အလ်-ဗကရ · 281/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَاتَّقُوا يَوْمًا تُرْجَعُونَ فِيهِ إِلَى اللَّهِ ۖ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ ٢٨١
Transliteration
Wattaqoo yawman turja`oona feehi ilal laahi summa tuwaffaa kullu nafsim maa kasabat wa hum laa yuzlamoon
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင်တဝ (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့သည် အကြင်နေ့ကို ကြောက်ရွံ့ကြကုန်။ ထိုနေ့တွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့ ပြန်လည်ရောက်ရှိကြကုန်အံ့။ ထို့နောက် လူတိုင်းသည် မိမိတို့ ရှာဖွေ ဆည်းပူးခဲ့ကြသော (ကောင်းမှု မကောင်းမှုတို့၏ အကျိုးအပြစ်များကို)အပြည့်အစုံပေးခြင်း ခံကြရလတ္တံ့။ သို့ရာတွင် ယင်း သူတို့သည်(ထိုကဲ့သို့ အကျိုးအပြစ်ပေးခြင်း ခံကြရာတွင် တစ်စုံတစ်ရာမျှ)မတော်မတရား နစ်နာ ဆုံးရှုံးခြင်းကို ခံကြရမည် မဟုတ်ပေ။
Additional reference in ภาษาไทย
M
Mishary Rashid Alafasy
✓
Mishary Rashid Alafasy
✓
M
Mahmoud Khalil Al-Husary
✓
Mahmoud Khalil Al-Husary
✓
A
Abdurrahman As-Sudais
✓
Abdurrahman As-Sudais
✓
M
Mohamed Siddiq Al-Minshawi
✓
Mohamed Siddiq Al-Minshawi
✓
A
Abdul Basit Abdul Samad
✓
Abdul Basit Abdul Samad
✓
A
Ali Al-Hudhaify
✓
Ali Al-Hudhaify
✓
A
Ahmed ibn Ali al-Ajamy
✓
Ahmed ibn Ali al-Ajamy
✓
A
Abu Bakr Ash-Shaatree
✓
Abu Bakr Ash-Shaatree
✓
M
Muhammad Ayyoub
✓
Muhammad Ayyoub
✓
A
Abdullah Basfar
✓
Abdullah Basfar
✓
A
Abdullah Al-Juhani
✓
Abdullah Al-Juhani
✓
M
Maher Al Muaiqly
✓
Maher Al Muaiqly
✓
0:00
0:00
📜 အာယာသ် 279-283 — စူရာ အလ်-ဗကရ
279فَإِن لَّمْ تَفْعَلُوا فَأْذَنُوا بِحَرْبٍ مِّنَ اللَّهِ وَرَسُولِهِ ۖ وَإِن تُبْتُمْ فَلَكُمْ رُءُوسُ أَمْوَالِكُمْ لَا تَظْلِمُونَ وَلَا تُظْلَمُونَ
တဖန် အကယ်၍သာ အသင်တို့သည် (အတိုးအညွန့် မစားသုံးအပ်ခြင်းနှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို မလိုက်နာ) မပြုလုပ်ခဲ့ကြပါမူ အလ္လာဟ်ရှင်မြတ်နှင့်လည်းကောင်း၊ ထို အရှင်မြတ်၏ ရစူလ်တမန်တော်(မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်)နှင့်လည်းကောင်း၊စစ်မက် ပြိုင်ဆိုင်တို က်ခိုက်ကြရန် အဆင်�င့်ရှိကြကုန်။ သို့ရာတွင် အကယ်၍သာ၊ အသင်တို့သည် နောင်တ တရားရရှိကာ(အတိုးအညွန့် စားသုံးခြင်းကို စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်ကြပါလျှင် အသင်တို့သည် မိမိတို့(ချေးငှားထားသော) ငွေရင်းများကို ပိုင်ဆိုင်ခွင့်ရှိကြကုန်၏။(မတည်ငွေရင်းများထက် ပိုမို၍ အတိုးအညွန့် မယူခြင်းအားဖြင့်) အသင်တို့သည် (သူတစ်ပါးကို) မတရား ဆုံးရှုံးနစ်နာစေကြမည်လည်းမဟုတ်၊ (မိမိတို့၏ မတည်ငွေရင်းများကို ပြန်လည်ရရှိခြင်း အားဖြင့် သူတစ်ပါးတို့၏) မတရားဆုံးရှုံး နစ်နာစေခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
280وَإِن كَانَ ذُو عُسْرَةٍ فَنَظِرَةٌ إِلَىٰ مَيْسَرَةٍ ۚ وَأَن تَصَدَّقُوا خَيْرٌ لَّكُمْ ۖ إِن كُنتُمْ تَعْلَمُونَ
တဖန် အကယ်၍ (မြီစားသည်) ဆင်းရဲ နွမ်းပါးသူဖြစ်၍ (အသင်တို့၏ကြွေးမြီများကို အချိန်မှီ မပေးဆပ်နိုင်ခဲ့ပါမူ ထိုသူအား) ဥစ္စာပစ္စည်း ချောင်လည်သည်အထိ အချိန်ကိုရွှေ့ဆိုင်း၍ပေးရမည်။ သို့ရာတွင် အကယ်၍ အသင်တို့သည်သိတတ်ကြ ပါမူ (မြီစား၏ဒုက္ခကို ထောက်ထားညှာတာသည့်သဘောဖြင့် မိမိတို့ရထိုက်သောကြွေးမြီကိုပင်) အလှူဒါနအဖြစ်(စာရင်းချေဖျက်) စွန့်လွှတ်ခြင်းသည် အသင်တို့အဖို့သာ၍ပင် ကောင်းမြတ်ပေသတည်း။
281وَاتَّقُوا يَوْمًا تُرْجَعُونَ فِيهِ إِلَى اللَّهِ ۖ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
ထို့ပြင်တဝ (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့သည် အကြင်နေ့ကို ကြောက်ရွံ့ကြကုန်။ ထိုနေ့တွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့ ပြန်လည်ရောက်ရှိကြကုန်အံ့။ ထို့နောက် လူတိုင်းသည် မိမိတို့ ရှာဖွေ ဆည်းပူးခဲ့ကြသော (ကောင်းမှု မကောင်းမှုတို့၏ အကျိုးအပြစ်များကို)အပြည့်အစုံပေးခြင်း ခံကြရလတ္တံ့။ သို့ရာတွင် ယင်း သူတို့သည်(ထိုကဲ့သို့ အကျိုးအပြစ်ပေးခြင်း ခံကြရာတွင် တစ်စုံတစ်ရာမျှ)မတော်မတရား နစ်နာ ဆုံးရှုံးခြင်းကို ခံကြရမည် မဟုတ်ပေ။
282يَا أَيُّهَا الَّذِينَ آمَنُوا إِذَا تَدَايَنتُم بِدَيْنٍ إِلَىٰ أَجَلٍ مُّسَمًّى فَاكْتُبُوهُ ۚ وَلْيَكْتُب بَّيْنَكُمْ كَاتِبٌ بِالْعَدْلِ ۚ وَلَا يَأْبَ كَاتِبٌ أَن يَكْتُبَ كَمَا عَلَّمَهُ اللَّهُ ۚ فَلْيَكْتُبْ وَلْيُمْلِلِ الَّذِي عَلَيْهِ الْحَقُّ وَلْيَتَّقِ اللَّهَ رَبَّهُ وَلَا يَبْخَسْ مِنْهُ شَيْئًا ۚ فَإِن كَانَ الَّذِي عَلَيْهِ الْحَقُّ سَفِيهًا أَوْ ضَعِيفًا أَوْ لَا يَسْتَطِيعُ أَن يُمِلَّ هُوَ فَلْيُمْلِلْ وَلِيُّهُ بِالْعَدْلِ ۚ وَاسْتَشْهِدُوا شَهِيدَيْنِ مِن رِّجَالِكُمْ ۖ فَإِن لَّمْ يَكُونَا رَجُلَيْنِ فَرَجُلٌ وَامْرَأَتَانِ مِمَّن تَرْضَوْنَ مِنَ الشُّهَدَاءِ أَن تَضِلَّ إِحْدَاهُمَا فَتُذَكِّرَ إِحْدَاهُمَا الْأُخْرَىٰ ۚ وَلَا يَأْبَ الشُّهَدَاءُ إِذَا مَا دُعُوا ۚ وَلَا تَسْأَمُوا أَن تَكْتُبُوهُ صَغِيرًا أَوْ كَبِيرًا إِلَىٰ أَجَلِهِ ۚ ذَٰلِكُمْ أَقْسَطُ عِندَ اللَّهِ وَأَقْوَمُ لِلشَّهَادَةِ وَأَدْنَىٰ أَلَّا تَرْتَابُوا ۖ إِلَّا أَن تَكُونَ تِجَارَةً حَاضِرَةً تُدِيرُونَهَا بَيْنَكُمْ فَلَيْسَ عَلَيْكُمْ جُنَاحٌ أَلَّا تَكْتُبُوهَا ۗ وَأَشْهِدُوا إِذَا تَبَايَعْتُمْ ۚ وَلَا يُضَارَّ كَاتِبٌ وَلَا شَهِيدٌ ۚ وَإِن تَفْعَلُوا فَإِنَّهُ فُسُوقٌ بِكُمْ ۗ وَاتَّقُوا اللَّهَ ۖ وَيُعَلِّمُكُمُ اللَّهُ ۗ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ
အို-ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြကုန်သော (မုစ်လင်မ်) အပေါင်းတို့။ အသင်တို့သည် မိမိတို့အချင်းချင်း (ကုန်စည်ရောင်းဝယ်ရာ၌) ကာလ ပရိစ္ဆေဒ သတ်မှတ်ပိုင်းခြား၍ အကြွေးရောင်းဝယ် ကြသောအခါ၊ ထိုအကြွေးရောင်းဝယ်ခြင်းကိစ္စကို (စာချုပ်စာတမ်းပြုလုပ်) ရေးသားကြကုန်၏။ စင်စစ် အသင်တို့သည် မိမိတို့ အချင်းချင်း (ယင်းကဲ့သို့အကြွေးရောင်းဝယ်ကြသောအခါ) ရေးမှတ်သူ တစ်ဦးဦးသည်(စာချုပ်စာတမ်းကို) တရား မျှတစွာဖြင့် ရေးသား၍ ပေးရမည်။ထိုမှတပါးတုံ ရေးမှတ်သူတဦးဦးသည် မိမိအား အလ္လာဟ်အရှင်မြတ် သင်ကြားပြသ၍ ပေးသနားတော်မူသည့်အတိုင်း (စာချုပ်စာတမ်း) ရေးသား၍ ပေးခြင်းကို ငြင်းပယ်ခြင်းမပြုရပေ။ သို့ဖြစ်လေရာ စာရေးသူသည်လည်း ရေးသား၍ပေးရမည်။ထိုနည်းတူစွာ (ကြွေးမြီပေးဆပ်ရန်) တာဝန် ရှိသောသူ(မြီစား)သည် (ပြောပြ) ရေးသားစေရမည်။ သို့ရာတွင် (ယင်းကဲ့သို့ ပြောပြ ရေးသားစေသောအချိန်အခါဝယ်) မိမိအားမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်ကို ကြောက် ရွံ့ကာထိုတာဝန်ရှိသည့်အနက် တစ်စုံတစ်ရာကိုမျှ လျှော့၍ (ရေးသားစေခြင်းကို) မပြုရချေ။ တဖန် အကယ်၍ (ကြွေးမြီ ပေးဆပ်ရန်) တာဝန်ရှိသူကား ဉာဏ်ထိုင်းသော သူဖြစ်သော် လည်းကောင်း၊ အသက်အရွယ် အိုမင်းရင့်ရော် သူဖြစ်၍သော် လည်းကောင်း၊ အရွယ်မရောက်သေးသော ငယ်ရွယ်သူဖြစ်၍သော်လည်းကောင်း၊ မစွမ်းမသန်သူဖြစ်၍သော်လည်းကောင်း၊ သို့တည်းမဟုတ် ရေးသားစေရန် မစွမ်းနိုင်သောသူ ဖြစ်၍သော်၊ထိုသူ၏ အုပ်ထိန်းသူ (သို့မဟုတ် အာဏာပိုင် သော ကိုယ်စားလှယ်) သည် (ထိုသူ၏ကိုယ်စား) တရားမျှတစွာ ဖြင့် ရေးသားစေရမည်။ထို့ပြင်တဝ အသင်တို့သည် (ယင်းကဲ့သို့ စာချုပ်ချုပ်ဆိုကြသည့်ပြင် ခိုင်လုံသည်ထက် ခိုင်လုံစေခြင်းငှာ) မိမိတို့အနက်မှ ယောကျာ်းနှစ်ဦးကို (လည်း) သက်သေထား ရှိကြကုန်။တဖန် အကယ်၍ ထိုသက်သေနှစ်ဦးတို့သည် ယောကျာ်းနှစ်ဦးမဖြစ်ကြပါလျှင် အသင်တို့ သဘောတူညီနှစ်သက်ကြ လေသောသက်သေများအနက်မှ ယောကျာ်း တဦးနှင့် မိန်းမနှစ်ဦးတို့သည်ပင်လျှင် လုံလောက်ကြပေသည်။ အကြောင်းသော်ကား ယင်းမိန်းမနှစ်ဦး အနက်မှတယောက် သည် မေ့လျော့ခဲ့ပါမူ ယင်းမိန်းမနှစ်ယောက်အနက် တစ်ယောက်သည် ကျန်မိန်းမတစ်ယောက်ကို သတိရစေနိုင်ခြင်း ကြောင့်တည်း။ ထိုနည်းနှင်နှင် သက်သေများသည်လည်း ယင်းသူတို့အား (သက်သေခံရန်အတွက်သော်လည်းကောင်း၊ သက်သေအဖြစ် ပါဝင်ရန်အတွက်သော်လည်းကောင်း) ဖိတ်ခေါ် သောအခါဝယ်မငြင်းပယ်ကြရပေ။ ထို့ပြင်တဝ အသင်တို့သည် ကြွေးမြီကိစ္စကိုသေးငယ်သည်ဖြစ်စေ၊ ကြီးကျယ်သည်ဖြစ်စေ၊ ချိန်းချက်ထားသော အချိန်ကာလအထိ ရေးသားရသည့်အတွက် မငြီးငွေ့ကြကုန်လင့်။ ဤ(ကဲ့သို့ ရေးသားခြင်း)ကား အလ္လာအရှင်မြတ်အထံတော်၌ အသင်တို့အဘို့အရာသာ၍ တရားမျှတသောနည်းလမ်းဖြစ်၏။ (4င်းပြင်) သက်သေခံရန်အတွက် ပိုမို၍ခိုင်လုံသေချာသော နည်းဖြစ်၏။ (4င်းပြင်) အသင်တို့ ဒွိဟသံသယ က�်းစေ ခြင်းငှာ ပိုမို၍သင့်လျော်သောအချက်လည်းဖြစ်၏။ သို့ရာတွင် (အရောင်းအဝယ်ပြုလုပ်သော ပစ္စည်း သည်ရှေ့မှောက်တွင်) အရန်သင့်ရှိ၍ လက်ချင်းပြောင်းလွှဲ ဖလှယ်ကြလေသော အရောင်းအဝယ်မျိုး ဖြစ်သဖြင့် (စာချုပ်စာတမ်း)ရေးသားခြင်းကို မပြုခဲ့ပါမူ အသင်တို့၌တစုံတရာမျှအပြစ်မရှိချေ။သို့ပင်တစေ (ယင်းကဲ့သို့ ပစ္စည်းနှင့်ငွေ လက်ငင်းပေးဆပ်သော) ရောင်းဝယ်ခြင်းပြုလုပ်သော အချိန်အခါမျိုး၌လည်း သက်သေများထားရှိကြကုန်။ 4င်းပြင် မည်သည့်စာရေးသူနှင့် မည်သည့်သက်သေ ကိုမျှ နစ်နာဆုံးရှုံးစေခြင်းကိုလည်းမပြုအပ်ပေ။ အကယ်၍သာ အသင်တို့သည် ယင်း(ဆုံးရှုံးနစ်နာစေခြင်း) ကို ပြုလုပ်ကြပါမူ ထိုပြုမူချက်ကား အသင်တို့၌ အပြစ်တစ်ရပ်ပင်ဖြစ်၏။ ထိုမှတပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် အသင်တို့ အား (ယင်းကဲ့သို့ အကျိုးဖြစ်ထွန်းစေသော နည်းစံနစ်တို့ကို မိမိ၏ကျေးဇူးတော်ဖြင့်)သင်ကြား ပြသ၍ ပေးသနားတော်မူလေသည်။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် အရာ ခပ်သိမ်းတို့ကိုအြွကင်းမဲ့ သိရှိတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။
