Перевод суры Аль-Хакка на бирманский язык

  1. Сура mp3
  2. Другие суры
  3. бирманский
Священный Коран | Перевод Корана | Язык бирманский | Сура Аль-Хакка | الحاقة - получите точный и надежный бирманский текст сейчас - Количество аятов: 52 - Номер суры в мушафе: 69 - Значение названия суры на русском языке: The Sure Reality.

الْحَاقَّةُ(1)

 အကယ်စင်စစ် ဖြစ်အံ့သောအရာ။

مَا الْحَاقَّةُ(2)

 ယင်း အကယ်စင်စစ် ဖြစ်အံ့သောအရာကား မည်သည့်အရာနည်း။

وَمَا أَدْرَاكَ مَا الْحَاقَّةُ(3)

 စင်စစ် ယင်း အကယ်စင်စစ် ဖြစ်အံ့သော အရာသည် မည်သည့်အရာဖြစ်ကြောင်း အသင်သိပါသလော။

كَذَّبَتْ ثَمُودُ وَعَادٌ بِالْقَارِعَةِ(4)

 ဆမူဒ်"လူမျိုးတို့သည်လည်းကောင်း၊ "အာဒ်"လူမျိုးတို့သည်လည်းကောင်း၊ ဆိုက်ရောက်အံ့သော ဘေးကြီး(ဝါ) "ကိယာမတ်"ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။

فَأَمَّا ثَمُودُ فَأُهْلِكُوا بِالطَّاغِيَةِ(5)

 သို့ဖြစ်ပေရာ "ဆမူဒ်"လူမျိုးတို့ကား အတိုင်းထက်အလွန် ပြင်းထန်လှစွာသော အသံဖြင့် သေကြေ ပျက်စီးစေခြင်းကို ခံခဲ့ကြကုန်၏။

وَأَمَّا عَادٌ فَأُهْلِكُوا بِرِيحٍ صَرْصَرٍ عَاتِيَةٍ(6)

 ၎င်းပြင် "အာဒ်"လူမျိုးတို့မှာမူ ကြမ်းတမ်းလှစွာသော သောင်းကျန်းသော လေပြင်းမုန်တိုင်းဖြင့် ဖျက်ဆီးခြင်းကို ခံခဲ့ကြရကုန်၏။

سَخَّرَهَا عَلَيْهِمْ سَبْعَ لَيَالٍ وَثَمَانِيَةَ أَيَّامٍ حُسُومًا فَتَرَى الْقَوْمَ فِيهَا صَرْعَىٰ كَأَنَّهُمْ أَعْجَازُ نَخْلٍ خَاوِيَةٍ(7)

 ထိုအရှင်မြတ်သည် ယင်းလေပြင်းမုန်တိုင်းကို ခုနစ်ညနှင့်ရှစ်ရက်တိုင်တိုင် တစ်ဆက်တည်း ၎င်းတို့ အပေါ်ဝယ် တာဝန်ပေးခန့်အပ်တော်မူခဲ့၏။ သို့ဖြစ်ပေရာ အသင်သည် ယင်းလူမျိုးတို့အား ပြိုလဲနေသော၊ သစ်ခေါင်းပွဖြစ်သော၊ စွန်ပလွံပင်များပမာ ယင်းလေပြင်းမုန်တိုင်းအောက်တွင် လဲ၍နေကြသည်ကို တွေ့မြင်ရပေမည်။

فَهَلْ تَرَىٰ لَهُم مِّن بَاقِيَةٍ(8)

 သို့ဖြစ်ရာ အသင်သည် ၎င်းတို့အနက်(သေကြေပျက်စီးခြင်းမရှိဘဲ) ကြွင်းကျန်လျက်ရှိသူ တစ်ဦးတစ်ယောက်အား တွေ့မြင်ရလေသလော။

وَجَاءَ فِرْعَوْنُ وَمَن قَبْلَهُ وَالْمُؤْتَفِكَاتُ بِالْخَاطِئَةِ(9)

 ထို့ပြင် "ဖစ်ရ်အောင်န်"သည်လည်းကောင်း၊ �ို"ဖစ်ရ်အောင်န်"၏အလျင်ရှိခဲ့ကြသောသူတို့သည် လည်းကောင်း၊ ထက်အောက် ပြောင်းပြန်လှန်ခြင်းကို ခံခဲ့ကြရသောရွာ(သူရွာသား)တို့သည်လည်းကောင်း၊ ပြစ်မှုကို ကျူးလွန်ခဲ့ကြကုန်၏။

فَعَصَوْا رَسُولَ رَبِّهِمْ فَأَخَذَهُمْ أَخْذَةً رَّابِيَةً(10)

