📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 601
စူရာ အလ်-အစ်ရ်

စူရာ အလ်-ဟုမဇာ

စူရာ အလ်-ဖီး

စူရာ အလ်-အစ်ရ်

103:3
إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَتَوَاصَوۡاْ بِٱلۡحَقِّ وَتَوَاصَوۡاْ بِٱلصَّبۡرِ ٣
အကြင်သူတို့မှတပါး ထိုသူတို့သည် (အီမာန်)သက်ဝင်ယုံကြည်ခဲ့ကြ၏။ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြ ၏။ ထို့ပြင် အချင်းချင်း မှန်ကန်သော (သာသနာပေါ်၌ ကြံ့ခိုင်စွာ)တည်ရှိကြရန်လည်း ဆုံးမကြကုန်၏။ ထိုမှတပါး ၎င်းတို့သည် သည်းခံကြရန်လည်း အချင်းချင်း ဆုံးမကြကုန်သတည်း။
စူရာ အလ်-ဟုမဇာ

104:1
وَيۡلٌ لِّكُلِّ هُمَزَةٍ لُّمَزَةٍ ١
နောက်ကွယ်၌ အတင်းပြောသူတိုင်း၊ မျက်နှာစုံညီ စောင်းချိတ်ရှုတ်ချသူတိုင်း၊ ကျိုးယုတ်ပျက်စီး မည်သာတည်း။
104:2
ٱلَّذِي جَمَعَ مَالًا وَعَدَّدَهُۥ ٢
အကြင်(အတင်းပြော၊ စောင်းချိတ်ရှုတ်ချ)သူသည် ပစ္စည်းဥစ္စာကို စုဆောင်းပြီး ထိုပစ္စည်းဥစ္စာကို အကြိမ်ကြိမ် ရေတွက်လျက်ရှိ၏။
104:3
يَحۡسَبُ أَنَّ مَالَهُۥٓ أَخۡلَدَهُۥ ٣
ထိုသူသည် မိမိအား မိမိဥစ္စာပစ္စည်းသည် အမြဲတစေ (အသက်ထင်ရှား)ရှိစေမည်။(တစ်နည်း) (မိမိထံမိမိဥစ္စာပစ္စည်းသည် အမြဲတစေရှိနေမည်ဟု) ထင်မှတ်လေ၏။
104:4
كـَلَّاۖ لَيُنۢبَذَنَّ فِي ٱلۡحُطَمَةِ ٤
အလျှင်းမဟုတ်၊ စင်စစ်မှာကား ထိုသူသည် ချိုးဖျက်ချေခွဲ အပိုင်းပိုင်း အစစဖြစ်စေသော (ငရဲ)၌ ပစ်ချခြင်းကို အမှန်ပင်ခံရလတ္တံ့။
104:5
وَمَآ أَدۡرَىٰكَ مَا ٱلۡحُطَمَةُ ٥
စင်စစ် ထိုချိုးဖျက်ချေခွဲ အပိုင်းပိုင်း အစစဖြစ်စေသော (ငရဲ)သည် အဘယ်နည်းဟု အသင် သိပါသလော။
104:6
نَارُ ٱللَّهِ ٱلۡمُوقَدَةُ ٦
မွှေးထားပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ငရဲမီးပင်။ (တစ်နည်း) အလ္လာဟ်အရှင်မြတ် (အမိန့်တော်အရ မွှေးထားတော်မူသောမီးပင်)။
104:7
ٱلَّتِي تَطَّلِعُ عَلَى ٱلۡأَفۡـِٔدَةِ ٧
အကြင်မီးသည် စိတ်နှလုံးများအထိ တိုးတက်ဖုံးလွှမ်းလေ၏။ (ထိရောက်လေ၏)။
စူရာ အလ်-ဖီး

105:1
أَلَمۡ تَرَ كَيۡفَ فَعَلَ رَبُّكَ بِأَصۡحَٰبِ ٱلۡفِيلِ ١
(အို-နဗီတမန်တော်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဆင်ပိုင်ရှင်တို့အား မည်သို့မည်ပုံ ပြုလုပ်တော်မူခဲ့သည်ကို အသင်သည် မသိမမြင် မဆင်ခြင်ခဲ့ပါလေသလော။
105:2
أَلَمۡ يَجۡعَلۡ كَيۡدَهُمۡ فِي تَضۡلِيلٍ ٢
ထိုအရှင်မြတ်သည် ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုကို ပျက်ပြားစေတော်မူခဲ့သည် မဟုတ်လော။
105:3
وَأَرۡسَلَ عَلَيۡهِمۡ طَيۡرًا أَبَابِيلَ ٣
ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ငှက်များကို အုပ်စုလိုက် စေလွှတ်တော်မူခဲ့သည် မဟုတ်လော။
105:4
تَرۡمِيهِم بِحِجَارَةٍ مِّن سِجِّيلٍ ٤
ထိုငှက်များသည် ၎င်းတို့အား ရွှံ့စေးဖြင့်ပြုလုပ်ထားသော ကျောက်ခဲများဖြင့် ပစ်ခတ်လျက် ရှိခဲ့ကြကုန်၏။
105:5
فَجَعَلَهُمۡ كَعَصۡفٍ مَّأۡكُولِۭ ٥
၎င်းနောက် ထိုအရှင်မြတ်သည် ၎င်းတို့အား စားထားပြီးဖြစ်သော ကောက်ရိုးဖတ်များကဲ့သို့ ပြုလုပ်တော်မူခဲ့ပေသတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, September 2, 2026
Don't forget us in your sincere prayers







