سورة الغاشية بالبورمية

  1. استمع للسورة
  2. سور أخرى
  3. ترجمة السورة
القرآن الكريم | ترجمة معاني القرآن | اللغة البورمية | سورة الغاشية | Ghashiya - عدد آياتها 26 - رقم السورة في المصحف: 88 - معنى السورة بالإنجليزية: The Overwhelming Event.

هَلْ أَتَاكَ حَدِيثُ الْغَاشِيَةِ(1)

 (အို-နဗီတမန်တော် ထိုကမ္ဘာအဝန်းကို) ထိုဖုံးလွှမ်းမည့် အဖြစ်အပျက်၏အကြောင်း သတင်းသည် အသင့်ထံ ရောက်ရှိခဲ့ပြီ မဟုတ်လော။

وُجُوهٌ يَوْمَئِذٍ خَاشِعَةٌ(2)

 ထိုနေ့တွင် များစွာသော(သူတို့၏) မျက်နှာများမှာ ညှိုးငယ်လျက် ရှိကြပေမည်။

عَامِلَةٌ نَّاصِبَةٌ(3)

 ပင်ပန်းကြီးစွာ လုပ်ကိုင်(မှုကြောင့်) မောပန်းလျက် ရှိကြပေမည်။

تَصْلَىٰ نَارًا حَامِيَةً(4)

 ၎င်းတို့သည် အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ကြရပေမည်။

تُسْقَىٰ مِنْ عَيْنٍ آنِيَةٍ(5)

 ၎င်းတို့သည် ကျိုက်ကျိုက်ဆူလျက်ရှိသော စမ်းချောင်းတစ်ခုမှ (ရေကို) တိုက်ကျွေးခြင်း ခံကြရပေမည်။

لَّيْسَ لَهُمْ طَعَامٌ إِلَّا مِن ضَرِيعٍ(6)

 ၎င်းတို့အဖို့ "ဿွာရီအ်" မည်သော ဆူးပင်မှတစ်ပါး အခြားအဟာရဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။

لَّا يُسْمِنُ وَلَا يُغْنِي مِن جُوعٍ(7)

 ထိုဆူးပင်မှာ (၎င်းတို့အား)ဝဖြိုးစေမည်လည်းမဟုတ်ပေ။ ဆာလောင် မွတ်သိပ်ခြင်းမှ အဆာပြေ ရောင့်ရဲစေမည်လည်း မဟုတ်ပေတကား။

وُجُوهٌ يَوْمَئِذٍ نَّاعِمَةٌ(8)

 များစွာသော(သူတို့၏) မျက်နှာများမှာမူကား ထိုနေ့တွင် စိုပြည်ရွှင်လန်းလျက်ပင် ရှိကြပေမည်။

لِّسَعْيِهَا رَاضِيَةٌ(9)

 (၎င်းတို့သည်) မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ နှစ်သက်ကျေနပ်လျက်ရှိကြပေမည်။

فِي جَنَّةٍ عَالِيَةٍ(10)

 မြင့်မြတ်လှစွာသော ဂျန္နတ်သုခဘုံ၌ ရှိကြပေမည်။

لَّا تَسْمَعُ فِيهَا لَاغِيَةً(11)

 ၎င်းတို့သည် ယင်းဂျန္နတ်သုခဘုံ၌ အချည်းနှီးအကျိုးမဲ့ဖြစ်သော စကားကို ကြားကြမည် မဟုတ်ပေ။

فِيهَا عَيْنٌ جَارِيَةٌ(12)

 ယင်းဂျန္နတ်သုခဘုံ၌ စီးတွေလျက်ရှိသော စမ်းချောင်းတစ်ခုရှိ၏။

فِيهَا سُرُرٌ مَّرْفُوعَةٌ(13)

 ယင်း ဂျန္နတ်သုခဘုံ၌ မြင့်စွင့်သော သလွန် များရှိကြပေသည်။

وَأَكْوَابٌ مَّوْضُوعَةٌ(14)

 ၎င်းပြင် သောက်ရေဖလားများသည်လည်း စီထားလျက် ရှိကြပေသည်။

وَنَمَارِقُ مَصْفُوفَةٌ(15)

 ထို့ပြင် ကော်ဇောများသည်လည်း စနစ်တကျ ခင်းကျင်းထားလျက် ရှိကြပေသည်။

وَزَرَابِيُّ مَبْثُوثَةٌ(16)

 ထိုမှတစ်ပါး မှီအုံးများသည်လည်း အနှံ့အပြား ခင်းထားလျက် ရှိကြပေမည်။

أَفَلَا يَنظُرُونَ إِلَى الْإِبِلِ كَيْفَ خُلِقَتْ(17)

