စူရာ အဇ်-ဇလ်ဇလာ pdf — ဒေါင်းလုဒ် (မြန်မာ)
စူရာ အဇ်-ဇလ်ဇလာ pdf မြန်မာ — ဒေါင်းလုဒ် စူရာ အဇ်-ဇလ်ဇလာ ဘာသာပြန်. စူရာ အဇ်-ဇလ်ဇလာ (Medinan) 8 အာယာသ်.
Related
- စူရာ အဇ်-ဇလ်ဇလာ ဘာသာပြန်မြန်မာ
- စူရာ အဇ်-ဇလ်ဇလာ mp3နားထောင်
- Quran Index မြန်မာ114
More စူရာ PDF
စူရာ အဇ်-ဇလ်ဇလာ

ﮅﮆﮇﮈﮉ
99:1
ပထဝီမြေသည် မိမိ ငလျင်လှုပ်ခြင်း၊ မိမိ သွက်သွက်ခါ တုန်လှုပ်ခြင်းဖြင့် တုန်လှုပ်ခြင်းကို ခံရလေသောအခါ။
ﮊﮋﮌﮍ
99:2
၎င်းပြင် ပထဝီမြေသည် မိမိ(အတွင်းရှိ သေသူများ၊ ရွှေငွေရတနာအစရှိသော) ဝန်ထုပ်များကို အပြင်သို့ ထုတ်သောအခါ။
ﮎﮏﮐﮑﮒ
99:3
ထို့ပြင် လူက ဤပထဝီမြေ၌ (ယင်းကဲ့သို့ တုန်လှုပ်ရန်) မည်သည့်အကြောင်း ရှိသနည်းဟု ပြောဆိုသောအခါ။
ﮓﮔﮕﮖ
99:4
ထိုနေ့တွင် ယင်းပထဝီမြေသည် မိမိသတင်းစကားများကို ပြောပြပေမည်။
ﮗﮘﮙﮚﮛ
99:5
အကြောင်းသော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းအား (ယင်းသို့ပင်)အမိန့်ထုတ်ပြန်တော်မူခြင်းကြောင့် ဖြစ်အံ့။
ﮜﮝﮞﮟﮠﮡﮢ
99:6
ထိုနေ့တွင် လူတို့သည် အုပ်စုအမျိုးမျိုး ကွဲလျက် မိမိတို့ကျင့်မူချက်တို့ကို ပြသခြင်း ခံကြရအံ့သောငှာ ပြန်လာကြပေမည်။ (ထွက်ပေါ်လာကြပေမည်)။
ﮣﮤﮥﮦﮧﮨﮩ
99:7
သို့ဖြစ်ပေရာ မည်သူမဆို တစ်စုံတစ်ရာကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့သည်ရှိသော် ထိုသူသည်(မိမိကျင့်မူခဲ့သော) ထိုကောင်းမှုကို တွေ့မြင်ရပေမည်။
ﮪﮫﮬﮭﮮﮯﮰ
99:8
ထိုနည်းတူစွာ မည်သူမဆို တစ်စုံတစ်ရာမကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် (မိမိပြုကျင့်ခဲ့သော) ယင်းမကောင်းမှုကို တွေ့မြင်ရမည်သာတည်း။
ကုရ်အာန်ကျမ်း
Wednesday, September 9, 2026
Don't forget us in your sincere prayers