 တစ်ဖန် ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှ စေလွှတ်တော်မူသော ရစူလ်တမန်တော်၏အမိန့်ကို ဖီဆန်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အား (အခြား လူမျိုးများထက်) ပိုမို၍တင်းကြပ်စွာ ဖမ်းဆီး အရေးယူတော်မူခြင်းအားဖြင့် ဖမ်းဆီးအရေးယူတော်မူခဲ့၏။

إِنَّا لَمَّا طَغَى الْمَاءُ حَمَلْنَاكُمْ فِي الْجَارِيَةِ(11)

 ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင် အသင်တို့အား ရေ(လှိုင်းများ)တိုးမြှင့်လွှမ်းမိုး၍ လာခဲ့သောအခါ သင်္ဘောပေါ်၌ တင်ဆောင်(ကယ်တင်)တော်မူခဲ့၏။

لِنَجْعَلَهَا لَكُمْ تَذْكِرَةً وَتَعِيَهَا أُذُنٌ وَاعِيَةٌ(12)

 ငါအရှင်မြတ်သည် ယင်းဖြစ်အင်ကို အသင်တို့အဖို့ အမြဲမှတ်မိ သတိရစေရာ ပြုလုပ်တော်မူအံ့သောငှာလည်းကောင်း၊ မှတ်ထားသောနားသည် ယင်းဖြစ်အင်ကို မှတ်ထားကြအံ့သောငှာလည်းကောင်း။

فَإِذَا نُفِخَ فِي الصُّورِ نَفْخَةٌ وَاحِدَةٌ(13)

 မည်သို့ပင်ဖြစ်စေ တံပိုးခရာ၌ တစ်ချက်တည်းမှုတ်လေသော်၊

وَحُمِلَتِ الْأَرْضُ وَالْجِبَالُ فَدُكَّتَا دَكَّةً وَاحِدَةً(14)

 ထို့ပြင် ပထဝီမြေသည်လည်းကောင်း၊ တောင်များသည်လည်းကောင်း၊ ပင့်မြှောက်(ဖယ်ရှား)ခြင်းကို ခံကြရပြီးလျှင် တစ်ချက်တည်း ညက်ညက်ကြေအောင် ထုထောင်းခြင်းကို ခံခဲ့ကြရသော်၊

فَيَوْمَئِذٍ وَقَعَتِ الْوَاقِعَةُ(15)

 ထိုအခါ ကိယာမတ်သည် ဖြစ်ပျက်လာပေမည်။

وَانشَقَّتِ السَّمَاءُ فَهِيَ يَوْمَئِذٍ وَاهِيَةٌ(16)

 ၎င်းပြင် မိုးကောင်းကင်သည် အက်ကွဲသွားမည်ဖြစ်ရာ ယင်းမိုးကောင်းကင်မှာ ထိုနေ့တွင် နုံနဲ့၊ ချူချာ၊ ပျက်ယွင်းလျက် ရှိချိမ့်မည်။

وَالْمَلَكُ عَلَىٰ أَرْجَائِهَا ۚ وَيَحْمِلُ عَرْشَ رَبِّكَ فَوْقَهُمْ يَوْمَئِذٍ ثَمَانِيَةٌ(17)

 ၎င်းပြင် "မလာအိကဟ်" ကောင်းကင်တမန်တို့မှာကား ယင်းမိုးကောင်းကင်၏ နံဘေးများဝယ် ရှိနေကြပေမည်။ ထိုမှတစ်ပါး ထိုနေ့တွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ "အရ်ရှ်" ပလ္လင်တော်ကို ကောင်းကင်တမန်ရှစ်ပါးတို့က မိမိတို့ထက်ဝယ် ထမ်းဆောင်လျက်ရှိကြပေမည်။

يَوْمَئِذٍ تُعْرَضُونَ لَا تَخْفَىٰ مِنكُمْ خَافِيَةٌ(18)

 ထိုနေ့တွင် အသင်တို့သည် ရှေ့တော်မှောက်သို့သွင်းစေခြင်းကို ခံကြရပေမည်။ (ထိုနေ့တွင်) အသင်တို့အပေါ်ဝယ် မည်သည့်ဖုံးကွယ်၍နေသော အရာမျှပင် ဖုံးကွယ်၍နေချိမ့်မည် မဟုတ်ပေတကား။ (တစ်နည်း)(ထိုနေ့တွင်)အသင်တို့ဖုံးကွယ်သော မည်သည့်အရာမျှပင် (၎င်းအရှင်မြတ်)အပေါ်ဝယ် ဖုံးကွယ်၍ နေချိမ့်မည် မဟုတ်ပေတကား။

