📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 376
مَآ أَغۡنَىٰ عَنۡهُم مَّا كَانُواْ يُمَتَّعُونَ ٢٠٧ وَمَآ أَهۡلَكۡنَا مِن قَرۡيَةٍ إِلَّا لَهَا مُنذِرُونَ ٢٠٨ ذِكۡرَىٰ وَمَا كُنَّا ظَٰلِمِينَ ٢٠٩ وَمَا تَنَزَّلَتۡ بِهِ ٱلشَّيَٰطِينُ ٢١٠ وَمَا يَنۢبَغِي لَهُمۡ وَمَا يَسۡتَطِيعُونَ ٢١١ إِنَّهُمۡ عَنِ ٱلسَّمۡعِ لَمَعۡزُولُونَ ٢١٢ فَلَا تَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتَكُونَ مِنَ ٱلۡمُعَذَّبِينَ ٢١٣ وَأَنذِرۡ عَشِيرَتَكَ ٱلۡأَقۡرَبِينَ ٢١٤ وَٱخۡفِضۡ جَنَاحَكَ لِمَنِ ٱتَّبَعَكَ مِنَ ٱلۡمُؤۡمِنِينَ ٢١٥ فَإِنۡ عَصَوۡكَ فَقُلۡ إِنِّي بَرِيٓءٌ مِّمَّا تَعۡمَلُونَ ٢١٦ وَتَوَكَّلۡ عَلَى ٱلۡعَزِيزِ ٱلرَّحِيمِ ٢١٧ ٱلَّذِي يَرَىٰكَ حِينَ تَقُومُ ٢١٨ وَتَقَلُّبَكَ فِي ٱلسَّٰجِدِينَ ٢١٩ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٢٢٠ هَلۡ أُنَبِّئُكُمۡ عَلَىٰ مَن تَنَزَّلُ ٱلشَّيَٰطِينُ ٢٢١ تَنَزَّلُ عَلَىٰ كُلِّ أَفَّاكٍ أَثِيمٍ ٢٢٢ يُلۡقُونَ ٱلسَّمۡعَ وَأَكۡثَرُهُمۡ كَٰذِبُونَ ٢٢٣ وَٱلشُّعَرَآءُ يَتَّبِعُهُمُ ٱلۡغَاوُۥنَ ٢٢٤ أَلَمۡ تَرَ أَنَّهُمۡ فِي كُلِّ وَادٍ يَهِيمُونَ ٢٢٥ وَأَنَّهُمۡ يَقُولُونَ مَا لَا يَفۡعَلُونَ ٢٢٦ إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَذَكَرُواْ ٱللَّهَ كَثِيرًا وَٱنتَصَرُواْ مِنۢ بَعۡدِ مَا ظُلِمُواْۗ وَسَيَعۡلَمُ ٱلَّذِينَ ظَلَمُوٓاْ أَيَّ مُنقَلَبٍ يَنقَلِبُونَ ٢٢٧
26:207
مَآ أَغۡنَىٰ عَنۡهُم مَّا كَانُواْ يُمَتَّعُونَ ٢٠٧
ထိုအခါ ၎င်းတို့အဖို့ ၎င်းတို့ အကျိုးခံစားခွင့်ရရှိခဲ့ကြသောအရာများမှာ မည်သို့မျှ အသုံးဝင်မည် မဟုတ်ပေ။
26:208
وَمَآ أَهۡلَكۡنَا مِن قَرۡيَةٍ إِلَّا لَهَا مُنذِرُونَ ٢٠٨
စင်စစ် ငါအရှင်မြတ် ကွပ်မျက်ဖျက်ဆီးတော်မူခဲ့သော မြို့ရွာတိုင်း၌ သတိပေးနှိုးဆော်သူများ ရောက်ရှိခဲ့ကြသည်သာ ဖြစ်သည်။
26:209
ذِكۡرَىٰ وَمَا كُنَّا ظَٰلِمِينَ ٢٠٩
(ထိုမြို့သူမြို့သားတို့အား) သတိပေး ဆုံးမဩဝါဒပေးရန်။ စင်စစ် ငါအရှင်မြတ်သည် မတရားသဖြင့် နှိပ်စက်ညှဉ်းပန်းတော်မူသော အရှင်မဟုတ်ပေ။
26:210
وَمَا تَنَزَّلَتۡ بِهِ ٱلشَّيَٰطِينُ ٢١٠
စင်စစ် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)ကို "ရှိုင်တွာန် " မိစ္ဆာကောင်များ ဆောင်ကြဉ်းခဲ့ကြသည် မဟုတ်ပေ။
