စူရာ အလ်-အာဒီယာ့ pdf — ဒေါင်းလုဒ် (မြန်မာ)
စူရာ အလ်-အာဒီယာ့ pdf မြန်မာ — ဒေါင်းလုဒ် စူရာ အလ်-အာဒီယာ့ ဘာသာပြန်. စူရာ အလ်-အာဒီယာ့ (Meccan) 11 အာယာသ်.
Related
- စူရာ အလ်-အာဒီယာ့ ဘာသာပြန်မြန်မာ
- စူရာ အလ်-အာဒီယာ့ mp3နားထောင်
- Quran Index မြန်မာ114
More စူရာ PDF
စူရာ အလ်-အာဒီယာ့

ﮱﯓﯔ
100:1
(ငါအရှင်မြတ်သည်) မောဟိုက်သံနှင့်တကွ လျင်မြန်စွာပြေးကြသော တိုက်မြင်းများကို သက်သေထူတော်မူ၏။
ﯕﯖﯗ
100:2
တဖန် (ငါအရှင်မြတ်သည် မိမိတို့၏ခွာများဖြင့် ကျောက်ခဲများကို) ရိုက်ခတ်ခြင်းအားဖြင့် မီးပွားများ ထွက်စေကြသောမြင်းများကို သက်သေ ထူတော်မူ၏။
ﯘﯙﯚ
100:3
တဖန် (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်၌ (ရန်သူများအား)ဝင်ရောက် တိုက်ခိုက်ကြသော မြင်းများကို သက်သေထူတော်မူ၏။
ﯛﯜﯝﯞ
100:4
တဖန် (ငါအရှင်မြတ်သည်) ထိုနံနက်မိုးသောက်ချိန်၌ ဖုံများကို ထောင်းထောင်းထစေသော မြင်းများကို သက်သေထူတော်မူ၏။
ﯟﯠﯡﯢ
100:5
တဖန် (ငါအရှင်မြတ်သည် ရန်သူများ၏) အုပ်စုအလယ်သို့ တရှိန်တည်းထိုးဖောက် ဝင်ရောက်ကြသောမြင်းများကို သက်သေထူတော်မူ၏။
ﭑﭒﭓﭔﭕ
100:6
ဧကန်မလွဲ လူသည် မိမိကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကျေးဇူးကန်းသူဖြစ်၏။
ﭖﭗﭘﭙﭚ
100:7
ထို့ပြင် ထိုလူသည် ကျေးဇူးကန်းမှုနှင့်စပ်လျဉ်း၍ မိမိကိုယ်တိုင်ပင် သက်သေဖြစ်၏။
ﭛﭜﭝﭞﭟ
100:8
ထိုမှတစ်ပါး ထိုလူသည် ဥစ္စာပစ္စည်းကို ခုံမင်စုံမက်ရာ၌ အလွန်စိတ်ထက်သန်နေသူဖြစ်၏။ (ထိုလူသည် ဥစ္စာပစ္စည်းကို အလွန်ခုံမင်သည့်အတွက် အလွန်စေးနဲသူဖြစ်၏)။
ﭠﭡﭢﭣﭤﭥﭦﭧﭨ
100:9
(ကိယာမတ်ဖြစ်သော)အခါတွင် သင်္ချိုင်းများအတွင်း၌ ရှိကြကုန်သောသူတို့သည် (ထိုသင်္ချိုင်းများကိုမှောက်လှန်၍) ထုတ်ဖော်ခြင်းခံကြရမည်ကို ထိုသူသည် မသိလေသလော။
ﭩﭪﭫﭬﭭ
100:10
၎င်းပြင် စိတ်နှလုံးများအတွင်း၌ လျှို့ဝှက်ချက်များသည် ထင်ရှားစေခြင်း ခံရမည်ကိုလည်း ထိုသူ (မသိလေသလော)။
ﭮﭯﭰﭱﭲﭳ
100:11
မလွဲဧကန် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုနေ့တွင် ၎င်းတို့နှင့်ပတ်သက်၍ အလုံးစုံတို့ကို ကောင်းစွာ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ကုရ်အာန်ကျမ်း
Wednesday, September 9, 2026
Don't forget us in your sincere prayers







