အလ်-ဟဒီးဒ် · 20/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဒီးဒ်
اعْلَمُوا أَنَّمَا الْحَيَاةُ الدُّنْيَا لَعِبٌ وَلَهْوٌ وَزِينَةٌ وَتَفَاخُرٌ بَيْنَكُمْ وَتَكَاثُرٌ فِي الْأَمْوَالِ وَالْأَوْلَادِ ۖ كَمَثَلِ غَيْثٍ أَعْجَبَ الْكُفَّارَ نَبَاتُهُ ثُمَّ يَهِيجُ فَتَرَاهُ مُصْفَرًّا ثُمَّ يَكُونُ حُطَامًا ۖ وَفِي الْآخِرَةِ عَذَابٌ شَدِيدٌ وَمَغْفِرَةٌ مِّنَ اللَّهِ وَرِضْوَانٌ ۚ وَمَا الْحَيَاةُ الدُّنْيَا إِلَّا مَتَاعُ الْغُرُورِ ۝٢٠
I`lamooo annamal hayaa tud dunyaa la`ibunw wa lahwunw wa zeenatunw wa takaasurun bainakum wa takaasurn fil amwaali wal awlaad, kamasali ghaisin a`jabal kuffaara nabaatuhoo summa yaheeju fataraahu musfaaran summa yakoonu hutaamaa; wa fil aakhirati `azaabun shadeedunw wa magh firatum minal laahi wa ridwaan; wa mal haiyaa tuddun yaaa illaa mataa`ul ghuroor
📖 မြန်မာဘာသာ
အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။ လောကီဘဝသည် ကစားခုန်စားမှု သက်သက်သည် လည်းကောင်း၊ အလဟဿ(ပျော်ရွှင်ခြင်းအားဖြင့်) အချိန်ဖြုန်းတီးမှုသည် လည်းကောင်း၊ မျက်စိ ပသာဒဖြစ်ခြင်းသည် လည်းကောင်း၊ အသင်တို့ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ဂုဏ်ပြိုင်ခြင်းသည် လည်းကောင်း၊ ပစ္စည်းဥစ္စာနှင့် သားသမီးပေါများမှုနှင့် စပ်လျဉ်း၍ အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်ခြင်းသည် လည်းကောင်း၊ ဖြစ်ပေသည်။ အကြင် မိုးရေကဲ့သို့ပင် ထိုမိုးရေကြောင့် ပေါက်ရောက်သောမျိုးပင်များသည် တောင်သူလယ်သမားတို့အား နှစ်သက်ရွှင်ပျော်စေ၏။ ထို့နောက် ယင်းမျိုးပင်များသည် သွေ့ခြောက်၍ သွားလေသောအခါ အသင်သည် ယင်းမျိုးပင်များ ဝါ၍နေသည်ကို တွေ့မြင်ရ၏။ ထို့နောက်သော်ကား ယင်းမျိုးပင်မှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားလေ၏။ သို့ရာတွင်’အာခိရတ်’ တမလွန်ဘဝ၌မူကား ပြင်းထန်လှစွာသော ပြစ်ဒဏ်သည်လည်းရှိ၏။ အလ္လာဟ်အရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် နှစ်မြို့မှုလည်း ရှိပေသည်။ စင်စစ်သော်ကား လောကီဘဝသည် အမြင်မှောက်မှားစေသော ဝတ္ထုပစ္စည်းမျှသာ ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ဘဝ၏ သဘောသဘာဝကို ရှင်းလင်းစွာ ဖော်ပြထားသော ဤအာယသ်တော်တွင် လူသားတို့၏ အာရုံစူးစိုက်မှုကို လွဲမှားစေနိုင်သည့် အချက်များကို တစ်ခုချင်း ရှင်းပြထားပါသည်။