فَأَمَّا مَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ فَيَقُولُ هَاؤُمُ اقْرَءُوا كِتَابِيَهْ(19)

 သို့သော် မည်သို့ဖြစ်စေ မိမိမှတ်တမ်းစာအုပ်ကို မိမိလက်ယာလက်ဝယ်တွင် ပေးအပ်ခြင်းခံရသောသူသည် (သူတစ်ပါးတို့အား ပျော်ရွှင်စွာဖြင့်) (ဤသို့) ပြောဆိုပေမည်။ အသင်တို့သည် ကျွန်ုပ်၏မှတ်တမ်း စာအုပ်ကို ယူ၍ဖတ်ကြလေကုန်။

إِنِّي ظَنَنتُ أَنِّي مُلَاقٍ حِسَابِيَهْ(20)

 စင်စစ်သော်ကား ကျွန်ုပ်သည် (လူ့လောက၌ ရှိစဉ်ကပင်) ဧကန်မလွဲ ကျွန်ုပ်သည် မိမိအား စစ်ဆေးမေးမြန်းခြင်းနှင့် တွေ့ဆုံရမည်ကို ယုံကြည်လျက်ရှိခဲ့၏။

فَهُوَ فِي عِيشَةٍ رَّاضِيَةٍ(21)

 ထို့နောက် ထိုသူသည် စိတ်တိုင်းကျ သုခစည်းစိမ်၌ နေရပေမည်။

فِي جَنَّةٍ عَالِيَةٍ(22)

 မြင့်မြတ်လှစွာသော ဂျန္နတ်သုခဘုံ၌၊

قُطُوفُهَا دَانِيَةٌ(23)

 ယင်း"ဂျန္နတ်"သုခဘုံ၏ သစ်သီးဝလံများမှာ ညွှတ်လျက် ရှိကြပေမည်။

كُلُوا وَاشْرَبُوا هَنِيئًا بِمَا أَسْلَفْتُمْ فِي الْأَيَّامِ الْخَالِيَةِ(24)

 (၎င်းတို့သည် ဤသို့ပြောဆိုခြင်းကို ခံကြရပေမည်။) အသင်တို့သည် လွန်လေပြီးဖြစ်သော နေ့ရက်များတွင် မိမိတို့ ကြိုတင်ပို့နှင့်ခဲ့ကြလေသော အကျင့်သီလများကြောင့် မြိန်ရှက်စွာ စားသောက်ကြလေကုန်။

وَأَمَّا مَنْ أُوتِيَ كِتَابَهُ بِشِمَالِهِ فَيَقُولُ يَا لَيْتَنِي لَمْ أُوتَ كِتَابِيَهْ(25)

 သို့ရာတွင် မိမိလက်ဝဲလက်၌ မိမိမှတ်တမ်း စာအုပ်ပေးခြင်းခံရသောသူမှာမူကား (ဤသို့) ပြောဆိုပေမည်။ဪ-ငါသည် မိမိ(လက်သို့) မှတ်တမ်း စာအုပ်ပေးခြင်း မခံခဲ့ရလျှင် ကောင်းလေစွ။

وَلَمْ أَدْرِ مَا حِسَابِيَهْ(26)

 မိမိ စာရင်းအင်းကိုလည်း မသိခဲ့ရလျှင် ကောင်းလေစွ။

يَا لَيْتَهَا كَانَتِ الْقَاضِيَةَ(27)

 မရဏ" သေခြင်းတရားသည် လုံးဝ အပြီးအပြတ်စီရင်ခဲ့လျှင် ကောင်းလေစွ။

مَا أَغْنَىٰ عَنِّي مَالِيَهْ ۜ(28)

 ငါ၏ပစ္စည်းဥစ္စာသည် ငါ၏အဖို့ အသုံးဝင်ခဲ့သည် မဟုတ်ပြီ။

هَلَكَ عَنِّي سُلْطَانِيَهْ(29)

 ငါ၏အစွမ်းသတ္တိ ဂုဏ်ကျက်သရေသည်လည်း ငါ့ထံမှ ပျောက်ပျက်၍သွားချေပြီ။

خُذُوهُ فَغُلُّوهُ(30)

 (ထိုအခါ ငရဲစောင့်တို့သည် ဤသို့အမိန့်ပေးခြင်းကို ခံကြရပေမည်။) အသင်တို့သည် ၎င်းအား ဖမ်းဆီး၍ ၎င်း၏လည်ပင်း၌ ကွင်းတပ်ကြလေကုန်။

ثُمَّ الْجَحِيمَ صَلُّوهُ(31)