283۞ وَإِن كُنتُمْ عَلَىٰ سَفَرٍ وَلَمْ تَجِدُوا كَاتِبًا فَرِهَانٌ مَّقْبُوضَةٌ ۖ فَإِنْ أَمِنَ بَعْضُكُم بَعْضًا فَلْيُؤَدِّ الَّذِي اؤْتُمِنَ أَمَانَتَهُ وَلْيَتَّقِ اللَّهَ رَبَّهُ ۗ وَلَا تَكْتُمُوا الشَّهَادَةَ ۚ وَمَن يَكْتُمْهَا فَإِنَّهُ آثِمٌ قَلْبُهُ ۗ وَاللَّهُ بِمَا تَعْمَلُونَ عَلِيمٌ
တဖန် အကယ်၍ အသင်တို့သည် ခရီးသွားနေစဉ် (အကြွေးရောင်းဝယ်မှုကို ပြုလုပ်ကြရာ၌ စာချုပ်စာတမ်း ရေးသားရန်အတွက်) ရေးမှတ်သူ တစ်ဦးမျှကိုပင်မရရှိခဲ့ပါမူ ထိုအခါ (မြီစားသည် မြီရှင်အား) အပေါင်အနှံ ဝတ္တုပစ္စည်းများကို (ယုံကြည်စိတ်ချရန်အတွက်) လက်ရောက်ပေးထားရမည်။ သို့ရာတွင် အကယ်၍ အသင်တို့အနက် တစ်ဦးသည်တစ်ဦးကို ယုံကြည်စိတ်ချ(၍ ပစ္စည်းပေါင်နှံရန်မလိုခဲ့)ပါလျှင် ယုံကြည်စိတ်ချခြင်းခံရသော (မြီစား)သည် မိမိအားမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့လေးစားလျက် ထို (ယုံကြည်စိတ်ချသောမြီရှင်) ၏ကြွေးမြီကို ပြေလည်အောင် ပေးဆပ်ရမည်။4င်းပြင် အသင်တို့သည် သိမြင်သမျှတို့ကို (သက်သေမခံပဲ) ထိမ်ချန်လျှို့ဝှက်ခြင်း မပြုကြ ကုန်လင့်။ အမှန်သော်ကား အကြင်သူသည် ယင်း သိမြင်သမျှကို ထိမ်ချန်လျှို့ဝှက်အံ့ ထိုသူ၏ စိတ်နှလုံးသည် ပြစ်မှုဒုစရိုက်ကို ကျူးလွန်သော သူ၏စိတ်နှလုံးဖြစ်အံ့။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သော ကိစ္စအရပ်ရပ်တို့ကို အြွကင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူ ချေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
281အာယာသ်
ဘာသာပြန် — အလ်-ဗကရ 281
စူရာ အလ်-ဗကရ အာယာသ် 281 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့သည် အကြင်နေ့ကို ကြောက်ရွံ့ကြကုန်။ ထိုနေ့တွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့…စူရာ အာယာသ် 281/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 279–283. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Monday, September 28, 2026
Don't forget us in your sincere prayers