  • လအိဗ် (لعب) — ကစားခြင်း၊ အလုပ်မဖြစ်ထွန်းသော ကစားပွဲများတွင် ပါဝင်ခြင်း။
  • လဟ်ဝ် (لهو) — ပျော်ရွှင်မှု၊ စိတ်ကို ဖျော်ဖြေစေသော အရာများတွင် နစ်မြုပ်ခြင်း။
  • ဇီနဟ် (زينة) — အလှဆင်ခြင်း၊ မိမိကိုယ်ကို လှပအောင် ပြင်ဆင်ခြင်း။
  • တဖာခုရ် (تفاخر) — အချင်းချင်း ဂုဏ်ယူဝါကြွားခြင်း။
  • တကာသုရ် (تكاثر) — ဥစ္စာဓနနှင့် သားသမီးများ အရေအတွက် များပြားအောင် ယှဉ်ပြိုင်ခြင်း။
  • ဂိုင်သ် (غيث) — မိုးရွာသွန်းမှု။
  • ကဖ်ဖာရ် (كفار) — ဤနေရာတွင် လယ်သမားများကို ဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မျိုးစေ့ကို မြေကြီးဖြင့် ဖုံးအုပ်သကဲ့သို့ ဖြစ်သောကြောင့် ဖြစ်သည်။
  • ယဟီဂျ် (يهيج) — ညှိုးနွမ်းခြောက်သွားခြင်း။
  • မုဆ်ဖရ် (مصفر) — အဝါရောင် ပြောင်းသွားခြင်း။
  • ဟုသာမ် (حطام) — ကြေမွသွားသော အမှုန်အမွှားများ။
  • မုသာအုလ်ဂုရူရ် (متاع الغرور) — လှည့်ဖြားမှု၏ ပစ္စည်းဥစ္စာ၊ လူကို လှည့်စားတတ်သော ခဏတာ ခံစားမှု။
  1. အို လူသားတို့၊ သင်တို့သည် ဤကမ္ဘာ့ဘဝ၏ တကယ့်သဘောသဘာဝကို ကောင်းစွာ သိရှိထားကြပါ။ ဤကမ္ဘာ့ဘဝသည် ကစားခြင်း၊ ပျော်ရွှင်ဖျော်ဖြေခြင်း၊ အလှဆင်ခြင်း၊ အချင်းချင်း ဂုဏ်ယူဝါကြွားခြင်း၊ ဥစ္စာဓနနှင့် သားသမီးများ အရေအတွက် ယှဉ်ပြိုင်ခြင်းတို့သာ ဖြစ်သည်။ ဤအရာများသည် မိုးရွာသွန်းမှုကြောင့် ပေါက်ရောက်လာသော သီးနှံပင်များနှင့် တူသည်။ လယ်သမားများသည် ထိုသီးနှံပင်များကို မြင်တွေ့ရသောအခါ အလွန်အံ့သြကျေနပ်ကြသည်။ သို့သော် မကြာမီ ထိုအပင်များသည် ညှိုးနွမ်းခြောက်သွားပြီး အဝါရောင်သို့ ပြောင်းလဲသွားသည်ကို သင်တို့ တွေ့မြင်ရမည်။ ထို့နောက် ကြေမွသွားသော အမှုန်အမွှားများ ဖြစ်သွားသည်။ ထို့ကြောင့် ဤကမ္ဘာ့ဘဝ၏ ပစ္စည်းဥစ္စာများကို စွဲလမ်းနစ်မြုပ်နေခြင်းသည် အကျိုးမရှိပေ။ နောင်တမလွန်ဘဝတွင် ကာဖိရ်များနှင့် မုနာဖိက်များအတွက် ပြင်းထန်သော အပြစ်ဒဏ်ရှိသည်။ သို့သော် အီမာန်ယုံကြည်သူများအတွက်မူ အလ္လာဟ်အရှင်မြတ်ထံမှ ခွင့်လွှတ်မှုနှင့


📜 အာယာသ် 18-22 — စူရာ အလ်-ဟဒီးဒ်

18إِنَّ الْمُصَّدِّقِينَ وَالْمُصَّدِّقَاتِ وَأَقْرَضُوا اللَّهَ قَرْضًا حَسَنًا يُضَاعَفُ لَهُمْ وَلَهُمْ أَجْرٌ كَرِيمٌ
ဧကန်စင်စစ် လှူဒါန်းကြကုန်သော ယောက်ျားမိန်းမတို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်သော(စေတနာနှင့်) ကြွေးမြီ ချေးငှားခဲ့ကြကုန်၏။ ယင်းအလှူဒါနသည် ၎င်းတို့အဖို့ ဆထက်တိုးစေခြင်း ခံရသည့်ပြင် ၎င်းတို့အဖို့ မြင့်မြတ်လှစွာသော အကျိုးသည်လည်း ရှိချိမ့်မည်။
19وَالَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ أُولَٰئِكَ هُمُ الصِّدِّيقُونَ ۖ وَالشُّهَدَاءُ عِندَ رَبِّهِمْ لَهُمْ أَجْرُهُمْ وَنُورُهُمْ ۖ وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များအား လည်းကောင်း၊ ယုံကြည်ကြကုန်သော သူတို့မှာကား ထိုသူတို့သည်ပင်လျှင် ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ သစ္စာဝါဒီများ သည်လည်းကောင်း၊ ‘ရှဟီးဒ်’အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသက်စွန့်ခဲ့ကြသောသူများ သည်လည်းကောင်း၊ ဖြစ်ကြကုန်၏။ ထိုသူတို့အဖို့ ထိုသူတို့၏(ထူးကဲသော)အကျိုး သည်လည်းကောင်း၊ ထိုသူတို့၏(ထူးကဲသော) ရောင်ခြည် သည်လည်းကောင်း၊ ရှိပေမည်။ သို့ရာတွင် အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြကုန်၏။၎င်းပြင် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့မှာ မူကား’ဂျဟန္နမ်’ငရဲသားများပင် ဖြစ်ကြကုန်သတည်း။
20اعْلَمُوا أَنَّمَا الْحَيَاةُ الدُّنْيَا لَعِبٌ وَلَهْوٌ وَزِينَةٌ وَتَفَاخُرٌ بَيْنَكُمْ وَتَكَاثُرٌ فِي الْأَمْوَالِ وَالْأَوْلَادِ ۖ كَمَثَلِ غَيْثٍ أَعْجَبَ الْكُفَّارَ نَبَاتُهُ ثُمَّ يَهِيجُ فَتَرَاهُ مُصْفَرًّا ثُمَّ يَكُونُ حُطَامًا ۖ وَفِي الْآخِرَةِ عَذَابٌ شَدِيدٌ وَمَغْفِرَةٌ مِّنَ اللَّهِ وَرِضْوَانٌ ۚ وَمَا الْحَيَاةُ الدُّنْيَا إِلَّا مَتَاعُ الْغُرُورِ
အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။ လောကီဘဝသည် ကစားခုန်စားမှု သက်သက်သည် လည်းကောင်း၊ အလဟဿ(ပျော်ရွှင်ခြင်းအားဖြင့်) အချိန်ဖြုန်းတီးမှုသည် လည်းကောင်း၊ မျက်စိ ပသာဒဖြစ်ခြင်းသည် လည်းကောင်း၊ အသင်တို့ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ဂုဏ်ပြိုင်ခြင်းသည် လည်းကောင်း၊ ပစ္စည်းဥစ္စာနှင့် သားသမီးပေါများမှုနှင့် စပ်လျဉ်း၍ အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်ခြင်းသည် လည်းကောင်း၊ ဖြစ်ပေသည်။ အကြင် မိုးရေကဲ့သို့ပင် ထိုမိုးရေကြောင့် ပေါက်ရောက်သောမျိုးပင်များသည် တောင်သူလယ်သမားတို့အား နှစ်သက်ရွှင်ပျော်စေ၏။ ထို့နောက် ယင်းမျိုးပင်များသည် သွေ့ခြောက်၍ သွားလေသောအခါ အသင်သည် ယင်းမျိုးပင်များ ဝါ၍နေသည်ကို တွေ့မြင်ရ၏။ ထို့နောက်သော်ကား ယင်းမျိုးပင်မှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားလေ၏။ သို့ရာတွင်’အာခိရတ်’ တမလွန်ဘဝ၌မူကား ပြင်းထန်လှစွာသော ပြစ်ဒဏ်သည်လည်းရှိ၏။ အလ္လာဟ်အရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် နှစ်မြို့မှုလည်း ရှိပေသည်။ စင်စစ်သော်ကား လောကီဘဝသည် အမြင်မှောက်မှားစေသော ဝတ္ထုပစ္စည်းမျှသာ ဖြစ်ပေသတည်း။