26:211
وَمَا يَنۢبَغِي لَهُمۡ وَمَا يَسۡتَطِيعُونَ ٢١١
စင်စစ် ထို(ကုရ်အာန်ကိုယူဆောင်လာခြင်း)ကိစ္စမှာ ၎င်းတို့နှင့် (လားလားမျှ) အပ်စပ်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် (ယူဆောင်လာရန်)တတ်စွမ်း နိုင်ကြသည်လည်း မဟုတ်ပေ။
26:212
إِنَّهُمۡ عَنِ ٱلسَّمۡعِ لَمَعۡزُولُونَ ٢١٢
ဧကန်အမှန် ထိုရှိုင်တွာန် မိစ္ဆာကောင်များသည်(ဝဟ်ယ်အမိန့်တော်)ကို ကြားနာခြင်းမှ အမှန်ပင် ပယ်ရှားခြင်းခံခဲ့ကြရပြီး ဖြစ်ကုန်၏။
26:213
فَلَا تَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتَكُونَ مِنَ ٱلۡمُعَذَّبِينَ ٢١٣
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့် ကို�ကွယ်ရာကိုမျှပင် ဟစ်ခေါ်တသခြင်း မပြုပါလေနှင့်။ သို့ပြုခဲ့ပါလျှင် အသင်သည်လည်း ပြစ်ဒဏ်ပေးခြင်းခံကြရသူတို့တွင် အပါအဝင် ဖြစ်သွားပေမည်။
26:214
وَأَنذِرۡ عَشِيرَتَكَ ٱلۡأَقۡرَبِينَ ٢١٤
၎င်းပြင် အသင်သည် မိမိနီးစပ်သော ဆွေမျိုးသားချင်းကို သတိပေးနှိုးဆော်ပါလေ။
26:215
وَٱخۡفِضۡ جَنَاحَكَ لِمَنِ ٱتَّبَعَكَ مِنَ ٱلۡمُؤۡمِنِينَ ٢١٥
ထို့ပြင် အသင်သည် မိမိ၏နောက်သို့ လိုက်ကြသော မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ ရှေ့ဝယ် (၎င်းတို့အားကရုဏာထား ရှိသောအားဖြင့်) ကျိုးနွံပါလေ။
26:216
فَإِنۡ عَصَوۡكَ فَقُلۡ إِنِّي بَرِيٓءٌ مِّمَّا تَعۡمَلُونَ ٢١٦
သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင်၏အမိန့်ကို ဖီဆန်ခဲ့ကြလျှင် အသင်သည် (၎င်းတို့အား) ဧကန်မလွဲ ငါသည် အသင်တို့၏ အပြုအမူတို့မှ ကင်းလွတ်သည်ဟု ပြောကြားပါလေ။
26:217
وَتَوَكَّلۡ عَلَى ٱلۡعَزِيزِ ٱلرَّحِيمِ ٢١٧
ထိုမှတစ်ပါး အသင်သည် အလွန်တရာ အားအင်ပြည့်စုံတော်မူသော အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်အပေါ်၌ ယုံပုံ အားထားပါလေ။
26:218
ٱلَّذِي يَرَىٰكَ حِينَ تَقُومُ ٢١٨
အကြင်အရှင်မြတ်သည် အသင် မတ်တတ်ရပ်သောအခါ အသင့်အား မြင်တော်မူ၏။
26:219
وَتَقَلُّبَكَ فِي ٱلسَّٰجِدِينَ ٢١٩
ထိုနည်းတူစွာ (ထိုအရှင်မြတ်သည်) "ဆွလာတ်"ဝတ်ပြုသူတို့တွင် အသင်၏ ပါဝင်နေထိုင် သွားလာမှု ကိုလည်း(မြင်တော်မူ၏)
26:220
إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٢٢٠
မလွဲဧကန် ထိုအရှင်မြတ်သည်သာလျှင် အလွန်တရာ ကြားတော်မူသောအရှင်၊ အလွန်တရာ သိတော်မူသောအရှင် ဖြစ်တော်မူ၏။