 ထို့နောက် အသင်တို့သည် ၎င်းအား ဂျဟန္နမ်ငရဲသို့ ပစ်ချကြလေကုန်။

ثُمَّ فِي سِلْسِلَةٍ ذَرْعُهَا سَبْعُونَ ذِرَاعًا فَاسْلُكُوهُ(32)

 ထို့နောက် အသင်တို့သည် ၎င်းအား အရှည်အလျား အတောင်-ကိုက်ခုနစ်ဆယ်ရှိသော သံကြိုးဖြင့် တုပ်နှောင်ကြလေကုန်။

إِنَّهُ كَانَ لَا يُؤْمِنُ بِاللَّهِ الْعَظِيمِ(33)

 ဧကန်အမှန် ၎င်းသည် ထူးကဲမြင့်မြတ်တော်မူသော ၎င်းရှင်မြတ်အား ယုံကြည်ခဲ့သည် မဟုတ်ပေ။

وَلَا يَحُضُّ عَلَىٰ طَعَامِ الْمِسْكِينِ(34)

 သူဆင်းရဲတို့အား ကျွေးမွေးရန် တိုက်တွန်းလေ့ရှိခဲ့သည်လည်း မရှိပေ။

فَلَيْسَ لَهُ الْيَوْمَ هَاهُنَا حَمِيمٌ(35)

 သို့ဖြစ်ပေရာ ယနေ့ ဤနေရာတွင် ၎င်း၏အဆွေခင်ပွန်းဟူ၍ တစ်ဦးတစ်ယောက်မျှမရှိပြီ။

وَلَا طَعَامٌ إِلَّا مِنْ غِسْلِينٍ(36)

 (၎င်း၏အဖို့) အစားအစာဟူ၍လည်း အနာများမှထွက်သော သွေးပုပ်ပြည်ပုပ် ဆေးထားသော ရေညစ်ရေပုပ် မှတစ်ပါး အခြားမရှိပြီ။

لَّا يَأْكُلُهُ إِلَّا الْخَاطِئُونَ(37)

 ယင်းသည့် ရေညစ်ရေပုပ်ကို အပြစ်ရှိသူတို့ မှတစ်ပါး မည်သူမျှ စားသုံး(သောက်မျို)ရမည် မဟုတ်ပေတကား။

فَلَا أُقْسِمُ بِمَا تُبْصِرُونَ(38)

 ထို့နောက် ငါအရှင်မြတ်သည် အသင်တို့ မြင်ကြသောအရာများကို သက်သေထူတော်မူ၏။

وَمَا لَا تُبْصِرُونَ(39)

 ထိုနည်းတူစွာ အသင်တို့ မမြင်ကြသောအရာများကို (သက်သေထူတော်မူ၏)။

إِنَّهُ لَقَوْلُ رَسُولٍ كَرِيمٍ(40)

 စင်စစ်ဧကန် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မြင့်မြတ်သောစေတမန်တစ်ပါး (ယူဆောင် လာသော၎င်းအရှင်မြတ်)၏ အာယတ်တော်ပင် ဖြစ်၏။

وَمَا هُوَ بِقَوْلِ شَاعِرٍ ۚ قَلِيلًا مَّا تُؤْمِنُونَ(41)

 စင်စစ် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မည်သည့်ကဗျာဆရာ တစ်ဦးတစ်ယောက်၏ ပြောဆိုချက်မျှ မဟုတ်ပြီ။ အသင်တို့သည် အနည်းငယ်မျှသာလျှင် သက်ဝင်ယုံကြည်ကြကုန်၏။

وَلَا بِقَوْلِ كَاهِنٍ ۚ قَلِيلًا مَّا تَذَكَّرُونَ(42)

 ထိုမှတစ်ပါး မည်သည့် ဟူးရား၊ အနာဂတ်ဟောဆရာ တစ်ဦးတစ်ယောက်၏ ပြောဆိုချက်မျှလည်း မဟုတ်ပြီ။ အသင်တို့သည် အနည်းငယ်စိုးစဉ်း မျှသာ နားလည်ကြကုန်၏။

تَنزِيلٌ مِّن رَّبِّ الْعَالَمِينَ(43)

 (ယင်းကုရ်အာန်ကျမ်းတော်မြတ်မှာ)စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ချပေးတော်မူသော (အာယတ်တော်ပင်)ဖြစ်ချေသတည်း။

وَلَوْ تَقَوَّلَ عَلَيْنَا بَعْضَ الْأَقَاوِيلِ(44)