21سَابِقُوا إِلَىٰ مَغْفِرَةٍ مِّن رَّبِّكُمْ وَجَنَّةٍ عَرْضُهَا كَعَرْضِ السَّمَاءِ وَالْأَرْضِ أُعِدَّتْ لِلَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ ۚ ذَٰلِكَ فَضْلُ اللَّهِ يُؤْتِيهِ مَن يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်သို့ လည်းကောင်း၊ မိုးနှင့်မြေ၏ အကျယ်အဝန်းပမာ ကျယ်ဝန်းသော ‘ဂျန္နတ်’သုခဘုံသို့ လည်းကောင်း၊ ပြိုင်ဆိုင် ပြေးကြလေကုန်။ ယင်း’ဂျန္နတ်’သုခဘုံမှာ အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့အား လည်းကောင်း၊ သက်ဝင်ယုံကြည်ကြကုန်သော သူတို့အဖို့ အဆင်သင့် ပြုလုပ်ထားရှိပြီး ဖြစ်၏။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ပင်၊ ထိုအရှင်မြတ်သည် ယင်းကျေးဇူးတော်ကို မိမိအလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနား တော်မူ၏။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်လှစွာသော ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။
22مَا أَصَابَ مِن مُّصِيبَةٍ فِي الْأَرْضِ وَلَا فِي أَنفُسِكُمْ إِلَّا فِي كِتَابٍ مِّن قَبْلِ أَن نَّبْرَأَهَا ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ
မည်သည့် ဘေးဒုက္ခမျှပင် ကမ္ဘာမြေ၌ လည်းကောင်း၊ အသင်တို့ကိုယ်၌ လည်းကောင်း၊ ဆိုက်ရ�ာက်သည် မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် ယင်းဘေးဒုက္ခ၊ ကမ္ဘာမြေနှင့်အသင်တို့၏ ဇီဝိန်များကို ဖန်ဆင်းတော်မမူမီကပင်လျှင် မှတ်တမ်းစာအုပ်တွင် (ရေးသား၍ထားတော်မူပြီး ဖြစ်၏)။ ဧကန်အမှန် ဤသည် အလ္လာဟ်အရှင်မြတ်၌ လွယ်ကူလှပေသည်။
အလ်-ဟဒီးဒ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
20အာယာသ်

ဘာသာပြန် — အလ်-ဟဒီးဒ် 20

စူရာ အလ်-ဟဒီးဒ် အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။ လောကီဘဝသည် ကစားခုန်စားမှု သက်သက်သည် လည်းကောင်း၊ အလဟဿ(ပျော်ရွှင်ခြင်းအားဖြင့်) အချိန်ဖြုန်းတီးမှုသည် လည်းကောင်း၊…

စူရာ အာယာသ် 20/29 — စူရာ အလ်-ဟဒီးဒ် الحديد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဒီးဒ် နားထောင်, စူရာ အလ်-ဟဒီးဒ် ဘာသာပြန်, စူရာ အလ်-ဟဒီးဒ် mp3, စူရာ အလ်-ဟဒီးဒ် pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers