📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 375
وَٱتَّقُواْ ٱلَّذِي خَلَقَكُمۡ وَٱلۡجِبِلَّةَ ٱلۡأَوَّلِينَ  ۝١٨٤ قَالُوٓاْ إِنَّمَآ أَنتَ مِنَ ٱلۡمُسَحَّرِينَ  ۝١٨٥ وَمَآ أَنتَ إِلَّا بَشَرٌ مِّثۡلُنَا وَإِن نَّظُنُّكَ لَمِنَ ٱلۡكَٰذِبِينَ  ۝١٨٦ فَأَسۡقِطۡ عَلَيۡنَا كِسَفًا مِّنَ ٱلسَّمَآءِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ  ۝١٨٧ قَالَ رَبِّيٓ أَعۡلَمُ بِمَا تَعۡمَلُونَ  ۝١٨٨ فَكَذَّبُوهُ فَأَخَذَهُمۡ عَذَابُ يَوۡمِ ٱلظُّلَّةِۚ إِنَّهُۥ كَانَ عَذَابَ يَوۡمٍ عَظِيمٍ  ۝١٨٩ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ  ۝١٩٠ وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ  ۝١٩١ وَإِنَّهُۥ لَتَنزِيلُ رَبِّ ٱلۡعَٰلَمِينَ  ۝١٩٢ نَزَلَ بِهِ ٱلرُّوحُ ٱلۡأَمِينُ  ۝١٩٣ عَلَىٰ قَلۡبِكَ لِتَكُونَ مِنَ ٱلۡمُنذِرِينَ  ۝١٩٤ بِلِسَانٍ عَرَبِيٍّ مُّبِينٍ  ۝١٩٥ وَإِنَّهُۥ لَفِي زُبُرِ ٱلۡأَوَّلِينَ  ۝١٩٦ أَوَلَمۡ يَكُن لَّهُمۡ ءَايَةً أَن يَعۡلَمَهُۥ عُلَمَٰٓؤُاْ بَنِيٓ إِسۡرَٰٓءِيلَ  ۝١٩٧ وَلَوۡ نَزَّلۡنَٰهُ عَلَىٰ بَعۡضِ ٱلۡأَعۡجَمِينَ  ۝١٩٨ فَقَرَأَهُۥ عَلَيۡهِم مَّا كَانُواْ بِهِۦ مُؤۡمِنِينَ  ۝١٩٩ كَذَٰلِكَ سَلَكۡنَٰهُ فِي قُلُوبِ ٱلۡمُجۡرِمِينَ  ۝٢٠٠ لَا يُؤۡمِنُونَ بِهِۦ حَتَّىٰ يَرَوُاْ ٱلۡعَذَابَ ٱلۡأَلِيمَ  ۝٢٠١ فَيَأۡتِيَهُم بَغۡتَةً وَهُمۡ لَا يَشۡعُرُونَ  ۝٢٠٢ فَيَقُولُواْ هَلۡ نَحۡنُ مُنظَرُونَ  ۝٢٠٣ أَفَبِعَذَابِنَا يَسۡتَعۡجِلُونَ  ۝٢٠٤ أَفَرَءَيۡتَ إِن مَّتَّعۡنَٰهُمۡ سِنِينَ  ۝٢٠٥ ثُمَّ جَآءَهُم مَّا كَانُواْ يُوعَدُونَ  ۝٢٠٦
26:184
وَٱتَّقُواْ ٱلَّذِي خَلَقَكُمۡ وَٱلۡجِبِلَّةَ ٱلۡأَوَّلِينَ  ۝١٨٤
ထို့ပြင် အသင်တို့သည် မိမိတို့အားလည်းကောင်း၊ ရှေးဟောင်း အဖန်ဆင်းခံတို့အားလည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။
26:185
قَالُوٓاْ إِنَّمَآ أَنتَ مِنَ ٱلۡمُسَحَّرِينَ  ۝١٨٥
ထိုအမျိုးသားတို့က ပြောဆိုခဲ့ကြကုန်၏။ (အို-ရှုအိုက်ဗ်၊) အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်း ခံရသူတစ်ဦးပင်ဖြစ်၏။
26:186
وَمَآ أَنتَ إِلَّا بَشَرٌ مِّثۡلُنَا وَإِن نَّظُنُّكَ لَمِنَ ٱلۡكَٰذِبِينَ  ۝١٨٦
စင်စစ် အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားတစ်ဦးမှအပ အခြားမဟုတ်ပြီ။ ၎င်းပြင် ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား မုသာဝါဒီတစ်ဦးပင်ဖြစ်သည်ဟု ထင်မှတ်ကြကုန်၏။