26:221
هَلۡ أُنَبِّئُكُمۡ عَلَىٰ مَن تَنَزَّلُ ٱلشَّيَٰطِينُ ٢٢١
(အို-နဗီတမန်တော်၊ အသင်သည် မက္ကာမြို့သားမုရှ်ရစ်က်တို့အား ပြောကြားပါလေ။ အချင်းတို့၊) ငါသည် မည်သူ၏အပေါ်၌ ရှိုင်တွာန်မိစ္ဆာကောင်များ ဆင်းသက်၍ လာကြသည်ကို အသင်တို့အား ပြောပြရမည်လော။
26:222
تَنَزَّلُ عَلَىٰ كُلِّ أَفَّاكٍ أَثِيمٍ ٢٢٢
ထို ရှိုင်တွာန်မိစ္ဆာကောင်များမှာ ဒုစရိုက်ကျူးလွန်သောမုသာဝါဒီတိုင်း၏ အပေါ်၌ ဆင်းသက်၍လာကြကုန်၏။
26:223
يُلۡقُونَ ٱلسَّمۡعَ وَأَكۡثَرُهُمۡ كَٰذِبُونَ ٢٢٣
အကြင်သူတို့သည်(ထို ရှိုင်တွာန်မိစ္ဆာကောင်များဘက်သို့) နားစိုက်၍ နားထောင်ကြကုန်၏။ စင်စစ် ၎င်းတို့အနက် အများဆုံးသောသူတို့မှာ မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
26:224
وَٱلشُّعَرَآءُ يَتَّبِعُهُمُ ٱلۡغَاوُۥنَ ٢٢٤
သို့ရာတွင် လင်္ကာဆရာတို့မှာမူကား လမ်းလွဲသူတို့သာလျှင် ၎င်းတို့နောက်သို့လိုက်ကြကုန်၏။
26:225
أَلَمۡ تَرَ أَنَّهُمۡ فِي كُلِّ وَادٍ يَهِيمُونَ ٢٢٥
ဧကန်အမှန် ၎င်းတို့သည် ချောင်းလျှိုရိုးတိုင်းတွင် ဦးလှည့်ရာ သွားလာလျက်ရှိကြသည်ကို အသင်သည် မမြင်ပါလော။
26:226
وَأَنَّهُمۡ يَقُولُونَ مَا لَا يَفۡعَلُونَ ٢٢٦
ထိုမှတစ် ပါး ၎င်းတို့သည် မိမိတို့ မပြုလုပ်ကြသောကိစ္စကို (ပြုလုပ်ကြသည်ဟု) ပြောဆိုလေ့ ရှိကြကုန်၏။
26:227
إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَذَكَرُواْ ٱللَّهَ كَثِيرًا وَٱنتَصَرُواْ مِنۢ بَعۡدِ مَا ظُلِمُواْۗ وَسَيَعۡلَمُ ٱلَّذِينَ ظَلَمُوٓاْ أَيَّ مُنقَلَبٍ يَنقَلِبُونَ ٢٢٧
သို့ရာတွင် (ယင်းလင်္ကာဆရာများအနက်မှ)အကြင်သူတို့သည် အီမာန် သက်ဝင်ယုံကြည်ခဲ့ကြပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ခဲ့ကြကုန်၏။ အလ္လာဟ်အရှင်မြတ်အားလည်း များစွာတသ သတိရခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ မတရားသဖြင့်နှိပ်စက်မှုကို ခံခဲ့ရပြီးနောက်တွင် လက်စားချေခဲ့ကြကုန်၏။(ထိုကဲ့သို့သော သူတို့မှာ ဤအမိန့်တော်၌ အကျုံးမဝင်ကြပေ)။စင်စစ်သော်ကား မတရားသဖြင့် နှိပ်စက်ကြကုန်သောသူတို့သည် မိမိတို့မှာ မည်သည့် နေရာသို့ ပြန်လှည့်ကြမည်ကို မကြာမြင့်မီပင် သိရှိကြကုန်အံ့သတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, August 26, 2026
Don't forget us in your sincere prayers