 အသို့ပါနည်း ကုလားအုတ်များသည် အဘယ်ကဲ့သို့ ဖန်ဆင်းခြင်း ခံခဲ့ကြရသည်ကို ၎င်းတို့သည် ကြည့်ရှုလေ့လာ ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော။

وَإِلَى السَّمَاءِ كَيْفَ رُفِعَتْ(18)

 ထိုနည်းတူစွာ မိုးကောင်းကင်သည် အဘယ်ကဲ့သို့ မြင့်စွင့်စေခြင်းကို ခံခဲ့ရသည်ကိုလည်းကောင်း။

وَإِلَى الْجِبَالِ كَيْفَ نُصِبَتْ(19)

 ထို့အတူ တောင်များသည် အဘယ်ကဲ့သို့ စိုက်ထူခြင်းကို ခံခဲ့ကြရသည်ကိုလည်းကောင်း။

وَإِلَى الْأَرْضِ كَيْفَ سُطِحَتْ(20)

 ထိုမှတစ်ပါး ပထဝီမြေသည် အဘယ်ကဲ့သို့ ခင်းကျင်းထားခြင်း ခံခဲ့ရသည်ကိုလည်းကောင်း၊ (ကြည့်ရှုလေ့လာ ဆင်ခြင်သုံးသပ်ခြင်း မပြုကြလေသလော)။

فَذَكِّرْ إِنَّمَا أَنتَ مُذَكِّرٌ(21)

 သို့ဖြစ်ပေရာ အသင်သည် ဆုံးမလျက် ရှိပါလေ။ အသင်သည် ဆုံးမသူတစ်ဦးမျှသာ ဖြစ်ပေသည်။

لَّسْتَ عَلَيْهِم بِمُصَيْطِرٍ(22)

 အသင်သည် ၎င်းတို့အပေါ်၌ စောင့်ကြပ်အုပ်ထိန်းသူ မဟုတ်ပေ။

إِلَّا مَن تَوَلَّىٰ وَكَفَرَ(23)

 သို့ရာတွင် မည်သူမဆို မျက်နှာလွှဲခဲ့လျှင်လည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့လျှင်လည်းကောင်း။

فَيُعَذِّبُهُ اللَّهُ الْعَذَابَ الْأَكْبَرَ(24)

 အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကြီးလေးလှစွာသောပြစ်ဒဏ်ကို ပေးတော်မူမည်သာ ဖြစ်ပေသည်။

إِنَّ إِلَيْنَا إِيَابَهُمْ(25)

 ဧကန်မလွဲ ၎င်းတို့သည် ငါအရှင်မြတ် အထံတော်သို့ပင် ပြန်လည်ရောက်ရှိကြရမည် ဖြစ်ပေသည်။

ثُمَّ إِنَّ عَلَيْنَا حِسَابَهُم(26)

 ထို့နောက် ၎င်းတို့အား စစ်ဆေးမေးမြန်းခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်ပေသတည်း။


المزيد من السور باللغة البورمية:

سورة البقرة آل عمران سورة النساء
سورة المائدة سورة يوسف سورة ابراهيم
سورة الحجر سورة الكهف سورة مريم
سورة السجدة سورة يس سورة الدخان
سورة النجم سورة الرحمن سورة الواقعة
سورة الحشر سورة الملك سورة الحاقة

تحميل سورة الغاشية بصوت أشهر القراء :

قم باختيار القارئ للاستماع و تحميل سورة الغاشية كاملة بجودة عالية
سورة الغاشية أحمد العجمي
أحمد العجمي
سورة الغاشية خالد الجليل
خالد الجليل
سورة الغاشية سعد الغامدي
سعد الغامدي
سورة الغاشية سعود الشريم
سعود الشريم
سورة الغاشية عبد الباسط عبد الصمد
عبد الباسط
سورة الغاشية عبد الله عواد الجهني
عبد الله الجهني
سورة الغاشية علي الحذيفي
علي الحذيفي
سورة الغاشية فارس عباد
فارس عباد
سورة الغاشية ماهر المعيقلي
ماهر المعيقلي
سورة الغاشية محمد جبريل
محمد جبريل
سورة الغاشية محمد صديق المنشاوي
المنشاوي
سورة الغاشية الحصري
الحصري
سورة الغاشية العفاسي
مشاري العفاسي
سورة الغاشية ناصر القطامي
ناصر القطامي
سورة الغاشية ياسر الدوسري
ياسر الدوسري



Tuesday, May 14, 2024

لا تنسنا من دعوة صالحة بظهر الغيب