18)

 ၎င်းပြင် (ငါအရှင်မြတ်သည်) လစန္ဒာကို (သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ထိုလစန္ဒာသည် ပြည့်ဝန်းလေသည်။

لَتَرْكَبُنَّ طَبَقًا عَن طَبَقٍ(19)

 အမှန်ပင် အသင်တို့သည် တစ်ဆင့်မှတစ်ဆင့်သို့ တက်ကြရပေမည်။

فَمَا لَهُمْ لَا يُؤْمِنُونَ(20)

 သို့ပါလျက် ၎င်းတို့သည် မည်သည့်အကြောင်းကြောင့် မယုံကြည်ကြပါသနည်း။

وَإِذَا قُرِئَ عَلَيْهِمُ الْقُرْآنُ لَا يَسْجُدُونَ ۩(21)

 ထိုမှတစ်ပါး ၎င်းတို့ရှေ့၌ ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ကြားသောအခါဝယ် ၎င်းတို့သည်(မည်သည့်အကြောင်းကြောင့်) ပျပ်ဝပ်ဦးချခြင်း မပြုကြသနည်း။

بَلِ الَّذِينَ كَفَرُوا يُكَذِّبُونَ(22)

 ထိုမျှမကသေးပေ၊ စင်စစ်မှာမူကား ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့သည် ("ကိယာမတ်" အကြောင်းကို ရှင်းလင်းပြသော ထိုကုရ်အာန်ကျမ်းတော်မြတ်ကို) မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ကြကုန်၏။

وَاللَّهُ أَعْلَمُ بِمَا يُوعُونَ(23)

 စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့လျှို့ဝှက်မျိုသိပ်၍ ထားရှိကြသည်ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။

فَبَشِّرْهُم بِعَذَابٍ أَلِيمٍ(24)

 သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား ပြင်းပြနာကျင်ဖွယ်သော ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ သတင်းကောင်း ပြောကြားပါလေ။

إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ أَجْرٌ غَيْرُ مَمْنُونٍ(25)

 သို့ရာတွင် "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အဖို့မှာမူကား အဆုံးမရှိသော အကျိုးကျေးဇူးသည် ရှိပေသတည်း။


Больше сур в бирманский:


Аль-Бакара Аль-'Имран Ан-Ниса'
Аль-Маида Юсуф Ибрахим
Аль-Хиджр Аль-Кахф Марьям
Аль-Хадж Аль-Касас Аль-'Анкабут
Ас-Саджда Я-Син Ад-Духан
Аль-Фатх Аль-Худжурат Каф
Ан-Наджм Ар-Рахман Аль-Ваки'а
Аль-Хашр Аль-Мульк Аль-Хакка
Аль-Иншикак Аль-А'ла Аль-Гашия

Скачать суру Al-Inshiqaq с голосом самых известных рекитаторов Корана:

Сура Al-Inshiqaq mp3: выберите рекитатора, чтобы прослушать и скачать главу Al-Inshiqaq полностью в высоком качестве
surah Al-Inshiqaq Ahmed El Agamy
Ahmed Al Ajmy
surah Al-Inshiqaq Bandar Balila
Bandar Balila
surah Al-Inshiqaq Khalid Al Jalil
Khalid Al Jalil
surah Al-Inshiqaq Saad Al Ghamdi
Saad Al Ghamdi
surah Al-Inshiqaq Saud Al Shuraim
Saud Al Shuraim
surah Al-Inshiqaq Abdul Basit Abdul Samad
Abdul Basit
surah Al-Inshiqaq Abdul Rashid Sufi
Abdul Rashid Sufi
surah Al-Inshiqaq Abdullah Basfar
Abdullah Basfar
surah Al-Inshiqaq Abdullah Awwad Al Juhani
Abdullah Al Juhani
surah Al-Inshiqaq Fares Abbad
Fares Abbad
surah Al-Inshiqaq Maher Al Muaiqly
Maher Al Muaiqly
surah Al-Inshiqaq Muhammad Siddiq Al Minshawi
Al Minshawi
surah Al-Inshiqaq Al Hosary
Al Hosary
surah Al-Inshiqaq Al-afasi
Mishari Al-afasi
surah Al-Inshiqaq Yasser Al Dosari
Yasser Al Dosari


Tuesday, May 14, 2024

Помолитесь за нас хорошей молитвой