26:187
فَأَسۡقِطۡ عَلَيۡنَا كِسَفًا مِّنَ ٱلسَّمَآءِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ  ۝١٨٧
သို့ဖြစ်ပေရာ အသင်သည် သစ္စာဝါဒီတို့တွင် အပါအဝင်ဖြစ်မူ ကျွန်ုပ်တို့အပေါ်၌ မိုးကောင်းကင်၏ အစိတ်အပိုင်းတစ်ခုခု ကျလာအောင် သင်ပြုလုပ်ပါလေ။
26:188
قَالَ رَبِّيٓ أَعۡلَمُ بِمَا تَعۡمَلُونَ  ۝١٨٨
ထိုရှုအိုက်ဗ်က ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့ ပြုမူကြသည်ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ပြောကြားခဲ့၏။
26:189
فَكَذَّبُوهُ فَأَخَذَهُمۡ عَذَابُ يَوۡمِ ٱلظُّلَّةِۚ إِنَّهُۥ كَانَ عَذَابَ يَوۡمٍ عَظِيمٍ  ۝١٨٩
၎င်းနောက် ထိုအမျိုးသားတို့သည် ထိုရှုအိုက်ဗ်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေရာ တိမ်များကျလာသောနေ့၏ ပြစ်ဒဏ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့၏။ ဧကန်မလွဲ ယင်းပြစ်ဒဏ်သည် ကြီးကျယ်သောနေ့၏ ပြစ်ဒဏ်ပင်ဖြစ်ခဲ့၏။
26:190
إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ  ۝١٩٠
ဧကန်စင်စစ် ဤသည့်ဖြစ်ရပ်၌ (ကြီးကျယ်စွာသော) သင်ခန်းစာတစ်ရပ်သည်ရှိခဲ့၏။ သို့ရာတွင် ၎င်းတို့အနက် (မက္ကာမြို့သား ကာဖိရ်များအနက်) အများဆုံးသောသူတို့မှာမူကား သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြပေ။
26:191
وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ  ۝١٩١
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူသော အရှင်မြတ်သည် အလွန်တရာ လွှမ်းမိုးတော်မူသော၊အလွန်တရာ ကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
26:192
وَإِنَّهُۥ لَتَنزِيلُ رَبِّ ٱلۡعَٰلَمِينَ  ۝١٩٢
၎င်းပြင် မလွဲဧကန် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသည့် အရှင်ချပေးတော်မူသော (ကျမ်းဂန်ပင်) ဖြစ်ချေသည်။
26:193
نَزَلَ بِهِ ٱلرُّوحُ ٱلۡأَمِينُ  ۝١٩٣
အရ်ရူဟုလ်အမီန်" (ယုံကြည်စိတ်ချအပ်သောဝိညာဉ်တော်) ကောင်းကင်တမန်ဂျစ်ဗ်ရီလ်သည် ယင်း (ကုန်အာန်ကျမ်းတော်မြတ်)ကို ယူဆောင်ချပေးခဲ့လေသည်။
26:194
عَلَىٰ قَلۡبِكَ لِتَكُونَ مِنَ ٱلۡمُنذِرِينَ  ۝١٩٤
အသင်၏ စိတ်နှလုံးပေါ်၌ အသင်သည် သတိပေးနှိုးဆော်သူတို့တွင် အပါအဝင် ဖြစ်အံ့သောငှာ။
26:195
بِلِسَانٍ عَرَبِيٍّ مُّبِينٍ  ۝١٩٥
ရှင်းလင်းသော အရဗီဘာသာဖြင့်။
26:196
وَإِنَّهُۥ لَفِي زُبُرِ ٱلۡأَوَّلِينَ  ۝١٩٦
၎င်းပြင် ဧကန်အမှန် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်၏အကြောင်း)မှာ ရှေးလူဟောင်းတို့၏ ကျမ်းဂန်များ၌(လည်း)ပါရှိ၏။
26:197