 စင်စစ်သော်ကား အကယ်၍သာ ထို(နဗီတမန်တော်မြတ်)သည် ငါအရှင်မြတ်အပေါ်၌ အချို့သောစကားများကို လုပ်ကြံပြောဆိုခဲ့ပါလျှင်၊

لَأَخَذْنَا مِنْهُ بِالْيَمِينِ(45)

 အမှန်ပင် ငါအရှင်မြတ်သည် သူ၏လက်ယာလက်ကို ဖမ်းဆွဲတော်မူခဲ့ပေမည်။

ثُمَّ لَقَطَعْنَا مِنْهُ الْوَتِينَ(46)

 ထို့နောက် ငါအရှင်မြတ်သည် သူ၏နှလုံးကြောကို ဖြတ်တောက်တော်မူခဲ့ပေမည်သာ။

فَمَا مِنكُم مِّنْ أَحَدٍ عَنْهُ حَاجِزِينَ(47)

 ထိုအခါ အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှပင် သူ့အား ယင်းပြစ်ဒဏ်မှ ကာကွယ်တားဆီးပေးနိုင်သော သူဟူ၍လည်း ရှိမည်မဟုတ်ပေ။

وَإِنَّهُ لَتَذْكِرَةٌ لِّلْمُتَّقِينَ(48)

 စင်စစ်သော်ကား ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် "မွတ္တကီ" သူတော်စင်တို့အဖို့ ဆုံးမဩဝါဒ ပင်ဖြစ်ပေသည်။

وَإِنَّا لَنَعْلَمُ أَنَّ مِنكُم مُّكَذِّبِينَ(49)

 ၎င်းပြင် ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အနက် (ယင်းကုရ်အာန်ကျမ်းတော်မြတ်)ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သူများလည်း ရှိနေကြောင်း ကောင်းစွာ သိရှိတော်မူသည်။

وَإِنَّهُ لَحَسْرَةٌ عَلَى الْكَافِرِينَ(50)

 ထို့ပြင် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်သူတို့နှင့် ပတ်သက်၍ ဝမ်းနည်းကြေကွဲဖွယ်ရာပင် ဖြစ်သည်။

وَإِنَّهُ لَحَقُّ الْيَقِينِ(51)

 ထိုမှတစ်ပါး ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် တပ်အပ်သေချာ ထင်ရှားသိမြင်နိုင်သော အမှန်တရားပင် ဖြစ်သည်။

فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ(52)

 သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော၊ ထူးကဲမြင့်မြတ်တော်မူသော၊ အရှင်မြတ်၏(နာမံတော်)ကို စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆို(ချီးမွမ်း) ပါလေ။


Больше сур в бирманский:


Аль-Бакара Аль-'Имран Ан-Ниса'
Аль-Маида Юсуф Ибрахим
Аль-Хиджр Аль-Кахф Марьям
Аль-Хадж Аль-Касас Аль-'Анкабут
Ас-Саджда Я-Син Ад-Духан
Аль-Фатх Аль-Худжурат Каф
Ан-Наджм Ар-Рахман Аль-Ваки'а
Аль-Хашр Аль-Мульк Аль-Хакка
Аль-Иншикак Аль-А'ла Аль-Гашия

Скачать суру Al-Haqqah с голосом самых известных рекитаторов Корана:

Сура Al-Haqqah mp3: выберите рекитатора, чтобы прослушать и скачать главу Al-Haqqah полностью в высоком качестве
surah Al-Haqqah Ahmed El Agamy
Ahmed Al Ajmy
surah Al-Haqqah Bandar Balila
Bandar Balila
surah Al-Haqqah Khalid Al Jalil
Khalid Al Jalil
surah Al-Haqqah Saad Al Ghamdi
Saad Al Ghamdi
surah Al-Haqqah Saud Al Shuraim
Saud Al Shuraim
surah Al-Haqqah Abdul Basit Abdul Samad
Abdul Basit
surah Al-Haqqah Abdul Rashid Sufi
Abdul Rashid Sufi
surah Al-Haqqah Abdullah Basfar
Abdullah Basfar
surah Al-Haqqah Abdullah Awwad Al Juhani
Abdullah Al Juhani
surah Al-Haqqah Fares Abbad
Fares Abbad
surah Al-Haqqah Maher Al Muaiqly
Maher Al Muaiqly
surah Al-Haqqah Muhammad Siddiq Al Minshawi
Al Minshawi
surah Al-Haqqah Al Hosary
Al Hosary
surah Al-Haqqah Al-afasi
Mishari Al-afasi
surah Al-Haqqah Yasser Al Dosari
Yasser Al Dosari


Tuesday, May 14, 2024

Помолитесь за нас хорошей молитвой