أَوَلَمۡ يَكُن لَّهُمۡ ءَايَةً أَن يَعۡلَمَهُۥ عُلَمَٰٓؤُاْ بَنِيٓ إِسۡرَٰٓءِيلَ  ۝١٩٧
အီစ်ရာအီလီ အမျိုးသားတို့အနက်မှ ပညာရှင်များ ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို သိရှိကြခြင်းမှာ ၎င်း(ကုရိုက်ရှ်မျိုးနွယ်ဝင်)တို့အဖို့ (လုံလောက်သော) သက်သေသာဓက မဖြစ်ခဲ့လေသလော။
26:198
وَلَوۡ نَزَّلۡنَٰهُ عَلَىٰ بَعۡضِ ٱلۡأَعۡجَمِينَ  ۝١٩٨
စင်စစ် အကယ်တန္တု ငါအရှင်မြတ်သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို အရဗ်အမျိုးသား မဟုတ်သူတစ်ဦးတစ်ယောက်၏ အပေါ်၌ ချပေးခဲ့တော်မူခဲ့အံ့။
26:199
فَقَرَأَهُۥ عَلَيۡهِم مَّا كَانُواْ بِهِۦ مُؤۡمِنِينَ  ۝١٩٩
တစ်ဖန် ထိုသူသည် ၎င်း(ကုရိုက်ရှ်မျိုးနွယ်ဝင်)တို့ ရှေ့ဝယ် ထို(ကုရ်အာန်ကျမ်းတော်မြတ်)ကို ဖတ်ကြားခဲ့အံ့။သို့ပင်တစေလည်း ၎င်းတို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြမည့်သူများ မဟုတ်ပေတကား။
26:200
كَذَٰلِكَ سَلَكۡنَٰهُ فِي قُلُوبِ ٱلۡمُجۡرِمِينَ  ۝٢٠٠
ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ပြစ်မှုကျူးလွန်သူတို့၏ စိတ်တွင်းဝယ် ယင်းငြင်းပယ်မှုကို ထည့်သွင်းတော်မူခဲ့၏။
26:201
لَا يُؤۡمِنُونَ بِهِۦ حَتَّىٰ يَرَوُاْ ٱلۡعَذَابَ ٱلۡأَلِيمَ  ۝٢٠١
၎င်းတို့သည် ပြင်းပြနာကြင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မမြင်ကြရလေသမျှကာလပတ်လုံး ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြမည် မဟုတ်ပေ။
26:202
فَيَأۡتِيَهُم بَغۡتَةً وَهُمۡ لَا يَشۡعُرُونَ  ۝٢٠٢
စင်စစ် ထိုပြစ်ဒဏ်မှာ ၎င်းတို့ထံသို့ ၎င်းတို့မသိရှိကြခိုက် ရုတ်တရက် ရောက်ရှိ၍လာပေမည်။
26:203
فَيَقُولُواْ هَلۡ نَحۡنُ مُنظَرُونَ  ۝٢٠٣
ထိုအခါ ၎င်းတို့က ကျွန်ုပ်တို့သည် ရွှေ့ဆိုင်းခွင့်ရရှိနိုင်ကြပါမည်လောဟု ဆိုကြပေမည်။
26:204
أَفَبِعَذَابِنَا يَسۡتَعۡجِلُونَ  ۝٢٠٤
သို့ပါလျက် ၎င်းတို့က ငါအရှင်မြတ်၏ ပြစ်ဒဏ်ကို အလျင်စလို တောင်းဆိုကြလေသလော။
26:205
أَفَرَءَيۡتَ إِن مَّتَّعۡنَٰهُمۡ سِنِينَ  ۝٢٠٥
အသင်သည် မည်သို့ယူဆပါသနည်း။ အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အား နှစ်ကာလ ကြာရှည်စွာအကျိုးခံစားခွင့် ပေးတော်မူခဲ့ပါလျှင်။
26:206
ثُمَّ جَآءَهُم مَّا كَانُواْ يُوعَدُونَ  ۝٢٠٦
ထို့နောက် ၎င်းတို့ထံ ၎င်းတို့ ချိန်းချက်ခံကြရသော (ပြစ်ဒဏ်)သည် ၎င်းတို့ထံ ရောက်ရှိလာခဲ့သော်၊


📚Juz 19 📄375 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Wednesday, August 26, 2026

Don't forget us in your sincere prayers